1/30/10

ဂွေးတက်အောင်, အခမဲ့ က ချင်သူများ

ဖြစ်နိုင်ရင်စကားထဲတောင်ထည့်မပြောချင်ဘူး။ အခုတော့ သူရဲ သဘက်ပူးနေတဲ့လူတစ်ချို့ ကို ဒီလိုမျိုးဆေးကြိမ်လုံးနဲ့ရိုက်ချင်လို့ရေးလိုက်တယ်။

တခါတလေ သခင်အားရကျွန်ပါးဝသလိုမျိုးပဲ။ ခေါင်းဆောင်ကြီးတွေ၊ ခေါင်းဆောင်ငယ်တွေက ဘာမှမဖြစ်ရဘူး။

သူတို့ရဲ့ ဘောကို မချင်တဲ့သူတွေ၊ အမှုမှတ်အမှတ်မဲ့ မဖို့ကြိုးစားသူတွေ၊ ကျောလေးသပ်ပေးလို့ က ချင်သူတွေ လောကမှာတစ်ပုံကြီး။ နအဖထဲမှာလည်းရှိတယ်။ အတိုက်အခံထဲမှာလည်းရှိတယ်။ မည်သည့်အဖွဲ့အစည်းမှမဆို ရှိတယ်။ လူပဲဆိုတော့ ဒါကို Human Nature လို့ခေါ်ရမယ်။

ဒါပေမဲ့ ဒီလိုလုပ်လို့ကိုယ့်အတွက်ဘာများရလဲပေါ့။ ငွေလား၊ ရွှေလား၊ နေရာလား၊ ဆိုတော့ တခုမှမရဘူး။

ရတာတခုက ငါ့ရဲ့ စိတ်ဓာတ်၊ အတွေးအခေါ်က လုံးဝနီရဲတယ်ပေါ့။ တချို့ က နီ တာကိုဂုဏ်ယူတယ်။ တချို့ က ပြာတာကိုဂုဏ်ယူတယ်။ တချို့ က သက်တန့်ရောင်ကို ဂုဏ်ယူတယ်။ နီတာကို ဂုဏ်ယူချင်ယူ ဒီလိုလုပ်ပါလား။ သင်္ဘောဆေး နီနီတွေဝယ်ပြီးစုထားလို့။ မနီတဲ့လူကိုနီအောင်လုပ်ဖို့ပါ။

အများစုက မျှောက်ပေးရင် ဂွေးတက်အောင်ကတယ်။

မကြိုက်တဲ့သူကို ပေါ်တင် တစ်ယောက်ချင်းစီ ကြိုင်းဝိုင်းထဲမှာ ထိုးဖို့စိန်ခေါ်ရဲတဲ့သတ္တိမရှိတဲ့သူများတယ်။ ချောင်းရိုက်တဲ့သတ္တိက လပေါ်သရေတွေမှာပဲရှိတယ်။ ဒီလူတွေကို နီသလိုလိုကြောင်သလိုလိုလုပ်တဲ့လူတွေမှာ အတွေ့ရအများဆုံး။

ဘာကောင်တွေလဲမသိဘူး။

ဒေါ်စုပြောသလို...ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းကြပါစေ။

မှတ်ချက်။ ။ ပြိုင်စရာရှားတဲ့ ဥပမာလေးပါ။ တိုင်းပြည်နဲ့ပြည်သူကို ဘယ်သူချစ်လဲဆိုတာ ပြိုင်တဲ့သူတွေတချို့ ကို ရည်ညွန်းသည်။ သြော်..အချစ်တွေပြိုင်နိုင်ကြသေးတယ်နော်...။

No comments:

Post a Comment