2/14/12

ကိုမိုးသီးဇွန်နဲ့ ကိုနိုင်အောင်တို့  ဟာ တိုင်းပြည်အတွက် အရေးကြီးတယ်

သူတို့ နှစ်ဦး

ကိုမိုးသီးဇွန်နဲ့ ကိုနိုင်အောင်တို့ ရဲ့ သမိုင်းဟာ အတော်လေးကို ကြီးမြတ်လှတယ်။ ကျောင်းသားခေါင်းဆောင်တွေလည်း ဖြစ်ကြတယ်။ တော်လှန်ရေးခေါင်းတွေလည်းဖြစ်ြ
ကတယ်။ ပညာအရည်အချင်း၊ သတ္တိ၊ အနစ်အနာခံ၊ စွန့် လွှတ်စွန့် စားတဲ့ စိတ်လည်းရှိတယ်။ ယနေ့ မှာဆိုရင် အသက်အရွယ်အားဖြင့်လည်း ငယ်ရွယ်သေးတော့ တိုင်းပြည်အတွက်အရေးကြီးတယ်။ ပြည်သူလူထုက သူတို့ တွေတိုင်းပြည်ထဲကို ပြန်လာဖို့ မျှော်လင့်နေကြတယ်။ ပြည်သူတွေတင်မကဘူး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကလည်း အားကိုးတကြီးနဲ့ ပြန်လာဖို့ ဆော်အောနေကြတာကို မြင်တွေ့ နေရတယ်။

ယနေ့ လိုကာလမှာ သူတို့ နှစ်ယောက်လုံးတိုင်းပြည်ထဲမှာ ရှိဖို့ လိုအပ်တယ်ဆိုပြီး ကျောင်းသားတွေက တောင်းဆိုနေကြပြီ။

သူတို့ ပြန်လာမှ ပြသနာတွေပြေလည်မယ်လို့ ဆိုပြီး အပြင်ကလူတွေကလည်း ပြောကြတယ်။ တနေ့ မှာ ကိုမိုးသီးနဲ့ ကိုနိုင်အောင်အကြောင်းကို ပြည်တွင်းက ၈၈-ကျောင်းသားခေါင်းဆောင်တစ်ယောက်နဲ့ ဂျီတော့မှ စကားပြောဖြစ်တယ်။

"သူတို့ နှစ်ယောက်ပြန်လာသင့်ပြီဗျာ"

"နေပါအုံး ဘာဖြစ်လို့ ပြန်လာစေချင်တာလဲ"

"အော်..ခင်ဗျားကလည်း ညံ့ပါ့ဗျာ။ သူတို့ ကတိုင်းပြည်အတွက် အရမ်းကို အရေးကြီးတဲ့လူတွေလေ"

"ဘာအတွက်အရေးကြီးတာလဲ"

"သူတို့ ပြန်လာမှ မြောက်ပိုင်းလူသတ်မှု့ နဲ့ ကိုဌေးနိုင်ကို သတ်တဲ့အမှုတွေကို တရားစွဲလို့ ရမှာဗျ။ သူတို့ နှစ်ယောက်က အဓိကတရားခံတွေဆိုတော့ တိုင်းပြည်အတွက်အရမ်းအရေး မကြီးဘူးလား"

"ဟာ...ကျနော် ထင်နေတာက တိုင်းပြည်ထူထောင်ရေးအတွက် သူတို့ လည်းတဖက်တလမ်းက ပါဝင်စေချင်မှတ်နေတာ။ ခင်ဗျား အရေးကြီးတာကြီးကလည်း တလွဲဗျာ...ဟားးးးး..ဟားးးး"

1 comment:

  1. ဒီ နှစ်ကောင် (၂ ယောက်လို့ မပြောတော့ဘူး)
    ပြည်တွင်းကို ပြန်လာသင့်တယ်။ ကြိုဆိုရမှာ ပေါ့ဗျာ။ သောက်ခွက်ကို မသေမချင်း တက်နင်းပြီး ကြိုဆို ရမှာပါ။ သူတို့လည်း အရေးပါပါတယ်။

    ReplyDelete