12/22/09

ယခုခေတ်ယူဂျီသမားသည်၊ ယူဖို့အတွက်ဂျီကျမည်၊ ဂျီကျပြီးထပ်ယူမည်

ယူဂျီနဲ့ နိုင်ငံရေး…။

ဗိုက်ကြီးပူအဖွဲ့(ဗကပ) အဖွဲ့ ကစသည်။

၂၀၀၉-ခုနှစ် IT ယူဂျီသမားဖြစ်ရေးအထိ လက်တွဲခေါ်ပေးတဲ့ အဖွဲ့ဆိုလည်းမမှား။ ဟိုတုန်းကတော့ မသိဘူး။ စိတ်လည်းမ၀င်စားဘူး။ ယူဂျီဆိုတာဘာလဲ။ မြေအောက်ဆိုတာဘာလဲ။ တခုပဲအတွေးထဲမှာရှိတယ်။ မြေအောက်ဆိုတာ မကောင်းတဲ့ လူတွေလုပ်တဲ့အလုပ်ဆိုတာ။ နအဖ လက်အောက်မှာဖြစ်ခဲ့တဲ့ဘ၀။

ယူဂျီသမားတွေနဲ့စကားပြောဖြစ်တော့ တချို့ သတိထားမိတယ်..။

“သူတို့ပိုက်ဆံဘယ်လောက်ပေးလဲခင်ဗျ” လို့ မေးမိတယ်။

NLD ပြည်တွင်းက ယူဂျီသမားပြောတာက-
“ငွေတော့ တောင်းသလောက်ပေးတယ်”

“ဘာတွေလုပ်ရလဲဗျာ” လို့ထပ်ပြီးစပ်စုတယ်။

“သူတို့(နယ်စပ်) ခိုင်းတာပေါ့ဗျာ..ဟိုလူနဲ့သွားတော့..ဒီလူနဲ့သွားတွေ့ ။ ပြီးရင် နယ်စပ်ပြန် သတင်း ပို့…အီး မေးပို့ပေါ့တဲ့..ဂျီတော့နဲ့ပိုမိုက်တယ်”

“ဒါနဲ့..ခင်ဗျား ပြည်တွင်းမိသားစုထမင်းစားဖို့ ဘာအလုပ်လုပ်လဲဗျ…” လို့ ထပ်ပီး စုံစမ်းတော့…

“ယူဂျီလုပ်စားတယ်လေဗျာ..ဒါက အလုပ်လုပ်စားထားတာထက်ပိုကိုက်တယ်”

ဟိုက်ရှာပါး...သူပြောမှ ပိုရှင်းတယ်...။ ကောင်းပါ့ဗျာ..။

သူက ယူဂျီလုပ်စားတယ်။ နယ်စပ်က တချို့ ကလည်း ယူဂျီလုပ်စားတယ်..။ ယူဂျီကို ယူသုံးလိုသဘောထားတယ်။ ဒါမှ နယ်စပ်လည်း ဗကပ(ဗိုက်ကြီးပူ) ဖြစ်တာပေါ့။

ဂျပန်ခေတ်ယူဂျီက ဒေါ်လာမစားဘူး။ ၂၀၀၉-ခုနှစ် ဂျီတော့ယူဂျီက ဒေါ်လာနဲ့ အသက်မွေးတယ်။

အင်း…ကောင်းလေစွ..ငါလည်း…ဂျီတော့ယူဂျီဖြစ်ချင်လိုက်တာ…။

1 comment:

  1. အေး---လုပ်စားတွေကွ
    ငါတို့ခေတ် ၈၈ နဲ့ ၉၄ မတိုင်ခင်က အဲ့ဒီလိုမဟုတ်ဘူး

    ReplyDelete