3/4/09

ကျနော်တို့ထောပြီ





ကျနော်တို့ ၀န်ကြီးချုပ်
နဲ့
ကျနော်တို့ ၀န်ချီးထုပ်

ဘယ်သူဖြစ်မလဲ
ဆိုတာ....သိတယ်နော်...။

သြစတျေးလျအစိုးရအနေနဲ့ သူ့နိုငံသားတွေကို March လ နဲ့ April လအတွင်းမှာ Bonus ပေးမဲ့ အစီအစဉ်ရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားကျဆင်းမှုကြောင့်ထိခိုက်သွားတဲ့ ။ သြစတျေးလျစီးပွားရေးကို ပြန်လည် အားကောင်းလာအောင်လုပ်တဲ့ အနေနဲ့ဖြစ်ပါတယ်။ ဒီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါ တယ်။

၁) အလုပ်သမားတစ်ယောက်ကို ဒေါ်လာ ၉၅၀ ရပါမယ်။ ဒါပေမဲ့ ၀င်ငွေ ဒေါ်လာ ၁၀၀၀၀၀ (တစ်သိန်း) အထက်ဆိုရင်မရပါဘူး။ ၀င်ငွေနည်းသူတွေ နဲ့ ၀င်ငွေအလယ်အလတ်ရှိသူတွေကိုသာပေးပါတယ်။

၂) Single Income Family Bonus ဆိုတဲ့အဓိပ္ပာယ်ကတော့.....မိသားစုတခုမှာ အဓိက၀င်ငွေတစ်ခုတည်း(သို့) ယောက်ျား၏၀င်ငွေတခုတည်းသာရှိလျှင် ဒေါ်လာ ၉၅၀-ရပါမယ်။

၃) မိုးခေါင်ရေရှားအရပ်ဒေသမှာလယ်လုပ်တဲ့ လယ်သမားတွေလည်း ၉၅၀-ရပါမယ်။ လယ်တွေ အရှုံးပေါ်လို့ ပေးတာပါ။ ဒီမှာတော့လယ်သမားတွေက စပါးမစိုက်ပါဘူး။ ဂျုံစိုက်တာပါ။

၎) ကျောင်းတက်တဲ့ ခလေးတွေလည်း တစ်ယောက်ကိုဒေါ်လာ ၉၅၀ ရပါမယ်။ အသက်လေးနှစ်ကနေ ၁၈-နှစ်ထိ။

၅) ကျောင်းသားတွေလည်း ၉၅၀-ရပါမယ်။ အသက်ကြီးပြီး ကျောင်းတက်တဲ့သူတွေ၊ သင်တန်းတက်နေသူတွေ၊ လည်း ဒီအစီအစဉ်ထဲမှာ ပါဝင်ပါတယ်။

IMF ကလည်းဒီအစဉ်အစဉ်ကို အကောင်အထည်ဖော်ဖို့ အကြံပေးခဲ့တာလည်းဖြစ်ပါတယ်။ စီးပွားပြန်လည်ဦး မော့လာအောင် အခွန်တွေချည်းလိမ့်မကောက်ပဲ၊ တိုင်းသူပြည်သားတွေလက်ထဲငွေများများထည့်ပေးပြီး ၀ယ်အားကောင်း လုပ်ပေးတာဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တော့ ဒီလလည်း ထောပြန်ပြီ။ လေဘာ အစိုးရတက်လာတာ ပိုက်ဆံတွေ အလကားရတာများနေပြီ။

3 comments:

  1. မအေလိုး သူများနိုင်ငံမှာ သူ့လူမျိုးတွေ ပေးတာကို အလကားရတာများပြီ တဲ့ စိတ်ဓါတ်လေးတွေတော့ကြိုက်တယ် အချိုအချောင်အလကားရပြီး တောင်းစားတဲ့နေရာမှာ အမင်းတို အတော်ဆုံးပဲ

    ReplyDelete
  2. သတ္တိရှိရင် နာမည်တပ်ပြီးရေးကွာ..။ စစ်ခွေးပီသစွာနဲ့ သခင်အားရအောင်လုပ်တာလားကွ..။ မနာလိုမဖြစ်ပါနဲ့ကွာ ကိုယ့်ကုသိုလ်ကံကိုယ်ပါ...။
    ဘုန်းကျော်

    ReplyDelete
  3. ကိုဘုန်းကျော်ရေ
    ခင်ဗျားပြောတဲ့ ကိုယ့်ကုသိုလ်ကံဆိုတဲ့ အသုံးနှုံးကြောင့် တိုက်ပွဲတွေမအောင်မြင်သေးဒါလို့ မြင်ပါတယ်။ကိုဘုန်းကျော် တို့ရေးတဲ့စာကို အကြောင်းပြုပြီးရေးရချင်းဖြစ်ပါတယ်။ကိုအောင်မိုးဇော်က ကျွန်တော့်ကိုသိပါတယ်။လုပ်စားနေသ၍ တိုင်းပြည်ပြောင်းလဲမှုမရှိဘူးလို့မြင်ပါတယ်။

    လေးစားလျက်
    ဆလိုင်းကျော်ကျော်
    ကိုရီးယား

    ReplyDelete