11/22/09

သိရိလင်္ကာက ရဟန်းတွေ ညံ့နေပြီလား


တလောက အသံလွှင့်ဌာနတခုမှာ သိရိလင်္ကာက သံဃာတွေ ဦးသန်းရွှေလှူတဲ့ဟာကို သပိတ်မှောက်မယ်လို့ ကြုံးဝါးထားတာကို ကြားရတယ်။ ဆိုလိုချက်ကတော့ သူပေးရင် မယူဘူးပေါ့။ ဗိုလ်ချုပ်သန်းရွှေဆိုတာက ဘုန်းကြီးကိုတောင် ခြေထောက်နဲ့ကန်ခဲ့တဲ့ လူပဲ ဆိုတော့ သီရိလင်္ကာကသံဃာတွေပြောတာ မှန်ပါတယ်။ ထောက်ခံပါတယ်။ ဒါမျိုးလည်း ရှိသင့်တယ်။


ဒါနဲ့ ဗိုလ်ချုပ်သန်းရွှေသိရိလင်္ကာရောက်ပြီး ထုံးစံအတိုင်း ဘုရားဖူး။ ပြီးတော့ ဒေါ်ကြိုင်နဲ့ လိပ်ဥလည်းတူးခဲ့တာပေါ့ဗျာ။ သတင်းတွေကိုနားစွန့် ကိုယ့်ဆီက သံဃာတွေ ဘာများလုပ် လေမလဲပေါ့။ နားစွန့်။ ဒါနဲ့ပဲ ဦးသန်းရွှေနေပြည်တော်မြို့ ကြီးကို ပြန်လေသတည်း။


ဒီနေ့ မလေးရှားက ဆရာတော်တပါးက အီးမေးပို့တော့ တော်တော် အံ့သြသွားတယ်။


“တကာ ဘုန်းကျော်…ဦးဇင်းတော့ပေါက်ကွဲနေပြီ”


ဟာ…ဘာလဲပေါ့။ ပထမဆုံး ဂျီတော့မှာတွေ့ တော့။ နောက်မှ သူလင့်ပေးမှ ဖတ်ကြည့် တော့..သိရိလင်္ကာက မြန်မာရဟန်းတွေအတွက် ဒေါ်လာ ၂၀၀ စီ။ ကျောင်းအတွက် ၂၀၀၀ လှူဒါန်းတယ်။ ဒါန်ပေါက်..သင်္ကန်းနဲ့ ဘုရားသားတော်တွေကိုဖားနေတယ်ဆိုတာကို ဖတ်ရတယ်။ သံဃာ နှစ်ရာလောက် ဘုန်းပေးကြတယ်။ ၅၀ လောက်က ကန့်ကွက်တဲ့ အနေနဲ့ မလာဘူးပေါ့။


သွားပါပြီ…သတင်းမှာကြားထားတာတွေ ဘယ်လိုဖြစ်ကုန်ပြီလဲ။ ဖြစ်နိုင်ရင်တော့ သံဃာ ဆိုတာ ပြည်သူက လှူဒါန်းမှ အဆင်ပြေတာမဟုတ်ဘူးလား။ အခုတော့..သွားပီ..သမိုင်း လည်း ကွေးပြီ။ ဖြောင့်လို့မရ။ မီဒီယာမှာတော့ တမျိုး..လက်တွေ့ကတမျိုး…။ ဘယ်လိုလဲ။


ဆရာတော်များဘုရား…


ဆွမ်းတစ်နပ်..ဒေါ်လာ နှစ်ရာနဲ့ ကျန်တဲ့ပစ္စည်းတွေဟာ သေရင် ကိုယ့်နောက်မပါပါဘူး။ ဘုရားသားတော်တွေဆိုရင် ပိုပြီးသတိထားရပါ့မယ်။

သစ္စာဖြင့်



အသေးစိတ်သိချင်ရင် ဒီကိုသွားပါ-


http://www.ashinmettacara.net/2009/11/blog-post.html

No comments:

Post a Comment