ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

3/31/10

မြန်မာမိန်းခလေးတစ်ဦးဖြစ်ပါသည်

OSH act

Occupational Health and Safety Act ဆိုတဲ့ ဥပဒေက နိုင်ငံတော်တော်များများမှာရှိတယ်။ အလုပ်သမားအခွင့်အရေး၊ လုပ်ငန်းရှင်အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ဥပဒေဖြစ်တယ်။ နှစ်ဦးနှစ်ဘက်နစ်နာမှုမရှိအောင် လုပ်ပေးထားတာဖြစ်တယ်။ ဒါကို လူတိုင်းနားလည်သင့်တယ်။ Occupational Health and Safety ကို ဗမာလို ဘာသာပြန်ချင်ရင် လုပ်ငန်းခွင်ဆိုင်ရာကျန်းမာရေးနဲ့ လုံခြုံရေးဥပဒေလို့ ကျနော်ဘာသာပြန်တယ်။ ဒီဥပဒေရဲ့ အဓိကအနှစ်သာရက အလုပ်သမားတွေမနစ်နာအောင်၊ အလုပ်ရှင်တွေမဆုံးရှုံးအောင်၊ ကုန်ထုတ်လှုပ်မှုမြင့်မားအောင်၊ နှစ်ဦးနှစ်ဘက်အကျိုးရှိအောင် လုပ်ပေးတဲ့ဥပဒေဖြစ်တယ်။

International Labour Organization မှာပါတဲ့နိုင်ငံတိုင်းဟာ ဒီဥပဒေရှိရတယ်။ ရှိမှလည်း ILO ကိုဝင်ရတယ်။ လက်မှတ်ထိုးရတယ်။ မြန်မာ၊ ထိုင်း၊ နဲ့ တချို့ နိုင်ငံတွေမှာ ဒီလိုဥပဒေတော့ မရှိဘူး။ အလုပ်သမားအခွင့်အရေး၊ လုပ်ငန်းရှင်အခွင့်အရေးကို ကာကွယ်ပေးတဲ့ဥပဒေ၊ ဒါကိုနာမည်တမျိုးနဲ့လုပ်ထားတော့ရှိတယ်။ ထိုင်း၊ မြန်မာ၊ မလေးရှား၊ စင်္ကာပူ၊ စတဲ့နိုင်ငံတွေမှာ ဒီလိုဥပဒေရှိရဲ့ သားနဲ့ မြန်မာနိုင်ငံသားတွေ ခွေးဖြစ်နေတာကိုမခံချင်လို့ ဒီလိုရေးတယ်။ အဓိကအားဖြင့် နိုင်ငံသားဆိုတာက ဘာမှသိတ်နားလည်းတာမဟုတ်ဘူး။ အစိုးရ၊ အန်ဂျီအို၊ အလုပ်သမားအခွင့်အရေးကိုလုပ်နေတဲ့လူတွေက အသိပညာပေးရတယ်။ မြန်မာပြည်သားတွေအတွက် လုပ်နေပါတယ်ဆိုတဲ့ အန်ဂျီအိုကိုကြည့်။ လေတိုက်ရင်လေတော့မဲ့အတိုင်းပဲ။ ဒီလိုပြောလို့မင်းလာလုပ်ပါလားဆိုရင်လည်း မလုပ်နိုင်ဘူး။ ပြောကြည့်တာ။

ဆက်ရေးအုံးမယ်...

တွေ့ ရင်ပြောပေးကြပါ

တွေ့ ရင်ပြောပေးကြပါ

MAI(Myanmar Airways Intl)
Flight No. 8M331
bag brand SIEMENS
color black
tag No. …………….
reference No BKK8M11110
date 19 Mar 2010
Time Mingaladon(RGN) 16:30 –Suvarnabumi Intl Arpt (BKK) 18:15

မတော်တဆမှားယူသွားမိတယ်လို့ ဘဲကျမယူဆပါတယ်။
အုပ်စုလိုက်လာသောအဖွဲ့ မှ ပုဆိုးဝတ် ထားသောလူတယောက်ကျမဧ။်သေတ္တာနှင့်ချွတ်စွတ်တူသောသေတ္တာအပါအဝင် ၃ လုံးခန့် 
လက်တွန်းနှင့် တွန်းသွားတာကိုကျမသေသေချာချာမြင်လိုက်မိပါတယ်။ နောက်မှပြေးလိုက်သွားသ်ာလည်း.. စစ်ဆေးရေးဂိတ်ကိုကျော်နေပြီဖြစ်ရု.. ကိုယ့်ကိုယ်ကိုဥစ္စာခြောက် နေပြီဟူုရ်ုပင်ထင်ခဲ့မိတယ်။ ပစ္စည်းရောက် တဲ့အ၀ိုင်းပတ်ထဲမှာလည်းပစ္စည်း ၂ ခု သာ ကျန်တော့တယ်။ တခါမှနောက်ကျ ပြီးပစ္စည်းမယူဖူးပါ။

လေယာဉ်ခုံခြင်းကပ်ရပ်ထိုင်သောမိန်းကလေးတယောက်တခါ မှPassport နဲ့ ခရီးမထွက်ဖူ့း (မြန်မာစာ.English)လုံးဝမရေးတတ်မဖတ်တတ်ပါ။ ဆိုင်းထိုးဖို့ တောင် မတတ်ပါ။
PHUKET ကိုလေယာဉ်ပြောင်းစီးရန်အကူအညီ တောင်းလို့  ..ကူညီလျှာရှည်မိ ပါတယ်။
သူများကိုကူညီလျှာရှည်သောကျေးဇူးတော်ကြောင့်ကျမရဲ့သေတ္တာတော့  ပုဆိုးဝတ်ပြီး Bangkok ကိုလာတဲ့ဦးလေးရဲ့ မ
သွားခြင်းခံရပါတယ်။

ဒီစာကိုဖတ်မိတဲ့ ဦးဦး၊ ကိုကို၊ မမ ၊ မောင်လေး၊ ညီမလေး အားလုံးကိုအကူအညီတောင်းပါတယ်။
Bangkok ကို ၁၉.၃.၂၀၁၀ သောကြာ ညနေ MAI Flight နဲ့ ဈေးဝယ်ရန်၊ ဆေးကုရန်၊ ဘုရား
ဖူးရန် အကြောင်းအမျိုးအမျိုး နဲ့  ရောက်လာကြတဲ့ မြန်မာနိုင်ငံသားထဲမှာ အသိမိတ်ဆွေ ဆွေမျိုးမောင်နှမ
များရှိပါကကူညီ မေးမြန်းပေးကြပါ လို့ အကူအညီ တောင်းပါတယ်။

ကျမရဲ့ ခရီးဆောင် သေတ္တာ အမျိုးအစားက (SIEMENS)ပါ။ ဈေးကွက်မှာ ချရောင်းတဲ့ဟာ
မဟုတ်ပါ။ ကျမ ရက်ပေါင်း၂၁-၇က်ခန့် မိုင်ပေါင်း(၁၃,၂၅၀) ကျော် ခရီးရှည်မနားတမ်း ဆက်ခဲ့ပါတယ။်
လူပင်ပန်း စိတ်ဆင်းရဲ အေးသောရာသီ ၊ ပူသောရာသီ ကြောင့် ပန်းဖျားနေတာ ၅ ရက်ရှိပါပြီ။
အိပ်ရာထဲ လှဲနေရပါတယ်။မြန်မာပြည်မှာ ၄ ည ဘဲအိပ်ခဲ့ရပါတယ်။
စာ၇ွက် ၁ ၇ွက်ကြောင့် နေပြည်တော်ကိုနေ့ ချင်းပြန်သွားခဲ့ပါတယ်။

သေတ္တာ မှားယူမိတဲ့ ပုဆိုးဝတ် ကိုကိုဦးလေးကြီးရေ၊
ကိုယ်ချင်းစာ စိတ်ကလေး ထားပြီး အမြန်ဆုံးအကြောင်းကြားပေးပါလို ။့
ပါသွားတဲ့ သေတ္တာထဲက ပစ္စည်းက...ရှင့်အတွက် ဘာမှအသုံးမ၀င်ပါဘူး။
ဒါပေမဲ့တစုံတယောက် သောသူအတွက် အင်မတန်မှအေ၇းကြီးပါတယ်။

ကူညီမိသောမိန်းကလေး သူ့လက်ကိုင်ဖုံးထုတ်ပြီးကျမရှေ့မှာဘဲတစုံတယောက်သောသူကို
ဖုံးဆက်ပါတယ် “Can you book the ticket for me” မနေနိုင်၍ထပ်လျှာရှည်မိပြန်တယ်။
စာမတတ်ပါဘူး...စကားကတော့....ဂွတ်ရှယ်ပါ... တဲ။့

အမေရေအဖေရေ...သမီးကိုကယ်ပါ.. ဘယ်လူ့ဘုံဘဝမှာနေထိုင်အသက်ရှင်မိနေလဲမသိတော့ပါဘူး။

ကျမက ဟော်လန်နိုင်ငံေ၇ာက်နေပါတယ်.
ကျေးဇူးပြုရု

MAI 0816267240 U Gilmore စိုးမင်း
bkk.cm@maiair. com
bkk.stnmgr@maiair. com
airportmgr@maiair. com
publicrelations@ maiair.com ဆက်သွယ်အကြောင်းကြားပေးကြပါ။
MAI မှလည်းအကြောင်းပြန်လာပါတယ်
ခုထိတော့ No တဲ့။

Occupational Safety and Health Act (1994) (Malaysia)

Occupational Safety and Health Act (1994) (Malaysia)
လုပ်ငန်းခွင်ဆိုင်ရာလုံခြုံရေးနှင့် ကျန်းမာရေးဥပဒေ (မလေးရှား)


Occupational Safety and Health Act (1994) Malaysia သည်မလေးရှားနိုင်ငံတွင် အလုပ်လုပ် ကိုင်သော မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိသင့်သိထိုက်သော ဥပဒေတခုဖြစ်ပါသည်။ ထိုဥပေဒကို မြန်မာဘာသာဖြင့် လုပ်ငန်းခွင်ဆိုင်ရာလုံခြုံရးနှင့် ကျန်းမာရေးဥပဒေဟု ခေါ်တွင်နိုင်သည်။ ယင်းဥပဒေ၏အဓိကရည်ရွယ်ချက်မှာ လုပ်ငန်းခွင်ကြောင့်ဖြစ်ပေါ်လာနိုင်သော အလုပ် သမားများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ အသက်ဘေးအန္တရာယ်ကင်းရှင်းရေးအား ကာကွယ်ပေးသည့် ဥပဒေဖြစ်သည်။ 

ထို့အပြင်မိမိလုပ်ငန်းခွင်ကြောင့်အလုပ်သမား၏စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များလည်းမြှင့်တင်ပေးရန်ဖြစ်သည်။ မလေးရှားရောက်မြန်မာနိုင်ငံမှအလုပ်သမားများအနေဖြင့် အောက်ပါဥပဒေသုံးခုအား အထူးနားလည်ရန် အရေးကြီးသည်။

Section 24

၁) အလုပ်သမားတာဝန်နှင့် ၀တ္တရား

( က) အလုပ်သမားတစ်ယောက်သည် မိမိကျန်းမာရေး၊ လုံခြုံမှုရှိရေးအားဂရုစိုက်ရမည်။ ဒါ့အပြင် အခြား သူများအားလည်း မိမိကြောင့် အန္တရာယ်မဖြစ်စေရန် တာဝန်ယူကြည့်ရှုစောင့်ရှောက်ရမည်။

(ခ) အလုပ်ရှင်နှင့်ပူးပေါင်းပြီးလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်မှု ပြုရမည်။

(ဂ) လုပ်ငန်းခွင်အတွင်းအန္တရာယ်မဖြစ်စေရန် အလုပ်ရှင်မှ ထောက်ပံ့ပေးသည့် အကာအကွယ်ပစ္စည်းများ (ဥပမာ - လက်အိတ်၊ နှာခေါင်းစည်း၊ ဦးထုပ်) ၀တ်ဆင်ရမည်။

(ဃ) အလုပ်ရှင်၏လုပ်ငန်းခွင်ဆိုင်ရာ စည်းကမ်းများ၊ ဥပဒေများအားလိုက်နာရမည်။

၂) အလုပ်သမားမှလိုက်နာရန်ပျက်ကွက်ပါက ထောင်ဒဏ်သုံးလ (သို့) ဒဏ်ငွေ ရင်းဂစ် ၁၀၀၀ ပေးဆောင်ရမည်။ နှစ်မျိုးစလုံကိုလည်း တပါတည်းကျခံစေနိုင်သည်။

Section 15

၂) လုပ်ငန်းရှင်တာဝန် နှင့် ၀တ္တရား

(က) အလုပ်ရှင်သည် မိမိလုပ်ငန်းရှိ အလုပ်သမားများ၏ ကျန်းမာရေးအား အန္တရာယ်မဖြစ်စေရန် စက်ယန္တရားများကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြုပြင်ခြင်းများရှိရမည်။

(ခ) အလုပ်ရှင်သည် မိမိလုပ်ငန်းတွင် အသုံးပြုသော ပစ္စည်းများ၊ စက်ယန္တရားများအား မိမိအလုပ်သမားများ ၏ကျန်းမာရေး၊ အသက်န္တရာယ်လုံခြုံစိတ်ချနိုင်ရေး၊ မတော်တဆထိခိုက်မှု မဖြစ်စေရန်အထူး ဂရုပြုစီမံရန် တာဝန်ရှိသည်။ အလုပ်သမားများအနေဖြင့် ယင်းပစ္စည်းများအား ကိုင်တွယ်အသုံးပြုခြင်း၊ သိုလှောင်ခြင်းများပြုလုပ်ရာတွင် အလုပ်သမားများအား အန္တရာယ်အဖြစ်စေရန်အလုပ်ရှင်မှ စီမံခန့်ခွဲပေး ရမည်။

(ဂ) အလုပ်ရှင်သည် မိမိအလုပ်သမားများ လုပ်ငန်းခွင်ရှိစက်ယန္တရားများ နှင့် ဓာတုဗေဒပစ္စည်းများ အသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်၊ သင်တန်း၊ ကြီးကြပ်ကွပ်ကဲမှုပြုလုပ်ပေးရန် တာဝန်ရှိ သည်။

(ဃ) အလုပ်ရှင်သည် လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချမှုရှိရေး၊ ကျန်းမာရေးနှင့်မညီညွတ်သော လုပ်ငန်းခွင် မဖြစ်စေရန် ထိမ်းသိမ်းစောင့်ရှာက်ပြုပြင်ခြင်းများပြုလုပ်ရန်တာဝန်ရှိသည်။

Section 16

လုပ်ငန်းခွင်ဆိုင်ရာလိုက်နာရမည့် စည်းကမ်း (သို့) မှု ထုတ်ပြန်ခြင်း

အလုပ်ရှင်သည် မိမိအလုပ်သမားများ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် မိမိကိုယ်ပိုင်စည်းကမ်း (သို့) မှု အားရေးသားထုတ်ဝေပြီး လုပ်ငန်းခွင်တွင် အလုပ်သမားသိစေနိုင်ရန် ထုတ်ပြန်ထားရမည်။ ယင်းထုတ်ပြန်ကြေငြာချက်အား အလုပ်သမားများသိရှိနားလည်စေရန် လုပ်ဆောင်ရမည့်တာဝန်ရှိသည်။

၃) ထိုတာဝန်များအားမကျေပွန်ပါက ဥပဒေအရအရေးယူခံရနိုင်ခြင်း

အလုပ်ရှင်အနေဖြင့် အထက်ပါတာဝန်များ၊ ဥပဒေများအား ဖောက်ဖျက်ပါ ဒဏ်ငွေ ရင်းဂစ် ငါးသောင်း( သို့) ထောင်ဒဏ် နှစ်နှစ် ကျခံစေရမည်။ နှစ်မျိုးလုံးကိုလည်း တပါတည်းကျခံစေနိုင်သည်။ 


Occupational Safety and Health Act (1994) (Malaysia) ရှိ တချို့ ဥပဒေများအား ဆီလျှောင်အောင်ဘာသာပြန်ထားခြင်းဖြစ်သည်။

သင်္ကြန်အစီအစဉ်- စကာင်္ာပူ-သြစီ


ကဲ...ဘော်ဘော်ဒို့...

မြန်မာပြည်ပြန်လို့မရသူများ စ-လုံးကို ဒိုးလို့ရတယ်နော်...။ စလုံးမှာ ဒီနှစ်စည်ကားမယ်။ စလုံးကို မဒိုးချင်ရင်လည်း Perth မှာလည်းအားရပါးရ ပတ်လို့ရတယ်နော်...။ ပတ်မှာ မပတ်ချင်ရင်လည်း ပီနန်ကို ဒိုးကြဟေ့..။ ဗမာပြည်ပြန်မှ သင်္ကြန်ကျတာမဟုတ်ဘူးဆိုတာ အားလုံးသဘောပေါက်ပါတယ်။ မြန်မာပြည်မှာ သင်္ကြန်မရှိတော့ဘူး။ မြန်မာသင်္ကြန် ကမ္ဘာပတ်ကုန်ပြီ။

ပို့ပေးသူအားလုံးကျေးဇူး။

View My Stats