8/26/11

အိုဘယ့် ကဒါဖီ



ကျနော်က လစ်ဗျားသမ္မတကြီး ဗိုလ်မှုးကြီး ကဒါဖီကို အရမ်းသဘောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းရယ်ရလို့။

ကုလသမဂ္ဂမှာ သူက အာဘောင်အာရင်းသန်သန်နဲ့ စင်ပေါ်မှာ တကမ္ဘာလုံးကို ပတ်ပြီးဆဲခဲ့ဘူးတယ်။ ပြီးတော့ သူများတွေဒီလောက် သူ့တပ်ကို ၀င်တိုက်နေတဲ့အချိန်မှာ စစ်တုရင်ကစားလို့ကစား၊ ပွားလို့ပွား။

အမြဲတမ်း နေကာမျက်မှန်ကြီး နဲ့ လန်းလို့လန်း။

နာမည်ကြီးမော်ဒယ်တွေနဲ့လည်း ကဲသလားမမေးနဲ့။ အာဏာရှင်လောကမှာ ကဒါဖီက ဂေါ်လီအကြဆုံး၊ အလန်းဆုံး။ မိုက်သလားတော့မမေးနဲ့။

သူတင်မဟုတ်...သားတွေကိုလည်း ရာထူးကြီးတွေပေးပြီး အိမ်ရှေ့ မင်းသားလုပ်ခိုင်းတယ်။

ဘယ်သူ့ကိုမှ လူမထင်တဲ့ကဒါဖီတစ်ယောက် အခုတော့ ဘယ်ဂျောင်ရောက်နေလဲမသိဘူး။ အရမ်းသတ္တိရှိတဲ့ အရက်သမား အာဏာရှင်ကြီး။

သူပုန်တွေက သူ့ကိုမိရင် အပီကျွေးမှာကြောက်လို့ထင်တယ်။ 








1 comment:

  1. ချင်းမိုင်သားAugust 27, 2011 at 2:52 PM

    ဟ့ ညီတော်မောင် ဂုံးကျော် ရ.. ဒီဘီကေ(ဘဲကြီး) က အာဏာရှင်ဘဝမှ အပီ ယူစရာ ကဲစရာတွေကို တန်အောင် သမ သွားတာ ဒို့ ချုပ်ချုပ်တို့က ခိုးကြောင်ခိုးဝှက်အာဏာရှင်ကွ .. ကဒါဖီကြီးကမှ အပီကဲသွားတာ မင်းလဲအတုယူသင့်တယ် :)

    ReplyDelete