3/2/11
“ဇွဲ, ၏ အားမာန်” (အမေ့သား-ဒိန်းမတ်) ကဗျာ
ဘဝပြဲပြဲထဲ
ချွေးရွှဲကာ ရုန်းကန်..
ဒူးမထောက် ဦးမညွှတ်
လောကဓံကြံ့ကြံ့ခံ ဇွဲနဲ့
အားခဲ ထားမြဲ...။
ကြမ္မာဆိုး
ရန်ငြိုးဖွဲ့ထိုးနှက်
ကန္တာရပန်းတိုင်ဆီ
ရဲရဲတောက်ခြေကိုလှမ်း
ယုံကြည်ချက် ခေါင်းပေါ်ရွက်
ခံယူချက် အားမာန်ဟုန်ဝင့်ကာဖြင့်
ရှေ့ဆက်မယ့်ခရီးကို
နောက်မတွန့် ကြောက်ရွံ့သူမဟုတ်လို့...
ရှေ့ဆက်ကာမြဲ...။
ရိခဲ့တဲ့ လောကဓံ
ဆင်ရိုင်းနှယ်ကြမ္မာဆိုးကို
ပြုံးချိုသောမျက်နှာထားနဲ့
ရဲရဲတောက် ကျော်ကာဖြတ်ခဲ့ပြီမို့...
“ဇွဲ” ဆုကိုရခဲ့ပေါ့...။
ဇွဲ၏ အားမာန်ဟုန်ဖြင့်
လိုချင်တဲ့ ငြိမ်းချမ်းရေး
တောင့်တခဲ့ လူ့အခွင့်ရေး
ဖန်ဆင်းကာပေးမယ့်သူ
ဇွဲရှိသူမှတပါး အခြားမရှိပါတကား...။
အမေ့သား(ဒိန်းမတ်)
အို ..လူကြီးတို့ ထ,ချလော့....
ကျနော်တို့ နိုင်ငံခြားရောက်တဲ့ လူတွေဒီအလုပ်ပဲ လုပ်နိုင်လို့ ဒီလိုပဲလုပ်ပါရစေ..။
ဒါဆိုရင် ဘယ်သူတွေလုပ်ကြမှာလဲ။ ကျန်တဲ့လူကြီးတွေ ချ,ရမဲ့တာဝန်ပေါ့ဗျာ။ လူငယ်တွေက ပြည်ပမှာငွေရှာပြီးပို့ပေးနေရတာက တကယ့်မဟာတာဝန်ကြီးပဲ။ ဒါကိုလူကြီးတွေက အေးအေးဆေးဆေးနဲ့ နှလုံးနဲ့ချဲထိုးဖို့လောက်ပဲ လုပ်မယ်ဆိုရင် လူကြီးတွေ တရားပါ့မလားဗျာ။
၂၀၁၁-ရောက်လူကြီးတွေဟာ လူငယ်တွေလောက် ဒုက္ခမဖြစ်ပါဘူး။