ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

6/10/10

*ချစ်ယောင်္ကျားပို့တဲ့ အသုံးစရိတ် အနမ်း(၁၀၀)*

တနေ့မှာ ယောင်္ကျားဖြစ်သူမှ ချစ်ဇနီးထံ စာတစ်စောင်ခုလိုရေးသတဲ့..

သို့

အချစ်လေးရေ! ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့နိုင်တော့ဘူးကွာ။
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော် အချစ်လေး

အချစ်များစွားဖြင့်....
အချစ်လေးရဲ့ ကိုကို


နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်..

သို့

ချစ်ယောင်္ကျားရေ...

ကိုကို့ရဲ့ အနမ်းပေါင်း၁၀၀ အတွက်ကျေးဇူး တင်ပါတယ် ဒီလ အသုံးစရိတ် ကို
ပြောပြမယ်နော်။

၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့အတွက် အနမ်း (၂) ပွင့်၊
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်၊
၃။ အိမ်ပိုင်ရှင် ကတော့အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်၊
၎။ supermarket က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်၊
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀ ဒါပေမယ့် မပူပါနဲ့နော်ကိုကိုရယ် နော် ချစ်မှာ အနမ်း
၃၅ပွင့်ကျန်သေးတယ်။

ဒီလ တော့ ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်းဒါမျိုးလုပ် ရမှာပဲလားဟင်။

အနမ်းများစွားဖြင့်
ကိုကို့ရဲ့ ချစ်လေး

စာဖတ်သူများလည်း ချစ်ချစ်တို့ဆီ အနမ်း(၁၀၀)ပို့ရင် သတိတရလေးရှိဖို့ပါ
ခင်မင်လျက်
မောင်ဇော်

No comments:


View My Stats