8/28/11

ကိုဘိုကြည်သို့

ကိုဘိုကြည်ကို အရင်တုန်းက ကျနော်ကြည့်မရဘူး။ အခု ကျနော် ကြည့်လို့ရပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အဖေက လေတပ်က တပ်ကြပ်ကြီးတစ်ယောက်ဖြစ်တယ်လို့ဆိုပြီး ဧရာဝတီမှာ သူပြောနေတယ်။ ဒါကို ကျနော်ဂုဏ်ယူတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုသည် (မိုးသီးဇွန်မပါ)

ယနေ့မှစ၍ ပြည်သူလူထု၏ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်ရေးအားရည်ဇူး၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားအားလုံးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။ သို့သော် မိမိအား နယူးယောက်တွင် ဖိနပ်ဖြင့်ပေါက်သည့် မိုးသီးဇွန်မှလွဲ၍ ကျန်သည့်မြန်မာနိုင်ငံသားအားလုံးအား တိုင်းပြည်တွင် ပြန်လည်အခြေချ နေထိုင်ခွင့်ပြုသည်။ အကယ်၍ မိုးသီးဇွန်အနေဖြင့် မိမိစီးသောတောစီးဖိနပ်ဖြင့် ပြန်ပေါက်ခံလျှင် နိုင်ငံတော်သမ္မတကြီးမှ ပြန်လည် စဉ်းစားမည်ဖြစ်သည်။

ပုံ
ဦးသိန်းစိန်
နိုင်ငံတော် သမ္မတ