3/6/11
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော့်ရဲ့ ခေါင်းဆောင်မဟုတ်ပါ
လူထုခေါင်းဆောင်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြားရတွေ့ရဖတ်ဖူးရတယ်။ ကျနော်က လူထုခေါင်းဆောင်ဆိုတဲ့နာမည်ကို ဘယ်သူပေးလဲမသိဆိုပြီးစဉ်းစားနေမိတယ်။
ကျနော်တို့ထမင်းငတ်နေတာကို ဒေါ်အောင်ဆန်းစုကြည်မလုပ်ပေးနိုင်သေးဘူး။ ကျနော်တို့သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ငတ်နေတာကို ဒေါ်အောင်ဆန်းစုကြည်မလုပ်ပေးနိုင်သေးဘူး။ ဗိုလ်ချုပ်ကြီးသန်းရွှေလုပ်ပေးလားဆိုတော့ သူလည်းမလုပ်ပေးနိုင်ဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရှိအနေအထားအထိ ကျနော်တို့ကို ထမင်းဝတဲ့ဘ၀၊ စိတ်ချမ်းသာတဲ့ဘ၀ကို မလုပ်ပေးနိုင်သေးဘူး..။
လူထုခေါင်းဆောင်ဆိုရင်အထက်က အခြေအနေတွေကို ဖြည့်ပေးနိုင်ရမယ်။ အခုဒေါ်အောင်ဆန်းစုကြည်ဘာမှ မလုပ်ပေးနိုင်သေးဘူး။
ကျနော်က ဒီလိုမြင်တယ်။ လောလောဆယ်ကာလမှာ...
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းလို မပြတ်သားဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူနာမည်ကြီးတာကို ဂုဏ်ယူနေပြီး နအဖပြောတာကို အခုထက်ထိကျနော်တို့ကို ပြန်မပြောသေးဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို ခင်ဗျားတို့ဘာ့ကြောင့် လူထုခေါင်းဆောင်တင်လဲမသိ။ လူထုခေါင်းဆောင်ဆိုတာ ဘာလဲ????
သိရင်ဖြေပေးပါ။
28 comments:
  1. U r right.What is NLD plan?If the goverment announce that NLD is illegal party,what is NLD plan?go to jungle or digging the wells?
    She alwways said what u also do politics?If u want to get change,u have do ur self.I cant do alone.
    .Leader has to give order ,manage and command.Dont say just everybody must do politice..If she arrest this time,thats her fault.not goverment fault.She should knowthat what she should do for country.
    ReplyDelete
  2. U r brave.Most people admire her like god and whatever she say where its right or wrong say nothing.need manypeople like u who can critize.
    ReplyDelete
  3. Yes.She is a leader but dosent use her brain because she talked about Pinlong confrence.How can she do without goverment permission?It will take more than 1 week.How can insurgents leaders can come?How they divide the lands?Need to think first before she talk.Where is the second Pinlong confrence right now?
    ReplyDelete
  4. ဒေါ်အောင်ဆန်းစုကြည်ကြောင့်  မြန်မာတွေ လူထုအုံကြွမှု မဖြစ်နိုင်ဆိုတာကတော့ သိပ်မှန်တယ်၊ အဲဒီ အချက်ကို အထောက်အကူဖြစ်စေတဲ့  ၂၀၀၇ ကာလက လူထုကို ဦးဆောင်တာမျိုးမလုပ်ဘဲ လက်အုပ်လေးချီ ပြန်ဝင်သွားတယ် ဆိုတဲ့ အချက်က ပိုတောင်မှန်သေးတယ်..။ "မတရားတဲ့  အမိန့် အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုတဲ့  ကြွေးကြော်သံ ဘယ်ချောင်ထိုးထားလိုက်ပြီ လည်း လို့  မေးချင်ပါတယ်.ဒေါ်စု ခင်မျာ။
    what is NLD future plan A,B,C?
    If the goverment announced NLD is illegal party,what is NLD plan?Will go to jungle like communist party or ....?
    ReplyDelete
  5. ပြည်သူလူထုကတာဝန်ကျေစွာတခဲနက် 1990 မှာမဲပေးခဲ့ပြီးပြီအနိုင်ရခဲံလို့အာဏာလွဲမပေးရင်ဘာလုပ်မယ်ဆိုတဲ့ plan ဘာတစ်ခုမှမရှိဘူး၊ ပြီးတော့အပြောင်းအလဲလိုချင်ရင်ကိုယ်တိုင်လုပ်ရမယ်ဆိုပြီးလူထုကိုတာဝန်မဲ့ခေါင်းဆောင်မပီသတဲ့စကား ပြောသေးတယ်။
    ပုဆိုးစနောက်ကလိုက်ဆွဲပြီးတွေ့ဆုံပြောပါရစေဆုပြီးလိုက်ပြောနေတာလဲနှစ် 20 ရှိပြီ။
    အခုလဲ အစိုးရကတရားမ၀င်ပါတီကြေငြာရင် NLD ဘာလုပ်မှာလဲ၊ဘာ plan ရှိလဲ။ တောခိုမှာလား? ရွာတွေမှာရေတွင်းလိုက်တူးမှာလား။
    လူတိုင်းလူတိုင်းနိုင်ငံရေးလုပ်ရမယ်ပြောသေးတယ်၊ဘယ်လိုနိုင်ငံေ၇းလုပ်ရမှာလဲ? ဦးဆောင်အမိန့်ပေးလေ။
    တောခိုရမှာလား ? မြို့တော်ခမ်းမရှေ့သွားအော်ပြီးမှထောင်ထဲအနှစ် 40 သွားရမှာလား၊ ခေါင်းဆောင်လုပ်ပြီးပြတ်ပြတ်သားသားပြောပါ။
    ReplyDelete
  6. ဘုံရန်သူဘယ်သူလဲဆိုတာကိုအားလုံးအသိပါ။ အာဏာရှင်တွေနှင့် သူတို့ ရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက် ကိုယ်ကျိုးရှာသမားတွေပါ။
    သူတို့ ရဲ့အကျိုးစီးပွားတွေ ဆက်လက်တည်မြဲနေဖို့ အတွက် အနုနည်း၊ အကြမ်းနည်းတွေနှင့် လူထုကိုအဓမထိမ်းချုပ်ဆဲပါ။
    ဒီအကြပ်အတည်းတွေကြားက မြန်မာပြည်လူထုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အဖို့ ကတော့ DASSK ဆိုတဲ့သာမန်အမျိုးသမီးတစ်ယောက်ရဲ့ ပြည်သူ့ အကျိုးကိုတစ်ကယ်ကိုယ်စားပြုပေးနိုင်တဲ့ နိုင်ငံရေးခံယူချက်ကို ဆက်လက်ထောက်ခံနေဆဲပါ။
    DASSK မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာထိ ထိရောက်အောင် ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါပေမယ့် သူ့ ရဲ့နိုင်ငံရေးခံယူချက်ကို ပြည်သူအများစုကထောက်ခံဆဲလို့ မြင်ပါတယ်။
    လက်တွေ့ မှာတော့ မြန်မာပြည်က ကာယ၊ဥာဏ အလုပ်သမားပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်ပြေပြီး နေထိုင်မှုအဆင့်အတန်း တိုးတက်လာရေးအတွက် ရှေးရှုလုပ်ဆောင်ပေးနိုင်တဲ့ ခေါင်းဆောင်မရှိပါ။
    ကင်ဆာရောဂါသည်ရဲ့ရောဂါကျွမ်းဆဲပါ။ ဆေးမီဦးမလားဆိုတာကိုတော့ ကျွန်တော်တို့ ရဲ့ စုပေါင်းဖြေရှင်းနိုင်စွမ်းကအဖြေပေးမယ်ထင်ပါတယ်။
    ReplyDelete
  7. ကျွန်တော်မြင်တာတော့ ရင်ဆိုင်မယ် ထောင်ထဲ ပြန်ဝင်မယ်ဆိုတဲ့ လမ်းဟာ သုံးစား မရတဲ့လမ်းပါ.. နှစ်နှစ်ဆယ်အတွင် အကြိမ်ကြိမ် ထောင်ထဲ ၀င်ပြခဲ့ပီးပါပီ.. ဘာများ တိုးတက် ပြောင်းလဲလာသလဲ.. အနစ်နာခံပြနေရုံနဲ့ နိုင်ငံ မတိုးတက်ပါဘူး.. စွမ်းဆောင်ပြမှ တိုးတက်မှာပါ.. ဒီတော့ စွမ်းဆောင်ဖို့ လမ်းသစ် ထွင်ပါလေ.. လမ်းသစ် စမ်းသပ်လို့ အောင်မြင်ရင်လဲ အမြတ်.. မအောင်မြင်ပဲ ရှုံးနိမ့်ပီး ပျောက်သွားတော့ရော.. ဒီလို မအောင်မမြင် ညံ့တယ်လို့ ကိုယ်ယုံကြည်တဲ့ ခေါင်းဆောင် ပျောက်တယ်လို့ပဲ သဘောထားပါတော့ဗျာ..
    စာတမ်းလေးကိုင်ပြီး သံရုံးရှေ့ 
    ဆန္ဒပြလို့  ထောင်ဒဏ် နှစ်ပေါင်းများစွာ ဘယ်သူမှ အကျခံချင်မှာ မဟုတ်ပါဘူး ။ ဒီလို အနစ်နာ ခံတာလဲ
    အကျိုးမရှိတဲ့ အနစ်နာ ခံမူမျိုးပဲ
    ငါကလွဲရင် အားလုံးကိုတော်လှန်မယ်ဆိုတဲ့အမြင်မျိုး။ ဒေါ်စုကိုဝေဖန်ရင် ရန်သူဆိုတဲ့အမြင်မျိုး။ နအဖလူဆိုတဲ့အမြင်ဆိုးတွေကို ပြင်ပါရဲဘော်။
    ဒါနဲ့များ ဒီမိုကရေစီရရှိရေးအော်နေသေး။ ခင်ဗျားတို့သာ အာဏာရှိလာရင် သန်းရွှေထက်ဆိုးမယ်။ ဘာပဲဖြစ်ဖြစ် အမြင်နှစ်ဖက်မျှကြည့်ပါ ရဲဘော်။
    အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ
    ReplyDelete
  8. DASSK မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာထိ ထိရောက်အောင် ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။
    If she keep on living in country,she can do nothing.get out of country and if necessary for country,(like her father)she must hold gun.
    If she arrest this time,thats her fault.not goverment fault.She should knowthat what she should do for country.Stay in country and dont say that i cant do alone.If she wants to do all,she must give instruction.She afraid,if she do instruction,she will be arrest again.
    ReplyDelete
  9. ပြည်သူတွေက ကိုယ့်တာဝန် ကိုယ်ကျေအောင် မဆောင်ရွက်နိုင်ကြသေးလို့၊ ပြည်သူတွေက ကိုယ်လိုချင်တဲ့ ဒီမိုကရေစီ ကိုရအောင် မတောင်းဆို ရဲသေးလို့ မတိုက်ရဲကြသေးလို့၊ ပြည်သူတွေက ဒီမိုကရေစီရဲ့ တန်ဖိုးကို နားမလည် ကြသေးလို့ အလှမ်းဝေး နေကြလို့ စသည်ဖြင့် ပြည်သူ့ အပေါ်ကို ပုံချပြော ဆိုချင်တဲ့ လေသံ လေပေါက်တွေကို ကြားလာ ရပါသည်၊
    တော်လှန်ရေးအဒွန့်ရှည်ခြင်းနှင့်အတူ ဒီမိုကရေစီနှင့် အလှမ်းကွာလာမှုတို့ကြောင့် ဟိုလွှဲချ ဒီလွှဲချဆိုတာမျိုးတွေ ဖြစ်ပေါ်လာရတာပါပဲ၊
    အခုရေးနေ ပြောနေတဲ့ လူကရော ဘာတွေလုပ်ခဲ့လို့တုန်း၊ အခုရော ဘာတွေလုပ် နေလို့တုန်းဆိုတဲ့ နှုတ်လှန်ထိုးသံ တွေလည်း မကြာ ခဏဆိုသလို ကြားရ ပြန်ပါတယ်၊
    အံ့စရာပါပဲ။
    မည်သို့ဆိုစေ မြန်မာပြည်မှာ ဒီမိုကရေစီ မရသေးတာသည် ပြည်သူတွေကြောင့် မဟုတ်တာကတော့ သေချာပါသည်။
    ပြည်သူဆိုတာ အစဉ်အမြဲတက်ကြွနေသည်၊ အစဉ်အမြဲ နိုးကြားနေသည်၊ အြပြောင်းအလဲလိုချင်ရင်ကိုယ်တိုင်လုပ်ရမယ်ဆိုပြီးလူထုကိုတာဝန်မဲ့ခေါင်းဆောင်မပီသတဲ့စကား ပြောသေးတယ်။
    ReplyDelete
  10. ကဗျာဆရာကြီး ဦးတင်မိုးကတော့ တသက်တာ အမှာစကား တစ်ခွန်း အင်းစိန်ထောင် ၊ အဆောင်(၅)၊ အခန်း(၃) မှာ အတူနေစဉ်က လက်ဆောင်ပေး မှာကြား ခဲ့ဖူးပါတယ်။
    “ လူ တစ်ယောက်ကို မုန်းရင် သူ ဘာလုပ်လုပ် လက်ခုပ်တီးပြီး အားပေး။ ကြာရင် အဲဒီလူက သူ ဘာလုပ်လုပ် အမှန်တွေချည်း ထင်ပြီး ထင်ရာတွေ စွတ်လုပ်ရင်း ဘ၀င်တွေ မြောက်တက်ပြီး အမှားနဲ့ နိ၈ုံး ချုပ် သွားလိမ့်မယ်။ ချစ်တယ်ဆိုရင်တော့ အမှား ဖြစ်မှာ မြင်ရင်။ဝေဖန် သတိပေးပေးရမယ်၊ ”တဲ့။
    ReplyDelete
  11. 1947 - လွတ်လပ်ရေးအတွက်အရေးဆိုရန်ဘိလပ်သို့ အသွားIndia တွင်တစ်ထောက်နားစဉ်
    သတင်းထောက် - လွတ်လပ်ရေးတောင်းဆိုတာမရရင်ဘာလုပ်မလဲ?
    ဗိုလ်ချုပ် - အကောင်းဆုံးဖြစ်မယ်လို့မျှော်လင့်ပါတယ်၊
    အဆိုးဆုံး အတွက်လည်းပြင်ဆင်ထားပါတယ်။
    1990 - ရွေးကေက်ပွဲအနိုင်ရခဲ့ပြီ။ အာဏာလွဲမပေးရင်ဘာလုပ်မလဲ ?
    NLD - ?
    2011 - အစိုးရက NLD ကိုတရားမ၀င်ပါတီ ကြေငြာ ရင်ဘာလုပ်မလဲ ?
    NLD ?
    - အစိုးရက ခွင့်မပြုရင်ဒုတိယပင်လုံလုပ်ဖြစ်မယ်ထင်ပါသလား ?
    NLD ?
    မင်းကဒါတွေဝေဖန်ရအောင် မင်းကရော ဘာနိုင်ငံရေးလုပ်လို့လဲ ?
    နိုင်ငံရေးလုပ်သည်ဖြစ်စေ ၊ မလုပ်သည်ဖြစ်စေ နိုင်ငံသားတိုင်းကြိုက်နှစ်သက်ရာပါတီကို ဝေဖန်မဲပေးနိုင်သောအခွင့်အရေးရှိသည
    ReplyDelete
  12. “ လူ တစ်ယောက်ကို မုန်းရင် သူ ဘာလုပ်လုပ် လက်ခုပ်တီးပြီး အားပေး။ ကြာရင် အဲဒီလူက သူ ဘာလုပ်လုပ် အမှန်တွေချည်း ထင်ပြီး ထင်ရာတွေ စွတ်လုပ်ရင်း ဘ၀င်တွေ မြောက်တက်ပြီး အမှားနဲ့ နိ၈ုံး ချုပ် သွားလိမ့်မယ်။ ချစ်တယ်ဆိုရင်တော့ အမှား ဖြစ်မှာ မြင်ရင်။ဝေဖန် သတိပေးပေးရမယ်၊ ”တဲ့။
    ကျွန်တော့်မြင်တာကတော့ DASSK နှင့် NLD အပိုင်းမှာလည်း အမှားလို့ မဆိုနိုင်ရင်တောင်မှ နိုင်ငံရေးပရိယာယ်မပါတဲ့ ဒီမိုကရက်တစ် ဝါဒကိုဗြောင်ကျကျကိုင်ဆွဲခဲ့တာတွေပာာ နိုင်ငံရေးအရ NLD မှာရော၊ အနစ် ၂၀ လုံး ပါဝင်လှုပ်ရှားခဲ့တဲ့လူတွေမှာရော တော်တော်အထိနာစေခဲ့တဲ့နောက်ဆက်တွဲဆိုးကျိုး တွေပါ။
    လက်နက်ကိုင်ပြီးတော်လှန်နေသူတွေတောင် နအဖရဲ့တပ်နှင့်အားခြင်းမယှဉ်နိုင်လို့ ပြောက်ကျားစစ်ကိုဘဲသုံးနေရဆဲပါ။ NLD လိုအကြမ်းမဖက်မှုကိုလက်ကိုင်ထားတဲ့ နိုင်ငံရေးပါတီပာာ နဝတ/နအဖ ကို ဝါဒရေးရာအရ ပြောင်းလဲဖို့ ထိပ်တိုက်တောင်းဆိုတဲ့နေရာမှာ တစ်ယူသန်နည်းလမ်းကိုမသုံးခဲ့ရင် ခုလောက်ဆို လုပ်ပိုင်ခွင့်တစ်ချို့ တော့ရလောက်ပြီလို့ လည်းမြင်မိပါတယ်။
    NLD ခေါင်းဆောင်တွေရဲ့ နိုင်ငံနှင့်နိုင်ငံသားတွေအပေါ် ထားတဲ့စေတနာကိုမှန်းဆမိပါတယ်။ ယုံကြည်ထောက်ခံမှုလည်းရှိပါတယ်။ ဒါပေမယ့် ဝါဒရေးဆိုင်ရာပိုင်းမှာတစ်ယူသန်မှုနှင့် နိုင်ငံရေးပရိယာယ်ကိုမသုံးတတ်မှုကိုတော့ မထောက်ခံပါဘူး။
    ReplyDelete
  13. ဒေါ်စုပြောတာမှန်ပါတယ် ဒေါ်စုပြောတာထောက်ခံပါတယ် ဒေါ်စုလုပ်တာမှန်ပါတယ် ဒေါ်စုလုပ်တာထောက်ခံပါတယ် အဲဒါမှ ဒီမိုကရေစီ အစစ်ပဲ။
    ReplyDelete
  14. ခေါင်းဆောင်လို့ နာမည်ခံယူထားရင် ကိုယ်ကိုယ်တိုင်လုပ်ရတယ်။ကိုယ်ကိုယ်တိုင်မလုပ်ပဲ အောက်က တွန်းတင်လုပ်ပေးပြီး အရန်သင့်စားသုံးလို့ရမှ ခေါင်းဆောင်နာမည်ခံယူတာမဟုတ်ဘူး။
    ကိုယ်ကိုယ်တိုင်မလုပ်နိုင်ရင် ခေါင်းဆောင်မလုပ်နဲ့။ဒါအရှင်းဆုံးပဲ။
    ပြည်သူလူထုကိုယ်တိုင်လုပ်ရမယ် ပြည်သူလူထုကိုပဲအားကိုးရမယ် ပြည်သူတိုင်းက လုပ်ရမယ် ဘာညာတွေ လာပြောမနေနဲ့။ဒါဆို ပြည်သူလုထုပဲလုပ်မယ် ဘာခေါင်းဆောင်မှ နာမည်ယူပြီး ရှေ့ကနေ နေရာယူမထားနဲ့။
    မလုပ်နိုင်ဘူးထင်ရင် ခေါင်းဆောင်နာမည်ယူထားတဲ့နေရာက ထွက်လိုက်ပါ။ပြတ်သားတဲ့ခေါင်းဆောင်တွေ
    ပေါ်လာလိမ့်မယ်။ကိုယ့်နေရာကိုလည်း မဖယ်နိုင် သူများဝေဖန်တာကိုလည်း မခံနိုင်ရင် အဲဒါခေါင်းဆောင်ကောင်းမဟုတ်ဘူး။
    ဒါက ခေါင်းဆောင်မှုနဲ့ပတ်သတ်ပြီး ခေါင်းဆောင်ဆိုတာ တာဝန်ယူတတ်မှုနဲ့အတူ ပြန်သားစွာ ကိုယ်တိုင်လုပ်နိုင်ရမယ်ဆိုတာကို ပြောပြတာပါ။နိုင်ငံကို တော်လှန်ပုန်ကန်ဖို့ အားပေးနေတာမဟုတ်ဘူး။
    ReplyDelete
  15. လုပ်ရဲတာ သတ္တိ မဟုတ်ဘူး၊ ခံရဲတာ သတ္တိလို့ ဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း) ပြောခဲ့တယ်။ ကြောက်လို့ မလုပ်တော့ဘူး ဆိုရင် အထဲမှာ ခံခဲ့ရတဲ့နှစ်တွေက အလကားဖြစ်သွားမှာပေါ့။ ဘာပဲပြောပြော ကိုယ်ခံခဲ့ရတာတွေက ကိုယ့်တိုင်း ပြည်အတွက် ခံရကျိုးနပ်အောင်လုပ်ပါ။ ကိုယ်တယောက်ချင်း အတွက်မဟုတ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်လာ သောနိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲ
    ကျွန်တော်မြင်တာတော့ ရင်ဆိုင်မယ် ထောင်ထဲ ပြန်ဝင်မယ်ဆိုတဲ့ လမ်းဟာ သုံးစား မရတဲ့လမ်းပါ.. နှစ်နှစ်ဆယ်အတွင် အကြိမ်ကြိမ် ထောင်ထဲ ၀င်ပြခဲ့ပီးပါပီ.. ဘာများ တိုးတက် ပြောင်းလဲလာသလဲ.. အနစ်နာခံပြနေရုံနဲ့ နိုင်ငံ မတိုးတက်ပါဘူး.. စွမ်းဆောင်ပြမှ တိုးတက်မှာပါ.. ဒီတော့ စွမ်းဆောင်ဖို့ လမ်းသစ် ထွင်ပါလေ.. လမ်းသစ် စမ်းသပ်လို့ အောင်မြင်ရင်လဲ အမြတ်.. မအောင်မြင်ပဲ ရှုံးနိမ့်ပီး ပျောက်သွားတော့ရော.. ဒီလို မအောင်မမြင် ညံ့တယ်လို့ ကိုယ်ယုံကြည်တဲ့ ခေါင်းဆောင် ပျောက်တယ်လို့ပဲ သဘောထားပါတော့ဗျာ..
    စာတမ်းလေးကိုင်ပြီး သံရုံးရှေ့ 
    ဆန္ဒပြလို့  ထောင်ဒဏ် နှစ်ပေါင်းများစွာ ဘယ်သူမှ အကျခံချင်မှာ မဟုတ်ပါဘူး ။ ဒီလို အနစ်နာ ခံတာလဲ
    အကျိုးမရှိတဲ့ အနစ်နာ ခံမူမျိုးပဲ
    ReplyDelete
  16. “ကျမတို့ အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုတာကို အမြဲကန့်ကွက်တယ်။ NLD ကို အာဏာမပေးလို့ မဟုတ်ဘူး၊ ပြည်သူလူထုကို မလေးစားလို့။ ပြည်သူလူထုကို မျှော်လင့်ချက်တွေ ပေးပြီးတော့ ဒီမျှော်လင့်ချက်တွေကို ချေဖျက်လို့။ မလုပ်ကောင်းတဲ့ ကိစ္စဆိုတာ ဒီတိုင်းပြည်ရဲ့ သမိုင်းအတွက် မကောင်းဘူး။ ကျန်ခဲ့တဲ့သမိုင်း မဟုတ်ဘူး၊ နောင်လာမယ့် သမိုင်းအတွက်လည်း မကောင်းဘူး။”
    ကြားသိရသောသတင်းအရ ၁၉၉၀ ရွေးကောက်ပွဲအပြီး ဦးနေ၀င်းသည် အနိုင်ရ NLD ခေါင်းဆောင်ကိုခေါ်တွေ့ပြီးသူတို့ကိုမည်သို့သဘောထား ပါသလဲ ဟုမေးသောအခါ NLD ခေါင်းဆောင်က သူ့သဘောနှင့် သူဆုံးဖြတ်ရျုမရ အများဆနနှင့်အညီဆောင်ရွက်ရမည်ဟု ပြောခဲ့ကြောင်းသိရှိရသည်။ ထို့နောက် NLD ကဦးနေ၀င်းကိုခုံရုံးတင်ရန်ပြုမူကြောင်းသိရှိရသည်။ (ဗိုလ်မှုးအောင်လင်းထွဠ်၏ပြောကြားချက်အရ)
    NLD သည်မိမိရှေ့မှောက်ဍ်ပင် ၈လေးလုံးကာလဍ် လူအများပြားအသတ်ခံရသည်ကို မျက်ဝါးထင်ထင်တွေ့ရှိခဲ့ရပြီး အကာကွယ်လုံးဝမပေးနိုင်ခဲ့။ ဦးနေ၀င်း၏ စရိုက်ကိုလဲ မြင်တွေ့ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ဦးနေ၀င်းလုပ်သောရွေးကောက်ပွဲကို အနိုင်ရသောအခါ တစ်ကမာလုံးသိမြင်သဖြင့် မိမိတို့ကိုအာဏာလွဲကိုလွဲပေးရမည်။ မပေးလို့မရဟု ယူဆပြီး သဘောထားတင်းမာခဲ့သည်။ ကိုယ်စီးသောမြင်းသည် အထီးလား၊ အမလား မသိ။ မိမိရန်သူအကြောင်းလဲမသိနားမလည်ခဲ့ပါ။
    ဦးနေ၀င်း အနေနှင့် ရွေးစရာလမ်းမရှိ။ ဒုတိယအကြိမ်သူ့ထွက်ပေါက် ပိတ်ခံရပြန်သည်။ အာဏာလွှဲပေးလျှာင် NLD ကသူ့လံခြုံရေးကိုအာမမခံ ကြိုးစင်တက်ရမည်ဖြစ်သောကြောင်မလွှဲတော့ပါ။ ထိုအခါမှ NLDသည် ဦးနေ၀င်းသူတို့ကိုတကယ်မလွှဲပေးလျှင် ဘာမှမလုပ်နိုင်ကြောင်း အာဏာမရတော့
    နိုင်ကြောင်းသိရှိတော့မှ မိမိတို့သည်ဂလဲ့စားချေခြင်းမလုပ်ပါ။ ဂလဲ့စားချေခြင်းသည် အောက်တန်းကျကြောင်း၊မြန်မာဓလေ့မဟုတ်ကြောင်း၊ တွေ့ဆုံဆွေးနွေလိုကြောင်း လေသံပျော့လာသော်လဲ ဦးနေ၀င်းကအယုံအကြည်မရှိတော့ပါ။ ထိုအချိနက ဦးနေ၀င်း ကမ်းလှမ်းချက်ကို လက်ခံလျှင် တိုင်းပြည်အခြေအနေတစ်မျိုးပြောင်းလဲသွားနိုင်ပါသည်။
    ReplyDelete
  17. ဦးချစ်လှိုင်ပြောချက်အရ တခါက မဆလပါတီ - ပေါ်ပြူလာဂျာနယ်
    ဒုတိယဆုံးရှုံးတာကဘာလဲဆိုတော့ ရွေးကောက်ပွဲနိုင်သားနဲ့ စစ်တပ်က ၁/၉၀ နဲ့ခေါ်တာကိုမယူလိုက်တာ။ ယူလိုက်ရင်ခုလောက်ဆို သူတို့ လက်ထဲ အာဏာရလောက်ပြီ။ ခေါင်းဆောင်ဆိုတာဘရိန်းရှိရတယ်။ ဒီအချိန်လောက်ဆို ဘရိတ်အုပ်မယ် ဘယ်လိုယူမယ်။ ပေးတဲ့အခွင့်အရေးကို ယူလိုက်ရင်ရပြီ။ ဒို့ကဒီမိုကရေစီလိုချင်ပါတယ်။ သူတို့က မှမလုပ်တက်တာ။ ဘာတတ်နိုင်မလဲ။
    ဦးနေ၀င်းအနေနှင့် တရားမျှတသောရွေးကောက်ပွဲကိုလုပ်ပေးရခြင်းမှာ ၁၉၅၈ အိမ်စောင့်အစိုးရအဖြစ်နှင့် ၂နှစ်သူတာဝန်ယူခဲ့စဉ်က အာဏာ အရသာသိသွားသဖြင့် ၆၂တွင်ပြန်မပေးတော့ပါ။ ထို့ကြောင့်သူသည် စစ်တပ်လက်ထဲတွင်အာဏာကိုကြာရှည်စွာမထားလိုပါ။ တချို့က မဆလပါတီ နိုင်မည်ဟုယူဆသောကြောင့် တရားသောရွေးကောက်ပွဲလုပ်ပေးခြင်းဖြစ်သည် ဟုဆိုသည်။ အမှန်မှာ သူကိုယ်တိုင်က ပါတီစုံကြိုက်သလားဟုဆိုပြီး ပါတီကို ဖျက်ခဲ့သူသည် ပြန်ရျု သူ့ပါတီကို ပြန်ထူထောင်စရာအကြောင်းမရှိပါ။
    NLD သည်ဥပမာပေးရသော် ကိုယ်ခံပညာမတတ်၊မသိ၊မလေ့လာ စင်ပေါ်တက်တိုးရဲသောသတ်တိနှင့်ပွဲကြည့်ပရိသတ်တခဲနက်အားပေးမှုကို အားထားပြီး စင်ပေါ်တက်ကာ ပထမတန်း လက်ဝှေ့ကျော်အားစိန်ခေါ်ခြင်းသာဖြစ်ပါသည်။ ပြိုင်ဖက်၏ထိုးသတ်ကွက်၊အားနည်းချက်တို့ကိုလုံးဝလေ့လာခဲ့ခြင်းမရှိပါ။ ကိုယ့်ရန်သူအကြောင်းကိုယ်မသိခဲ့။
    ဒုတိယအကြိမ် ပြန်တက်လာသောအခါတွင်လည်း ကိုယ်ခံပညာ မသင်၊မလေ့လာ၊ရန်သူ့ထိုးကွက်ကိုမလေ့လာ၊ စင်ပေါ်ရောက်သောအခါ မိမိတစ်ဦး တည်းအနိုင်မထိုးနိုင်။ အားပေးသော ပရိပ်သတ်ပါတက်ေ၇ာက်ထိုးမှနိုင်မည်ဖြစ်ကြောင်းနှင့် ပထမတန်းလက်ဝှေ့ကျော်သည် ပြိုင်ဖက်များကို မတရား သဖြင့် အနိုင်ယူခဲ့သဖြင့် အားပေးခြင်းမပြုရန် ပြောဆိုပြီး ပထမတန်းလက်ဝှေ့ကျော်နှင့်ညှိနှိုင်းရျု ပူးတွဲချန်ပီယံလိုချင်ပါသည်ဟုဆိုပြန်သည်။
    ReplyDelete
  18. ဒေါ်အောင်ဆန်းစုကြည်၇ဲ့ ပြည်သူတွေကို နိုင်ငံေ၇းမှာ လုပ်မှ ၇မယ် မျှော်လင့်ချက်ဆိုတာ အလုပ်၇ှိမှ မျှော်လင့်ချက်ဖြစ်တယ်။ အားလုံးလုပ်မှ မြန်မြန်ခ၇ီးေ၇ာက်မယ်။ ဘာညာ အာပလာ ဆိုတဲ့စကားတွေနဲ
    We vote her as leader.she must order us to do .she doesent give us order and she said everybody must do politics...........,...balar,balar...
    ခေါင်းဆောင်လုပ်ပြီးပြတ်ပြတ်သားသားပြောပါ။
    ReplyDelete
  19. မေးပါရစေ: ဒေါ်စုလွတ်လာလာချင်းပြောတဲ့ ဒုတိယပင်လုံ ဆိုတာက ဘာဖြစ်သွားပြီလဲ ၉၀ ရွေးကောက်ပွဲလိုပဲဖြစ်သွားပြန်ပြီလား
    ReplyDelete
  20. ဒေါ်စုလွတ်လာလာချင်းပြောတဲ့ ဒုတိယပင်လုံညီလာခံက ၉ဝ-ခုနှစ်ေ၇ွးကောက်ပွဲလိုဖြစ်သွားပြီလားတဲ့....ကျနော့်၇ဲ့ စာဖတ်ပ၇ိတ်သတ်က မေးလာတာကို ဖြေပါ့မယ်။ ဒေါ်စုက ပြောတယ်။ ငါ...အခုအလုပ်မအားသေးလို့ ...နောက်မှ လုပ်မယ်တဲ့။
    Phone Kyaw
    ReplyDelete
  21. နှစ်ပေါင်းလည်း ၂ဝ ကျော်ခဲ့ပြီ။ အခုထိ ဒီလမ်းစဉ်နဲ့ ပဲ။ အလုပ်မဖြစ်တာလည်းသိသိကြီး။ ဦးဝင်းတင် ဦးတင်ဦး ဒေါ်စုတို့ ဦးဆောင်ပြီး လမ်းမပေါ်မှာ ဒို့ အေ၇းအော်ဖို့ လည်း မလုပ်။ တောခို ပြီး စစ်တိုက် ဗုံးခွဲဖို့ လည်း အစီအစဉ်မ၇ှိ။
    --- ကိုယ့်လူကော ဒါတွေ လုပ်ခဲ့ဖူးပါသလား။ ကို့ကိုယ်တိုင်ရော ဘာတွေ လုပ် ခဲ့ဖူးဘာသလဲ ဆိုတာကို ရော ဆန်းစစ် ပါအုံးဗျာ။
    မင်းကဒါတွေဝေဖန်ရအောင် မင်းကရော ဘာနိုင်ငံရေးလုပ်လို့လဲ ?
    နိုင်ငံရေးလုပ်သည်ဖြစ်စေ ၊ မလုပ်သည်ဖြစ်စေ နိုင်ငံသားတိုင်းကြိုက်နှစ်သက်ရာပါတီကို ဝေဖန်မဲပေးနိုင်သောအခွင့်အရေးရှိသည
    ReplyDelete
  22. ဒေါ်စုနဲ့ NLD ဦးဆောင်ပိုင်းကို ဝေဖန်လျှင် ငရဲကြီးပြီး မြေမြို့တက်သောကြောင့် ဝေဖန်ရေးမလုပ်ကြရန် …သြော်….ဒါကြောင့်ကို့ အတိုက်အခံတွေ မိမိကိုယ့်ကိုရော ဒေါ်စုနဲ့NLDကို ဝေဖန်ရေး မလုပ်ကြတာဂိုး…နအဖကြတော့ ဝေဖန်လိုက်ကြတာ သူတို့ကြတော့ ပါးစပ်တောင် မဟကြနဲ့တဲ့…အဟီး.ရယ်ရတယ်…ဗျို့
    ReplyDelete
  23. ။ နိုင်ငံရေးသည် လူတိုင်းနှင့်ဆိုင်သည် ဟု ပြောသော ဒေါ်အောင်ဆန်းစုကြည်က အသက် ၄၂ နှစ်ကျော်မှာ နိုင်ငံရေး စလုပ်တာ ဘာကြောင့်ပါလဲ???
    ReplyDelete
  24. ဒေါ်စုကိုးကွယ်ရေးသမားတွေကတော့ ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်းမသိ ကြတော့ဘူး။
    နှစ်နှစ်ဆယ်ကျော်လုံးလုံး ဘာတိုက်ပွဲလမ်းစဉ်မှ မချမှတ်နိုင်တဲ့ ပါတီနဲ့ခေါင်းဆောင်မှုကို ဝေဖန်တာနည်းလမ်း ကျပါတယ်။
    ဒေါ်စုနဲ့NLDပေးလို့ ပြည်သူတွေဘာရခဲ့သလဲ။
    ဒါမျိုးနောင် နှစ်၁၀၀ကြာရင်တောင် မြန်မာပြည် ဒီမိုကရေစီရမှာမဟုတ်ဘူး။ သန်းရွှေကတော့ အမှီးနှမ့်နေ ဦးမှာပဲ။
    ReplyDelete
  25. ။ဒေါ်စုလွတ်လာလာချင်းပြောတဲ့ ဒုတိယပင်လုံညီလာခံက ၉ဝ-ခုနှစ်ေ၇ွးကောက်ပွဲလိုဖြစ်သွားပြီလားတဲ့....ကျနော့်၇ဲ့ စာဖတ်ပ၇ိတ်သတ်က မေးလာတာကို ဖြေပါ့မယ်။ ဒေါ်စုက ပြောတယ်။ ငါ...အခုအလုပ်မအားသေးလို့ ...နောက်မှ လုပ်မယ်တဲ့။
    အစိုးရလက်မခံရင်လုပ်လိုမရဘူ့ဆိုတာလူတိုင်းတီတယ်
    နားမလည်ဘူ:လားမသီဘူ:. နိုင်ငံရေးမလုပ်တက်ဘူး။
    i cant belive it.
    ReplyDelete
  26. ဘယ်တော့မှ ပြန်မရနိုင်သော အရာ(၃)မျိုး
    (၁) ကုန်ဆုံးသွားသော အချိန်
    (၂) ပြောပြီးသောစကား
    (၃) အခွင့်အရေးကောင်းများ
    တ ကြိမ် ဆုံးရူံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး
    (၁) ရိုသေလေးစားခြင်း
    (၂) ယုံကြည်စိတ်ချမူ
    (၃) ခင်မင်ရင်းနှီးမူ
    ReplyDelete
  27. ကျမတယောက်တည်း လုပ်လို့လည်း မဖြစ်ဘူး။ ကျမတို့အဖွဲ့ တဖွဲ့တည်း လုပ်လို့လည်း မဖြစ်ပါဘူး။ အားလုံးက ၀ိုင်းပြီး လုပ်ပေးမှ ဖြစ်မှာပါ။
    အဒေါ်ကခေါင်းဆောင်လား ပြည်သူလားဆိုတာ အဒေါ့်ဖာသာအဒေါ် ပြန်စဉ်းစားအုံးအဒေါ်။
    : ရှင်းရှင်းပြောပါအဒေါ်ရယ်။ ကျွန်တော်တို့ပြည်သူတွေကို ရူးအောင်အဒေါ်လုပ်နေတာလား။ ဘာမှန်းကိုမသိတော့လို့ပါအဒေါ်ရယ်။
    ကျွန်တော်တို့ဘာလုပ်ရမလဲလို့ အဒေါ့်ကိုမေးတော့လဲ အဒေါ်က ဘာလုပ်ပါလို့မပြော။ ပြီးတော့ အဒေါ်တစ်ယောက်ထဲလုပ်လို့မရဘူးလို့လဲ အဒေါ်ကပြောပြန်တယ်။ အဒေါ်ဟာ သာမန်ပြည်သူလား ခေါင်းဆောင်လားဆိုတာ အဒေါ့်ဖာသာအဒေါ် မကွဲပြားဖူးထင်တယ်အဒေါ်ရယ်။ စိတ်ကြီးများညစ်ပါရဲ့။
    ReplyDelete
  28. အခုမှပဲ မိတ်ဆွေတွေရနေပြီ။ ကျွန်တော်ပြောနေဒါ ၁၉၉၉-၂၀၀၀ လောက်ကတည်းက။ ရှင်းရှင်းပြောမယ်ဆို ရင် ကျွန်တော်က ရခိုင်မျိုးနွယ်စုနှင့်-ကမာန် mixed blood (အီစ္စလာမ်) မှ မွေးဖွားသူဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ပြောတဲ့စကားကို လူတွေက အမှတ်မပေးဘူး။ ကြံ့ဖွံ့အဖွဲ့ပါတီဖြစ်မယ် စစ်အစိုးရက အခုဖြစ်နေသလို လုပ်မယ်ဆိုဒါ ကျွန်တော် စစ်တွေမှာ ရှိနေတုန်း ၂၀၀၀ ခုနှစ်လောက်မှာ အားလုံးကို ပြောပြီးပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက။ ပြောတိုင်းကို တိကျတယ်။ အခု ဒီမှာ ရေးထားတဲ့ဟာအပါအ၀င် အားလုံးကို ထောက်ခံပါတယ်။ ကျွန်တော်ပြောနေတဲ့ထဲမှာ ဒါတွေလည်းပါတယ်။
    ReplyDelete