1/27/10

အဟောင်းထဲမှာ သံသရာလည်နေသော ဦးဖိုးသံချောင်း နှင့် ဗကပ

ကျနော် ဘုန်းကြီးကျောင်းသားလေက ဆရာတော်ကိုဝေဖန်တဲ့သဘောပဲထားပါ။
အဟောင်းထဲမှာ သံသရာလည်နေမဲ့အစား၊ တခြားအသစ်ကလေးများပြောင်းရေးကြည့်စေချင်လို့ ဒီစာကိုရေးပါတယ်။ လူဟောင်းလို့ ၊ စာများဟောင်းသွားလေသလား။ လူကြီးတွေ သတိထားပါ။ လူကြီးတွေလုပ်လို့ တိုင်းပြည်ပျက်ခဲ့တာနော်။ ဗမာတွေလုပ်လို့။

သူတို့ရေးတဲ့စာတွေကြည့်ရအောင်-

“၁၉၄၈ (မတ်လ) ၁၂ ရက်နေ့မှာ သတင်းစားတိုက် သုံးတိုက်ရိုကချိုးတယ်။ မတ်လ ၂၈ ရက်နေ့မှာ ဗကပကိုချေမှုန်းရေးလုပ်တယ်”

ရွေးကောက်ပွဲလုပ်မယ့်ရက်ကိုမကြေငြာရဲတဲ့နအဖ ဆောင်းပါးမှ။

ဟောင်းကြီးပါလားဗျာ။

“တခုက ဘာလဲဆိုတော့ ၁၉၆၀ ခုနှစ်၊ ဧပြီလ ရွေးကောက်ပွဲဖြစ်တယ်။ အဲဒီရွေးကောက်ပွဲမှာ ပထစလို့ခေါ်တဲ့ ဦးနုရဲ့ပါတီက ၁၅၉ နေရာရတယ်။ ဖဆ ပလက ၄၁ နေရာရတယ်။ ဖဆပလရဲ့ ၄၁ နေရာဆိုတာ ၅၆ ခုနှစ်ရွေးကောက်ပွဲတုန်းက ပမညတ ရတာထက်တောင် နည်းသေးတယ်။ အဲတော့ ဒီရွေးကောက်ပွဲ မှာ ဦးနုကို (ပထစကို) လူထုက မဲတွေပုံအောပေးခဲ့တာဟာ တည်မြဲကို မကြိုက်တာသက်သက်မဟုတ်ဘူး။ တည်မြဲနောက်မှာ စစ်တပ်ပါနေတာကို လူထုကသိလို့ မကြိုက်တာဖြစ်တယ်။ ဦးဗဆွေက “ရွေးကောက်ပွဲ နိုင်ရင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်” လို့ ပြောနေတာ။

စစ်တပ်နဲ့ နိုင်ငံရေး (ရဲဘော် ဖိုးသံချောင်း) ဒုတိယပိုင်း စာအုပ်မှ

အလွန်ကောင်းတဲ့အဟောင်းကြီးတမျိုးပဲ။ ဒီပြသာနာတွေနဲ့ပဲ လည်နေပုံရတယ်။ စာအလွတ်ကျက်ထားတဲ့ပုံလိုမျိုးဖြစ်နေတယ်။


၁၉၄၈ ခုနှစ်တုန်းကလို ပြန်ဖြစ်နိုင်သလားဆောင်းပါးမှ

“ဒီအထဲမှာ ၁၉၄၈ ခုနှစ်တုန်းကလို တကြော့ပြန်ဖြစ်မလား ဆိုတဲ့အထိ ပြောနေကြတာဟာ စိတ်ဝင်စားစရာပဲ။ သူတို့ဒီလို ၁၉၄၈ ခုနှစ်ကို နောက်ကြောင်းပြန်ပြောတယ်ဆိုတော့ ဓမ္မတာပဲ။ အဲဒီတုန်းက အာဏာရ ဖဆပလ-ဆိုရှယ်လစ်နဲ့ ဗကပတို့ ပါလာတော့တယ်”

ဒါလည်းမဲပြာပုဆိုးအဟောင်းပါပဲ။

“လုပ်ငန်းစဉ်တခု၊ လမ်းစဉ်တရပ်ကို လူထုက လိုက်နာအကောင်အထည်ဖော်တာမလုပ်ရင် ဒါဟာ လူထုရဲ့တာဝန်ပဲလို့ သုံးသပ်တာမျိုးကို အရင် သခင်စိုးပါးစပ်ကပဲ ကြားဖူးပါတယ်။ အခု နှစ်ပေါင်း (၆ဝ) ကျော်ကြာပြီးတဲ့နောက်မှာ သခင်စိုးနဲ့ဘာမှမဆိုင်တဲ့ လူတဦး ပါးစပ်ဆီက ကြားရပြန်ပါတယ်”
ဒါလည်း အသစ်မဟုတ်ဘူး။အဟောင်းကြီးပဲ"

လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်ဆောင်းပါးမှ

“၁၉၅၈-ခုနှစ်တုံးကတည်ရှိနေတဲ့အခြေခံဥပဒေကို မဖျက်သိမ်းဘူး”

၂၀၁၀ လွန်ကာလမှာပေါ်လာမဲ့စစ်အုပ်စုကိုခန့်မှန်းကြည့်ခင်း ဆောင်းပါးမှ

ဒါလည်း အလွန်ဟောင်းတဲ့ ဟာကြီးပဲ။

“ဗိုလ်စိုးမောင်ကျဆုံးတာနဲ့ပက်သက်ပြီးရေးတဲ့စာဖတ်ရလို့ခင်ဗျားသိစေဖို့ဒီစာကိုရေးလိုက်တယ်”

ဒါလည်းအဟောင်းတွေအချင်းချင်းပြောကြတဲ့ဟာပဲ။

သခင်တင်မြသို့စာမှ

အမျိုးပြောက်မှာစိုးကြေက်လှပါသည်စာမှ

“စိတ်ချလက်ချသုံးနိုင်တဲ့ကုလားအလတ်တန်းစားတွေ၊ ဓနရှင်တွေ၊ လယ်သမားတွေ”

ဒါလည်း အမှတ်တကယ်အဟောင်းကြီးပဲ။

အသစ်ကလေးများလုပ်ကြပါအုံးဗျာ။။။ နိုင်ငံရေးမလုပ်ဘဲ သမိုင်းပညာရှင် လုပ်ရင်ပိုအောင်မြင်နိုင်တယ်။ ဒီလိုမျိုးအဟောင်းတွေပြောနေရုံနဲ့ ဘယ်လိုလုပ်ပြီး ရှေ့ ရောက်တော့မလဲ။

2 comments:

  1. မင်းဟာဘာမှမသိတဲ့ ခလေးဘဲ။
    မင်းကိုနိုင်ငံရေး ဘ၀ထဲရောက်အောင် မွေးထုတ်ပေးလိုက်တဲ့ လူ့ဘောင်သစ်ကိုအပြစ်တင်ရမှာဘဲ။
    စာလဲမရေးတတ် ရိုင်းကလဲရိုင်း။
    မင်းကြောင့် ဘလော့ဂါတွေ သိက္ခာကျတယ်။
    စာပေအကြောင်းလဲမသိ၊ စာပေသိက္ခာလဲ နားမလည်။
    ရိုသေသမှုမရှိတဲ့ မင်းဟာ မင်းအဖေခြေရာနင်းတဲ့သူဘဲ။

    သတိပေးသူ

    ReplyDelete
  2. ဟွန့်....သတ္တိလည်းမရှိဘူး။ ကိုယ့်နာမည်တောင် ထုတ်မပြောရဲဘူး။ ကြံဖန်ပြီးကြောက်တက်နေတယ်။ သနားတယ်။

    ReplyDelete