ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

3/31/10

မြန်မာမိန်းခလေးတစ်ဦးဖြစ်ပါသည်

OSH act

Occupational Health and Safety Act ဆိုတဲ့ ဥပဒေက နိုင်ငံတော်တော်များများမှာရှိတယ်။ အလုပ်သမားအခွင့်အရေး၊ လုပ်ငန်းရှင်အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ဥပဒေဖြစ်တယ်။ နှစ်ဦးနှစ်ဘက်နစ်နာမှုမရှိအောင် လုပ်ပေးထားတာဖြစ်တယ်။ ဒါကို လူတိုင်းနားလည်သင့်တယ်။ Occupational Health and Safety ကို ဗမာလို ဘာသာပြန်ချင်ရင် လုပ်ငန်းခွင်ဆိုင်ရာကျန်းမာရေးနဲ့ လုံခြုံရေးဥပဒေလို့ ကျနော်ဘာသာပြန်တယ်။ ဒီဥပဒေရဲ့ အဓိကအနှစ်သာရက အလုပ်သမားတွေမနစ်နာအောင်၊ အလုပ်ရှင်တွေမဆုံးရှုံးအောင်၊ ကုန်ထုတ်လှုပ်မှုမြင့်မားအောင်၊ နှစ်ဦးနှစ်ဘက်အကျိုးရှိအောင် လုပ်ပေးတဲ့ဥပဒေဖြစ်တယ်။

International Labour Organization မှာပါတဲ့နိုင်ငံတိုင်းဟာ ဒီဥပဒေရှိရတယ်။ ရှိမှလည်း ILO ကိုဝင်ရတယ်။ လက်မှတ်ထိုးရတယ်။ မြန်မာ၊ ထိုင်း၊ နဲ့ တချို့ နိုင်ငံတွေမှာ ဒီလိုဥပဒေတော့ မရှိဘူး။ အလုပ်သမားအခွင့်အရေး၊ လုပ်ငန်းရှင်အခွင့်အရေးကို ကာကွယ်ပေးတဲ့ဥပဒေ၊ ဒါကိုနာမည်တမျိုးနဲ့လုပ်ထားတော့ရှိတယ်။ ထိုင်း၊ မြန်မာ၊ မလေးရှား၊ စင်္ကာပူ၊ စတဲ့နိုင်ငံတွေမှာ ဒီလိုဥပဒေရှိရဲ့ သားနဲ့ မြန်မာနိုင်ငံသားတွေ ခွေးဖြစ်နေတာကိုမခံချင်လို့ ဒီလိုရေးတယ်။ အဓိကအားဖြင့် နိုင်ငံသားဆိုတာက ဘာမှသိတ်နားလည်းတာမဟုတ်ဘူး။ အစိုးရ၊ အန်ဂျီအို၊ အလုပ်သမားအခွင့်အရေးကိုလုပ်နေတဲ့လူတွေက အသိပညာပေးရတယ်။ မြန်မာပြည်သားတွေအတွက် လုပ်နေပါတယ်ဆိုတဲ့ အန်ဂျီအိုကိုကြည့်။ လေတိုက်ရင်လေတော့မဲ့အတိုင်းပဲ။ ဒီလိုပြောလို့မင်းလာလုပ်ပါလားဆိုရင်လည်း မလုပ်နိုင်ဘူး။ ပြောကြည့်တာ။

ဆက်ရေးအုံးမယ်...

တွေ့ ရင်ပြောပေးကြပါ

တွေ့ ရင်ပြောပေးကြပါ

MAI(Myanmar Airways Intl)
Flight No. 8M331
bag brand SIEMENS
color black
tag No. …………….
reference No BKK8M11110
date 19 Mar 2010
Time Mingaladon(RGN) 16:30 –Suvarnabumi Intl Arpt (BKK) 18:15

မတော်တဆမှားယူသွားမိတယ်လို့ ဘဲကျမယူဆပါတယ်။
အုပ်စုလိုက်လာသောအဖွဲ့ မှ ပုဆိုးဝတ် ထားသောလူတယောက်ကျမဧ။်သေတ္တာနှင့်ချွတ်စွတ်တူသောသေတ္တာအပါအဝင် ၃ လုံးခန့် 
လက်တွန်းနှင့် တွန်းသွားတာကိုကျမသေသေချာချာမြင်လိုက်မိပါတယ်။ နောက်မှပြေးလိုက်သွားသ်ာလည်း.. စစ်ဆေးရေးဂိတ်ကိုကျော်နေပြီဖြစ်ရု.. ကိုယ့်ကိုယ်ကိုဥစ္စာခြောက် နေပြီဟူုရ်ုပင်ထင်ခဲ့မိတယ်။ ပစ္စည်းရောက် တဲ့အ၀ိုင်းပတ်ထဲမှာလည်းပစ္စည်း ၂ ခု သာ ကျန်တော့တယ်။ တခါမှနောက်ကျ ပြီးပစ္စည်းမယူဖူးပါ။

လေယာဉ်ခုံခြင်းကပ်ရပ်ထိုင်သောမိန်းကလေးတယောက်တခါ မှPassport နဲ့ ခရီးမထွက်ဖူ့း (မြန်မာစာ.English)လုံးဝမရေးတတ်မဖတ်တတ်ပါ။ ဆိုင်းထိုးဖို့ တောင် မတတ်ပါ။
PHUKET ကိုလေယာဉ်ပြောင်းစီးရန်အကူအညီ တောင်းလို့  ..ကူညီလျှာရှည်မိ ပါတယ်။
သူများကိုကူညီလျှာရှည်သောကျေးဇူးတော်ကြောင့်ကျမရဲ့သေတ္တာတော့  ပုဆိုးဝတ်ပြီး Bangkok ကိုလာတဲ့ဦးလေးရဲ့ မ
သွားခြင်းခံရပါတယ်။

ဒီစာကိုဖတ်မိတဲ့ ဦးဦး၊ ကိုကို၊ မမ ၊ မောင်လေး၊ ညီမလေး အားလုံးကိုအကူအညီတောင်းပါတယ်။
Bangkok ကို ၁၉.၃.၂၀၁၀ သောကြာ ညနေ MAI Flight နဲ့ ဈေးဝယ်ရန်၊ ဆေးကုရန်၊ ဘုရား
ဖူးရန် အကြောင်းအမျိုးအမျိုး နဲ့  ရောက်လာကြတဲ့ မြန်မာနိုင်ငံသားထဲမှာ အသိမိတ်ဆွေ ဆွေမျိုးမောင်နှမ
များရှိပါကကူညီ မေးမြန်းပေးကြပါ လို့ အကူအညီ တောင်းပါတယ်။

ကျမရဲ့ ခရီးဆောင် သေတ္တာ အမျိုးအစားက (SIEMENS)ပါ။ ဈေးကွက်မှာ ချရောင်းတဲ့ဟာ
မဟုတ်ပါ။ ကျမ ရက်ပေါင်း၂၁-၇က်ခန့် မိုင်ပေါင်း(၁၃,၂၅၀) ကျော် ခရီးရှည်မနားတမ်း ဆက်ခဲ့ပါတယ။်
လူပင်ပန်း စိတ်ဆင်းရဲ အေးသောရာသီ ၊ ပူသောရာသီ ကြောင့် ပန်းဖျားနေတာ ၅ ရက်ရှိပါပြီ။
အိပ်ရာထဲ လှဲနေရပါတယ်။မြန်မာပြည်မှာ ၄ ည ဘဲအိပ်ခဲ့ရပါတယ်။
စာ၇ွက် ၁ ၇ွက်ကြောင့် နေပြည်တော်ကိုနေ့ ချင်းပြန်သွားခဲ့ပါတယ်။

သေတ္တာ မှားယူမိတဲ့ ပုဆိုးဝတ် ကိုကိုဦးလေးကြီးရေ၊
ကိုယ်ချင်းစာ စိတ်ကလေး ထားပြီး အမြန်ဆုံးအကြောင်းကြားပေးပါလို ။့
ပါသွားတဲ့ သေတ္တာထဲက ပစ္စည်းက...ရှင့်အတွက် ဘာမှအသုံးမ၀င်ပါဘူး။
ဒါပေမဲ့တစုံတယောက် သောသူအတွက် အင်မတန်မှအေ၇းကြီးပါတယ်။

ကူညီမိသောမိန်းကလေး သူ့လက်ကိုင်ဖုံးထုတ်ပြီးကျမရှေ့မှာဘဲတစုံတယောက်သောသူကို
ဖုံးဆက်ပါတယ် “Can you book the ticket for me” မနေနိုင်၍ထပ်လျှာရှည်မိပြန်တယ်။
စာမတတ်ပါဘူး...စကားကတော့....ဂွတ်ရှယ်ပါ... တဲ။့

အမေရေအဖေရေ...သမီးကိုကယ်ပါ.. ဘယ်လူ့ဘုံဘဝမှာနေထိုင်အသက်ရှင်မိနေလဲမသိတော့ပါဘူး။

ကျမက ဟော်လန်နိုင်ငံေ၇ာက်နေပါတယ်.
ကျေးဇူးပြုရု

MAI 0816267240 U Gilmore စိုးမင်း
bkk.cm@maiair. com
bkk.stnmgr@maiair. com
airportmgr@maiair. com
publicrelations@ maiair.com ဆက်သွယ်အကြောင်းကြားပေးကြပါ။
MAI မှလည်းအကြောင်းပြန်လာပါတယ်
ခုထိတော့ No တဲ့။

Occupational Safety and Health Act (1994) (Malaysia)

Occupational Safety and Health Act (1994) (Malaysia)
လုပ်ငန်းခွင်ဆိုင်ရာလုံခြုံရေးနှင့် ကျန်းမာရေးဥပဒေ (မလေးရှား)


Occupational Safety and Health Act (1994) Malaysia သည်မလေးရှားနိုင်ငံတွင် အလုပ်လုပ် ကိုင်သော မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိသင့်သိထိုက်သော ဥပဒေတခုဖြစ်ပါသည်။ ထိုဥပေဒကို မြန်မာဘာသာဖြင့် လုပ်ငန်းခွင်ဆိုင်ရာလုံခြုံရးနှင့် ကျန်းမာရေးဥပဒေဟု ခေါ်တွင်နိုင်သည်။ ယင်းဥပဒေ၏အဓိကရည်ရွယ်ချက်မှာ လုပ်ငန်းခွင်ကြောင့်ဖြစ်ပေါ်လာနိုင်သော အလုပ် သမားများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ အသက်ဘေးအန္တရာယ်ကင်းရှင်းရေးအား ကာကွယ်ပေးသည့် ဥပဒေဖြစ်သည်။ 

ထို့အပြင်မိမိလုပ်ငန်းခွင်ကြောင့်အလုပ်သမား၏စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များလည်းမြှင့်တင်ပေးရန်ဖြစ်သည်။ မလေးရှားရောက်မြန်မာနိုင်ငံမှအလုပ်သမားများအနေဖြင့် အောက်ပါဥပဒေသုံးခုအား အထူးနားလည်ရန် အရေးကြီးသည်။

Section 24

၁) အလုပ်သမားတာဝန်နှင့် ၀တ္တရား

( က) အလုပ်သမားတစ်ယောက်သည် မိမိကျန်းမာရေး၊ လုံခြုံမှုရှိရေးအားဂရုစိုက်ရမည်။ ဒါ့အပြင် အခြား သူများအားလည်း မိမိကြောင့် အန္တရာယ်မဖြစ်စေရန် တာဝန်ယူကြည့်ရှုစောင့်ရှောက်ရမည်။

(ခ) အလုပ်ရှင်နှင့်ပူးပေါင်းပြီးလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်မှု ပြုရမည်။

(ဂ) လုပ်ငန်းခွင်အတွင်းအန္တရာယ်မဖြစ်စေရန် အလုပ်ရှင်မှ ထောက်ပံ့ပေးသည့် အကာအကွယ်ပစ္စည်းများ (ဥပမာ - လက်အိတ်၊ နှာခေါင်းစည်း၊ ဦးထုပ်) ၀တ်ဆင်ရမည်။

(ဃ) အလုပ်ရှင်၏လုပ်ငန်းခွင်ဆိုင်ရာ စည်းကမ်းများ၊ ဥပဒေများအားလိုက်နာရမည်။

၂) အလုပ်သမားမှလိုက်နာရန်ပျက်ကွက်ပါက ထောင်ဒဏ်သုံးလ (သို့) ဒဏ်ငွေ ရင်းဂစ် ၁၀၀၀ ပေးဆောင်ရမည်။ နှစ်မျိုးစလုံကိုလည်း တပါတည်းကျခံစေနိုင်သည်။

Section 15

၂) လုပ်ငန်းရှင်တာဝန် နှင့် ၀တ္တရား

(က) အလုပ်ရှင်သည် မိမိလုပ်ငန်းရှိ အလုပ်သမားများ၏ ကျန်းမာရေးအား အန္တရာယ်မဖြစ်စေရန် စက်ယန္တရားများကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြုပြင်ခြင်းများရှိရမည်။

(ခ) အလုပ်ရှင်သည် မိမိလုပ်ငန်းတွင် အသုံးပြုသော ပစ္စည်းများ၊ စက်ယန္တရားများအား မိမိအလုပ်သမားများ ၏ကျန်းမာရေး၊ အသက်န္တရာယ်လုံခြုံစိတ်ချနိုင်ရေး၊ မတော်တဆထိခိုက်မှု မဖြစ်စေရန်အထူး ဂရုပြုစီမံရန် တာဝန်ရှိသည်။ အလုပ်သမားများအနေဖြင့် ယင်းပစ္စည်းများအား ကိုင်တွယ်အသုံးပြုခြင်း၊ သိုလှောင်ခြင်းများပြုလုပ်ရာတွင် အလုပ်သမားများအား အန္တရာယ်အဖြစ်စေရန်အလုပ်ရှင်မှ စီမံခန့်ခွဲပေး ရမည်။

(ဂ) အလုပ်ရှင်သည် မိမိအလုပ်သမားများ လုပ်ငန်းခွင်ရှိစက်ယန္တရားများ နှင့် ဓာတုဗေဒပစ္စည်းများ အသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်၊ သင်တန်း၊ ကြီးကြပ်ကွပ်ကဲမှုပြုလုပ်ပေးရန် တာဝန်ရှိ သည်။

(ဃ) အလုပ်ရှင်သည် လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချမှုရှိရေး၊ ကျန်းမာရေးနှင့်မညီညွတ်သော လုပ်ငန်းခွင် မဖြစ်စေရန် ထိမ်းသိမ်းစောင့်ရှာက်ပြုပြင်ခြင်းများပြုလုပ်ရန်တာဝန်ရှိသည်။

Section 16

လုပ်ငန်းခွင်ဆိုင်ရာလိုက်နာရမည့် စည်းကမ်း (သို့) မှု ထုတ်ပြန်ခြင်း

အလုပ်ရှင်သည် မိမိအလုပ်သမားများ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် မိမိကိုယ်ပိုင်စည်းကမ်း (သို့) မှု အားရေးသားထုတ်ဝေပြီး လုပ်ငန်းခွင်တွင် အလုပ်သမားသိစေနိုင်ရန် ထုတ်ပြန်ထားရမည်။ ယင်းထုတ်ပြန်ကြေငြာချက်အား အလုပ်သမားများသိရှိနားလည်စေရန် လုပ်ဆောင်ရမည့်တာဝန်ရှိသည်။

၃) ထိုတာဝန်များအားမကျေပွန်ပါက ဥပဒေအရအရေးယူခံရနိုင်ခြင်း

အလုပ်ရှင်အနေဖြင့် အထက်ပါတာဝန်များ၊ ဥပဒေများအား ဖောက်ဖျက်ပါ ဒဏ်ငွေ ရင်းဂစ် ငါးသောင်း( သို့) ထောင်ဒဏ် နှစ်နှစ် ကျခံစေရမည်။ နှစ်မျိုးလုံးကိုလည်း တပါတည်းကျခံစေနိုင်သည်။ 


Occupational Safety and Health Act (1994) (Malaysia) ရှိ တချို့ ဥပဒေများအား ဆီလျှောင်အောင်ဘာသာပြန်ထားခြင်းဖြစ်သည်။

သင်္ကြန်အစီအစဉ်- စကာင်္ာပူ-သြစီ


ကဲ...ဘော်ဘော်ဒို့...

မြန်မာပြည်ပြန်လို့မရသူများ စ-လုံးကို ဒိုးလို့ရတယ်နော်...။ စလုံးမှာ ဒီနှစ်စည်ကားမယ်။ စလုံးကို မဒိုးချင်ရင်လည်း Perth မှာလည်းအားရပါးရ ပတ်လို့ရတယ်နော်...။ ပတ်မှာ မပတ်ချင်ရင်လည်း ပီနန်ကို ဒိုးကြဟေ့..။ ဗမာပြည်ပြန်မှ သင်္ကြန်ကျတာမဟုတ်ဘူးဆိုတာ အားလုံးသဘောပေါက်ပါတယ်။ မြန်မာပြည်မှာ သင်္ကြန်မရှိတော့ဘူး။ မြန်မာသင်္ကြန် ကမ္ဘာပတ်ကုန်ပြီ။

ပို့ပေးသူအားလုံးကျေးဇူး။

3/30/10

2010-အထူးထုတ် ABC ဂျာနယ် ထွက်ပြီ...


April လထုတ်အေဘီစီဂျာနယ်ရဲ့ မျက်နှာဖုံး ဖြစ်ပါတယ်။ 
၂၀၁၀ ရွေးကောက်ပွဲကို အေဘီစီက လုံးဝစိန်ခေါ်ပါတယ်။
၂၀၁၀ ဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ သူ့အပေါင်းအပါတွေနိဂုံးချုပ်မဲ့နှစ်ဖြစ်စေသား....။

သြစတျေးလျနိုင်ငံ နဲ့ မလေးရှားနိုင်ငံတလွှားမှာရှိတဲ့ မြန်မာဆိုင်တွေမှာ ၁-ရက်နေ့မှစတင်၍၀ယ်ယူအားပေးနိုင်ပါပြီ..။

3/29/10

ဘုန်းကျော်ဗေဒင်

ထုံးစံအတိုင်း ပြည်ပအတိုက်အခံတွေလုပ်မည့်အလုပ်

၁) ရွေးကောက်ပွဲမှတ်ပုံတင်မည်မဟုတ်ကြောင်း NLD ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါသည်ဆိုသည့် သဘောထားထုတ်ပြန်ကြေငြာချက်များတွေ့ရမည်။

၂) NLD ကို နအဖဘက်က တုန့်ပြန်နိုင်သည့် အလာအလားကို မီဒီယာများမှ ပြည်တွင်းပြည်ပရှိနိုင်ငံရေးသမားများ၊ လေ့လာသူများအားမေးမြန်းမည်။

NLD ရဲ့  Plan

၁) အထူးထုတ်ပြန်ကြေငြာချက်ထုတ်မည်။

၂) နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအကြောင်း၊ ရွှေဂုံတိုင်အကြောင်း၊ တွေ့ဆုံဆွေးနွေးလုပ်ပါဆိုသည့်အကြောင်း သမရိုးကျတောင်းဆိုချက်တွေ့ရမည်။

၃) ထုတ်ပြန်ကြေငြာချက်အပေါ် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ လုံးဝစောက်ဂရုမစိုက်ပါ။

၎) နအဖမှ ပိုက်စိတ်တိုက် ဖမ်းဆီးမှုများ၊ NLD ရုံးများချိတ်ပိတ်ခြင်း၊ NLD အဖွဲ့ဝင်များရဲ့ နိုင်ငံရေးလှုပ်ရှားမှုများအား စောင့်ကြည့်ခြင်းဆက်လုပ်မည်။

၅) ပြည်ပအတိုက်အခံ ပရိုပိုဆယ်အသစ်တင်မည်။ No Vote (သို့)လူထုအုံကြွမှုဖော်ဆောင်ရေးပြုလုပ်မည့်ဒေါ်လာသန်းချီတန် လှုပ်ရှားမှုနှင့်ဆင်တူသည့် လုပ်ရပ်မျိုးပြုလုပ်မည်။

၆) NLD အဖွဲ့ဝင်အတော်များများ ထိုင်းမြန်မာနယ်စပ်မဲ့ဆောက်သို့ရောက်ရှိလာပြီး ယူအန်လျှောက်၊ တတိယနိုင်ငံသွားဖို့ ပြင်ဆင်မည်။

၇) NLD မှ သတ္တိရှိသည့်ခေါင်းဆောင်မှုအသစ်ပေါ်ထွန်းမည်။

၈) နအဖ ရွေးကောက်ပွဲမှာ အနိုင်ရမည်။ ဦးသုဝေနှင့်အခြားပါတီများခွက်ခွက်လန်ရှုံးမည်။

၉) စစ်ဘောင်းဘီဝတ်လွှတ်တော်အမတ်များ နှင့် အရပ်ဝတ်လွှတ်တော်အမတ်များ လွှတ်တော်ထဲတွင်သဘောထားစတင်ကွဲလွဲမည်။ တပ်တွင်းပုန်ကုန်မှုဖြစ်ပြီး၊ အမြင်မှန်သည့်ဗိုလ်ချုပ်ငယ်များမှ ဒေါ်အောင်ဆန်းစုကြည်အားအာဏာလွဲမည်။

၁၀) လူထုအုံကြွမှုလုံးဝမဖြစ်ပါ။ အဘယ့်ကြောင့်ဆိုသော် လမ်းမလျှောက်နိုင်သည့် လူကြီးများသာ တိုင်းပြည်တွင်ကျန်ရှိနေသောကြောင့်ဖြစ်သည်။ လမ်းလျှောက်နိုင်သည့် လူငယ်များ ထိုင်း၊ မလေးရှား။ ယူအေအီး၊ စလုံး၊ စသည့်နိုင်ငံများတွင် အားလုံးအလုပ်လုပ်နေသောကြောင့်ဖြစ်သည်။

3/26/10

ရွေးကောက်ပွဲဝင်တာ အာဏာလိုချင်လို့ပါ...

စောက်တလွဲဗမာလူမျိုးတွေ စောက်တလွဲလုပ်တော့မယ်။ ရွေးကောက်ပွဲဝင်ဖို့တာဆူနေတဲ့ ပါတီတွေနဲ့ပက်သက်ပြီးပြောတာပါ။ အာဏာတောင်မရသေးဘူး။ အခုကတည်းက မရိုးသားကြဘူး။ ရွေးကောက်ပွဲမှာ အရွေးခံရပြီး တရားဝင်အမတ်ဖြစ်လို့ကတော့ ပိုတောင်ဆိုးအုံးမယ်။ အခုကြည့်သူတို့ပြောတဲ့စကားတွေကို...။

ကိုဖြိုးမင်းသိန်းနဲ့ လူတစ်စုပါတီထောင်မယ်။ ပါတီနာမည်က လူထုဒီမိုကရေစီပါတီ။ သူတို့ကို ၈၈ မျိုးဆက်လို့ ကိုယ့်ကိုယ်နာမည်တပ်တယ်။ တလောက မြန်မာ့အရေးဆွေးနွေးပွဲ လုပ်တာကစပြီး ဖုတ်ပူမီးတိုက်နိုင်ငံရေးလုပ်တာကိုတွေ့တယ်။ မကြာဘူး...ရွေးကောက်ပွဲဝင်ဖို့လုပ်တယ်။ သူတို့အလုပ်သူတို့လုပ်တာဘာမှမဖြစ်ဘူး။ ရွေးကောက်ပွဲဝင်တာမကလို့ ထောင်ထဲပဲဝင်ဝင် သူ့တို့အလုပ်ပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက်သုံးနှုံးတဲ့စကားလုံးကိုမကြိုက်လို့ဒီလို့ပြောမိတယ်။ ဘာတဲ့...(မတ်လ ၂၅) Mizzima မှာပြောသွားတာကိုကြည့်ပါ...“တခြားနိုင်ငံရေးပါတီတွေနည်းတူ ရွေးကောက်ပွဲမှာ ကျနော်တို့လည်း ဖြတ်သန်းဖို့ လိုလိမ့်မယ်လို့ ထင် တယ်။ ဘာလို့လည်းဆိုတော့ လူထုအတွက် ရွေးချယ်စရာတွေ ပေးနိုင်ဖို့အတွက်ပေါ့နော်”....။

ပြောတဲ့စကားလုံးကိုကြည့်ပါ။ လူထုအတွက်ရွေးချယ်စရာတွေပေးနိုင်ဖို့အတွက်ပေါ့နော်...။ နားထောင်လို့ကောင်းတယ်။ ဒါ့ကြောင့် ကျနော်ပြောတာ..စောက်တလွဲဗမာတွေလို့၊ အခုကတည်းကမရိုးသားဘူးလို့ပြောတာဖြစ်တယ်။ ကျနော်တို့အာဏာလိုချင်လို့ရွေးကောက်ပွဲဝင်တာဖြစ်တယ်လို့ပြောရင် ရှင်းတယ်။ ဘာမှထပ်ပြီးအငြင်းပွားစရာမလိုဘူး။ ကိုဖြိုးမင်းသိန်းက ရွေးကောက်ပွဲကို ဘယ်မြို့ နယ်ကပြိုင်မလဲ။ ပြိုင်တဲ့မြို့ နယ်မှာရွေးကောက်ခံရရင် ငါ့မြို့ နယ်အတွက် ဖွံ့ ဖြိုးတိုးတက်အောင်၊ လမ်းတွေဆောက်၊ တံတားတွေဖောက်၊ စာသင်ကျောင်းတွေပြုပြင်မယ်...စသဖြင့် ဒီလိုပြတ်သားတဲ့ လုပ်ငန်းစဉ်နဲ့မဲဆွယ်စည်းရုံးတာပြသာနာမရှိဘူး။ ကိုယ်အာဏာလိုချင်လို့ ရွေးကောက်ပွဲဝင်တာကိုရိုးရိုးသားပြောရတယ်။ ဘာမှ လူထုကိုရွေးချယ်စရာတွေပေးနိုင်ဖို့အတွက်ပေါ့နော်..ဆိုတဲ့လေကြီးလေကျယ်..ကယ်တင်ရှင်လိုလို...ထိပ်သီးခေါင်းဆောင်လိုလို
ပြောစရာမလိုဘူး။ သူကို့လိုင်းတင်ပေးတဲ့ မီဒီယာတွေလုံးဝအပြစ်ရှိတယ်။

နောက်တစ်ယောက်။ သူလည်းစောက်တလွဲဗမာကြီးပဲ။ နာမည်က ဦးသုဝေ။ စကတည်းကမရိုးသားဘူး။ ငါအာဏာလိုချင်လို့ ရွေးကောက်ပွဲဝင်တာလို့မပြောတဲ့လူတန်းစားထဲမှာပါတယ်။ မည်သည့်နိုင်ငံမှာမဆို ရွေးကောက်ပွဲဝင်တာ၊ ပါတီထောင်တာ အာဏာလိုချင်လို့ပဲ။ ဘာမှလူထုကိုခုတုံးလုပ်စရာမလိုပါဘူး။ ကျနော့်ကိုအာဏာပေး၊ ခင်ဗျားတို့တိုးတက်အောင်လုပ်မယ်...လိုအတိအကျပြောရဲရမယ်။ အခုကြတော့ သူလည်းဒီအတိုင်းပဲ။ ကြည့်...သူပြောတဲ့စကားကို။ စက်တင်ဘာလ ၂၆ ၂၀၁၀ မှာဦးကျော်ဇံသာနဲ့ အင်တာဗျူးမှာ ဦးသုဝေပြောသွားတာပါ..."ပြင်စရာတွေ အများကြီးရှိတဲ့ အခါကြတော့ အဲဒါတွေကို ပြင်ဖို့ဆိုရင် ကျနော်တို့က လမ်းဘေးက အော်နေလို့လည်း မရဘူးလေ။ တကယ် ထိရောက်တဲ့ နေရာကနေ ပြောမှ ပြင်လို့ရမှာ"။ ကြီးလိုက်တဲ့လေ။ အရမ်းပြင်ချင်ရင်လည်း ကိုယ်နေတဲ့အိမ်ကိုအရင်ကောင်းအောင်ပြင်အုံး။

ဒေါက်တာခင်စောဝင်းက ဖေဖ၀ါရီ ၂၅ ရက်နေ့ ချင်းမိုင်မှာလုပ်တဲ့ BMA ညီလာခံမှာပြောတာကိုထပ်ကြည့်ပါ..."ဒီလိုရထားတဲ့အခွင့်အရေး(ရွေးကောက်ပွဲ)တခုကိုယူသင့်ပါတယ်။ ထိပ်ပိုင်းကခေါင်းဆောင်နှစ်ဦးကမသင့်မြတ်သော်လည်း...." ဒီနေရာထပ်ပြီးလေ့လာကြည့်။ ကျနော်တို့ရွေးကောက်ပွဲဝင်မယ်...။ အာဏာလိုချင်လို့ပါလို့ပြောလား။

ဒါ့အပြင်တခြားပါတီက လူတွေပြောတာကိုလည်း ဘီဘီစီနဲ့အခြားသတင်းဌာနတွေကို နားထောင်ကြည့်ပါ။ သူတို့ရွေးကောက်ပွဲကိုဝင်ရတဲ့အကြောင်းရင်းက လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လွှတ်ကြမယ်...လူထုအတွက်အာကြမယ်...။ လူထုအရေးကိုဒီအတိုင်းပွားကြမှ ရမယ်လို့ဆိုတယ်။ ဒီနေရာမှာ အားလုံးရဲ့ ထူးခြားချက်က ကျနော်တို့အာဏာလိုချင်လို့ ပါတီထောင်တာ၊ ရွေးကောက်ပွဲမှာ ၀င်ရွေးခံရပါတယ်လို့ ဘယ်သူမှ မဟကြတော့...ကျနော်က ဒီလိုပြောတယ်...စောက်တလွဲဗမာတွေ၊ အခုကတည်းက မရိုးသားကြဘူးလို့...။

နာမည်ကျော်ကြားလူကြိုက်နည်းနေတဲ့ ကျနော်တို့ရဲ့ စစ်အစိုးရကိုကြည့်...လုံးဝပြတ်သားတယ်...။ ဘာမှလူထုအတွက်ထည့်မပြောဘူး။ သူတို့အတွက်ပဲ။ ငါတို့အာဏာယူမယ်။ မပေးလည်းယူမယ်။ ရအောင်ကိုယူအုံးမယ်..။ ယူကိုယူချင်လို့ပါ။ ရန်ကုန်မြို့ တော်ဝန်ဗိုလ်မှုးချုပ်အောင်သိန်းလင်းက စည်ပင်က၀န်ထမ်းတွေကိုဘာပြောသွားလဲသိလား..။ "ငါ့ကိုမဲထည့်ကြ...မဲ့မထည့်ရင် အလုပ်ဖြုတ်မယ်...ဒေါင်းတွေနိုင်သွားရင်..ခင်ဗျားတို့အမေတွေအမတွေကို ဒေါင်းတွေတက်လုပ်လိုက်မယ်" သူပြောတာလုံးဝရှင်းတယ်။ ဒါမျိုးဖြစ်ရမယ်။ ဒါက ဗိုလ်မှုးချုပ်အောင်သိန်းလင်းပဲရှိသေးတယ်...ဗိုလ်ချုပ်မှုးကြီးသန်းရွှေသာဆိုရင် ဘယ်လောက်ပြောမလဲဆိုတာခန့်မှန်းကြည့်...။ ဒါတွေကိုကြည့်ရင် စစ်အစိုးရဗိုလ်ချုပ်တစုက သူတို့လိုချင်တာကို ပြတ်ပြတ်သားသား၊ ရိုးရိုးသားသားပြောတယ်။ နိုင်ငံရေးသမားလိုလို၊ ဟိုလိုလိုဒီလိုလိုလူတွေလို စကားလုံးလှလှလေးတွေမသုံးဘူး။ ငါ့အတွက်..ငါအာဏာလိုချင်လို့ရွေးကောက်ပွဲ..ငါ့ဟာငါလုပ်တယ်...။ ကိုဖြိုးမင်းသိန်းတို့လို၊ ဦးသုဝေတို့လို၊ ကိုအေးလွင်တို့လို၊ တခြားဝင်ပြိုင်မဲ့လူတွေလို၊ စစ်အစိုးရက လူထုအတွက်ဆိုတဲ့ ...ခုတုံးစကာလုံး...မသုံးဘူး။

နောက်ဆုံးပြောချင်တာက ရွေးကောက်ပွဲမှာဝင်ပြိုင်တာက အာဏာလိုချင်လို့ပဲ။ ငါအာဏာရရင် လုပ်ပိုင်ခွင့်ရှိမယ်။ ခွင်ကောင်းမယ်။ ဂုဏ်ရှိမယ်။ လူရာဝင်မယ်။ ငါ့သားသမီး..ငါ့ဆွေမျိုးကောင်းစားမယ်...။ တကယ်လို့သာ အမှန်တရားက ဘာလဲဆိုတာသိရင် ဒေါ်အောင်ဆန်းစုကြည်လို၊ ဦးဝင်းတင်လို၊ ကိုမင်းကိုနိုင်တို့လို၊ ဦးတင်ဦးလို ပြတ်ပြတ်သားသား စောက်ဂရုမစိုက်ပဲ စိန်ခေါ်တက်ရတယ်။ သတ္တိရှိရတယ်။ သူတို့သာ အာဏာကိုမက်ခဲ့ရင် အခုချက်ချင်းရတယ်။ လေးငါးခါတောင် မပြိုင်ပဲရတယ်။ ဒီလိုမျိုးစေတနာ၊ အမှန်တရား၊ ဂုဏ်သိက္ခာရှိရတယ်။ ရွေးကောက်ပွဲမ၀င်တော့ ထမင်းမှမငတ်တာ။ သေသွားတာလည်းမဟုတ်ဘူး။ ဗိုလ်ချုပ်တွေနဲ့ပေါင်းမှ ဒီမိုကရေစီရတာမှမဟုတ်တာ။ ဒီလောက်စောက်သုံး မကျတဲ့ဗိုလ်ချုပ်တွေနဲ့ပေါင်းမဲ့အစား၊ ခွေးကိုအမှီးဖြတ်ပြီး သူငယ်ချင်းပဲလုပ်တော့မယ်။

ဒါ့ကြောင့် စောက်တလွဲဗမာတွေ၊ စောက်တလွဲလုပ်တော့မယ်လို့ပြောတာဖြစ်တယ်။ အဲလိုလူမျိုးနဲ့မျက်နှာချင်းဆိုင်တွေ့ရင် တွေ့တာနဲ့ စောက်ခွက်ကိုဆွဲပါထိုးပစ်အုံးမယ်။

နောက်ပြီးကိုယ့်အထဲကလူတွေ၊ ဦးသိန်းဦး..(၉၀)အမတ်။ မယားငယ်ငယ်ယူတာအားမရသေးဘူး။ စကားက ခုတမျိုးတော်ကြာတမျိုး၊ မရိုးရဘူး။ ကြားဖြတ်အစိုးရဖွဲ့ဖို့ပြောလိုက်၊ မှတ်ပုံတင်ဖို့ပြောလိုက်။ ကောင်းတယ်။ ဒီလိုမျိုးရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အတိုက်အခံတွေချပြနိုင်တာ။ ဒေါက်တာသန်းငြိမ်း...တစ်ယောက်။ လာအုံးမယ်...။ မှတ်ပုံတင်ပါဆိုတာ...အညံ့ခံတာပဲ။ အမျိုးသားညီလာခံကနေသပိတ်မှောက်ပြီးထွက်တဲ့ NLD၊ မတရားဘူးဆိုတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒါတွေကို ထောက်ခံမှ၊ လက်မှတ်ထိုးမှ မှတ်ပုံတင်ခွင့်ရမယ်ဆိုတာမသိဘူးလား။ မှတ်ပုံတင်တာနဲ့ ဖင်-ိုးခံရတာပဲ။ အရင်ကတည်းမှတ်ပုံတင်ချင်ရင် ဖွဲ့စည်းပုံ၊ ညီလာခံမှာ ဆက်နေပေါ့။ ဆက်လုပ်ပေါ့။ ထောက်ခံပေါ့။ အခုကြမှ ရုတ်တရက်ထပြီးမှတ်ပုံတင်ရတာကတခါတည်း NLD မှာ မရှိတော့တဲ့သိက္ခာကိုချတာနဲ့အတူတူပဲ။
ဒါ့ကြောင့်စောက်တလွဲဗမာတွေ၊ စောက်တလွဲလုပ်တော့မယ်လို့ပြောတာဖြစ်တယ်။

နိုင်ငံရေးက -ီးလိုပဲ။ လူကြီးတွေဦးဆောင်တာကိုလိုက်ရတာ အရှုးလင်လုပ်ရသလိုပဲ။ တစ်ယောက်က ကြားဖြတ်အစိုးရဖွဲ့၊ တစ်ယောက်ကလူထုဘက်မျက်နှာမှု၊ တစ်ယောက်က ရွေးကောက်ပွဲဝင်ရွေးခံ၊ တစ်ယောက်ကလူထုအုံကြွမှုဖော်ဆောင်၊ ဘယ်ဟာကိုလိုက်ရမှန်းမသိဘူး။ -ီးပဲ...ငါ့ဟာငါ...သြစီဘီယာနဲ့ဘာဘီကျုစားပြီးဇိမ်ခံတာပဲကောင်းတယ်။

3/24/10

ABC-8

ABC 8 (Final)(2)

ဦးအောင်ရွှေ

ဦးအောင်ရွှေကို ပါတီက ထုတ်ပစ်ရမယ်။ သူ့ကိုပါထောက်ခံတဲ့လူတွေကိုပါ ထုတ်ပစ်ရင်ပိုကောင်းတယ်။

၁။ ၁၉ ၈၉ ခုနှစ်၊ အာဇာနည်နေ့ အခမ်းနားကို NLD ကဦးဆာင်၍ လူထုချီတက် အလေးပြုပွဲကို ၎င်း ဦး
ဆောင်သည့် မျိုးချစ်အဖွဲ့ မှခွဲထွက်ပြီး၊န.ဝ.တ အစီ အစဉ်တိုင်လုပ်ရန်ဆုံးဖြတ်သည်။ပုံနှိပ်ထုတ်ဝေ
ဝေခွင့်မှတ်ပုံတင်ဖို့ ဒေါ်စုအပါဝင်အများစုကလက်မခံသော်လည်း၊ ဒေါ်စု၊ဦးတင်ဦး၊ ဦးကြည်မောင်
မောင်မရှိသည်နှင့် အများကန့် ကွက်သည့်ကြားမှ မှတ်ပုံတင်ရန်ဆုံးဖြတ် မှတ်ပုံတင်ခဲ့သည်။

၂။ ၉ ၀ပြည့်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းလျာထားမှုနှင့် မန္တေလေးလူငယ်များကမကျေနပ်၍
ရိုက်ဖို့ ထိဖြစ်ခဲ့သည်။

၃။ ၉ ၀ပြည့်၊ဂန္ဒီညီလာခံ၌ပြည်သူလွှတ်တော်နှင့်အစိုးရဖွဲ့ စည်းရေးကိုဆန့် ကျင့်ခဲ့သည်။အများစုထက်
သူ့ ဆန္ဒကိုလိုက်ပါခဲ့ရသည်။ အကြောင်းပြချက်က အမေရိကန်နှင့်ဗြိတိန်က လက်မခံသောကြောင့်
ဖြစ်သည်ဟုအကြောင်းပြခဲ့သည်။

၎။ ကော်မရှင်၌ န.ဝ.တ၏ ၁။၉ ၀ကိုလိုက်နာပါမည်အကြောင်းဝန်ခံကတိပြုလက်မှတ်ထိုးခဲ့သည်။NLD
၅/၉ ၀ထုတ်ပြန်ပြီး ဂန္ဒီကျေညာချက်ကိုပါနင်းခြေခဲ့သည်။ အကြံပေးများ ကမောင်စူးစမ်းခေါ်ဦးချမ်း
အေး၊ တိုင်းဥက္ကဋ္ဌဦးစိုးမြင့်တို့ ပါဝင်ခဲ့သည်။

၅။ မန္တလေး၌ဂန္ဒီကျေညာချက်အတိုင်းလွှတ်တော်ခေါ်ယူရေး၊အစိုးရဖွဲ့ စည်းရေးကိုကန့် ကွက်ပီးအပြင်
ကိုသတင်းပေါက်ကြားစေခဲ့သည့်သူများဖြစ်သည်။

၆။ ၉ ၀ပြည့်သံဃာတော်များ၏ ပထမဆုံးသပိတ်ကိုမထောက်ခံခဲ့သူလည်းဖြစ်သည်။

၇။ ကော်မရှင်မှ ဒေါ်စုအပါအဝင်ထောင်ကျနေသူများကိုပါတီကထုတ်ပစ်ရမည်၊မထုတ်ကပါတီဖျက်မ
ည်ဆိုသဖြင့်ထုတ်ပစ်ခဲ့သည်။အများကကန့် ကွက်သော်လည်းပါတီရှင်သန်မှုနှင့်၊၉ ၀ရလဒ်မဆုံးရှုံး
ရန်အကြောင်းပြသည်။

၈။ အမျိုးသားညီလာခံမတက်ရန်အောက်ခြေအများစုက ကန့် ကွက်သည့်ကြားမှတက်ရောက်ခဲ့သည်။

၉ ။ အခြေခံမူ ၆ ချက်ထွက်လာသည့်အခါညီလာခံသပိတ်မှောက်ဖို့ တိုက်တွန်းသော်လည်းလက်မခံပဲ၊
ဆက်တက်ခဲ့သည်။၉ ၅ဒေါ်စု လွတ်လာသည့်အခါမှ ညီလာခံမှထွက်လာခဲ့သည်။ ထိုအချိန်မှာ ညီ
လာခံ၌အဓိကအခန်းများရေးဆွဲပီးဖြစ်သည်။

၁၀။ ယင်းကာလ ၈၉ မှ ၉ ၃ထိ၊ ဦးအောင်ရွှေနှင့်သဘောထားကွဲလွဲပြီး၊ န.ဝ.တအားဆန့် ကျင်ခဲ့သည့်
တတ်သိအုပ်စုမှ ဦးဝင်းတင်၊ ဦးမိုးသူ၊ ဦးစိုးသိမ်း(မောင်ဝံသ)၊ ဦးစိန်လှဦး၊ ဦးအုန်းကြိုင်၊ မုံရွာ
တင်ရွှေ၊ မောင်သောက၊ ဦးကျော်မင်း(မြန်မာ့အသံအင်ဂျင်နီယာ)၊ ဦးအောင်လွင်၊ ဦးတင်မောင်
ဝင်း၊ ဦးသိမ်းတင်၊ ဦးလှသန်း(ကိုးကိုးကျွန်းကိုယ်စားလှယ်)၊ ဦးလှထွန်း(ကြည့်မြင်တိုင်ကိုယ်စား
လှယ်)၊ ဦးကျော်သန်း(ဥက္ကဌ၊ စမ်းချောင်း NLD)၊ ဦးခင်မောင်ဆွေ စသည့်တတ်သိ ပညာရှင်များ
မှာ အများအပြားဖမ်းဆီးထောင်ချခံခဲ့ရသည်။

၁၁။ မျိုးချစ် အဖွဲ့ မှ ဦးရွှေ (မ.ဆ.လ အလုပ်သမားဝန်ကြီးဟောင်း)၊ ဦးချစ်ခိုင်(ဗိုလ်ကြီးဟောင်း)၊ ဦး
ကျော်ဆန်း (ဗိုလ်မှုးကြီးဟောင်းစစ်ကိုင်းတိုင်း က.စ.လ)၊ ဦးလှဖေ (ဗိုလ်မှုးကြီးဟောင်း အုန်း
ကျော်မြင့်ကိစ္စနှင့် ဆက်နွယ်အရေးယူခံရသူ) စသည်အနည်းစုဖမ်းခံခဲ့ရသည်။ ဦးရွှေနှင့်ဦးချစ်
ခိုင်တို့ မှဗိုလ်ချုပ်စောမောင်ထံအသနားခံသဖြင့်ပြန်လွှတ်ပေးခဲ့သည်။ ဒေါ်စုကိုအပြည့်ဝထောက်
ခံသည့်ဦးကျော်ဆန်း ယခုထိထောင်ကျခံနေရသေးသည်။

၁၂။ CRPP စတင်ဖွဲ့ စဉ်ကဒေါ်စုရှိနေသဖြင့်တက်ကြွဖွယ်ကောင်းသောလည်း ဒေါ်စုဖမ်းဆီခံနေရသည့်
ကာလများအတွင်း အရုပ်ပဲရှိသည်။ ထိုကာလကို ဥက္ကဌဦးအောင်ရွှေမှချုပ်ကိုင်ထားခဲ့သည်။
CRPP၏ နှစ်ပတ်လည်အစည်းအဝေးများအား နှစ်ပတ်လည်အစည်းအဝေးအဖြစ်တောင်မသုံးနှုံး
ရတော့ပဲ မိတ်ဆုံစားပွဲဖြစ်သွားသည်။

၁၃။ စစ်အစိုးရကိုနိုင်ငံရေးအရဆန့် ကျင့်ရန်ကိစ္စမှန်သမျှကို ကွန့် ဖရန်တေးရှင်းလုပ်တာခွင့်မပြု၊ လူ
ထုနှင့်လှုပ်ရှားမှုကိုအားမပေးခဲပေ။

၁၄။ ဦးအောင်ရွှေသည် ဦးလွင်နှင့်အတူ ၉ ၀မှယနေ့ ကာလထိပြည်သူအတွက်မလုပ်ခဲ့ပါ။ပါတီ၏ မူဝါ
ဒအတိုင်းမလုပ်၊ န.အ.ဖပေးသည့်လမ်းပေါ်လျှောက်ရန်သာပြုလုပ်ခဲ့သည်။

၁၅။ ရွေးကောက်ပွဲကာလကထုတ်ပြန်ခဲ့သော NLD၏ နယ်ကျော် မစည်းရုံးဆိုသည့် စည်းကမ်းကိုကိုင်
တွယ်၍အရေးယူမှုများပြုလုပ်ခြင်းဖြင့် ပါတီစည်းရုံးညီညွတ်မှုကိုဖျက်ခဲ့သည်။ NLD အဖွဲ့ ဝင်ပြည်
နယ်-တိုင်း၊ မြို့ နယ်များစုစည်းညီညွတ်လာပီး၊ CEC ပြင်ဆင်ရေး၊CC ပြင်ဆင်ရေးထိုမှတဆင့်၎င်း
အားဖြုတ်ချမည်ကိုစိုးရွံ၍၊ ဒေါ်အောင်ဆန်းစုကြည်ကပေးထားခဲ့သော Mandate အားတွင်တွင်အ
သုံးပြု၍ ပါတီ၏အမာခံ လှုပ်ရှားတက်ကြွသူ များအားထုတ်ပစ်ခြင်း၊ စိတ်ဓာတ်ကျဆင်းအောင်လု
ပ်ဆောင်ခြင်း၊ သူ့ အလိုလျောက်ပါတီမှနှုတ်ထွက်သွားအောင်လုပ်ဆောင်ခြင်းများအားပြုလုပ်ခဲ့
သည်။ (ဥပမာ။ ပဲခူးတိုင်းမှ ဗိုလ်မှုးမောင်မောင်အေး၊ ကိုမြင့်အေ:(ဥက္ကဋ္ဌ-ကြည့်မြင်တိုင်၊ နော်
အုန်းလှ တို့ အားတာဝန်မှရပ်စဲခဲ့သည်။)

၁၆။ ၉ ၂-၉ ၃မှစတင်ပြီးတဖြည်းဖြည်းပါတီဦးဆောင်မှုအပိုင်း၌၊ ဗ.က.ပပျက်များ၊ မ.ဆ.လပျက်များ၊
နိုင်ငံရေးမရှိသူများ ကြီးစိုးလာခဲ့ပြီး၊ ဆရာမွေး တပည့်မွေး၊ အုပ်စုဖွဲ့ ပြီး ဦးအောင်ရွှေအကြိုက်၊ဦး
ရွှေကျေနပ်ရေးကိုသာလုပ်ခဲ့ကြသည်။

၁၇။ နိုင်ငံရေးသမားမဟုတ်ပါ။ နိုင်ငံရေးနားမလည်ပါ။ တာဝန်အရပါဆိုသည့်စကားကိုတွင်တွင်ပြော
ပြောယင်း၊ တကြိမ်ဆွေးနွေးပွဲတခုမှာ NLDသည် ဒီမိုကရေစီအဖွဲ့ ဖြစ် အမိန့် နာခံမှုမရှိကြောင်း၊
တဖက်အဖွဲ့ သည်စနစ်တကျဖွဲ့ စည်းထားပီး စည်းကမ်းရှိကြောင်း အမိန့် နာခံမှုရှိကြောင်းပြောဆို
ခဲ့သည်။
(အမည်မဖော်လိုသူအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွင်းပိုင်းအဖွဲ့ ဝင်တဦး)

from.... http://www.baymyanmar.com/2010/03/nld.html

3/20/10

အဆီထနေပြီဗျ...

အား...အသက်ကြီးလာပြီ...။

တခါမှ ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘူး။ ၀လာလား။ ပိန်လားလားဆိုတာ။ ဒီနေ့ ၀ိုင်သောက်ရင်း ဗိုက်ကပူနေတော့ ဖျစ်ကြည့်တယ်။ ဗိုက်ကတော်တော် ပူတာတော့မဟုတ်ဘူး။ ၀က်လိုပဲ။ ဗိုက်အသားတွေက အဆီတွေများနေတယ်။ ဖျစ်ရင်း ငါ့ရဲ့ ဗိုက်က အဆီရစ်နေတဲ့ဗိုက်ပဲလို့သတိထားမိတယ်။ လေ့ကျင့်ခန်းလည်းမလုပ်မိဘူး။ စောက်ပျင်းဆိုတော့။

ဒါပေမဲ့လည်း ကိုယ့်ဗိုက်ကိုပွတ်ပြီး လမ်းလျှောက်ရတာကိုက ဖီလင်တမျိုးဗျ။ အရသာတော့ကောင်းတယ်။ ကျန်းမာရေးနဲ့က မညီဘူး။

ဒါဆိုရင်တော့ တခုခုတော့လုပ်မှရတော့မယ်။

မှတ်ချက်။ ဘာမှ တောင်တွေးမြောက်တွေး စဉ်းစားစရာမပါဘူး။

အနုပညာရှင်များသို့

Iron Cross အဖွဲ့မှာ ရှိနေတဲ့ တီးခတ်တဲ့သူတွေကို ဘာမှမပြောချင်ဘူး။ ဆိုတဲ့သူတွေဖြစ်တဲ့ ကိုလေးဖြူ၊ အငဲ၊ မျိုးကြီး စတဲ့သူတွေကိုပြောမယ်။ နောက်ပြီး အထူးသဖြင့်ပြောချင်တာက မန်နေဂျာ ဦးကိုကိုလွင်ပဲဖြစ်တယ်။ ဘာ့ကြောင့်ပြောရလဲဆိုတော့ ကျနော်က အိုင်စီရဲ့  ပရိတ်သတ်တဦးပဲ။ ညနေပိုင်းဘီယာ၊ အရက်သောက်တဲ့အခါ သူငယ်ချင်းတွေနဲ့ အိုင်းစီရဲ့ သီချင်းကို အားရပါးရ ဆိုတယ်။ ဘယ်ကောင်မှလာပြီးမပြောဘူး။ ဒီလိုမျိုးသဘောကျတယ်။ အရမ်းပျော်တယ်။ ဒါက မှုးနေတုန်းဖြစ်တဲ့ကိစ္စ။

ကောင်းနေတုန်း ဒီသီချင်းတွေကိုနားထောင်တဲ့အခါမှာ အိုင်စီကို တခုခုလုပ်စေချင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ မျိုးကြီးဆိုတဲ့ Live Show မှာ လူငယ်တွေ၊ ကျနော်တို့အရွယ်တွေ၊ မှုးပြီးကခုန်နေတယ်။ မိန်းခလေးက ..အစပါတယ်။ ဒါကပြသနာမရှိဘူး။ ပျော်တာပဲလေ။ ပြသနာရှိတာက စတိတ်ရှိုးပွဲမှာမှုးတာမကဘူး၊ နောက်ပိုင်း မလိုလားအပ်တဲ့နောက်ဆက်တွဲတွေဖြစ်တယ်။ such as မှုးတော့ ဘယ်သူမဆို ပျက်စီးဖို့လွယ်တယ်။

နောက်တခုအရေးကြီးဆုံးက အနုပညာရှင်တွေကို လူငယ်တွေက အတုခိုးတယ်။ ဆံပင်အရှည်၊ နားကပ်၊ လျှာမှာ ဂေါ်လီထည့်တာကအစ လူငယ်တွေလုပ်တယ်။ အနုပညာရှင်တွေကို အားကျလို့။ ဒါကိုမလုပ်နဲ့လို့ကျနော်မပြောချင်ဘူး။ သူတို့ကိစ္စပဲ။ ဒါပေမဲ့ခင်ဗျားတို့အနုပညာရှင်တွေပေါက်ကရလုပ်တာကို ဘာမသိညာမသိ ခလေးတွေလိုက်အတုခိုးတာမကောင်းဘူး။

ဆိုတော့ ကျနော်ပြောချင်တာက ခင်ဗျားတို့ သီချင်းပဲဆိုဆို၊ သရုပ်ပဲဆောင်ဆောင်၊ လူငယ်တွေကို( ပရိတ်သတ်တွေ)ကို တိုးတက်ရာတိုးတက်ကြောင်း အတွေးအခေါ်ပါတဲ့ စကားမျိုးနဲ့အစပျိုးသင့်တယ်။ ခင်ဗျားတို့ဆိုတဲ့သီးချင်းစာသားတွေကိုလည်း ဒီလိုလိုင်းမျိုးကို အနည်းဆုံးစတိတ်ရှိုးတိုင်းမှာထည့်သင့်တယ်။ အခုဟာက ခင်ဗျားတို့ဆိုနေတဲ့သီချင်းတွေက ဘာအဓိပါယ်မှမရှိဘူး။

ဒီလိုမှမဟုတ်ရင်တော့ ခင်ဗျားတို့ လူငယ်တွေကိုဖျက်ဆီးနေတာနဲ့အတူတူပဲ။ ပရိသတ်ထဲမှာ အရွယ်စုံရှိတယ်။ ဒါကိုခင်ဗျားတို့နားလည်သင့်တယ်။ ပိုက်ဆံလည်းပေးပြီးကြည့်ရသေးတယ်။ ရောဂါလည်းရအောင်တော့မလုပ်ကြပါနဲ့။ ဒီလိုလှုပ်ရှားမှုမျိုး ခင်ဗျားတို့ အနုပညာရှင်တွေ ဘယ်သူလုပ်သေးလဲ။

ကျနော်ပြောတာကိုနားမလည်ရင်ထပ်ပြောမယ်။ စတိတ်ရှိုးပဲဆိုဆို၊ အငြိမ့်ပဲကက၊ ရုပ်ရှင်မှာဘဲဖြစ်ဖြစ်၊ လူငယ်တွေတိုးတက်အောင်၊ အားကြအောင် အတွေးအခေါ်ပါတဲ့ စကားမျိုး၊ တိုးတက်အောင်လုပ်ပေးတဲ့စကားမျိုး၊ မပျက်စီးအောင်လုပ်ပေးတဲ့စကားမျိုး ဒါတွေကို လုပ်ပေးကြပါ။

အခုဟာက အနုပညာရှင်တွေက ဘာမသိညာမသိလူငယ်တွေကို လမ်းလွဲအောင်လုပ်နေတယ်။ ဒီအထဲမှာ ဦးကျော်သူတော့မပါဘူး။

အနုပညာရှင်တွေဟာ လူငယ်တွေပျက်စီးအောင် ရှေ့ ကနေလုပ်နေလို့ပြောနေတာဖြစ်တယ်။ စောက်အုံးနှောက်မရှိတဲ့ အနုပညာရှင်တွေများနေတယ်။

နားနားပြီး ပေါ...ကြ

အိပ်ယာဝင်တိုင်းတမျိုးလို...ဆေးလိပ်တို..ဆေးလိပ်တို

3/19/10

ငါးမင်းဆွေနှင့်တူမောင်ညိုသို့

ငါးမင်းဆွေနှင့်တူမောင်ညိုသို့

ပထမဆုံး ငါးမင်းဆွေရဲ့ မတ်လ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ပါတဲ့ဆောင်းပါတဲ့ဆောင်းပါးကို တူမောင်ညိုရဲ့  ရိုးမ (၃) ၀က်ဆိုက်မှာရေးထားတဲ့ ဆောင်းပါးကနေတဆင့် တွေ့လို့ဖတ်ကြည့်မိတယ်။ ဘာတွေများဖြစ်လဲပေါ့။ တူမောင်ညိုဆိုတာက နည်းနည်းရရလူတော့မဟုတ်ဘူး။ ဒုတိယအင်အားအကြီးဆုံးပါတီ ဖြစ်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ လက်ရှိအထွေထွေအတွင်းရေးမှုး ဖြစ်တယ်။ တူမောင်ညိုဘယ်သူဖြစ်လဲဆိုတာကို အားလုံးသိတယ်။ ပါတီရဲ့ အထွေအထွေအတွင်းရေးမှုး တစ်ယောက်အနေနဲ့ ခလေးကလားဆန်တဲ့ လုပ်ဟန်တွေ ဖြစ်မှာစိုးရိမ်လို့ ဒီလိုရေးမိတယ်။ ပတ်ဝန်းကျင်က လူ့ဘောင်သစ်ရဲ့ အထွေထွေအတွင်းရေးမှုးဟာ ငပေါလို့ဆိုပြီး နောက်ကွယ်မှာရှုတ်ချတာကိုမလိုချင်ဘူး၊ မကြားချင်ဘူး။

အချက်အလက်၊ အကိုးအကားနဲ့စာရေးတာကောင်းတယ်။ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့အချက်အလက်အကိုးအကားကို သေသေချာချာ မကိုးကားတက်ရင် ပညာရှင်တွေကြားထဲမှာအရှက်ကွဲတယ်။ ကိုယ်ရေးတဲ့စာက ဘာလဲဆိုတာကို အထူးသတိထားပြီး ရေးရင်ပိုကောင်းတယ်။ တက္ကသိုလ်တွေမှာအချက်အလက်အကိုးအကားကို ကိုးကားရင်လိုင်းရှိတယ်။ တက္ကသိုလ်တခုနဲ့ တခုတောင်အချက်အလက်ကိုးကားပုံစံမတူကြဘူး။ ကိုးကားပုံမှားတဲ့ကျောင်းသားဆိုရင်စာမေးပွဲတောင်မအောင်ဘူး။ ဒါက ကျောင်းသားအဆင့်ပဲရှိသေးတယ်။ ပညာရှင်အဆင့်ဆိုရင် ဘာဖြစ်မလဲဆိုတာ ကိုယ့်ဟာကိုယ် သာစဉ်းစားကြည့်တော့။ ပညာရှင်ဆန်ဆန်ရေးချင်တယ်ဆိုရင် အချက်အလက်ကိုးကားပုံစနစ်၊ စာအရေးအသား၊ မိမိခံစားချက်မပါတဲ့စာအရေးအသား၊ ဒါတွေအရေးကြီးတယ်။ ဥပမာ တူမောင်ညိုရဲ့ ဆောင်းပါးက လယ်သမားတွေငတ်နေတာကို ပြောချင်တယ်ဆိုရင်…ကိုယ့်ခံစားချက်မပါရဘူး။

“ခေါင်းစဉ် ကြည့်လိုက်ကတည်းက“မျက်ခမ်းမြင်ရုံနဲ့ ငတာကြီးသားမှန်း သိတယ်” ဆိုသလိုပဲ၊ ဘယ်အချိုး ချိုးတော့မယ်ဆိုတာ သိပြီးသားပါလို့ ပြောရင် အပြောလွန်ရာကျမလား မသိပါဘူးဗျာ”


အခုဟာက စာအမျိုးအစားကို ဘယ်လိုသတ်မှတ်ရမလဲမသိဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ တူမောင်ညိုဆိုတဲ့ နာမည်ကို ငါးမင်းဆွေက သူ့ဆောင်းပါးမှာထည့်သုံးထားတာကို ဂုဏ်ယူတဲ့အထာမျိုးဖြစ်နေတယ်။ ဒါ့ကြောင့်ခလေးကလားလို့ပြောတာ။ အထွေအထွေအတွင်းရေးမှုးတစ်ယောက်က ဟိုရေး၊ ဒီရေးလုပ်တာဘာမှမဖြစ်ဘူး။ ရေးတဲ့အခါမှာ ပညာရှင်တစ်ယောက်လိုလုပ်ချင်ရင်လည်း သေသေချာချာလေ့လာပြီးရေးရတယ်။

ဘာ့ကြောင့် ဒီလိုကျနော်ရေးရလဲဆိုတော့ အချက်အလက်၊ အကိုးအကားကို အရမ်းတန်ဖိုးထား နေလို့ပြောတာဖြစ်ပါတယ်။ ကျနော်က ကျောင်းသားတစ်ယောက်ပါ။ ပညာရှင်မဟုတ်ပါဘူး။ ကျနော်တောင်ဒီလိုပြောတယ်ဆိုရင် ပညာရှင်တွေဘယ် လောက်ဝေဖန်ကြမလဲဆိုတာ စဉ်းစားသာကြည့်။

ကိုးကားတဲ့စာက နှစ်ခုပဲတွေ့တယ်။ ဒီနှစ်ခုကလည်းဘယ်လောက် အချက်အလက်အရ ယုံကြည်အားထားရလဲဆိုတာ ပညာရှင်တွေမေးကြည့်ပါအုံး။ End-text ref ကမှားနေတယ်။

ကိုးကား
၁။ Weekly Eleven ဂျာနယ် [No.17, Vol.5, February 3, Wednesday]
၂။ ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း (အမှတ် ၁၇၅/ ဖေဖေါ်ဝါရီ/၂၀၁၀ စာမျက်နှာ ၄၀-၄၅ )


နောက်ပြီး In-text citation လုပ်တာမှန်လားဆိုတာကိုလည်းလေ့လာအုံး။ အောက်မှာကိုးကားထားတာကိုကြည့်ပါ။ ဘယ်သုတေသနက ပြောတာလဲ။ နေ့စွဲ၊ ရေးသူ၊ ဘယ်ဌာန၊စသဖြင့် ဒါတွေကို မဖော်ပြထားဘူး။ In text citation မှာကိုးကားထားရင် အောက်ဆုံးမှာလည်းပြန်ပြီး End text reference လုပ်ပေးရတယ်။ သုတေသနပြုချက်တစ်ခုဆိုတာပဲတွေ့ရတယ်။ ဒီသုတေသနက Crediblity ရှိရဲ့ လား။

သုတေသနပြုချက်တစ်ခုလည်း အခုလို အကြံပြုထားတယ်။

“ကျေးရွာများတွင် အသေးစား အခြေခံ စီးပွားရေးအဆောက်အဦး စီမံကိန်းများ တည်ဆောက်ရန် ငွေထုတ်ပေးခြင်းဖြင့် ကျေးလက်နေ ဝင်ငွေနည်းသူများကို နေ့စားအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း၊ (လမ်း၊ တံတား၊ ဆည်မြောင်းငယ်များ) စသည့် ရည်ရွယ်ချက်မှာ လယ်ယာမဲ့နှင့် ကြွေးမြီတင် လယ်သမားများ အလုပ်မရှိသည့်ကာလတွင် ဝင်ငွေရရှိပြီး လိုအပ်သည့် ကျေးလက်အဆောက်အအုံများလည်း ပေါ်ပေါက်စေနိုင်ကြောင်း၊ လယ်သမားအများစုသည် တစ်နေ့လျှင် ၂,၀၀၀ ကျပ်ခန့် ရနိုင်မည့် အလုပ်မျိုးကို စိတ်ဝင်စားကြကြောင်း” ဖော်ပြထားသည်။


ဆောင်းပါးတခုလုံးကိုပြောမယ်ဆိုရင်အများကြီးပါ။ အဓိကပြောချင်တာက ခလေးကလားလိုဖြစ်နေလို့ပါ။ သေချာလေ့လာပါ။ ပါတီ အထွေအထွေအတွင်းရေးမှုးတစ်ယောက်ကို ငပေါလို့ပြောမှာကိုစိုးရိမ်လို့။ မလုပ်တက်ရင်လည်းရိုးရိုးသားသား စာရဲ့ နောက်ဆုံးမှာဖြစ်ဖြစ်၊ အစမှာဖြစ်ဖြစ် ပညာရှင်စာတမ်းမဟုတ်ပါဘူးလို့ဝန်ခံသင့်တယ်။ ကိုယ့်ဟာကိုတော့ ဟုတ်လှပြီပေါ့။

ငါးမင်းဆွေရေးတဲ့ဆောင်းပါးက သူ့ခံစားချက်ကိုသူရေးတာဖြစ်တယ်။ ပြောရရင်တော့ အစိုးရကိုဖားပြီးရေးထားတဲ့ဆောင်းပါးပဲ။ ဘာမှစိတ်ဝင်စားစရာမကောင်းဘူး။ ဒါပေမဲ့ သူ့စေတနာကိုတော့ သဘောကျတယ်။ ငွေသုံးသောင်းတောင် သူငယ်ချင်းအတွက် အလကားပေးဖြစ်တယ်။ ဒီလောက်ရက်ရောတဲ့လူ။ ဘော်ဒါဘော်ကြွတ်စိတ်အပြည့်ရှိတယ်။ ဒါကောင်းတယ်။
နောက်ပြီး သူငယ်ချင်းဆရာဝန်က အင်္ဂလန်မှာ လုပ်စားတာပိုအဆင်ပြေတာပေါ့။ ငွေများများရတယ်။ လူ့အဆင့်အတန်းအပြည့်မှီတယ်။ မြန်မာပြည်မှာ ဒီလိုဘ၀မျိုးဘယ်ရမလဲ။ ငွေကနည်းနည်း။ မြန်မာပြည်ပြန်လာမှ တိုင်းပြည်ကိုအကျိုးပြုတာမဟုတ်ဘူးဆိုတာ ပြည်တွင်းကလူတွေကို သိစေချင်တယ်။ အင်္ဂလန်မှာလည်းမြန်မာတွေတပုံကြီးရှိတယ်။ အင်္ဂလိပ်ကိုတောင် ကုစရာမလိုဘူး။ ကိုယ့်မြန်မာအချင်းချင်းတောင်လက်မလည်တဲ့လူတွေရှိတယ်။

နိုင်ငံခြားမှာ သက်ဆိုင်ရာနိုင်ငံကအသိအမှတ်ပြုခံရတဲ့မြန်မာဆရာဝန်တွေလက်ချိုးရေလို့ရအောင်ကို ရှားတယ်။ ဥပမာ သြစတျေးလျနိုင်ငံ Perth မှာမြန်မာဆရာဝန် ငါးယောက်လောက်ပဲရှိတယ်။ မြန်မာတွေသုံးသောင်းလောက်ရှိတယ်။ ဘိုလိုမတက်တဲ့ မြန်မာတွေက မြန်မာဆရာဝန်တွေဆီကို ခရီးဘယ်လောက်ဝေးဝေးသွားတယ်။ မြန်မာဆရာဝန် တွေဆိုတာ မြန်မာတွေကိုလက်မလည်အောင်ကုပေးနေရတယ်။ မြန်မာဆရာဝန် တွေမြန်မာပြည်ပြန်မှ တိုင်းပြည်နဲ့လူမျိုးကို အကျိုးပြုတာမဟုတ်ဘူးဆိုတာ ဒါကသက်သေပဲ။ ဘာမှမသိ၊ မသွားမလာဘဲ ထိုင်ပြီး ဟိုစာအုပ်ဖက်၊ ဒီစာအုပ်ဖတ်၊ တောင်တွေးမြောက်တွေးနဲ့ ပေါက်ကရရေးရင်တော့ရတယ်။ အနှစ်သာရနဲ့တန်ဖိုးတော့ကွာတာပေါ့။

နိုင်ငံခြားမှာနေတဲ့ ကြိုက်တဲ့မြန်မာပြည်သားကိုမေးကြည့် နိုင်ငံခြားမှာနေရတာကောင်းလား၊ ပျော်လားလို့။ အကုန်လုံးက မပျော်ဘူးဆိုတဲ့ အဖြေတခုပဲပေးလိမ့်မယ်။ မြန်မာတွေ ကိုယ့်တိုင်းပြည်မှာပဲအေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်ချင်တယ်။ ဘုရားသွားကျောင်းတက်၊ မြန်မာပြည်ကရေကိုပဲသောက်ချင်တယ်။ ပညာတက်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အားလုံးက တိုင်းပြည်ကိုချစ်တဲ့စိတ်ရှိတယ်။ ကူညီချင်တဲ့စိတ်ရှိတယ်။ ဒါကိုမသိဘဲ ပြောရင် စောက်ရှုးပဲ။

အရေးကြီးဆုံးတခုက နိုင်ငံရေးပဲ။ စစ်အစိုးရအုပ်ချုပ်နေတဲ့ကာလပတ်လုံး နိုင်ငံခြားက မြန်မာလုပ်ငန်းရှင်တွေ၊ ပညာတက်တွေ ဘယ်တော့မှပြန်လာမှမဟုတ်ဘူး။ သူတို့အတွက် ဘာအာမခံချက်မှမရှိဘူး။ နိုင်ငံခြားက မြန်မာတွေထဲမှာ လူတော်တွေ၊ ရိုးရိုးသားသားချမ်းသာတဲ့သူဌေးတွေအများကြီး။ ဒီနေ့အချိန်မှာ အပြင်ကပြန်ဝင်ဖို့ထက် အထဲမှာရှိနေတဲ့ လုပ်ငန်းရှင်တွေ၊ ပညာတက်တွေ ဘယ်လိုအပေါက်ကနေထွက်ရမလဲဆိုတာပဲ လေလောဆယ်တွေ့နေရတယ်။ မပူနဲ့ စစ်အစိုးရမရှိတဲ့တနေ့ အားလုံးပြန်လာကြလိမ့်မယ်။ စစ်အစိုးရကိုသာပြုတ်အောင်တိုက်။

နောက်ပြီးလယ်သမားကိစ္စ တူမောင်ညိုကော၊ ငါးမင်းဆွေကိုပြောမယ်။ ခင်ဗျားတို့ဘယ်နှစ်ခါလယ်သမားတွေရဲ့ လုပ်ငန်းခွင်မှာ လည်ပင်းဖက်ပြီးလုပ်ခဲ့ဘူးလဲ။ ပြောလိုက်ရင်လေကြီးလေကျယ်နဲ့။ အလုပ်သမား၊ လယ်သမားတွေကို သနားစရာမျက်လုံးနဲ့မကြည့်နဲ့။ လယ်သမားတွေဒီလောက်ငတ်နေတာ အားလုံးအသိပဲ။ ဖုန်းတချက်ဆက်တာနဲ့ လယ်သမားတွေဘယ်လောက်ငတ်လဲဆိုတာသိတယ်။ ကွင်းထဲကို ဆင်းစရာ တောင်မလိုဘူး။

ခင်ဗျားနှစ်ယောက် ကိုယ့်ကိုယ်တော့ ငါရေးတာဟုတ်လှပြီပေါ့လို့မထင်နဲ့။

မှတ်ချက်။ ကျနော့်အမြင်သာဖြစ်ပါကြောင်း၊ အချက်အလက်အကိုးအကား မရှိတဲ့ အတွက်ကြောင့်ခွင့်လွှတ်ကြပေါ့နော်။

မြန်မာလူငယ်တွေကြားထဲမှာ ငါး...လို့ပြောရင် အဓိပ္ပါယ်နှစ် သုံးခုအနည်းဆုံးထွက်တယ်။ ရေထဲမှနေတဲ့ငါး၊ နံပါတ်ငါး၊ နောက်ဆုံးငါးကတော့ ချောင်းဆိုးပျောက်ဆေးကို မှုးယစ်ဆေးအဖြစ်သောက်တဲ့ ငါး...ဖြစ်တယ်...။

19 03 2010 1.49PM

3/17/10

ကျနော့်အတွေးသာဖြစ်ပါသည်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ဥက္ကဌ ကိုအောင်မိုးဇော်၊ ဒုဥက္ကဌ ကိုယဉ်ထွေး၊ အတွင်းရေးမှုး ကိုခင်မောင်တင့်၊ ကိုငွေလင်း၊

ဘုန်းကျော်။ ။ အကိုကြီးတို့ရဲ့ အသံတိတ်လှချည်လား။ လူ့ဘောင်သစ် ပါတီဝင်တွေ ဘယ်ချောင်ရောက်ကုန်ကြပီလဲ။ အားလုံး ခြေပစ်လက်ပစ် ထိုင်ပြီးအပန်းဖြေနေကြပြီလား။ ဒုတိယအင်အားအကြီးဆုံးလို့ပြောပီးတော့။ ဒီနေ့အချိန်မှာ ဘာတွေလုပ်ကြမှာလဲ။ အနည်းဆုံး တိုက်ပွဲခေါ်သံ အသံလေးတောင်မကြားရပါလား။ လူ့ဘောင်သစ်က ၁၉၉၀ ရွေးကောက်ပွဲမှာ ဒီလိုပဲထိုင်ပြီး ငြိမ်နေခဲ့တာလား။

ပါတီ။ ။ အာ..ဒီကောင်ဘုန်းကျော် ဘာမှမသိဘဲလာပြီးပြောနေတယ်။ ငါတို့ ပြည်တွင်းကို အဓိကတိုက်ကတ်ထားထားတယ်။ ပြည်တွင်းလှုပ်ရှားမှုကို ငါတို့ဒီကနေလုပ်နေတာ။ အထဲမှာ ငါတို့လူတွေချည်းပဲ။

ဘုန်းကျော်။ ။ Evidence လဲမတွေ့ဘူး။ တခါမှလဲလူ့ဘောင်သစ်က ဦးဆောင်ပြီးလုပ်တာ မတွေ့သေးပါဘူး။ လုပ်တယ်ဆိုရင်လည်း အထောက်အထားလေးဘာလေး ပြည်သူကိုသိအောင် မီဒီယာကနေချပြပေါ့။ မလုပ်နိုင်ရင်လည်း ငါတို့မလုပ်နိုင်လို့ပါဆိုတာကို ပတ်ဝန်းကျင်ကို အသိပေးပေါ့။ အခုကြည့် ဖုန်းမော်နေ့ပွဲမှာ တင်တဲ့လိုင်းက မိုက်တယ်။ ဒါလုံးဝဖြစ်သင့်တယ်။

ပါတီ။ ။ မင်းကစောက်တလွဲ၊ ခလေးပဲ။ ဘာမှမသိဘူး။ NLD ကပြောတာကိုငါတို့ ၀ိုင်းပြီးထောက်ခံရမှာ။ အခု NLD က ၂၉-ရက်နေ့မှ ဘာလုပ်ရမလဲဆိုတာ မက်ဆေ့ပေးမှာကွ။ အဲဒိအချိန်ကျမှ သူပြောတာကို ငါတို့ လုပ်ရမှာ။

ဘုန်းကျော်။ ။ ဒါဆိုလည်း....အကိုကြီးတို့ရာ..ဒီလိုလုပ်ပါလား။ အကိုကြီးတို့ လူ့ဘောင်သစ်မလုပ်နဲ့...NLD ရဲဘော်ပဲလုပ်ကြပါလား။

ပါတီ။ ။ မင်းက ပါတီက ထုတ်ပစ်တာတောင်နည်းသေးတယ်။ လူကြီးတွေကိုမလေးမခန့်နဲ့။ မင်း...မိုးသီးဇွန် နဲ့ MPU အကြောင်းဘယ်လောက်သိလို့လဲ။ မင်းက နောက်မှပါတီကို ရောက်တဲ့ကောင်..ဘာမှမသိဘဲလျှောက်မပြောနဲ့...။ ဖုန်းမော်နေ့ပွဲက ဆွေးနွေးချက်တွေဆိုတာ ဒီကောင်တွေအားအားယားယား၊ ငါတို့မလေးမစားလုပ်တာကွ။ ငါတို့ကိုသာ လေးလေးစားစား၊ ဖားဖားယားယားလုပ်ရင် နှစ်ခါပြန်တောင်ထောက်ခံအုံးမှာ။

ဘုန်းကျော်။ ။ ဒါဆိုလည်း ခင်ဗျားတို့ ၇-ယောက်ပဲ နေခဲ့တော့။

ကိုမိုးသီးဇွန်ကိုထောက်ခံကြပါ...။




ကိုမိုးသီးဇွန်ရဲ့ ဆွေးနွေးချက်ကိုအရမ်းသဘောကျတယ်။ သဘောလည်းတူတယ်။ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားဆိုတာ သူ့လို အာဘောင်အာရင်းသန်သန်၊ ပြောရဲဆိုရဲ၊ တွေးရဲတဲ့သတ္တိနဲ့ပြည့်စုံရမယ်။ အိညောင်အိညောင်နဲ့ပြောတဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားတွေဆိုတာ အလကားပဲ။ ဘာမှအောင်မြင်မှာမဟုတ်ဘူး။ တခါတလေ ဆဲသင့်တဲ့လူကိုပေါ်တင်ဆဲတက်ရမယ်။ အလကားအားအားယားယားဆဲတာတော့မကောင်းဘူးပေါ့လေ။ သူ့ကိုဝိုင်းပြီးထောက်ခံကြပါ။ အားပေးကြပါ။ သူက တကယ်လုပ်ရဲတဲ့သတ္တိရှိတယ်။

မှတ်ချက်။ ကိုမိုးသီးရေ သွားတာလာတာလည်းသတိထားပါအုံး။ တော်ကြာနေ ဖဒိုမန်းရှာလို သေနတ်နဲ့တေ့မပစ်ပဲ ဓားနဲ့တေ့ပြီးထိုးသွားအုံးမယ်။ ဘော်ဒီဂတ် နဲ့ အတိုလေးတခုလောက်တော့ဆောင်ထားဗျို့ ...။

3/15/10

ကြားဖြတ်အစိုးရဖွဲ့ကြစို့....

MPU တင်တဲ့ ကြားဖြတ်အစိုးရဖွဲ့အဆိုကို လုံးဝထောက်ခံတယ်။ အားပေးကူညီဖို့အသင့်ရှိတယ်။ 
 
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့လည်း လုံးဝထောက်ခံပြီး၊ ပူးပေါင်းပါဝင်သင့်တယ်။ ကြားဖြတ်အစိုးရမှာ အဖွဲ့အစည်းအားလုံး၊ တသီးပုဂ္ဂလတွေပါဝင်လာနိုင်အောင်ကြိုးစားသင့်တယ်။ 
 
ပြည်တွင်းပြည်ပမှာရှိတဲ့မြန်မာတွေအားလုံးပါဝင်လာအောင်၊ ထောက်ခံလာအောင်စတင်ကြိုးစားသင့်တယ်။

3/12/10

ရွေးကောက်ပွဲကိုဝင်ဖို့၊ မ၀င်ဖို့ အခုငြင်းခုန်နေကြပီ။

ရွေးကောက်ပွဲကိုဝင်ဖို့၊ မ၀င်ဖို့ အခုငြင်းခုန်နေကြပီ။

ရွေးကောက်ပွဲကို ပြည်တွင်းက တချို့ နိုင်ငံရေးလှုပ်ရှားသူတွေဝင်မယ်။ ပါတီထောင်မယ်။ ကောင်းပါတယ်။ မွန်မြတ်ပါတယ်။

တချို့ က လုံးဝဆန့်ကျင်တယ်။

စစ်အစိုးရရိုးသားတယ်ဆိုတာမရှိခဲ့ဘူး။ အခုကြည့် ရွေးကောက်ပွဲဥပဒေ၊ ဘာဥပဒေ၊ ညာဥပဒေ။

လွတ်တော်ထဲကိုဝင်ပြီး၊ သူတို့နဲ့လုံးထွေးပြီး နေမှ ဒီမိုကရေစီရတော့မလိုမျိုး တချို့ ပြည်ပကိုထွက်ပြီး ပြည်ပက အတိုက်အခံတွေကို စည်းရုံးတယ်။

ကျနော်ဒီလိုပြောမယ်...(ကျနော် ဂျလေပီ.. ဘာကောင်မှမဟုတ်ဘူး)

ဥပမာ...ကျနော်က ပြည်ပကအတိုက်အခံခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ပြည်တွင်းက အတိုက်အခံခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ခင်ဗျားတို့...(နအဖ) စစ်အစိုးရက တရားဝင် ဖိတ်စာနဲ့ ရွေးကောက်ပွဲ ၀င်ပါလို့ပြော....။ ဒါကိုလုံးဝစဉ်းစားမယ်။ ဒါပေမဲ့ ကျနော်တောင်းဆိုမယ်။

ခင်ဗျားတို့ပြောတဲ့ရွေးကောက်ပွဲကိုဝင်မယ်။ ကျနော်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပေး။

၁) သတင်းသမားတွေကိုလွတ်လပ်စွာ သတင်းယူခွင့်ပေး။

၂) နိုင်ငံတကာက စောင့်ကြည့်လေ့လာနိုင်တဲ့အဖွဲ့တွေ၊ လက်နက်ကိုင်တပ်တွေကို ၀င်ခွင့်ပေး။ သူတို့စောင့်ကြည့်နိုင်ရေးကို အာမခံပေး။

၃) ဒေါ်စု၊ ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လုံးဝလွတ်ပေးပြီး သူတို့ ဒီကိစ္စတွေ (ရွေးကောက်ပွဲကိစ္စ) တွေကို လုပ်နိုင်အောင် အခွင့်အလမ်းပေး။

၎) ပြည်ပအတိုက်အခံ၊ တိုင်းရင်းသားလက်နိုင်ငံအဖွဲ့တွေအားလုံးကိုလည်း ရွေးကောက်ပွဲဝင်နိုင်အောင် ဖန်တီပေး။

ဒီလိုမျိုးအခြေအနေရှိရင် ရွေးကောက်ပွဲကို နှစ်ခါမက၀င်မယ်။ လောလောဆယ်အခြေခံဥပဒေကိုမကြိုက်ရင် ပြင်လို့ရနိုင်တဲ့အခြေအနေကို နောင်မှာလုံးဝရှိတယ်။ 

ဒါမျိုးမရှိရင်တော့ Fuck Off လို့ပြောရတော့မယ်။

ကျနော် အသက် ၃၀ ရှိပြီ။ နောင်နှစ်ပေါင်း ၃၀ လောက်တော့ ခံအုံးမယ်။ ကျနော်သာအာဏာရလို့ကတော့ တိုင်းပြည်ကို သွယ်ဝိုက်ပြီးဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ ဖြတ်ဆီးခဲ့တဲ့လူတွေအားလုံးကို အရေခွံလှန်ပြစ်မယ်။

3/11/10

Australian Burmese Community Journal 1-7

၂၀၁၀ ခုနှစ် ဖေဖ၀ါရီလထုတ် Australian Burmese Community Journal ဖြစ်ပါတယ်။
အင်တာနက်မှာ အလကားရတော့ တန်ဖိုးနည်းတယ်လို့မထင်လိုက်ပါနဲ့။ အင်တာနက်ပရိတ်သတ်ကို မရည်ရွယ်ဘဲထုတ်ပါတယ်။ အင်တာနက်မရှိတဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေ၊ ဒုက္ခသည်တွေအတွက် ဖြစ်ပါကြောင်း။

ဂျာနယ်မှာပါတဲ့ စာမှုတွေကို မိမိဘလော့ဂ်၊ နဲ့ အခြား အင်တာနက်စာမျက်နှာတွေမှာ တင်တဲ့အခါ Australian Burmese Community Journal တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါကြောင်း ဆိုတဲ့ Credit ထည့်ပေးကြဖို့အထူးမေတ္တာရပ်ခံပါသည်။ အားလုံးနားလည်နိုင်ကြမယ်လို့ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 

ABC7 Finalist

3/9/10

ရွေးကောက်ပွဲ ဥပဒေ

ရွေးကောက်ပွဲဥပဒေထွက်ပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မ၀င်လည်း ရွေးကောက်ပွဲကို စစ်အစိုးရလုပ်မှာပဲ။ သူတို့လုပ်ချင်တာကို အတင်းအဓမ္မလုပ်တာ ထုံးစံပဲ။ ရွေးကောက်ပွဲမှာ စစ်သားအမတ်တွေနိုင်အောင် လိမ်မယ်။ ရက်စက်မယ်။ ဒါကို လူတိုင်းသိတယ်။ အခြေခံဥပဒေကိုတောင် လိမ်ပြီအတင်းထောက်ခံခိုင်းသေးတာပဲ။ ဒီလောက်လူတွေ သိန်းနဲ့ချီပြီး ဒုက္ခရောက်၊ သေတာတောင် ဂရုမစိုက်၊ အခြေခံဥပဒေကို အတင်းအဓမ္မလူထုကိုမဲထည့်ခိုင်းသေးတယ်။

လွန်ခဲ့နှစ်တွေကတည်းက နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှ ပေါ်တင်ချတယ်။ လူတွေသက်တယ်။ ဘုန်းကြီးခေါင်းကို ပေါ်တင်ရိုက်ခွဲတယ်။ ဒီလိုအခြေအနေမျိုးတွေဖြစ်နေတာကိုက စစ်အစိုးရဟာ တိုင်းပြည်အပေါ်မှာစေတနာရှိတာလား။ ရွေးကောက်ပွဲမှာ ဘယ်သူပါပါမပါပါ သူတို့နိုင်အောင်လုပ်ပြီးသားပဲ။ မယုံမရှိနဲ့။ ဥပဒေဆိုတာ ဗိုလ်ချုပ်တွေပါးစပ်ကပြောတာဖြစ်တယ်။ တိုင်းပြည်မှာတရားဥပဒေ တကယ်ရှိနေရင် နအဖတောင်ရှိမှာမဟုတ်ဘူး။ ဒါ့ကြောင့်ရွေးကောက်ပွဲ ဥပဒေဆိုတာ စာအုပ်ထဲမှာပဲရှိတယ်။ စကားလုံးလှလှလေးတွေရေးထားတာပဲရှိတယ်။ စစ်ဗိုလ်ချုပ်တွေလုပ်ချင်တာကို လုပ်တာသာဖြစ်တယ်။ သူတို့လုပ်ချင်တာက သူတို့အာဏာရရေး၊ စည်းစိမ်ဥစ္စာတိုးပွားရေး၊ ငါ့မိသားစု ကောင်းစားရေး ဒါတွေပဲဖြစ်တယ်ဆိုတာကို လူတိုင်းသိတယ်။ ဘာမှရှည်ရှည်ဝေးဝေး ရွေးကောက်ပွဲဥပဒေနဲ့ပက်သက်ပြီး အငြင်းပွားစရာမလိုဘူး။

ရွေးကောက်ပွဲဥပဒေထွက်တယ်။ ရွေးကောက်ပွဲလုပ်မယ်။ ဒါတွေကို နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေပဲ စကားထဲထည့်ပြောတယ်။ လူအများစုက ဒီကိစ္စနဲ့ပက်သက်ပြီး ဖုတ်လေတဲ့ငပိ နံလေတယ်လို့တောင်မထင်ဘူး။ ဥပမာ သြစတျေးလျနိုင်ငံမှာနေထိုင်နေတဲ့ မြန်မာအများစုကိုကြည့်။ သူတို့အတွက် အိမ်ဖိုးကျေအောင်ပိုက်ဆံရှာရေး၊ Bills ပေးနိုင်ရေး၊ Holiday သွားရေး၊ ညနေအလုပ်ကအပြန်မှာ ဘီယာချရေးလောက်ပဲစိတ်ဝင်စားတယ်။ ကြီးကြီးကျယ်ကျယ် ရွေးကောက်ပွဲ၊ ဥပဒေ ဘာမှမပြောတော့ဘူး။ NLD၊ ပြည်ပအတိုက်အခံ ဘာမှစိတ်မ၀င်စားဘူး။ ဒီလူတွေကိုလည်းအထင်မကြီးတော့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေ့အချိန်ထိဘာမှ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ခဲ့ဘူး။ သူတို့ဘ၀တွေကို တိုးတက်ကြီးပွားအောင် အတိုက်အခံ၊ နအဖ မလုပ်ပေးနိုင်သေးဘူး။

အတိုက်အခံ၊ နအဖ ဘယ်သူမှအပြတ်မဖြတ်နိုင်သေးဘူး။ ဒီလိုပဲလိမ်ပယ်ပြီး သွားနေတာဘယ်လောက်ကြာပီလဲ။ ကြားထဲက ပြည်တွင်းက လူတွေပဲဒုက္ခရောက်ရတယ်။ ဖာဖြစ်ရတယ်။

ကျနော်တခါတလေ ဒီလိုစဉ်စားတယ်။ ဒီလောက်ဖြစ်နေတာ အတိုက်အခံ၊ နအဖ ဒီနှစ်ခုစလုံးကိုပါ တိုက်ထုတ်ပစ်ချင်နေပြီ။ အခုလက်ရှိအတိုက်အခံ၊ နအဖ ကိုဖယ်ရှားပြီး နောက်မျိုးဆက်သစ်ကို ထူထောင်ချင်ပြီ။

3/4/10

သူပုန်ဘ၀ အပိုင်း-၈

ပျော်ပွဲရွှင်ပွဲ

စစ်ကြောင်းသွားရတာ အရမ်းပင်ပန်းတယ်။ တခါတလေ မိုးရွာထဲမှာ လျှောက်ရတယ်။ ညဖက်တွေမှာဖြတ်ရတယ်။ ည သန်းခေါင်းယံမှာ ထပြီးကင်းစောင့်ရတယ်။ ပြန်အိပ်တဲ့အခါ စောင်၊ ခေါင်းအုံး၊ ကုတင် မရှိတဲ့ဘ၀။ ခြင်တွေ၊ ဖြုတ်တွေဆိုတာ လူကိုချီမတက်ပဲ။ အိပ်တဲ့နေရာက ရွာထဲမှာ။ တခါတလေတောထဲမှာ။ ရွာထဲမှာဆိုရင် အမြဲတမ်း သူများအိမ်ရဲ့  အိမ်အောက်မှာ ပုခတ်ဆွဲပြီးအိပ်ရတယ်။ ရွာသားတွေရဲ့ အိမ်အများစု ခြေတံရှည်အိမ်တွေဖြစ်တာကိုး။ အိပ်တဲ့အခါမှာ တစုတစည်းထဲ တနေရာတည်း မအိပ်ရဲဘူး။ လူစုခွဲပြီးအိပ်ရတယ်။ တစုတစည်းထဲအိပ်ရင် ရန်သူတွေ့လို့ကတော့ လက်ပစ်ဗုံးတစ်လုံးလောက်နဲ့ ငါးယောက်လောက်က အနည်းဆုံး နတ်ပြည်မှာစော်လေးတွေနဲ့ နှပါးသွားရမယ်။

မနက်မိုးမလင်းခင် လေးနာရီလောက် စတင်းဘိုင်လည်းရှိတယ်။ အဆင်သင့်နေရာယူထားရတယ်။ ရန်သူလာလို့ကတော့ တွယ်ဖို့အတွက် အဆင်သင့်ပြင်ထားရတဲ့သဘောပါ။ ရန်သူကလည်း ကိုယ့်ထက် သွက်တယ်။ လည်တယ်။ ဘယ်တော့မှ ဒီလိုအလုပ်ကိုမလုပ်ဘူး။ သူတို့အလုပ်က ကွေ့ပတ်ရှောင်၊ သတင်းလိမ်ပို့၊ လုယက်တဲ့အဆင့်လောက်ပဲရှိတယ်။ ဆိုတော့ ကျနော်တို့က သူတို့က သနားတယ်ပဲပြောတယ်။ သေလိုက်တာလည်း နည်းတာမဟုတ်ဘူး။ တရက်တည်းထဲအနည်းဆုံး လေးငါးယောက်သေတယ်။ ဒါတောင် ကျနော်တို့ ကျောင်းသားနဲ့ကေအန်ယူက အပျင်းပြေချောင်းပစ်တာပဲရှိသေးတယ်။

ပစ်ပြီးသွားရင် ရွာက ၀က်တစ်ကောင်ပေးတယ်။ ပျော်ပွဲစားပေါ့။ ရွာရဲ့ ဗွီဒီယိုရုံမှာကျနော်တို့ကို ကြည့်ဖို့ခွင့်ပေးတယ်။ အလကားမရဘူး။ ပိုက်ဆံပေးရတယ်။ ဗွီဒီယိုရုံမှာကျနော်တို့ အားရပါးရပျော်ကြတယ်။ ပျော်တဲ့အခါမှာ သေနတ်ကို မြေအောက်မှာ မချရဲဘူး။ ကိုယ်မှာအဆင်သင့်လွဲထားပြီး လေးဖြူ၊ အငဲသီချင်းနဲ့ကွေးနေအောင် ရဲဘော်တွေကကြတယ်။ သီချင်းကို အားရပါးရအော်ဆိုတယ်။ ကျနော်တို့ကဲနေတဲ့အချိန်မှာ တာဝန်ကျတဲ့ရဲဘော်တွေက ကင်းစောင့်။ တယောက်တလှည့်ပေါ့။ ပြီးရင်သူတို့အလှည့်။ အရမ်းပျော်စရာကောင်းတယ်။

စော်..ငန်းဖို့လည်း မရှိဘူး။ မိန်းမချောချောလှလှလေးတွေက ထိုင်းမှာသွားပြီး အလုပ်လုပ်နေကြပီ။ အရွယ်ရောက်တာနဲ့ရွာမှာမရှိတော့ဘူး။ ဒီတော့ ကျနော်တို့လူပျိုတွေ စော်လည်းမငန်းရဘူး။ တခါတလေ တချို့အိမ်တွေမှာ ကောင်မလေးလှလှလေးတွေ ရှားရှားပါးပါးရှိတက်တယ်။ ညနေဖက်ဆိုဒီအိပ်မှာကျနော်တို့ လူပျိုတွေ အသားကုန်းဝိုင်းပြီး ငန်းရတယ်။ ပွားရတယ်။ ကျောင်းသားဘယ်လောက်ကောင်းလဲဆိုတာ ဖြီးရတယ်။ လူပျိုတင်မဟုတ်ဘူး၊ မိန်းမရှိတဲ့သူပုန်လည်း မိန်းမနဲ့ဝေးနေတော့ ငန်းတာပဲ။

နောက်တန်းပြန်ကြပီ

၉၉၉၉ လေးလုံးလှုပ်ရှားမှုခရီးစဉ်က ၆ လကြာတယ်။ ခြောက်လမှာ ဘယ်လောက်အောင်မြင်လဲတော့မသိဘူး။ ပြသာနာတွေကတော့များတယ်။ နောက်ဆုံး ကျနော်တို့ လူ့ဘောင်သစ်အဖွဲ့ နောက်တန်းပြန်ဖို့လုပ်တယ်။ လူ့ဘောင်သစ် အလုပ်အဖွဲ့ ဒေသ (၂) မှာ နှစ်ဖွဲ့ဖြစ်နေတယ်။ တဖွဲ့က ကိုအောင်ကျော်စိုး၊ ကိုမောင်ဦး၊ ကျနော်၊ကိုဝဏ၊ ကျော်စွာ။ ကျနော်တို့အဖွဲ့က ၀င်းရော်ဆိပ်ကြီး၊ တောင်ပေါက် ၂၄ရွာ၊ အဖွဲ့ကို ၉၉၉၉ လေးလုံး စစ်ကြောင်းနဲ့ချီတက်တယ်။ လူထုစည်းရုံးရေး၊ ပျောက်ကြားပစ်ရေး၊ ပီဒီလုပ်ငန်းရှိတယ်။

နောက်တစ်ဖွဲ့က ကိုကျော်ကျော်၊ ကိုနေ၀င်း၊ ဦးစိုးမြင့်(NLD-LA) သူတို့က ကော့ကရိတ်ဘက်အခြမ်းမှာလှုပ်ရှားတယ်။ ဒီနှစ်ဖွဲ့ကို ရှားရှားပါးပါး တောင်ပေါက်နှစ်ဆယ့်လေးရွာခွင်မှာ ပြန်ဆုံကြတယ်။ ဒီမှာတင် နောက်တန်းပြန်ဆင်းဖို့ လုပ်ကြပီ။ အားလုံးလည်းပင်ပန်းနေကြပီ။ ကိုပိန် (အမေရိက)၊ ကိုမောင်ဦး (အမေရိက) တို့က လှေနဲ့ပြန်ထွက်ကြတယ်။ နို့ဘိုးစခန်းအရောက်ပေါ့။

ကျနော်က ကိုကျော်ကျော်၊ ကိုနေ၀င်းတို့နဲ့အတူ ကော့ကရိတ်ဘက်ကိုလိုက်သွားတယ်။ ကော့ကရိတ်ကနေ၊ ဟိုပတ်ဒီပတ်၊ ဟိုရောက်ဒီရောက်နဲ့ သေဘောဘိုး စခန်းအဟောင်းကြီးကို ဖြတ်ရတယ်။ ထိုင်းဘက်အခြမ်းကို ကူးဖို့။ ဒီစခန်းကြီးမှာ ဒီကေဘီအေ၊ နအဖ၊ ရန်သူ စုံနေတာပဲ။ ညဘက်ကြီးဖြတ်တယ်။ သေဘောဘိုးစခန်းကိုဖြတ်မှ ထိုင်းကမ်းကို ကတ်လို့ရတယ်။

ထိုင်းဘတ်အခြမ်းကနေ မဲ့ဆောက်။ မဲ့ဆောက်ကနေ နို့ဘိုးကိုပြန်တက်ပေါ့။ သေဘောဘိုးမဖြတ်ခင် ထုံးစံအတိုင်း ချီးပါချင်တယ်။ ကျနော်တို့အဖွဲ့ရဲ့  ဒု-တာဝန်ခံ ကိုကျော်ကျော်(သူကအဲတုံးက အသက် ၃၀) ပဲရှိအုံးမယ်။ ကိုကျော်ကျော် ကျနော်အီးပါးချင်တယ်လို့ပြောတော့....သေဘောဘိုးရွာအလည်က ခြုံတွေကြားထဲမှာ အီးပါခဲ့ရတယ်...ဒီမှာတင် ကျနော်တို့နဲ့ပါလာတဲ့ ကေအန်ယူကလူကြီးတွေ၊ NLD ကလူကြီတွေဆဲပါလေရော...ဒီကောင် ဒီလောက်အရေးကြီးတဲ့ကြားထဲ အီးပါရတယ်လို့...။ ပါလာတဲ့ စစ်ရေဘူးနဲ့ ကျနော်ကိစ္စကို မြန်မြန်ပီးလိုက်တယ်။ သူတို့မသိတာက...အရေးကြီးရင် ကျနော်အီးထွက်ပြီ။

ဆက်ရန်-

3/3/10

ဝန်ခံပါသည်။

မအားဖြစ်တာမဟုတ်ပါ။ စာရေးချင်တဲ့ စိတ်ရှိကိုမရှိလို့ပါ။ တောထဲကအကြောင်း၊ မိုင်းကအကြောင်း ရေးဖို့တော့ ရှိပါတယ်။ ဒါပေမဲ့ ရေးတယ်ဆိုတာကလည်း စိတ်ပါမှရတယ်။ စိတ်မပါတော့ ကိုယ်ရေးတဲ့စာတွေဖတ်ပြီး ဘာဖီလင်မှမလာဘူး။ ကျနော်ရေးတဲ့စာတွေကို အမြဲတမ်းကျနော် သုံးလေးငါးခါမက ပြန်ဖတ်ဖြစ်ပါတယ်။ ဘာတွေများမှားလဲပေါ့။ ကိုယ့်ဟာကိုယ်တော့ တခါမှမမှားဘူးလို့ထင်နေမိတယ်။

ကျနော်ရေးတဲ့စာတွေကိုဖတ်တဲ့သူတွေတော်တော်များများရှိတယ်။ အားပေးတဲ့လူတွေရှိတယ်။ ဆဲတဲ့လူတွေရှိတယ်။ သူတို့ဘာဘဲပြောပြော ကျနော့်ခံစားချက်နဲ့ကျနော်ရေးတာဆိုတော့ ဂရုမစိုက်ပါဘူး။ ဖတ်တဲ့သူက ကျနော့်ကိုဆဲတဲ့အခါမှာ လူသားပီပီ ဒေါကန်သလို၊ အားပေးတဲ့အခါမှာလည်းပျော်ရွှင်ကြည်နှုးရပါတယ်။ ငါ..တယ်ဟုတ်ပါလားလို့။

ရေးတဲ့စာတွေမှန်သမျှ ဘယ်သူမှ ကျနော့်ကိုမျှောက်ပေးလို့ ရေးတာမပါဘူး။ ဘယ်စာမဆို၊ တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ၊ ကျနော့်နှလုံးသားထဲက လာတဲ့ခံစားချက်တွေ၊ အုံးနှောက်ကပြောတဲ့အမြင်တွေဖြစ်ပါတယ်။ ဥပမာ...အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ ရဲဘော်တွေ၊ နိုင်ငံရေးအမြင်တွေ ဒါတွေကို ကျနော်ဝေဖန်တယ်၊ လေကန်တယ်၊ ဒါတွေကိုရေးလို့ ကာယကံရှင်တွေ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျနော့်ရဲ့ တာဝန်သာဖြစ်ပါတယ်။ ကျနော်ဘယ်သူကိုမှ ဖားရားပြီး၊ မပြောချင်တော့ပါဘူး။ ရှုတ်ချပြီးလည်းမပြောချင်တော့ပါဘူး။ ကိုယ့်လမ်းကိုပဲလျှောက်ချင်ပါတယ်။

ဘလော့ဂ်စလုပ်ကတည်းက ကိုယ့်ခံစားချက်၊ ကိုယ့်အမြင်ကိုပဲရေးဖို့ အားသန်ပါတယ်။ သူများမျှောက်ပေးလို့ မရေးခဲ့ဘူးပါဘူး။ စလုပ်ခဲ့တဲ့နေ့တွေကတည်းက၊ ယနေ့အထိ သူများအဆဲခံ၊ အားပေးခံ ဘ၀နဲ့ပဲ ဒီဘလော့ဂ်လေးကို လုပ်ခဲ့မိတယ်။ ရှေရည်ရေးဖို့လည်း စိတ်မရှိတော့ဘူး။ အရမ်းပင်ပန်းတယ်။ တပြားမှလည်းမရဘူး။ ၀ါသနာပါလို့သာရေးနေရတယ်။ အားတဲ့အချိန်မှာပေါ့။

တခါတလေ ကိုယ်ရေးတဲ့စာတွေဟာ ဘာများမှားလဲဆိုတာ အခေါက်ခေါက်အခါအခါဖတ်ကြည့်မိတယ်။ ကျနော်က နာမည်ကြီးအောင်လုပ်နေလားပေါ့။ ဒါမှမဟုတ် ပေါ်ပြူလာဝင်လုပ်လားပေါ့။ နေရာလိုချင်လားပေါ့။ ဒီလိုမျိုးစိတ်ရှိရင် ကျနော်ရုပ်ရှင်သရုပ်ဆောင် (သို့) သီချင်းပဲဆိုတော့မယ်။ ကျနော့်မှာရှိတဲ့မရှိမဲ့ရှိမဲ့ငွေတွေကို ပုံအောသုံးဖို့လည်း မနှမြောမိပါဘူး။ လူ့ဘောင်သစ်ကိုရောက်တုံးက ဘာပညာမှမတက်၊ ဘာမှနားမလည်၊ ငွေဆိုတာဆိုတာ မှုးလို့ရှုစရာတောင်မရှိတဲ့ ဘ၀ဖြစ်ပါတယ်။ အခုကောတက်လားဆိုတော့ ဘာမှမတက်သေးပါဘူး။ ကျနော့်ဝစီကိုက ကိုယ့်ကတက်သလိုလေကန်ပြောဆိုနေတာကို ပတ်ဝန်းကျင်က အမြင်မကြည်လင်တာပဲရှိပါတယ်။

ဒီနေ့အချိန်မှာကျနော် ယခုဘ၀နေရတဲ့ ဘ၀ကို စွန့်လွတ်ဖို့လည်းမနှမျောပါဘူး။ ဘယ်အရာမဆို ခေါင်းနဲ့မစဉ်းစားပဲ ရင်ဘတ်နဲ့ ကျနော်လုပ်ခဲ့တာများပါတယ်။

ဒါ့ကြောင့် ဘလော့ဂ်မှာရေးသားတာတွေမှန်သမျှ ကျနော့်တာဝန်လုံးလုံးဖြစ်ပါကြောင်း ၀န်ခံပါ၏။

ကျနော့်အသက် (၃၀) ရှိပါပြီ။ ကျနော် ရင့်ကျက်ဖို့အချိန်တန်ပြီဖြစ်ပါကြောင်း အားလုံးကို ပြောချင်ပါသည်။

3/1/10

ABSDF ရဲဘော်ဟောင်းတွေသတိထားကြ...

အရင်တုန်းက ABSDF ရဲဘော်ဟောင်းကြီးတွေ တော်တော်များများ (အားလုံးကိုမဆိုလိုပါဘူး) ချီးထုတ်တွေတအားများတယ်။ အချင်းချင်းကိုက်ဖို့လောက်စဉ်းစားနေတယ်။ ဘာမှလည်းလက်တွေ့လုပ်ဖို့မစဉ်းစားကြဘူး။ မလုပ်ကြဘူး။ အထူးသဖြင့် တတိယနိုင်ငံတွေမှာ ရောက်ပြီးအလုပ်မရှိအလုပ်ရှာ၊ အရက်သောက်၊ မုန့်ရှု၊ သူများမယားကြာခို၊ အားမရရင် ကိုယ့်အထုတ်ကိုကိုယ် အင်တာနက်ကနေဖြေကြ။ ABSDF ရဲဘော်ဟောင်းတွေအချင်းချင်းတည့်တာရှားတယ်။ အားလုံးဆရာကြီးပဲ။ ဗိုလ်တွေကြီးပဲ။ ပညာလည်းဟုတ်တိပတ်တိမသင်၊ အလုပ်လည်းကောင်းကောင်းမလုပ်၊ ကြာလာတော့ ပတ်ဝန်းကျင်က ABSDF ရဲဘော်တွေဆိုတာ ချီးထုတ်တွေပါလားလို့ထင်နေကြပီ။ ဒါကို မဆင်ချင်ကြဘူး။ ကိုယ့်ကိုကိုယ်ဟုတ်လားပြီထင်နေကြတယ်။ ကိုယ်ရေးနေတဲ့သမိုင်းဟာ ချီးထုတ်သမိုင်းအဖြစ်တဖြည်းဖြည်းရောက်ကုန်တော့မယ်။ အသက်တွေကလည်း ငယ်တော့တဲ့အရွယ်မဟုတ်တော့ဘူး၊ အားလုံး ၅၀ နီးပါးကပ်နေပြီ။ နောက် ၁၀ နှစ်ဆိုရင် ပင်စင်ရတော့မယ်။ တရားလည်းမပေါက်ဘူး။ အာ....တော်တော်ဆိုးတဲ့လူတွေ။ လူငယ်တွေက သူတို့ကိုအတုခိုးရင်တော့ သံဃာစင်ပါမှောက်တော့မယ်။ ကိုယ့်က ရှေ့ ကနေဖြောင့်ဖြောင့်သွားကြပေါ့။ နိုင်ငံရေးလုပ်တယ်ဆိုတာ...လူလေးစားအောင်နေရတယ်။ အခုတော့ မင်းတို့သူပုန်တွေ၊ တောထဲကကောင်တွေ အဆင့်မရှိဘူးဆိုပီး..အပြောခံနေရပီ။

View My Stats