ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

5/8/11

အမေ့ကိုချစ်တဲ့သား



အမေ…ဒီလိုနေ့မျိုးမှာ သားနဲ့အတူအရှိနေသင့်ဆုံးသူဟာ အမေပဲလို့အမေမသိဘဲနေ
မှာတော့မဟုတ်ပါဘူးနော်။ဒီနေ့ပေါ့။ဟုတ်တယ်..အမေ ဒီနေ့မှာ အမေဟာသားအ
တွက်နဲ့ ချွေးသီးပေါက် ကြီးငယ်ကျခဲ့ဘူးတယ် ဆိုတာလေ။အမေက သားကို အကြီးဆုံး
သားဆိုပေမဲ့ မနှစ်ကအမေမဆုံးပါးခင်အချိန်ထိ သားငယ်လေးလို့ပဲ ခေါ်ခဲ့တာ။သားလူ
ကြီးဖြစ်နေပြီအမေလို့သားကပြောတဲ့အချိန်မှာ ဟုတ်ပါတယ် သားငယ်လူကြီးလေးရယ်
လို့ပြုံးစိစိနဲ့ကြည့်ပြီးအမေပြန်ပြောခဲ့တယ်။သားမှာသားသမီးကျောထောက်နောက်ခံ
ဆိုတာ မရှိသေးပေမဲ့သားနားလည်ပါတယ်အမေ။သားအသက်ဘယ်လောက်ကြီးကြီး၊ 
သားအရွယ်ဘယ်လောက်ရောက်ရောက်၊သားရဲ့ဂုဏ်ဒြပ်တွေ ဘယ်ထိမြင့်မြင့် 
အမေ့ရဲ့မျက်ဝန်းအိမ်ထဲသားဟာအမေ့အတွက်ကလေးငယ်လေးတစ်ယောက်ဆိုတဲ့
အမြင်ကို မပြင်နိုင်သေးဘူးဆိုတာလေ။

View My Stats