12/8/08

ဒီနေ့ တော့ ကျနော်တို့ထောပြီ

မနေ့ညက မြန်မာလို ဘုရားပွဲကိုရောက်တုံးက ရိုက်ကတဲ့ပုံပါ

သြော်စီအစိုးကနေ ဒီနေ့မှာ သူ့နိုင်ငံသားတွေကို Bonus ပေးပါတယ်။ ၁၆-နှစ်အောက်ခလေး တစ်ယောက်ကို ဒေါ်လာတစ်ထောင်နှုံး နှင့် ပင်စင်သမားတွေကို ဒေါ်လာ ၁၄၀၀ ပေးပါတယ်။ ၁၆-နှစ်အထက်ဖြစ်တဲ့သူတွေတော့ မရဘူးပေါ့။ ပင်စင်စားလင်မယားနှစ်ယောက်ဆိုရင် ၂၁၀၀ ပဲရပါတယ်။ တချို့မြန်မာလူမျိုးတွေ ဒေါ်လာ တစ်သောင်းနီးပါး အလကား ရပါတယ်။ အစိုးရကပေးတဲ့ရည်ရွယ်ချက်ကတော့ နောက်ကွယ်မှာ အမျိုးမျိုးရှိနိုင်ပါတယ်။ Labor အစိုးရ အာဏာတည်မြဲဖို့လား၊ စသဖြင့်ပေါ့။ သူတို့ရဲ့အဓိက အကြောင်းပြချက်ကတော့ ဈေးကွက်အတွင်း ၀ယ်လိုအားများလာအောင် လုပ်ပေးတာပါ။ ဘာဘဲဖြစ်ဖြစ် ကျနော်တော့ ဒေါ်လာ နှစ်ထောင်တောင် ထောအုံးမယ်။ ဒီဇင်ဘာကာလဆိုတော့ ပွဲတော်တွေနဲ့ ခရစ်စမတ်လက်ဆောင်ပေး၊ ခရီးထွက်ဖို့ အတွက်လည်း အဆင်ပြေသွားတာပေါ့။ မြန်မာစစ်အစိုးရကတော့ ဒီအချိန်မှာ သူ့နိုင်ငံသားတွေကို ပိုက်ဆံအလကားပေးဖို့ထက် ဘယ်လိုလိမ်ပြီး အလှူငွေ ကောက်အုံးမလဲဆိုတာ စောင့်ကြည့်ရအုံးမယ်။

No comments:

Post a Comment