ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/27/09

သိပ္ပံပညာရှင်တွေတောင် ဒီလို လိမ် ခဲ့တယ်

သိပ္ပံပညာရှင်တွေတောင် ဒီလို လိမ် ခဲ့တယ်


ကျနော်ဘာ့ကြောင့် ဒီဆောင်းပါးကိုရေးရလဲဆိုတော့ ဒီလိုရှိပါတယ်။ ကျနော်တို့ နိုင်ငံရဲ့  သမိုင်းကြောင်းဆိုင်ရာအချက်အလက်တွေကို စာအုပ်တွေမှာ သမိုင်းပညာရှင်တွေရေးခဲ့ ကြတယ်။ ဒါတွေဟာ တကယ်ကောမှန်ပါ့မလား။ ဘယ်သူသိလဲ အတိအကျကို။


လူတွေ အားလုံးဟာ လိပ်မျိုးတွေပဲဆိုတဲ့ အယူအဆကိုဆွဲကိုင်ပြီး ဒီစာကိုရေးပါတယ်။


သမိုင်းဆိုင် ရာအချက်အလက်တွေတင်မကပါဘူး…တချို့ ပညာရပ်ဆိုင်ရာစာအုပ်တွေဖြစ်တဲ့ မြန်မာ တိုင်းရင်းဆေးစာအုပ်တွေ၊ ဘာသာရေးစာအုပ်တွေဟာ တကယ်ကောအပြည့်အ၀ မှန်ပါ့ မလားဆိုတဲ့မေးခွန်းလည်းပါပါတယ်။


ကမ္ဘာကျော်သိပ္ပံပညာရှင်တွေတောင် လိမ်ခဲ့သေးတာ ပဲ…။ သိပ္ပံပညာဆိုတာ ယေဘုယျနားလည်ရင် လိမ်လို့ရတဲ့ အမျိုးမှမဟုတ်တာ။ အခုတော့ တွေ့ပါပြီ…။ ဒါ့ကြောင့် အလိမ်မခံရဖို့ အတွက် ထပ်ဆင့်ခံစားတင်ပြပါသည်။


ကမ္ဘာကြီးကို လူတွေ အမျိုးမျိုးလေ့လာ စူးစမ်းမှုပြုခဲ့ကြတယ်။ လက်တွေ့ကျတဲ့ သိပ္ပံပညာကို အသုံးပြုပြီး ကြယ်တွေ၊ လတွေ၊ အလျှင်နှုံးတွေကို စူးစမ်းရှာဖွေမှု ပြုနိုင်ခဲ့ ကြတယ်။ ဒီလို..စူးစမ်းရှာဖွေတဲ့နေရာမှာ စကြာဝဌာထဲမှာ ရေတွက်လို့မရတဲ့ ကြယ်စုတွေ ကိုတောင် ဘယ်လောက်ရှိလဲဆိုတာခန့်မှန်းနိုင်ခဲ့ကြတယ်။


ဒီလို..စူးစမ်းရှာဖွေခဲ့ကြတာကို လူသားတွေပဲ လုပ်ခဲ့ကြတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ စူးစမ်းရှာဖွေခဲ့ကြတဲ့ လူတွေကို နာမည်တပ်တာကတော့ သိပ္ပံပညာရှင်လို့ခေါ်တယ်။ ဘိုလိုခေါ်ရင်တော့ Scientist ပေါ့။ သိပ္ပံပညာရှင်မှာတောင် လိုင်းအမျိုးမျိုးကွဲသွားတယ်။ တချို့ တွေက ဆေးသိပ္ပံ၊ တချို့ တွေက သဘာဝသိပ္ပံပညာရှင်။


ဒီပညာရှင်တွေဟာ သူတို့ရှာလို့ရတဲ့ တွေ့ရှိ ချက်တွေကို တချို့ က မရိုးမသားလိမ်ညာတင်ပြကြတယ်။ တချို့ က အမှန်အတိုင်း ရေးသားကြတယ်။ နောင်လူတွေ အတွက် မှတ်တမ်းမှတ်ရာတွေ ထားခဲ့ကြ တယ်။ နောင်လာနောင်သားတွေအတွက် ရည်ဇူး ပြီးလုပ်ခဲ့ကြတယ်။ နောင်လာနောင်သားတွေက လေ့လာ၊ စူးစမ်းကြတယ်။ ဥပမာ.. The Berkeley Physics Course ကိုအမေရိကန်နိုင်ငံတစ်ဝှမ်းလုံးက ကောလိပ်တွေမှာ သင်ကြတယ်။ ဒီဘာသာရပ်က ခေတ်ဟောင်းနဲ့ခေတ်သစ် ရှုပဗေဒသိပ္ပံပညာနှစ်ခုလုံးကို အခြေခံထားတဲ့ ဘာသာရပ်ဖြစ် တယ်။


သိပ္ပံပညာရှင်တွေနဲ့မပက်သက်တဲ့ အယူအဆတစ်ခုရှိတယ်။ အဲဒါက ဘာလဲဆို တော့ တချို့ သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိချက်တွေက ယုံကြည်ဖို့အတွက်အားနည်းတယ် ဆိုတာကို သိရှိဖို့ပါ။ တချို့ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတွေတောင် မရိုးမသား လုပ်ခဲ့တာ ရှိပါတယ်။ သူတို့တွေ့ရှိချက်တွေကို သူတို့ရေးထားခဲ့တဲ့တွေ့ရှိချက်မှတ်တမ်းတွေမှာ ချဲ့  ကား၊ ယုံအောင် အမျိုးမျိုးဖန်တီး ခဲ့တာပါ။ ဥပမာအောက်ပါ ပညာရှင်ကြီးတွေကို လေ့လာကြည့်ပါ။


၁။ နာမည်ကျော် နက္ခတ္တဗေဒ ပညာရှင် Claudius Ptolemy ဟာ သူ့ရဲ့ လေ့လာ စူးစမ်းမှုကို အီဂျစ်ကမ်းခြေမှာ ညပိုင်း လုပ်တာမဟုတ်ပါဘူး။ နေ့ပိုင်းမှာ ပြုလုပ်ခဲ့တာပါ။ လေ့လာစူးစမ်းမှုပြုလုပ်ခဲ့တဲ့နေရာကတော့ အီဂျစ်နိုင်ငံမှာရှိတဲ့ သမိုင်းဝင် အလက်ဇမ်းနား စာကြည့်တိုက် (The Great Library of Alexandria) မှာပါ။ ဒီစာကြည့်တိုက်မှာပဲ ဂရိလူမျိုး နက္ခတ္တပညာရှင်တစ်ယောက်ရဲ့  တွေ့ရှိချက်ကိုပြင်ဆင်၍ သူ့တွေ့ရှိချက်ဆိုပြီး လုပ်ခဲ့တာပါ။


၂။ Galileo Galilei ကို ခေတ်သစ်သပ္ပံပညာတွေကို အုပ်မြစ်ချခဲ့တဲ့လူလို့ အသိအမှတ်ပြု ခဲ့ကြတယ်။ ဒါပေမဲ့ သူရဲ့ တွေ့ရှိချက်တချို့ ကို ၁၇-ရာစုက ပညာရှင်တွေဟာ ပြန်လည်စမ်းသပ်ကြည့်တဲ့ အခါမှာတော့မှားနေပါတယ်။ သူကိုယ်တိုင် စမ်းသပ်တီထွင်ခဲ့တာ ဟုတ်ရဲ့ လားဆိုတာ အားလုံးသံသယ ဖြစ်နေခဲ့ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂယ်လီလီယိုတွေ့ရှိချက်နဲ့ နောင်လူတွေရဲ့ တွေ့ရှိချက်တွေဟာ မတူဘူးဖြစ်နေ တယ်။


၃။ အိုင်ဆက်နယူတန် Isaac Newton ဟာ The law of Gravitation ဆွဲငင်အားဥပဒေသ ကိုတွေ့ရှိခဲ့တဲ့လူပါ။ သူက သူရဲ့ တွေရှိချက်ဟာ အရမ်းမှန်တယ်၊ အရမ်းကောင်းတယ်ဆိုပီးရေးခဲ့တာပါ…။ တကယ်တော့ သူ ပိုပြောခဲ့တာပါ။


၎။ John Dalton လို့ခေါ်တဲ့ ကမ္ဘာကျော် ဓာတုဗေဒပညာရှင်တစ်ယောက်ဟာ ၁၉-ရာစု နှစ်မှာ သူတွေ့ရှိခဲ့တဲ့ ဥပဒေသတခုကို ယနေ့ခေတ်ပညာရှင်တွေ စမ်းသပ်တဲ့အခါ ဘယ်လို မှ အဖြေမထွက်ခဲ့ပါဘူး။ ဒီဥပဒေသကတော့ အက်တမ်အမျိုးအမျိုးကွဲပြားခြားနားပုံနဲ့ ဓာတု ဗေဒပေါင်းစပ်မှုဖြစ်တယ်။

၅။ မျိုးရိုးဗီဇသိပ္ပံ The Science of Genetic ကိုတွေ့ရှိတဲ့သူကတော့ သြစတြီးယားလူမျိုး ဘုန်းကြီးတစ်ပါးဖြစ်ပါတယ်။ သူတွေ့ရှိခဲ့တဲ့နည်းပညာကို မှတ်တမ်းရေးထားခဲ့ပါတယ်။ ဒီမှတ်တမ်းက အရမ်းအရမ်းကိုကောင်းနေတော့ ယုံဖို့တောင်ခက်ပါတယ်လို့ ပညာရှင်တွေ ပြောပါတယ်။

၆။ အမေရိကန်နိုင်ငံသား ရှုပဗေဒ ပညာရှင် Robert Milikan ဟာနိုဘယ်ဆုကို အီလက်ထရွန်တွေ ဘယ်လိုမျိုး လျှက်စစ်ကူးလဲဆိုတာကိုတွေ့ရှိမှုနဲ့ပက်သက်ပြီး ရရှိခဲ့တဲ့ သူပါ။ ဒါပေမဲ့ သူ့ရဲ့ တွေ့ရှိချက်ကို ပုံမှန်ထက်ပိုပြီး ချဲ့ ကားခဲ့တယ်လို့ပြောပါတယ်။

လက်တွေ့ကျတဲ့ သိပ္ပံပညာမှာတောင် ၀ိရောဓိ (Paradox) တွေနဲ့ပါ။ သိပ္ပံပညာ တွေ့ရှိချက် တွေကို စာအုပ်ပေါ်မှာ ပြန်လည်ရေးသားတဲ့အခါမှာ ပညာရှင်တွေဟာ ဖတ်ရတဲ့ လူတွေ စိတ်ဝင်စားအောင်လုပ်ခဲ့ကြတယ်။ နောက်ပြီး အသစ်တွေ့ရှိချက်တွေကို ပထမဆုံး တွေ့ရှိတဲ့သူကသာ ဆုရကြတယ်။ ဒီလိုဆုရဖို့၊ နာမည်ကြီးဖို့အတွက်၊ ပညာရှင်တွေဟာ မရိုးမသားလုပ်ခဲ့ကြတာပါ။

၂၀-ရာစုခေတ်ရောက်လာကြတဲ့အခါမှာ သိပ္ပံပညာရှင်တွေဟာ ၀ါသနာပါလို့လုပ်ရာကနေ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခု အဖြစ်ပြောင်းလဲခဲ့ကြပါတယ်။ ဥပမာ အထက်မှပြော ခဲ့တဲ့ ဂါလီလီရိုဆိုရင် Grant လိုခေါ်တဲ့ အစိုးရ (သို့) NGO တခုကနေ စမ်းသပ်မှုတွေလုပ်ဖို့ ငွေရရှိခဲ့ပါတယ်။ ချားဒါဝင်ဆိုရင် သူ့မိသားစုက ချမ်းသာတော့ သူ့အတွက် ငွေရှာဖို့ ပူစရာ မလိုပါဘူး။ ယနေ့ခေတ်မှာတော့ သိပ္ပံပညာရှင်တွေဟာ သူတို့လေ့လာစမ်းသပ်ဖို့အတွက် ငွေအရမ်းလိုပါတယ်။ ဓာတ်ခွဲခန်းမှာ သုံးမဲ့ပစ္စည်းတွေ၊ ခရီးစရိတ်၊ အသုံးအဆောင်ပစ္စည်း တွေဟာ ဈေးကြီးတော့ ၀ါသနာပါရာကနေ၊ အသက်မွေးဝမ်းကြောင်းအလုပ်တခုပြောင်း လဲခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုးတွေဖြစ်လာတဲ့ခေတ်ကြီးမှာ၊ ဆုရဖို့၊ အစိုးရက ပေးတဲ့ Grant ရဖို့၊ နာမည်ကြီးဖို့၊ လစာကောင်းကောင်းရဖို့ စတဲ့အခြေခံအချက်တွေဟာ ပိုလို့ အဓိကကြလာတယ်။ဒါ့ကြောင့် သိပ္ပံပညာရှင်တွေဟာအပြိုင်အဆိုင် ထော…ရေးကို ဦးစားပေးခဲ့ကြတယ်။ မရိုးမသားလိမ်ညာခဲ့ကြတယ်။ ဒီလိုဖြစ်ရပ်တွေ တောင်ရှိသေးတာဆိုတော့၊ နိုင်ငံရေးသမား၊ သိပ္ပံမဟုတ်တဲ့ ဘာသာရပ်ဆိုင်ရာ ပညာရှင်..အမျိုးမျိုးဟာလည်း.. လိပ်...တွေလို ကိုယ့်ဘက်ကိုယက်မည် ဆိုတာ သဘောပေါက်ဖို့လိုပါတယ်။


ဆက်လက်ရေးပါအုံးမယ်။


မှတ်ချက်။ ။ William and Wade, Nicholas (1982) ရဲ့  Betrayers of the Truth ကို ပြန်လည်ခံစားခြင်းဖြစ်ပါသည်။ ယခုဆောင်းပါသည် Oxford တက္ကသိုလ်မှ ထုတ်ဝေပြီး နိုင်ငံတကာ တက္ကသိုလ်များတွင် သင်ကြားသည့် သင်ရိုးညွှန်းတမ်းတခုဖြစ်သည်။ သိပ္ပံ ပညာကိုလေ့လာလိုက်စားသော ကျောင်းသားများအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။


View My Stats