12/10/09

ကိုမောင်ဦး

၁၉၉၉-ခုနှစ်။

နို့ဘိုးဒုက္ခသည် စခန်းတနေရာ။ ထိုင်းနယ်စပ်။

လူ့ဘောင်သစ် ဒေသ (၂) တောင်ပိုင်စခန်း။

တဲ..အိမ်တွေမှာ မိသားစုအပါအ၀င် ရဲဘော်တွေစုနေကြတယ်။ အဲတုံးက ပါတီမှာ ခလေးငယ်ငယ်တွေရှားတယ်။ တစ်စု..နှစ်စုပဲရှိကြတယ်။ အတော့်ကိုပျော်စရာကောင်းတယ်။ အားလုံးစုပေါင်းချက်၊ စားကြတယ်။ စုပေါင်း သောက်ကြတယ်။ ဘုံ...ပျော်ကြတဲ့အချိန်ပေါ့။

ဒီအချိန်မှာ ၉၉၉၉ လေးလုံးစတယ်။

ဒီအေဘီကနေ စစ်ဆင်ရေးအတွက် အားလုံးလုပ်ကြတယ်။ အဖွဲ့တွေအားလုံး KNU တပ်မဟာ ၆ မှာ စစ်ဆင်ရေးဆင်းကြတယ်။ လူ့ဘောင်သစ် ဒေသ (၂) ကို ဗဟိုကော်မတီဝင် ကိုအောင်ကျော်စိုး၊ တပ်မှုး ကိုမောင်မောင်ဦးတို့ကနေ ဦးစီးပီး စစ်ဆင်ရေး၊ ပူးပေါင်းလှုပ်ရှားမှု့ ကို မဟာမိတ်တွေနဲ့ ထွက်ကြတယ်။

စခန်းကနေ..ကြာအင်းဆိပ်ကြီးထိ သုံးပတ်လောက် လမ်းလျှောက်ကြတယ်။ အခက်အခဲအမျိုးအမျိုးကြားကနေ။ ရန်သူသတင်းနားထောင်၊ တွေ့ရင်ပစ်၊ ဒီလိုနဲ့ ရှေ့ တမ်းစခန်းကိုရောက်တယ်။

မှတ်မှတ်ရရ..နှစ်အိမ်ရွာလို့ခေါ်တဲ့နေရာ...

ကရင်ဗုဒ္ဒဘာသာတွေနေကြတယ်။ ကရင်က တပ်မှုးတွေလည်း ရှိတယ်။ အေဘီက ရဲဘော်တွေလည်းအများကြီး။ ရဲဘော်ရဲဘက် ချစ်ချစ်ခင်ခင်၊ အကျိုးအမြတ် မရှိ ပူးပေါင်းလှုပ်ရှားတယ်။ ခွေးသားစားလည်းအတူတူ....ချီးကျလည်းအတူတူ။

နှစ်အိမ်ရောက်တော့...ကိုယ်နေမဲ့နေရာ..ကရင်အိမ်တစ်အိမ်မှာ ပါတီကရဲဘော်တွေကို ကိုမောင်မောင်ငြိမ်း (ဒု-စစ်ကြောင်းမှုး) က နေဖို့တာဝန်ပေးတယ်။ စစ်ကြောင်းမှုးက KNU က။

ဒီလိုနဲ့စစ်ကြောင်းထွက်ရင်း တနေ့တိုက်ပွဲဖြစ်တော့...ပါတီ ဒေသ(၂)တပ်မှုး ကိုမောင်ဦး(ယခုအမေရိက)က ထမင်းအိုးထမ်း၊ ဆန်ကြိုးလွယ်ရင်း၊ ရဲဘော်တွေနဲ့အတူ၊ အသက်ကိုစွန့်လွှတ်ပြီး သူ့စကားပြောစက်က နအဖ စစ်ကြောင်းတွေကို ချေမှုန်းရေးလုပ်တယ်.။ ..........-ီးပဲတဲ့...။ မှတ်မိတုံးပါ။

သူ့ရဲ့ ခလေး တစ်နှစ်သားကို မိန်းမနဲ့ စခန်းမှာထားပြီးရှေ့ တန်းကို တနှစ်နီးပါး တိုင်းပြည်အတွက် တာဝန်ထမ်းတယ်။ လစာမရ၊ ပင်စင်မရှိ၊ ဘာကိုမှမျှော်လင့်ချက်မရှိပဲ လုပ်ခဲ့တယ်။ ဒါကို အသိအမှတ်ပြုရမယ်။ မပြုတဲ့သူတွေကတော့ ဘော...ပဲလို့ပြောရတော့မယ်...။

ရှေ့ တန်းကအပြန်မှာ ရဲဘော်တွေစားတဲ့ထမင်းဝိုင်းမှာ တပ်မှုးတပ်သားတွေဝိုင်းပြီးအတူတူ ၊၊ မှုးလည်းအတူတူ.။

ဒီလိုစဉ်စားမိတယ်..၊၊၊
..တော်လှန်ရေးမှာ ဘယ်သူမှ ငါ..တပ်မှုး..၊၊၊

ငါ..ရဲဘော်..၊၊၊

အားလုံးဟာ တပြေးညီ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြတယ်ဆိုတာကိုပါ....။

အတုခိုးကြပါ။

တော်လှန်ရေးမှာ Overtime ကြေးမရှိပါဘူး။

လစာမတိုးပါဘူး။

စွန့်လွှတ်မှု့ကို အရင်းတည်ပြီး ဒီမိုကရေစီရဖို့ မျှော်လင့်ချက်တွေနဲ့ လုပ်ကြတာပါ။




ဒီလိုမျိုး တပ်ထဲက သူရဲကောင်းတွေများများပေါ်ပါစေ

မြန်မာ့တပ်မတော်မှာ ထိပ်ပိုင်းခေါင်းဆောင်တစုက အသက် (၆၀) ကျော်လည်း တပ်က ထွက်စရာမလိုပါဘူး။ ဗိုလ်ချုပ်ကြီးသန်းရွှေဆိုရင် သေခါနီးထိ အာဏာယူထားတုံးပါ။ တပ်ကထွက်တာတာနဲ့ သူ့လည်း ကား...မယ် ဆိုတာ သူသိတယ်ထင်တယ်။

အောက်ခြေတပ်မှုးတပ်သားတွေကြတော့ ၆၀-ပြည့်တာနဲ့ပင်စင်ယူ။ တပ်ထဲမှာ အောက်ခြေကအဆင့်တွေ ငတ်နေပြီ၊ သူတို့ကို မကြိုက်တော့ဘူးဆိုတာကိုလည်း သိပုံရတယ်။

တပ်ထဲက သူရဲကောင်းတွေဟာ ဆိုးသွမ်းတဲ့ ဗိုလ်ချုပ်တစုကို သေနတ်နဲ့ပစ်သတ်ပြီး အရပ်သားအစိုးရကို အာဏာလွှဲပါတယ်ဆိုတဲ့သတင်း မကြာခင် ကြားရတော့မယ်။

အခုလည်း လွန်ခဲ့တဲ့အပတ်က သူရဲကောင်းတပ်မှုးတစ်စုကြောင့် နအဖ ထိပ်ပိုင်းခေါင်းဆောင်အချို့ တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီ။ ထိုကဲ့သို့သူရဲကောင်းများ များများပေါ်ထွက်ပါစေ။ ထိုသူတို့ သက်တော်ရာကျော်ရှည်ပြီး၊ တိုင်းပြည်ကို လူမိုက်လက်ထဲကနေ အမြန်ကယ်တင်နိုင်ပါစေ။ ထိုသူတို့ကျန်းမာ၊ ချမ်းသာကြပါစေလို့ဆုတောင်းပါတယ်။

လေးစားပါတယ်...။ သူရဲကောင်းတချို့ မှာ...အောက်ပါအတိုင်းဖြစ်ပါသည်။

ဗိုလ်မှုး အောင်လင်းထွဋ်
ဗိုလ်မှုးဟောင်း ၀င်းနိုင်ကျော်
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်းစာရေး ကိုသူရကျော် နှင့် ကိုပျံစိန်
ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း
ဗိုလ်မှုးချုပ် စိုးလွင် (စက်လက်နက်)
ဗိုလ်မှုးချုပ် သန်းရွှေ (ခဲယမ်း)