ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
9/30/11
Thank you U Thein Sein
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် တကွသော လက်ရှိကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအစိုးမှ မြစ်စုံဆည်စီမံကိန်းအား ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြားသိရပါသည်။ ထို့ ကြောင့် ဖော်မပြနိုင်သော ဝမ်းသာပီတိဖြစ်ရပါသည်။ ပြည်သူ့ လူထုရဲ့ အသံကိုနားထောင်သည့် အစိုးရဖြစ်ကြောင်း လက်တွေ့ ပြသလိုက်သည့်အတွက်ကြောင့် လေးစားမိပါသည်။ ကျနော်တို့ ပြည်သူတစ်ရပ်လုံးမှလည်း ယခုကိစ္စနှင့်ပက်သက်၍ အစိုးရအားဝိုင်းပြီးချီးကျူးကြပေးစေချင်ပါသည်။
9/28/11
ဝေလေလေ နိုင်ငံရေးလား?
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တွေအားလုံးပေါင်းရင် ဘယ်လောက်တောင်ရှိမလဲမသိဘူး။ ကရင်မှာလည်း တဖွဲ့ နဲ့ တစ်ဖွဲ့ က မတူ။ ကချင်းမှာလည်းကွဲလို့ ကွဲ။ ပြောရရင် သူတို့ အချင်းချင်းတောင်မတည့်ဘူး။ ဒီလိုအဖွဲ့ တွေပေါင်းစုံ လိုချင်နေတာကတော့ နိုင်ငံရေးအရတန်းတူဆွေးနွေးရေး နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ တကယ်တမ်း မညာစတမ်းပြောရရင် သူတို့ ဘာလိုချင်တာလဲဆိုတာကို ယနေ့ အထိ ရှင်းရှင်းလင်းလင်း မသိရဘူး။ ဥပမာ နိုင်ငံရေးအရတန်းတူဆွေးနွေးချင်တယ်ဆိုတဲ့ ကိစ္စကို စဉ်းစာကြည့်ပါ။ ဘယ်လိုတန်းတူလဲ။ ဘယ်လို အခြေအနေရောက်မှ တန်းတူဖြစ်မှာလဲ။ အစိုးရအနေနဲ့ ဘာပေးရမှာလဲ။ နောက်ပြီး သူတို့ လက်နက်ကိုင်တပ်ဖွဲ့ တွေကကော အစိုးရနဲ့ ပြည်သူကို ဘာပြန်ပေးမှာလဲ။ နောက်တခုက အစိုးရကနေ တိုင်းရင်းသားအဖွဲ့ တွေအားလုံးကိုခေါ်ပြီးဒီလိုလုပ်စေချင်တာလား။ နိုင်ငံတော် သမ္မတကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ ကနေ သူတို့ နဲ့ ဆွေးနွေးတဲ့အချိန်ရောက်မှ တန်းတူတယ်လို့ ခေါ်မှာလား။
ကိုယ်ပိုင်ပြဌာန်းခွင့်ပဲခေါ်ခေါ် ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ပဲပြောပြော အဓိက အနှစ်ချုပ်က ငါ့လူမျိုးနဲ့ ငါပြည်နယ်ကို ငါတို့ ပဲအုပ်ချုပ်မယ်။ ဥပမာ ကရင်က ကရင်ပြည်နယ်ကို အုပ်ချုပ်မယ်။ ရှမ်းကလည်း ရှမ်းပြည်နယ်ကို အုပ်ချုပ်မယ်။ ဗမာက ရှမ်းပြည်ကိုလာပြီး မအုပ်ချုပ်နဲ့ ။ ကိုယ့်ဒေသကို ကိုယ်အုပ်ချုပ်ပိုင်ခွင့်၊ ဥပဒေပြုပိုင်ခွင့်၊ တရားစီရင်ပိုင်ခွင့် ပေးမှ တိုင်းရင်းသားတွေ အပစ်ရပ်မှာလား။
ဒါ့ကြောင်လက်ရှိတိုင်းရင်းလက်နက်ကိုင်အဖွဲ့ တွေတောင်းဆိုနေတဲ့ နိုင်ငံရေးတောင်းဆိုသံတွေဟာ မပီပြင် မရေရာဘူး။ မတိကျဘူး။ ပေတံတစ်ခုတော့ သတ်မှတ်ထားဖို့ လိုအပ်နေပြီ။ ပေတံက အထက်ကပြောနေတဲ့ နိုင်ငံရေးအရတန်းတူဆွေးနွေးပါဆိုတဲ့ ပေတံမျိုးကိုပြောတာ မဟုတ်ဘူး။
အခုလက်ရှိကာလမှာ လုပ်သင့်တဲ့အလုပ်က တဖွဲ့ တည်းဖြစ်ဖို့ လိုတယ်။ ဥပမာ ကရင်ပြည်မှာဆိုရင် လက်နက်ကိုင်တပ်တွေက အများကြီး။ ဒီကေဘီအေ၊ ကေအန်ယူ နဲ့  ဗိုလ်ချုပ်ထိန်မောင်တို့ လို အဖွဲ့ တွေလည်းရှိနေသေးတယ်။ ဒီအဖွဲ့ တွေကို တစ်ဖွဲ့ တည်းတစ်သံတည်း ဖြစ်အောင် မလုပ်နိုင်သမျှကာလပတ်လိုး ဘယ်တော့မှ နအဖအစိုးရကို သွားပြီးမဆွေးနွေးနဲ့ ။ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေလည်း အတူတူပဲ။ အရင်ဦးဆုံးလုပ်သင့်တာက တဖွဲ့ တည်း တစ်သံတည်းကို အတိအကျဖြစ်ဖို့ လိုနေပြီ။ အခုလက်ရှိ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖဒရယ်ကောင်စီဆိုတာတော့ရှိတယ်။ ဒါပေမဲ့ ဒီအဖွဲ့ ထဲမှာ ဒီကေဘီအေလို ခွဲထွက်အဖွဲ့ မပါဘူးလို့ သိရတယ်။ နောက်ပြီးအခြားအဖွဲ့ တွေလည်း ရှိသေးတယ်။ ဒီလို လက်နက်ကိုင်အဖွဲ့ တွေအားလုံးကို တစ်စုတစ်စည်းတည်းရှိနေဖို့ လိုအပ်တယ်။ လိုချင်တာ အတိအကျဖြစ်နေဖို့ လိုတယ်။ လိုချင်တာကို အစိုးရက ပေးစရာမလိုဘူး။ ဒါသူ့ အလုပ်မဟုတ်ဘူး။ အခုဟာက ဘာကိုမှ အတိအကျ မဖြစ်ဘူး။
ဒ့ါအပြင် ပြည်ပက ပြည်ပြေး ၈၈-မျိုးဆက်လို့ ပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် အတိုက်အခံတွေလည်း ကိုယ်လိုချင်တာကို အတိအကျရှိဖို့ ကောင်းနေပြီ။ အဖွဲ့ အစည်းတစ်ခု ခေါင်းဆောင်တစ်ခုအောက်မှာ ရှိသ့င်နေပြီ။ ပြန့် ကျဲနေတဲ့ အသံပလံတွေကတော့ ထုံးစံအတိုင်းရှိနေမှာပဲ။ ဒါပေမဲ့ ကျနော်တို့ က ဘာကို အသေအချာရတော့မှ အစိုးရကို အတိုက်အခံလုပ် ဆန့် ကျင်နေတာကို ရပ်မှာလဲ။ အခုတော့ တောင်းဆိုချက်တွေက အရမ်းကြီးပြီးနေလားလို့ ပါ။ ဥပမာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကပြောတဲ့ စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိမ်းရေးဆိုတဲ့ ရည်ရွယ်ချက်မျိုး ဦးတည်ချက်မျိုးက ယေဘုယျဆန်တယ်။ ဘယ်အချိန်ကြမှ အကုန်အစင်ဖြစ်မှာလဲ။ ဘုန်းကျော်တက်ပြီး အုပ်ချုပ်တဲ့အချိန်ကြမှ အကုန်အစင်ဖြစ်မှာလား။ နောက်ထပ်နှစ်ပေါင်း ငါးရာကြမှ စစ်အာဏာရှင် အကုန်အစင်ဖြစ်မှာလား။ စစ်အာဏာရှင်ကုန်မှ အိမ်ပြန်မှာလား။ ဒါဆိုရင် ကျနော်တို့ တွေ သင်္ချုင်းမှာ အရမ်းဆွေးနေလောက်ပြီ။
တိုင်းရင်းသားတွေကော ပြည်ပက ၈၈-ပြည်ပြေးတွေကော ဟိုပုန်းဒီကြပ်လုပ်နေတဲ့ ဗကပတွေကော အာလုံးသော နိုင်ငံရေးစိတ်ဝင်စားသူတွေ စဉ်းစားသင့်တာက ပန်းတိုင် အတိအကျ ရှိသင့်နေပြီ။ အခုရှိတဲ့ပန်းတိုင်တွေက ဆင်ရဲ့ ဟိုဟာ ခွေးမျှော်နေရတဲ့ ပန်းတိုင်လိုမျိုးဖြစ်နေမလားပဲ။ ရည်ရွယ်ချက်တွေက အရမ်းကြီးတယ်။
နောက်တစ်ချက်က အခုလက်ရှိ ပြည်ပလူတွေက ဘယ်သူ့ ကို ခေါင်းဆောင်တင်ရမှာလဲ။ ဘယ်အဖွဲ့ အစည်းကို အားကိုးရမှာလဲ။ ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီတော့ရှိတာပေါ့။ အခုတော့ ကျနော်တို့ ပြည်ပရောက်အတိုက်အခံတွေမှာ ခေါင်းဆောင်မရှိဘူး။ အခုရှိတဲ့ ခေါင်းဆောင်လို့ ခေါ်တဲ့ လူတွေကလည်း ချီးပေတွေချည်းပဲ။
လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို ဆက်ဆံတဲ့ပုံစံက သူဖြစ်ချင်တာတွေ မြန်မြန်ကောင်အထည်ဖော်အောင် မြန်မြန်ပြီးအောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းပြီး ကူခိုင်းတဲ့အဆင့်ဖြစ်နေပြီ။ ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကိုပဲ အစိုးရက လူထင်တယ်။ ကျန်တဲ့ အန်အယ်ဒီကလူတွေကို အူကြောင်ကြား ချီးထုတ်တွေ သုံးစားလို့ မရသူတွေဆိုပြီး သတ်မှတ်သလိုပဲ။ မယုံမရှိနဲ့ ...ဒေါ်အောင်ဆန်းစုကြည်မှာ ခိုင်မှာတိကျတဲ့ ပန်းတိုင်မရှိရင် အစိုးရစားတာကို ခံရလိမ့်မယ်။ အစိုးရအတွက် ဒေါ်အောင်ဆန်းစုကြည်က အရမ်းကိုလှပတဲ့ မျောက်မလေးတစ်ကောင်ပဲ။
အခုပုံစံက နိုင်ငံရေး ဦးတည်ချက်တွေကို အတိအကျ ရှိဖို့ လိုနေပြီ။ တိုင်းလို့ ရတဲ့ပေတံကိုလည်း ရှိသင့်တယ်။ အချိန်ကာလရှိသင့်တယ်။ အခုတွေ့ ရသလောက် တောင်းဆိုနေတဲ့ အရာတွေက ဘာမှ မတိကြဘူးလို့ ထင်တယ်။ ဥပမာ နိုင်ငံရေးအဖွဲ့ အစည်းတွေတောင်းဆိုနေတာကို ကြည့်ကြည့်ပါ။
၁) စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး။
၂) တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး။
၃) ဒီမိုကရေစီးရေး
၎) ပြည်တွင်းငြိမ်းရေး။
ဒါတွေက ဘာတွေလဲ။ ဒါတွေကို ကျနော်နားလည်တာက တမျိုးဖြစ်နေတယ်။ ဒီလိုရည်မှန်းချက်တွေဟာ အရမ်းကို ကြီးနေလားမသိဘူး။ တိုင်းပြည်မှာ ရှိသင့်တဲ့အရာတွေတော့မှန်တယ်။ ဒါပေမဲ့ အခုတော့ ဝေလေလေပဲ။
ကျနော် သူပုန်လုပ်တုန်းက ခံစားချက်တမျိုးပဲရှိတယ်။ ဒါကတော့ ငါတို့ အခုလို ဆင်းရဲတာဟာ အစိုးရမကောင်းလို့ ဆိုတဲ့ခံစားချက်တစ်ချက်ပဲရှိတယ်။ ဒါ့ကြောင့် အစိုးရကို ဖြုတ်ချချင်တယ်။ ဖြုတ်ချချင်လို့  သူပုန်လုပ်တယ်။ အခုထက်ထိ အစိုးရလည်း မပြုတ်ဘူး။ ကိုယ်ပဲ ပြုတ်တယ်။ နောက်ပြီး ဘာနိုင်ငံရေးရည်ရွယ်ချက်တွေ ဦးတည်ချည်တွေလည်း မသိဘူး။ တစ်ပုံကြီးဖြစ်လာတယ်။ အခုတော့ ငယ်ငယ်တုန်းကအတိုင်းပဲ စဉ်စားတော့မယ်။ ခံစားချက်ထားတော့မယ်။ ဒါကတော့ အစိုးရမကောင်းလို့  ငါတို့ ဆင်းရဲတာပါ။ ဒါ့ကြောင့် မကောင်းတဲ့အစိုးရကို ဖြုတ်ချချင်တယ်။ ဒါက ပိုပြီးခေါင်းထဲမှာရှင်းတယ်။
9/26/11
ဆန္ဒပြသူတွေ မှန်တယ်
ဆန္ဒပြတာက တိုင်းပြည်ကို ဆူပူမှုဖြစ်အောင် တမင်လုပ်တာမဟုတ်ဘူး။ ကိုယ့်ရင်ထဲမှာ ဘာရှိလဲဆိုတာကို မသိတဲ့သူတွေ သိအောင်ပြောပြတာဖြစ်တယ်။ ဒီလို ဆန္ဒပြတာကို မလုပ်နဲ့ လို့  ပြောလို့ မရဘူး။ အဓိကပြောသင့်တာက ဆန္ဒပြတဲ့လူတွေကို အကြမ်းဖတ်ပြီး မနှိမ်နှင်းပါနဲ့ ။ သူတို့ ရင်ထဲက စကားကို နားထောင်ပါ။ အခုလို ဆန္ဒပြလို့ လည်း လက်ရှိသွားနေတဲ့ အမျိုးသားသင့်မြတ်ရေးလမ်းကြောင်းကို မထိခိုက်နိုင်ဘူး။ ပိုလိုတောင်မြန်နိုင်သေးတယ်။ ဒါ့ကြောင့် ဆန္ဒပြသူတွေဟာ အရမ်းမှန်တယ်။
9/22/11
ဦးသိန်းစိန်ဘောကို "မ" ကြပါ
္ဏ္ဒ္ဒကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေး အစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တာဆူနေပြီဆိုတာကို လူတိုင်းသိတယ်။ အခုထိတော့ စကားပဲပြောပါသေးတယ်။ လက်တွေ့ တွေတော့ ဘာတစ်ခုမှ မပါသေးဘူး။ လက်တွေ့ ဆိုတာက ကျနော်တို့ လိုချင်တဲ့..
၁။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးကို တတိုင်းပြည်လုံးလုပ်ပါ။
၂။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တွေနဲ့ နိုင်ငံရေးအရ တန်းတူဆွေးနွေးပြီး ရာသက်ပန် အပစ်ရပ်ကြပါ။
၃။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပြီး လူတိုင်းနိုင်ငံရေးကို လွတ်လပ်စွာလုပ်ပိုင်ခွင့်၊ ဆန္ဒပြခွင့် ပေးပါ။
၎။ သတင်းလွတ်လပ်ခွင့်ပေးပါ။
၅။ ဘာပြဿနာပဲဖြစ်ဖြစ် ပါးစပ်နဲ့ ဖြေရှင်းပါ၊ လက်မပါကြပါနဲ့ ။
ဒါတွေက ကျနော်လိုချင်တဲ့အရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လက်ရှိစာရေးနေတဲ့အချိန်ထိ ရပြီလားဆိုတော့ လုံးဝမရသေးဘူးလို့ ပြောနိုင်တယ်။ နဲနဲလေးရတာကလွဲရင်ပေါ့။
အခုအချိန်မှာ သူတို့ အစိုးရကော အတိုက်အခံခေါင်းဆောင်လို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ကော နှစ်ဘက်စလုံးက အပြောင်းအလဲတွေ စတင်အကောင်အထည်ဖော်နေပြီလို့ ပြောနေတာကို လူတိုင်းသိပါတယ်။ ဒီနေရာမှာ ပြည်ပက လူတွေပြန်လာခဲ့ပါဆိုတဲ့ အပြောင်းအလဲက သေးသေးလေးပါ။ စကားထဲတောင်ထည့်ပြောစရာမလိုပါဘူး။
သူတို့ ဒီလိုမျိုးလုပ်နေတာကို ကျနော်က အရင်အတိုင်း မယုံဘူး။ လိမ်နေတာဖြစ်တယ်။ ဟိုဟာ အရင်လုပ်ပါ။ ဒါတွေအရင်လုပ်ပါဆိုပြီး ခွကျကျ စကားကို အချိန်မရွေးပြောလို့ ရ တယ်။ အခုထိလည်း စစ်အစိုးရက ယုံချင်စရာမှ မကောင်းတာ။ ကျနော်တို့ ဗမာအချင်းချင်းတောင် မဟုတ်ဘူး နိုင်ငံခြားသားတွေတောင် သိတယ်။ ဒါပေမဲ့ သူတို့ ကောင်းတဲ့ ခြေလှမ်းနဲ့ လှုပ်ရှားမှုတွေလုပ်နေတာကို ကောင်းတယ်လို့ ပြောသင့်တယ်။ ကြိုဆိုသင့်တယ်။ ဒီလိုမျိုးလှုပ်ရှားမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒီလူကတော့ လိမ်နေတာကွာဆိုပြီး ဘေးထိုင်ဘိုင်ကြ ဘုစကားပြောနေမဲ့အစား လက်တွေ့သူတို့ နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ အချိန်ကာလတစ်ခုအထိ ဒီလူတွေ လိမ်တယ်ဆိုတာ မှန်နေရင်တော့ ဆက်ပြီးမပေါင်းနဲ့ ပေါ့။ ကိုယ့်လမ်းကိုယ်ဆက်ပြီးလျှောက်ပေါ့ဗျာ။ ဒါကို လက်တွေ့ ကြတယ်လို့ ခေါ်တယ်။ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ လွှတ်တော်ထဲ ဝင်မှ မဟုတ်ဘူး။ လေနဲ့ ပူးပေါင်းဆောင်ရွက်လည်းရတယ်။
အခုကာလမှာ လူတစ်ချို့  အဖွဲ့ အစည်းတစ်ချို့ ပူးပေါင်းဆောင်ရွက်နေတာဟာ တကယ်မှန်တယ်လို့ ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုမှ မသွားရင် အရင်တုန်းကလမ်းစဉ်ကကော အလုပ်ဖြစ်လို့ လား။ ကျနော်က ဒီလိုမျိုး အစိုးရလုပ်နေတာတွေကို ချီးကျူးအားပေးပြီး အကောင်းစကားပြောနေတာက ရည်ရွယ်ချက်ရှိတယ်။ ဒါကတော့ အစိုးရကို အိမ်ပြန်ချင်လို့ ဖားနေတာမဟုတ်ဘူး။ သူ့ ကိုဖားမှ အိမ်ပြန်လို့ ရတာမဟုတ်ဘူး။ ရွယ်ရွယ်ချက်ကတော့ အခုလုပ်နေတဲ့အရာတွေကို မြန်မြန်ဖြစ်စေချင်တယ်။ ဒိထက်ပိုကောင်းလာစေချင်တယ်။ မျှော်လင့်ချက်ဆိုတဲ့ အလင်းရောင်လေး မြင်နေရတာကြောင့် အခုလို အကောင်းစကားပြောခြင်းဖြစ်တယ်။ အရင်တုန်းကအတိုင်း ငါးလိုးမသား သိန်းစိန်နှင့် ဝန်ကြီးများ ဗိုလ်ချုပ်ကြီးများ နှင့် ကပ်ဖားရပ်ဖားကောင်တွေကြောင့် တိုင်းပြည်ပျက်ရတာ ဘာညာဆိုပြီး အာလို့ ရတယ်။ ရွှီးလို့ ရတယ်။ ဒါပေမဲ့ ယနေ့ မှာ ဒါတွေမလုပ်ချင်ဘူး။
ဒါ့ကြောင့် အပျက်စကားပြောတာက လွယ်တယ်။ ဒါတွေကို ပြည်ပအတိုက်အခံတွေအားလုံးနီးပါး ပြောလာခဲ့တာကြာပီ။ အစိုးရက ကြက်ဆူပင်စိုက်လည်း စိုက်ပြန်ပြီ။ အစိုးရက တိုက်လေယာဉ်တွေ ဝယ်ပြန်ရင်လည်း ငွေကိုဖြုန်းတယ်လို့ ပြောတယ်။ ဆိုတော့ အစိုးရဘာပဲလုပ်လုပ် အစိုးရကို အတိုက်အခံလုပ်ပြီး ကန့် လန့် လုပ်လာခဲ့တာ ဘယ်လောက်ကြာပြီလဲ။ တခါတလေ သူတို့ လုပ်ရပ်တွေဟာ အကုန်လုံးမှားတယ်လို့  ဘယ်ဘိုးအေက ပြောလဲ။ ကောင်းတာလည်း ရှိပါတယ်။ အခုလက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်နေတာကို မလုပ်နဲ့ လို့ ပြောလို့ မရဘူး။ ပြည်သူတစ်ဦးအနေနဲ့ ကောင်းတယ်ဗျာ...လန်းတယ်ဗျာ...ဆိုပြီးအားပေးဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။
ဒါ့ကြောင့်အားလုံး ဝိုင်းပြီး အားပေးကြ။ ကူညီကြ။ ဖြစ်နိုင်ရင် ဦးသိန်းစိန်ရဲ့ တစ်ခုတည်းသော လဥတစ်လုံးတည်းကို ဝိုင်းပြီးမကြ။
ဘုန်းကျော်
9/21/11
May Be??
ခေါင်းထဲမှာ မရှင်းလို့ ဘူးဖြစ်နေတယ်။ အရက်နာကျနေလို့ မရှင်းတာ မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အပြောင်းအလဲတွေဖြစ်နိုင်တယ် ဆိုတဲ့စကားနဲ့ ပက်သက်ပြီးမရှင်းလို့ ပါ။ ဘယ်လိုအပြောင်းအလဲတွေလဲ။
ဒေါ်စုဦးဆောင်တဲ့ အတိုက်အခံနဲ့  လက်ရှိအစိုးရတို့ ပူးပေါင်းပြီး အစိုးရတစ်ခုဖွဲ့ မှာလား။ ဒေါ်စုကို အစိုးရအဖွဲ့ ထဲမှာ တစ်ဦးတည်း ပါခွင့်ပေးမှာလား။ ဦးဝင်းတင်တို့ ၊ ဦးတင်ဦးတို့ကတော့ အသက်ကြီးပြီဆိုတော့ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ တရုတ်လုပ် ရေဒီယိုအစုတ်လေးနဲ့  သွားနေဆိုတဲ့ သဘောလား။ သို့ လောသို့ လော မေးခွန်းတွေကို ကျနော့်ခေါင်းထဲမှာ တန်းစီနေတယ်။ ဒေါ်စုကတော့ ပြောချိန်မတန်သေးလို့ မပြောသေးတာလို့ ဆိုပြီး ကွမ်းချေးထပ်တဲ့လေသံနဲ့ ဦးညဏ်ဝင်းက သူ့ နာမည်နဲ့ လိုက်အောင် ညဏ်များပြန်ပြီ။ အခုပြောလဲ ဒီစကားပဲ၊ နောင်ပြောလဲ ဒီစကားပဲ။ ဒါနဲ့ များ ပဲ များနေရသေးတယ်။
အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့ ပြောတဲ့စကားကို မကြိုက်ဘူး။ " ဖြစ်နိုင် " ဆိုတဲ့ စကားလုံးက မသေချာဘူးလို့ ကျနော်ထင်တယ်။ ဒီစကားလုံးအစား ဖြစ်လာလိမ့်မယ်လို့ ပြောရင်မကောင်းဘူးလား။
9/20/11
Myanmar Licence and Policy
" ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ရေး အစီအစဉ်အရ မော်တော်ကားသွင်းကုန်ပါမစ် ထုတ်ပေးမှု အစီအစဉ်အား အထူးကိစ္စတစ်ရပ်အနေဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးရန် စီစဉ်ထားဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဆန်စပါးအထူးပြုကုမ္ပဏီများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည် "
ွှWeekly Eleven မှာ ရေးထားတဲ့သတင်းလေးဖြစ်ပါတယ်။ နှစ်ပေါင်းလေးဆယ်လောက်ရှိပြီဖြစ်တဲ့ ကားအိုကြီးတွေကို ကားအသစ်တွေနဲ့ အစားထိုးမယ်လို့ ကြားရတာ စိတ်မကောင်းစရာပါ။ ဘာဖြစ်လို့ လဲဆိုတော့ ကားဈေးကွက်ပျက်သွားနိုင်တယ်။ အာဏာမဲ့တဲ့လူတွေ ပိုပြီးငွေကုန်ကြအုံးမယ်။ ဒ့ါကြောင့် စိတ်မကောင်းတာပါ။
ကားအိုကြီးတွေကို မမောင်းရတော့ဘူး။ ဒီကားတွေဟာ မြို့ အင်္ဂါရပ်နဲ့ မညီမညွတ်ဘူး။ အန္တရာယ်ရှိတယ်။ အိတ်ဇောပိုက်က ထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကလည်း လေထုညစ်ညမ်းမှု့ ကိုအကြီးအကျယ်ဖြစ်စေတယ်။ ဒါ့ကြောင့် ကားကောင်းကောင်းတွေနဲ့ အစားထိုးမယ်။ မြို့ ကို ဒိထက်ပိုပြီး လှပခန့် ငြားအောင်လုပ်မယ်ဆိုတဲ့ အိုင်ဒီယာက တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ဒီပေါ်လစီရဲ့ နောက်ကွယ်မှာ ခန့် မှန်းလို့ ရတဲ့အကျိုးစီးပွားတွေဟာ အာဏာပိုင်တွေနဲ့ သူတို့ ရဲ့ လက်ဝေခံတွေ မိသားစုဝင်တွေကို ဒိထက်ပိုပြီး ချမ်းသာအောင်လုပ်ပေး နိုင်တယ်လို့ တွေးမိတယ်။ ဒါ့ကြောင့် ဒီပေါ်လစီက အရမ်းမှားတယ်လို့ ထောက်ပြချင်တယ်။
ဒါဆိုရင် ဒီနေရာမှာ ဘယ်လိုမျိုး ဒိထက်ကောင်းတဲ့အိုင်ဒီယာကို မင်းအနေနဲ့ ပေးမလဲလို့ မေးရင် ကျနော်က ဒီလိုပြောချင်ပါတယ်။
ကားတွေ အလွန်အမင်းအိုနေတာက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက လူတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကိုပဲ အဓိက စဉ်းစားရမယ်ထင်ပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံခြားက ကားအသစ်တွေကိုလည်း ဆက်ပြီးတင်သွင်းပါ။ ဒါက လုပ်သင့်တဲ့ကိစ္စ။ မသွင်းပဲထားရင် ကားဈေးတွေက ကြီးသထက်ကြီးလာတယ်။ နိုင်ငံခြားမှာ ဒေါ်လာ တစ်ထောင်တန်ကားက မြန်မာပြည်မှာ သိန်းလေးငါးရာ ပေးရတာက သဘာဝမကြဘူး။ သိန်းလေးရာဆိုတာက ဒေါ်လာ လေးသောင်းကျော်ရှိတယ်။ ဒီငွေနဲ့ သာဆိုရင် သြစတျေးလျမှာ ပရာဒိုနောက်ဆုံးပေါ်တောင် ဝယ်လို့ ရတယ်။ ဒီလို ပေါ်လစီတွေဟာ အဓိက ပြည်သူတွေကိုပဲ ထိခိုက်စေတယ်။ အာဏာပိုင်တွေကတော့ ထောတာပေါ့။ ဒါက အရမ်းကို လူလည်ကြတဲ့ ကိစ္စ။
ကားဟောင်းတွေက ပြဿနာမဟုတ်ဘူး။ ပြဿနာက လူတွေနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်ဖို့ ဆိုပြီး အထက်မှာပြောခဲ့တယ်။ ဒါကို အင်္ဂလိပ်လိုခေါ်ရင် Safety လို့ ခေါ်တယ်။ ဒါတွေကောင်းနေသမျှကာလပတ်လုံး ကားဟောင်းလည်း အသုံးဝင်တယ်။ လူတွေကို အန္တရာယ်မပေးဘူး။ Safety က ဘာလဲဆိုတာကို သိသလောက်ရှင်းပြမယ်။ ကားမှာ ရှေ့ မီးနောက်မီး၊ ဘရိတ်မီး၊ အချက်ပြမီး၊ ခါးပတ်၊ ကားတာယာ၊ ဆီယိုမှု၊ ဘရိတ်၊ ကားဘော်ဒီ၊ စတဲ့ အရာတွေဟာ သတ်မှတ်ထားတဲ့ စံနှုံးအတိုင်းရှိနေရင် ဒီကားဟာ အန္တရာယ်ကင်းတယ်။ ဒါကို တနှစ်တခါ ကားကျွမ်းကျင်သူအာဏာပိုင် ( Inspector) က ပုံမှန်စစ်ဆေးရမယ်။ သတ်မှတ်ထားတဲ့ Standard မှီရင် ကားလမ်းပေါ်မှာ မောင်းနိုင်မယ်။ မမှီရင် မှီတဲ့အထိပြင်ပါ။ သြစတျေးလျနိုင်ငံမှာ ကျနော့်ရဲ့ ကားကို ပုံမှန် တနှစ်တခါ စစ်ဆေးရတယ်။ စစ်ဆေးခကို ပေးရတယ်။ ဒီဌာနက ဒီငွေတွေနဲ့ လည်ပတ်တယ်။ အစိုးရတောင်အခွန်ရတယ်။ ကားပိုင်ရှင်ကော ကားမရှိတဲ့လူတွေကောဟာ အကျိုးရှိတယ်။ တချို့ ကားတွေဆိုရင် နှစ်ပေါင်း ၇ဝ-လောက်ရှိပြီ။ ဒီကားတွေကိုလည်း သြစတျေးလျအစိုးရက အိုနေပြီ...ဒါ့ကြောင့် သံရည်ကျိုစက်ပို့ ပါ။ မမောင်းပါနဲ့ လို့ မပြောဘူး။ ဥပဒေလည်း မထုတ်ဘူး။ ဒါပေမဲ့ ကားတိုင်းက Safety Standard ကိုလိုက်နာရတယ်။ မလိုက်နာရင် မှတ်ပုံတင် ( Registration ) မထုတ်ပေးဘူး။ မထုတ်ပေးတော့ ကားပိုင်ရှင်က သူ့ ကားကို စေ့ဖ်တီးစည်းကမ်းနဲ့  ကိုက်ညီအောင်ပြင်တယ်။ ပြင်ပြီးရင် အင်စပတ်ရှင်ဝင်တယ်။ အင်စပတ်တာက အောင်တယ်ဆိုမှ ဒီကားဟာ လမ်းပေါ်တက်ရတော့တယ်။ ဒါက ကျနော်နားလည်တဲ့ အကြမ်းဖျင်း။
ဒီဥပမာတွေကိုကြည့်ရင် ကားဟောင်းတွေ ကားအိုကြီးတွေကို ဘာ့ကြောင့်များ လွှင့်ပြစ်ရမှာလဲ။ ကားအိုကြီးတွေချစ်တဲ့ လူတစ်ချို့ ဆိုရင် ၁၉၄ဝ-လောက်ကတည်းက ကားတွေကို သေသေချာချာလှလှပပပြင်ပြီး အမြတ်တနိုးစီးကြတယ်။ အလှပြကြတယ်။ ဒီကားတွေကလည်း နောက်ဆုံးပေါ်ကားတွေထက်ဈေးအရမ်းကြီးတယ်။ တချို့ ကားတွေဆိုရင် ဒေါ်လာသန်းချီပြီးပေးရတဲ့အထိ ဖြစ်နေတယ်။ တကယ်တမ်း မြန်မာပြည်မှာ လွှင့်ပြစ်သင့်တာက လက်ရှိကျင့်သုံးနေတဲ့ သင်မောင်းစည်ကမ်း၊ လိုင်စင်ထုတ်ပေးမှု မညီမျှမှုစတဲ့ အသုံးမဝင်တော့တဲ့ စည်းကမ်းတွေကို လွှင့်ပြစ်သင့်တယ်။ သံရည်ကျိုစက်ထဲကို ပို့ သင့်တယ်။ ကားဟောင်းတာနဲ့ မဆိုင်ဘူး။ ကားအသစ်တွေသွင်းပြီး လက်ရှိစည်းကမ်းတွေကိုမှ မပြင်ရင် ဒုံရင်းက ဒုံရင်းပဲ။
နေက်တစ်ခုရှိသေးတယ်။ ကားအိုတွေရဲ့ အင်ဂျင်တွေက အရမ်းဟောင်းနေပြီ။ အိုနေပြီဆိုတော့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုက ကားအသစ်နဲ့ ယှဉ်ရင် အရမ်းများတယ်။ ဒီလိုကားတွေများတော့ လေထုညစ်ညမ်းမှု့ ကို ဖြစ်စေတယ်။ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်။ ဒီလိုမဖြစ်အောင် ကားဗွန်ထုတ်မှု မများအောင် နည်းပညာကို အစိုးရက ပံ့ပိုးပေးသင့်တယ်။ ဒိအတွက် စည်းကမ်းအသစ်ကိုထုတ်ပေးရမယ်။ ဥပမာ..ကာဗွန်များတဲ့ကားတွေမှန်သမျှ ကာဗွန်လျှော့နိုင်အောင် ပြင်ပါ။ သတ်မှတ်ထားတဲ့ စံနှုံးနဲ့ မညီရင် လိုင်စင်မပေးဘူးဆိုပြီး လုပ်သင့်တာပေါ့။
ဒါ့အပြင် မြန်မာပြည်မှာ ယဉ်မောင်းလိုင်စင်ထုတ်ပေးတဲ့စည်းကမ်းကိုလည်း ပြင်ရမယ်။ အခုပုံစံက ယဉ်မောင်းလိုင်စင်ကို ငွေရှိရင် အလွယ်တကူ ရတဲ့စနစ်က ကားတိုက်မှုကိုဖြစ်စေတယ်။ မသေသင့်ပဲ သေကုန်တယ်။ ငွေတွေမကုန်သင့်ပဲ ကုန်ကြတယ်။
သြစတျေးလျနိုင်ငံရဲ့ ကားလိုင်စင်က မြန်မာပြည်မှာဆိုရင် မှတ်ပုံတင်ပဲ။ အရမ်းအရေးကြီးတယ်။ ဒီနိုင်ငံကရတဲ့ ယဉ်မောင်းလိုင်စင်နဲ့  ကြိုက်တဲ့နိုင်ငံကိုသွား....နိုင်ငံတိုင်းက အသိအမှတ်ပြုတယ်။ ဘာ့ကြောင့်လဲဆိုတော့ သြစတျေးလျနိုင်ငံရဲ့ ယဉ်မောင်းလိုင်စဉ်က အလွယ်တကူနဲ့ မရဘူးဆိုတာကို နိုင်ငံတကာက သိတယ်။ ဒီလိုစနစ်ခြင်းတူတဲ့ နိုင်ငံတွေမှာ အပြန်အလှန်အသိအမှတ်ပြုမှုရှိတယ်။ ဥပမာ သြစတျေးလျက လိုင်စင်ကို စင်္ကာပူနိုင်ငံက အသိအမှတ်ပြုတယ်။ စင်္ကာပူက လိုင်စင်ကိုလည်း သြစတျေးလျနိုင်ငံက အသိအမှတ်ပြုတယ်။ စင်္ကာပူနိုင်ငံသားတွေ သြစတျေးလျမှာ လာပြီးနေထိုင်ကြတဲ့အခါမှာ သူတို့ နိုင်ငံက လိုင်စင်ကိုယူလာတယ်။ ၾသစေတ်းလ်ေရာက္တာနဲ ့သူတုိ ့လုိင္စင္ကုိ ၾသစေတ်းလ်က လိုင်စင်ထုတ်ပေးတဲ့ရုံးမှာ ပြပြီး၊ ဖောင်ဖြည့်လိုက်တာနဲ့  သူတို့ သြစီမှာ ကားမောင်းခွင့်ရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကလိုင်စင်၊ ထိုင်းနိုင်ငံကလိုင်စင်၊ မလေးရှားကလိုင်စင်ကတော့ လုံးဝမရပါ။ ဒါ့ကြောင့် မြန်မာတွေ၊ ထိုင်းတွေ၊ မလေးရှားတွေ သြစီရောက်ရင် ကားဘယ်လောက်မောင်းတက် မောင်းတက် သြစတျေးလျမှာ ကားမောင်းလိုင်စင်ရဖို့  လက်တွေ့ ဝင်ဖြေရတယ်။ သူ့ စည်းကမ်းကို နားမလည်ရင် တော်ရုံနဲ့ မအောင်ကြဘူး။ ဒါကဘာ့ကြောင့်လဲဆိုတော့ စည်းကမ်းမကောင်းလို့ ပါ။
သူများနိုင်ငံတွေက စည်းကမ်း နဲ့ စနစ်ကောင်းတော့ သက်ဆိုင်ရာ နိုင်ငံကလူတွေက အကျိုးခံစားခွင့်ရှိစေတယ်။ မျက်နှာမငယ်ရဘူး။ အခုတော့ မြန်မာပြည်ရဲ့ ယဉ်မောင်းလိုင်စင်ထုတ်ပေးမှု စနစ်ကြောင့် အကုန်လုံးနစ်နာကြရတယ်။ ဒါကို ပြင်လိုက်ရင် ဘယ်လောက်ကောင်းမလဲဗျာ။ လိုင်စင်ထုတ်ပေးတဲ့ရုံးက ညွှန်ကြားရေးမှုးများ၊ မန်နေဂျာများအနေနဲ့ ပြည်ပထွက်ပြီး သူများနိုင်ငံကကောင်းတဲ့အတုကို ခိုးကြပါအုံးလို့ ပဲ ပြောချင်ပါတယ်။
နောက်ပြီး ယဉ်းမောင်းသူတိုင်းအနေနဲ့ အထူးသတိထားရတာက ကိုယ့်အတွက်လည်း အန္တရာယ်ရှိတယ်။ သူများတွေအတွက်လည်း အန္တရာယ်ရှိတယ်။ ဒါ့ကြောင့် နိုင်ငံခြားမှာ ကားမောင်းသင်တိုင်း Defensive Driving လို့ ခေါ်တဲ့ နည်းကိုသုံးတယ်။ ဗမာလိုတော့ ဘယ်လိုခေါ်လဲမသိဘူး။
ဒါ့ကြောင့် ကျနော့်အနေနဲ့  အခု မြန်မာပြည်မှာတွေ့ နေမြင်နေကြားနေရတဲ့ ကားအိုကြီးတွေကို သံရည်ကျိုစက်ပို့ မဲ့ကိစ္စ၊ ကားလိုင်စင်ထုတ်ပေးတဲ့ကိစ္စတွေကို ဒိထက်ပိုကောင်းလာအောင် ပိုစနစ်ကျလာအောင် ကျနော့်မှာ ရှိတဲ့ ဗဟုသုတကိုရှည်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ကျနော်မောင်ဘုန်းကျော်သည် သြစတျေးလျနိုင်ငံက လိုင်စင်ရ Driving Instructor တစ်ဦးလည်းဖြစ်ပါကြောင်း။
9/19/11
To Minister for Enviroment and Forest (Myanmar)
၁။ ၂ဝ၁၁-ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့  နေပြည်တော်တွင် မြစ်ဆုံဆည်စီမံကိန်းနှင့် ပက်သက်၍ စာတမ်းဖတ်ပွဲ ပြုလုပ်ခဲ့သည်။ ယင်းစာတမ်းဖတ်ပွဲအား ဝန်ကြီးဌာနအသီးအသီးမှ ဝန်ကြီးများ ၊ သက်ဆိုင်ရာပညာရှင်များနှင့် သတင်းထောက်များတက်ရောက်ကြကြောင်း သိရသည်။
၂။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောကြားချက်အရ လက်ရှိအစိုးရလက်ထက်တွင် သဘာဝပတ်ဝန်းကျင်းဆိုင်ရာဝန်ကြီးဌာနတစ်ခု ဖွဲ့ စည်းပြီးကြောင်းသိရှိရသည်။ ထို့ အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေ (The Enviromental Law or The Enviromental Protection Act -2011 ) လည်းရေဆွဲနေကြောင်းနှင့် မကြာမှီ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းသိရှိရသည်။
ဒါ့ကြောင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောဌာန ဝန်ကြီး ဦးဝင်းထွန်းကို အထူးချီးကျူးပါတယ်။ ဒီဌာနကိုဖွဲ့ သင့်တာကြာပါပြီ။ အရင်တုန်းက အစိုးရအဆက်ဆက်တွေ မလုပ်ဘူးသေးတဲ့အလုပ်ကို လုပ်တဲ့အတွက် လက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအစိုးရကို ကျေးဇူးတင်ရှိပါတယ်။ နောင်လာမဲ့အနာဂတ်မှာလည်း ယခုထက်ပိုမို နား, ပါတဲ့ အစိုးရဖြစ်ပါစေ။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ရှောက်ရေးအဖွဲ့ တွေ ထိုင်းနိုင်ငံမှာရှိပါတယ်။ သူတို့ က အန်ဂျီအိုတွေဖြစ်ပါတယ်။ ဒီအဖွဲ့ တွေက နှစ်ပေါင်းများစွာ ပြည်ပကနေ သူတို့ စိတ်ဝင်စားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စေ
တွကို လုပ်နေပါတယ်။ သူတို့ မှာ ကျွမ်းကျင်မှုအတက်ပညာရှိတယ်။ နိုင်ငံတကာနဲ့ အဆက်အသွယ်ကောင်းကောင်းတွေလည်း ရှိတယ်။ ဒီအဖွဲ့ တွေကို ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ပေးစေချင်ပါတယ်။ ဥပမာ ချင်းမိုင်အခြေစိုက် Earth Rights International (ERI)၊ Salween Watch နဲ့  Burma Rivers Network တို့ လိုအဖွဲ့ မျိုးတွေဟာ တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အင်မတန်အရေးကြီးတဲ့ အဖွဲ့ မျိုးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအဖွဲ့ မျိုးတွေကို တိုင်းပြည်ထဲမှာ တရားဝင်လုပ်နိုင်အောင် အစိုးရက ဖိတ်ကြားစေချင်ပါတယ်။
9/18/11
ထိပ်သီးသူဌေးကြီးတွေ နှင့် အလှူအတန်း
မြန်မာပြည်က ထိပ်သီးသူဌေးကြီးတွေ အလှူအတန်း မလုပ်ကြတာ အတော်ထူးဆန်းပါတယ်။ ဘာ့ကြောင့်များလဲ။ နောက်ပြီး မြန်မာတွေလှူတန်းမှုမှာ တလွဲဖြစ်နေလားလို့ ပါ။ ဒါ့ကြောင့် ဒီစာကိုရေးပါသည်။
သူများတွေ ဘယ်နေရာကိုလှူကြသလဲ
သြစတျေးလျနိုင်ငံက ဘီလျံနာသူဌေးကြီး အန်ဒရူးဖောရက်စ်လည်း လှူတာဝါသနာပါပါတယ်။ သူက မြန်မာတွေလို ဘုန်းကြီးကိုလည်းမလှူပါဘူး။ ဘုရားတည်ကျောင်းဆောက်တာလည်း မလုပ်ပါဘူး။ ရော့...မင်းကိုတစ်သိန်းပေးတယ် ဆိုပြီးလည်း မလုပ်ပါဘူး။ သူက မိဘမဲ့ခလေးဂေဟာကိုလှူတယ်။ နို့ ကင်ဆာကာကွယ်ရေးနှင့်သုတေသန အတွက်လှူဒါန်းတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့ ပညာရေးအတွက် စကောလားရှစ်တွေပေးတယ်။ အိမ်ခြေမဲ့ အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင်နဲ့ အိမ်ယာ ရရှိရေးအတွက်လှူဒါန်းတယ်။ ဒီလိုလှူဒါန်းတဲ့နေရာမှာ ရော့...ယူ ဆိုပြီး မလုပ်ဘူး။ လှူဒါန်းငွေကနေ အမြတ်ရအောင် လုပ်တယ်။ ဒီအမြတ်ငွေနဲ့ ရေရှည် ရပ်တည်နိုင်အောင်လုပ်ပေးထားတယ်။ ဥပမာ ဘဏ်တိုးနဲ့ အမြတ်ရှယ်ယာတွေကနေ ရေရှည်လည်ပတ်လို့ ရအောင်လုပ်ပေးတယ်။
တချို့ သူဌေးကြီးတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မြှင့်တင်ရေးအတွက် သုတေသနလုပ်ငန်းနဲ့ ပညာသင်ကြားရေးကိစ္စတွေမှာ လှူဒါန်းတယ်။ တချို့ တွေက သူတို့ မြို့ တွေမှာ အပန်းဖြေစရာ ပန်းခြံတွေ နဲ့  စာကြည့်တိုက်တွေကိုလှူဒါန်းတယ်။ ဒီလိုမျိုးလှူဒါန်းမှုတွေက နိုင်ငံတည်ဆောက်ရေး ( Nation Building ) မှာ အရမ်းအရေးကြီးတယ်။ တချို့ သော စီမံကိန်းတွေက အစိုးရကိုပဲ အားကိုးနေလို့ မရပါ။ ဒါ့ကြောင့် ပိုက်ဆံချမ်းသာတဲ့လူတွေကလည်း တခါတလေ အစိုးရစဉ်းစားသလို စဉ်းစားပေးရတယ်။ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်ပေးရပါတယ်။ ဒါမှ တရားမျှတပြီး ညီညွတ်တဲ့လူ့ ဘောင်တစ်ခုကို တည်ဆောက်နိုင်မှာပါ။
မြန်မာတွေဘယ်နေရာမှာ လှူဒါန်းကြသလဲ
အများဆုံးတွေ့ ရတဲ့ နေရာကတော့ ဘုရားတည်တယ်။ ကျောင်းဆောက်တယ်။ ဘုန်းကြီးတွေကိုလှူတယ်။ ဗုဒ္ဓဘာသာက လူများစုဖြစ်တော့ ဒီလိုလှူတာကို အပြစ်မတင်ချင်ဘူး။ ဒါပေမဲ့ ဒီလိုနေရာတွေကို ဦးစားမပေးသင့်တော့ဘူး။ အနော်ရထာမင်းတရားကြီးခေတ်မှာ ဆောက်လိုက်တဲ့ ဘုရား နဲ့ ကျောင်းတွေဟာ နဲ တာမဟုတ်ဘူး။ သူကစလို့  သီပေါမင်းအဆုံး တည်လိုက်တဲ့ဘုရား။ ကုန်ကုန်ပြောရရင် လက်ရှိ မင်းတရားကြီးသန်းရွှေခေတ်အထိ တည်လိုက်တဲ့ဘုရား ကုန်လိုက်တဲ့ငွေ နဲတာမဟုတ်ဘူး။ ဘယ်လောက်ကုန်လဲဆိုတာကို ယနေ့ ခေတ်ပေါက်ဈေးနဲ့ တွက်ကြည့်ချင်ပေမဲ့ မှတ်တမ်းမှတ်ရာမရှိတော့ မဖြစ်နိုင်ဘူး။ တကယ်လို့ သာ ဘုရင်အဆက်ဆက်က ဒီလိုဘုရားတွေကို ပေါက်ကရ နေရာတကာမတည်ပဲ အထက်ကပြောတဲ့သူဌေးကြီးတွေလှူတဲ့ နည်းအတိုင်းလှူလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒါဆိုရင် အခုလိုမျိုး လူတိုင်းရဲ့ ခေါင်းထဲမှာ ခိုးဖို့ ဘတ်ဖို့ ဆိုတဲ့ အတွေးအခေါ်တွေရှိမှာ မဟုတ်တော့ဘူး။ ဘုန်းကြီးဦးရေလည်း ဒီလောက်များမှာမဟုတ်ဘူး။
သြစတျေးလျနိုင်ငံမှာ အနေကြာပြီဖြစ်တဲ့ မြန်မာတစ်ယောက်က သူ့ ရပ်ရွာကို အလည်ပြန်တယ်။ သူလည်း သြစတျေးလျမှာနေလာတာ နှစ်ပေါင်း ၂ဝ-ကျော်ပြီဆိုတော့ ငွေလည်း အတော်စုမိနေပြီ။ မြန်မာပြည်က သူ့ ရွာလည်းရောက်ရော ဘုန်းကြီးကျောင်းဆောက်တယ်။ ဘုရားတည်တယ်။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတစ်ပါးနဲ့ ကျောင်းသားတစ်ယောက်ပဲရှိတယ်။ ကုန်တဲ့ငွေက မြန်မာငွေသိန်းနှစ်ရာကျော်။ ဒေါ်လာသုံးသောင်းနီးပါး။ ဘုရားနဲ့ ကျောင်းမှာတော့ သူ့ နာမည်က အကြီးကြီးပေါ့။ ဦးသြစတျေးလျကောင်းမှုလို့ ရေးထားတယ်။ အဲဒိရွာမှာ စေတီတစ်ဆူရှိတယ်။ ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိတယ်။ ဒီလိုရှိနေတာတောင် ဘာဖြစ်လို့ များ နောက်ထပ်စေတီတစ်ဆူနဲ့ ဘုန်းကြီးကျောင်းကို ထပ်ပြီးဆောက်ရလဲမသိဘူး။ ဒါတွေအစား ရွာမှာလိုအပ်နေတဲ့ အခမဲ့ အင်တာနက်ဆိုင်လေးလှူလိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ ကျနော်တွေးမိတယ်။ သူတစ်ယောက်တည်း ဒီလိုမျိုး ဘုရားတည်တာလားဆိုတော့ မဟုတ်ဘူး။ တခြားဗမာတွေလည်း ဒီအတိုင်းပဲ။ အနဲစုကတော့ သူ့ တို့ ရပ်ရွာမှာ စာသင်ကျောင်းအတွက် ငွေလှူတယ်။ ကျောင်းပြင်တယ်။ ဒါကိုတော့ မဆိုးဘူးလို့ ပြောချင်တယ်။ တိုက်ရိုက်အကျိုးခံစားခွင့်ရနိုင်လို့ ပါ။ အနဲဆုံး ခလေးတွေလုံလုံခြုံခြုံစာသင်နိုင်မယ်။ ဒါပေမဲ့ မြန်မာအများစု အထူးသဖြင့် လူကြီးတွေပေါ့ သူတို့ စဉ်းစားချက်က တလွဲများဖြစ်နေလားမသိဘူး။ ကျနော်ကတော့ လွဲတာမှ အတော်လွဲတယ်လို့ ပြောချင်တယ်။
မြန်မာနိုင်ငံက သူဌေးတွေ ကပ်စေးနဲသည်
မြန်မာနိုင်ငံမှာ ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေက လှူဒါန်းတာ ဝါသနာမပါကြဘူးထင်တယ်။ မီဒီယာမှာ မြင်တွေ့ နေရတဲ့ သူဌေးကြီးတွေရှိတယ်။ ဥပမာ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးခင်ရွှေ၊ ဦးဝင်းအောင် စတဲ့ သူဌေးကြီးတွေဟာ ကပ်စေးနဲကြသလားလို့ ပါ။ ကျနော်ပဲ သူတို့ လှူတာကို မတွေ့ လို့ များလား။
ဆင်းရဲသားတွေ၊ သာမန်ချမ်းသာသူတွေတော့ လှူကြတာများပါတယ်။ ဒါကို စာရင်းနဲ့ ဖော်ပြရင် ပြီးမှာမဟုတ်ဘူး။
ကျနော်တွေးမိတာက လက်ရှိမြန်မာနိုင်ငံမှာ အရမ်းကို ချမ်းသာနေတဲ့လူတွေဟာ ကပ်စေးနဲတယ်။ ဆင်းရဲတဲ့သူတွေဟာ ကပ်စေးမနဲဘူး။ ဒါက လက်ရှိနိုင်ငံရေးကာလမှာ ကျနော်နိဂုံးချုပ်မိတဲ့ အချက်။ သူဌေးတွေဟာ ငွေကို ဘယ်ဂွင်ကနေ ဘယ်လိုရအောင်ဖန်ရမလဲဆိုတာကိုပဲ တချိန်လုံးစဉ်းစားနေကြတယ်။ နဲနဲပါးပါးပြန်ပေးဖို့ စိတ်ကူးမရှိကြတော့ဘူး။ ဒါလား ယဉ်ကျေးတဲ့ဗမာ။
အရမ်းချမ်းသာတဲ့သူတွေက ပိုပြီးလှူသင့်တယ်လို့ ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ က လူနဲစုဖြစ်တယ်။ ဒီလူနဲစုက လူများစုဖြစ်တဲ့ ဆင်းရဲသားတွေရဲ့ လုပ်အားကြောင့် ချမ်းသာတယ်။ နောက်တစ်ချက်က တိုင်းပြည်ရဲ့ သယံဇာတကြောင့် ချမ်းသာတယ်။ ဆင်းရဲသားတွေကော၊ တိုင်းပြည်ရဲ့ သယံဇာတတွေကောဟာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တယ်။ သူတို့ လုပ်စားတက်လို့ ချမ်းသာတာကိုတော့ လက်ခံတယ်။ ဒါပေမဲ့ အဓိက တိုင်းပြည်နဲ့ ပြည်သူကြောင့်ပဲ။
ဒီလောက်ချမ်းသာနေကြပြီပဲ။ ဆိုတော့ သူတို့ ချမ်းသာတဲ့ အပုံဆယ်ပုံမှာ တစ်ပုံလောက်ကိုတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် ပြန်လည်ဝေမျှသင့်တယ်။ တနည်းပြောရရင် လှူသင့်တယ်။ ဒါမှ တရားမျှမှာပေါ့။
သူတို့ ကတော့ ဒေါ်လာသိန်းကျော်တန်ကားကြီးနဲ့ ပျော်ပါးနေကြတယ်။ အကောင်းဆုံးတိုက်ကြီးထဲမှာ အကောင်းဆုံးပစ္စည်းတွေနဲ့ ဇိမ်ခံကြတယ်။ ကြိုက်တဲ့အစားအစာကို စားလို့ ရတယ်။ သူတို့ ဒီလိုဖြစ်နေတဲ့အချိန်မှာ လူများစုဖြစ်တဲ့ ပြည်သူတွေကတော့ ငတ်ပြတ်စုတ်ပြတ်ပြီး အဟာရမပြည်တဲ့ရုပ်တွေနဲ့ ။ ဒါတွေကို သူတို့ မိုလို့  ချမ်းသာရဲ့ သားနဲ့  ကြည့်ရက်လေတယ်။ ဒါတွေကိုကြည့်ရင် ဒီလူတွေဘယ်လောက် အတ္တကြီးတယ်ဆိုတာ ပေါ်လွင်တယ်။
လှူသင့်တဲ့နေရာ
သူဌေးကြီးတွေအတွက် လှူသင့်တဲ့နေရာတွေ တိုင်းပြည်မှာ အများကြီးရှိပါတယ်။ ဒီနေရာတွေထဲမှာ ဘုန်းကြီးကျောင်းနဲ့ ဘုရားတည်တာကို ကျနော်မပြောချင်ဘူး။ ဒီနေရာတွေကို မလှူစေချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ စီးပွားရေးအရကြည့်ရင် အရင်းသေသွားတယ်လို့ ပြောချင်တယ်။ အရေးတကြီးလှူသင့်တဲ့နေရာတွေအများကြီးရှိတယ်။ ဥပမာ နားဂစ်စ်ဒုက္ခသည်တွေကို လှူသင့်တယ်။ သူတို့ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ပေးသင့်တယ်။ နောက်ပြီး ပညာရေးလုပ်ငန်းတွေ၊ သုတွေသနလုပ်ငန်းတွေ၊ ကျန်းမာရေးလုပ်ငန်းတွေမှာ လှူသင့်တယ်။ ဒီလိုလိုအပ်နေတဲ့ နေရာတွေကို ဦးစားပေးအနေနဲ့  သူဌေးကြီးတွေ ကူညီသင့်တယ်လို့ ကျနော်ထင်တယ်။ ဘုန်းကြီးကျောင်းဆောက်၊ ဘုရားတည်၊ ဘုန်းကြီးတွေအတွက် မလှူရဘူးလို့ မပြောဘူး။ ဒါပေမဲ့ ဦးစားမပေးသင့်ဘူး။ မြန်မာပြည်မှာ ဘုန်းကြီးကျောင်းအရေအတွက်၊ စေတီပုထိုးအရေအတွက်တွေဟာ အင်မတန်များတယ်။ စာရင်းဇယား အတိအကျ မရှိပေမဲ့ အင်မတန်များတယ်လို့  ပြောနိုင်တယ်။ ဒါ့ကြောင့် ထပ်ပြီးအသစ်ဆောက်စရာ တည်စရာမလိုတော့ဘူးလို့ ပြောချင်တယ်။
ဂျပန်နိုင်ငံမှာ ဆူနာမီဖြစ်တော့ ဂျပန်သူဌေးကြီးတွေဟာ မြန်မာနိုင်ငံကသူဌေးကြီးတွေလို ဖာသိဖာသာမနေကြဘူး။ သူတို့ ချမ်းသာတဲ့ အထဲက ပြန်ပြီးဖဲ့ပေးကြတယ်။ ဘယ်သူတွေဘယ်လောက်ပေးလဲဆိုတာကို ဒီနေရာမှာ အနဲငယ်ပြောပြချင်တယ်။ တာဒါရှီဆိုတဲ့ သူဌေးကြီးက သူ့ ရဲ့ ကိုယ်ပိုင်ငွေထဲနေ ဂျပန်ယမ်းငွေ သန်းတစ်ထောင်လှူတယ်။ သူ့ ရဲ့  Company ကလည်း ယမ်းငွေ သန်းလေးရာလှူတယ်။ မြူးဇစ်ပရိုဂျူဆာဖြစ်သူ အက်စုစီ အာကီမိုတို (Music producer Atsushi Akimoto) ဆိုသူက ဂျပန်ယမ်းသန်းငါးရာလှူတယ်။ သူတို့ အပြင် တောင်ကိုရီးယား နဲ့ တရုတ်သူဌေးကြီးတွေလည်း လှူကြတယ်။ သူတို့ ထဲမှာ ထူးခြားတာက တရုတ်သူဌေးကြီး လီလျံနာချန်က Chen Guangbiao ဂျပန်ယမ်း တစ်ဆယ့်သုံးသန်းပဲလှူဒါန်းပါတယ်။ ကပ်စေးနဲတဲ့ တရုတ်။ ဒါက ဂျပန်မှာ ဆူနာမီခံရတုန်းက ဂျပန်သူဌေးတွေ သူတို့ လူမျိုးကို ပြန်ပြီးကူညီတဲ့ကိစ္စ။ မြန်မာပြည်မှာ မုန်တိုင်းမိတုန်းက မြန်မာသူဌေးကြီးတွေ ဘာလုပ်နေကြလဲ။
အခုလက်ရှိ တောင်ငူမှာရေကြီးတယ်။ ပဲခူးမှာရေကြီးတယ်။ လူတွေဒုက္ခရောက်ကြရတယ်။ သူတို့ ဒီလိုဖြစ်နေတာကို မြန်မာပြည်ကထိပ်ထိပ်ကြဲ သူဌေးကြီးတွေ ဘာများလုပ်ပေးခဲ့လဲ။ သောက်ရေလေးတောင် ဝယ်ပေးဖော်မရဘူး။
ဒါပေမဲ့ သူတို့ လှူတဲ့ နေရာတစ်ခုတော့ရှိတယ်။ အိန္ဒိယအခြေစိုက် မဇ္ဇျိမ သတင်းဌာနမှာ ရေးထားတဲ့ သတင်းလေးကို ဖတ်ကြည့်ပါ။
" မြန်မာဘောလုံးအဖွဲ့ချုပ် MFF လက်ရှိ ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယခုအခါ အငြိမ်းစားယူသွားပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးနှင့် ရင်းနှီးသူဖြစ်ပြီး လူ ၁,၀၀၀ ခန့်တက်ရောက်သည့် နေရွှေသွေး၏ ၁၆ နှစ် ပြည့် မွေးနေ့ကို ဆီဒိုးနား ဟိုတယ်တွင် ၂၀၀၇ ဇွန်လက အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ကုန်ကျခံ ကျင်းပပေးခဲ့သည်ဟု သံရုံးအရာရှိက သိရှိရချက်ကို ပြန်လည်ရေးသားထားသည်"
သူတို့ လှူဒါန်းမှုက တလွဲဖြစ်နေပါလား။ ဟိုကောင်..နေရွှေသွေးအောင်က ထမင်းငတ်နေတဲ့ ကောင်မှမဟုတ်တာဗျာ။ ဒါ့ကြောင့် ဒီလိုလှူတာကို တစ်ထောင်ရင်းပြီး တစ်သိန်းရအောင်ဂွင်ဖန်တဲ့ အလှူပဲလို့ ပြောချင်တယ်။
သူဌေးတွေပေါတဲ့ ဒို့ တိုင်းပြည်
မြန်မာနိုင်ငံမှာ သူဌေးတွေအများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ ဘယ်လောက်ချမ်းသာလဲဆိုတာကို အတိအကျမသိရဘူး။ တခြားနိုင်ငံတွေကလို ဒီလူကတော့ ဒေါ်လာ ဘယ်နှစ်သန်းချမ်သာတယ်၊ တနှစ်ကို အမေရိကန်ဒေါ်လာ ဘယ်နှစ်သန်းဝင်ငွေရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြည်သူကို အသိပေးတယ်။ သူတို့ အပြင် ဗိုလ်ချုပ်ကြီးသူဌေးတွေလည်း အများကြီးရှိတယ်လို့ သိကြတယ်။ သူတို့ ရဲ့ ပိုင်ဆိုင်မှုကို ယနေ့ အထိ ပြည်သူက ရှင်းရှင်းလင်းလင်းမသိရဘူး။ လက်ရှိအစိုးရဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှု နဲ့  စီးပွားရေးလုပ်ငန်းတွေကို ပြည်သူက သိသင့်တယ်။ ရွေးကောက်ပွဲမဝင်ခင်မှာ ပြည်သူကို တရားဝင်အသိပေးသင့်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်က သူခိုးစိတ်ဓာတ်ဖြစ်နေလို့  လူထုကို အခုထိအသိမပေးရဲကြဘူးထင်တယ်။ ရိုးသားတယ်ဆိုရင်တော့ ငါ့မှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာကို ပြောရဲရမှာပေါ့။
စာရေးဆရာကြီး ပါရဂူသေတော့ သူ့ ရဲ့ အိမ်အစုတ်လေးကို အများအတွက် လှူခဲ့တယ်။ဆရာကြီးအပြင် ဦးကျော်သူတို့  ဇနီးမောင်နှံလည်း ရှိပါသေးတယ်။ ဒါ့အပြင် လူမသိသူမသိ လူတွေလည်းရှိတယ်။ သူတို့ သာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာချမ်းသာလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒီလိုလူတွေဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ စေတနာရှိတယ်ဆိုတာကို သူတို့ လုပ်ရပ်တွေက ဖော်ပြနေတယ်။ ဒါပေမဲ့ ထိပ်ထိပ်ကြဲ သူဌေးကြီးတွေဟာ သူတို့ နဲ့ မတူ ၊ ဘာ့ကြောင့်များ အရမ်းကပ်စေးနဲကြတာလဲ မသိဘူး။ ဦးတေဇဆိုရင် ဒေါ်လာသန်းထောင်ချီပြီး ချမ်းသာတယ်။ ဒီထဲက သန်းတစ်ရာလောက်ကို ဆင်းရဲတဲ့ပြည်သူတွေကို ပြန်ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။ သန်းတစ်ရာကိုလှူလိုက်လို့ သူလည်း မမွဲသွားနိုင်ပါဘူး။ ဒီငွေနဲ့ သာဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်ကြီးတစ်ခုတောင် တည်ထောင်လို့ ရတယ်။ ဒီလိုမျိုး လူတွေအတွက် ရေရှည်အကျိုးကိုကြည့်ပြီး သူဌေးကြီးတွေ လှူကြရင်အားလုံးက သာဓုခေါ်ကြမှာမလွဲဘူး။ အခုအတိုင်းသာ သူတို့ ငြိမ်နေရင် ပြည်သူက မုန်းသထက်ပိုမုန်းလာလိမ့်မယ်။
အမေရိကန်နိုင်ငံက George Soros ဆိုတဲ့သူဌေးကြီးတောင် မြန်မာပြည်နဲ့ ပက်သက်ပြီးလှူဒါန်းတယ်။ မြန်မာပြည်ဒီမိုကရေစီရေး နှင့် ပွင့်လင်းတဲ့လူ့ဘောင်ဖြစ်ရေးအတွက် သူ့ ရဲ့ ငွေကိုသုံးတယ်။ သူက ဗမာပြည်မှာမွေးရင် ဒိထက်ပိုလှူအုံးမယ်ထင်တယ်။ ပြည်ပရောက် အတိုက်အခံတွေ ပြည်တွင်းက အတိုက်အခံတွေဟာ သူ့ ပိုက်ဆံနဲ့ ပညာတက်သွားတဲ့လူတွေ သူဌေးဖြစ်နေတဲ့လူတွေအများကြီးရှိတယ်။ သူ့ ရဲ့ အတုကို ဗမာပြည်က သူဌေးကြီးတွေ ဘာလို့ အတုမယူကြတာလဲမသိဘူး။
မြန်မာတွေ ချမ်းသာတာ ဆင်းရဲတာဟာ မြန်မာပြည်နဲ့ မြန်မာလူမျိုးကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် ချမ်းသာတဲ့ လူတွေဟာ ဆင်းရဲတဲ့လူတွေကို ပြန်ပြီးကူညီသင့်ပါတယ်။ ဒါမှ လူ ပီသမှာပါ။ အခုတော့ မြန်မာပြည်ရဲ့ သူဌေးကြီးတွေဟာ သူတို့ အတွက်ပဲ ကြည့်နေသလားလို့ ပါ။
ကိုးကား-
http://www.japanprobe.com/2011/03/17/rich-famous-people-donate-to-earthquake-victims/
http://www.mizzimaburmese.com/special/burma-related-leaked-us-cables/8338-2011-09-16-15-30-43.html
http://www.irrawaddy.org/article.php?art_id=1923
http://www.soros.org/about/bios/staff/george-soros
ဘုန်းကျော်
9/16/11
ရိုဟင်ဂျာအတွက် မဲပေးကြဖို့ ဖိတ်ခေါ်ပါသည်
ရိုဟင်ဂျာလို့ ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ့် က လူတွေဟာ သူတို့ ကိုသူတို့ မြန်မာပြည်က တိုင်းရင်းသားလူမျိုးဖြစ်တယ်လို့  ပြောလာတာကြာပါပြီ။ ကျနော်က သူတို့ ကို မြန်မာပြည်ရဲ့ တိုင်းရင်းသားအုပ်စု တစ်စု အဖြစ် ဘယ်လိုမှ ခံစားပေးလို့ မရဘူးဖြစ်နေတယ်။ ရိုဟင်ဂျာဆိုတဲ့စကားလုံးက အတော့်ကို ခေါင်းစားတဲ့စကားလုံ့းပဲ။ ဖြစ်နိုင်ရင် သူတို့ နဲ့ ပက်သက်ပြီး လူထုဆန္ဒခံယူပွဲ လုပ်ချင်တယ်။ ဒါပေမဲ့ ကျနော့်မှာ လုပ်ပိုင်ခွင့် အာဏာမရှိဘူး။ ဘယ်လို ဆန္ဒခံယူချင်လို့ ဆိုတော့ ဒီလိုပါ။ ရိုဟင်ဂျာကို ကျနော်တို့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေက သူတို့ ဟာတိုင်းရင်းသားလူမျိုးတစ်စုဖြစ်ပါတယ်ဆိုတာနဲ့ ပက်သက်ပြီး ကိုယ့်ဆန္ဒကို ပြောကြစေချင်တယ်။ ရလာတဲ့ ဆန္ဒမဲတွေက သူတို့ အတွက် အဖြေပဲ။ နို့ မို့ ဆိုရင် ရှင်းပြရတာ အာညောင်းတယ်။ ဆိုတော့ လူတိုင်းကို မဲပေးကြဖို့ ဖိတ်ခေါ်ပါသည်။ မဲပေးချင်ရင် ဒီလင့်ကို နှိပ်လိုက်ပါ။ ကုလားတွေလည်း ပေးပါ။
9/13/11
ကြံ့ဖွတ်အစိုးရ ပြုတ်ချင်ရင် မြစ်ဆုံဆည်ကို ဆက်ပြီးဆောက်ပါ
BANCA က EIA ကို အသိအမှတ်မပြု
ဦးဇော်မင်းက စာမျက်နှာ ၅၀၀ လို့ ပြောပါတယ်။ တကယ်တန်းက စာမျက်နှာ ၉၀၀ ကျော်ရှိပါတယ်။ အပြင်ကိုပေါက်ကြားသွားတဲ့ Report က အတုဆိုတာကိုတော့ အတော်သံသယဖြစ်တယ်။ ဒီလောက်များတဲ့ စာမျက်နှာ ၉၀၀-ကျော်ကို ဘယ်သူမှ အားအားယားယားအချိန်ကုန်ခံ မရေးပါ။ ဒါကို အင်္ဂလိပ်လိုခေါ်ရင် Scientific Report တခုလို့ ခေါ်ပါတယ်။ အပျော်တမ်းရေးတဲ့ အချစ်ဝတ္တုမဟုတ်တာတော့ သေချာပါတယ်။ ဒီရီပို့ က မြန်မာပြည်အနေအထားနဲ့ ကိုက်ညီပေမဲ့  နိုင်ငံတကာကလို အဆင့်အတန်းရှိတဲ့ ရီပို့ တခုတော့မဟုတ်ပါဘူး။ ဘာ့ကြောင့် ဒီလိုပြောရလဲဆိုရင် မြန်မာပြည်မှာ သူများနိုင်ငံတွေလို Data တွေ ထိမ်းသိမ်းစောင့်ရှောက်ထားတာ လုံးဝမရှိလို့ ပါ။
Environmental Impacts
ဒီကိစ္စနဲနဲလေးပဲ ရှိပါတယ်ဆိုတဲ့ စကားကတော့ တကယ့်ကိုစိတ်မကောင်းစရာစကားတစ်ခုပါ။ ဦးဇော်မင်းဟာ သဘာဝသိပံ္ပပညာရှင်မဟုတ်ပါ။ တက္ကသိုလ်က Enviromental Management နဲ့  ဘတ်ချလာဘွဲ့ ရထားတဲ့ လူတစ်ဦးလည်းမဟုတ်ပါ။ ဘတ်ချလာဆိုတာကလည်း ခလေးဘွဲ့ ပါ။ ဒီဘွဲ့ တောင်မရှိတဲ့ လူတစ်ယောက်က ဒီစကားပြောတာတော့ မဆန်းပါဘူး။ တစ်ခုသတိထားရမှာက ဦးဇော်မင်းဟာ လျှပ်စစ်ဝန်ကြီးတစ်ဦးပါ။ မသိပဲ ရမ်းဖြီးတာတော့ မကောင်းဘူးပေါ့ဗျာ။ သူရမ်းဖြီးတာကို နားထောင်ပြီးခေါင်းညိတ်တဲ့လူတွေကိုလည်း အတော်ချီးကျူးပါတယ်။
Rehabilitation
Alternative Plan
တခြားရွေးချယ်စရာ ပလန်ရှိတယ်လို့  အီးအိုင်အေက ထောက်ပြပါတယ်။ ဒါကိုလုပ်တော့ကော ဘာဖြစ်သွားလဲ။ လက်ရှိတိုင်းပြည်မှာ လျှပ်စစ်မီးက ဦးဇော်မင်းပြောသလိုမျိုး ဒီလောက်အရေးတကြီး မလိုသေးပါဘူး။ တခြားမြစ်တွေလည်း ရှိသေးတာပဲဗျာ။ အခုဟာက ကချင်ပြည်နယ်ထဲမှာဆိုတော့ တရုတ်နဲ့ နီးလို့ လားဟင်။
Enviromental Law 
နောက်ပြီးတရားသူကြီးချုပ်ကလည်း Secturiy of Tenure ဆိုတဲ့ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်လည်းမရှိဘူး။ ဒါ့ကြောင့် ဦးဇ်ာမင်းက သတ္တိရှိရှိ ဘယ်သူ့ ကိုမှ စောက်ဂရုမစိုက်ဘူးဆိုပြီး စိန်ခေါ်ခဲ့တာပေါ့။
ဒါတွေကိုကြည့်ရင် မြန်မာပြည်ဟာ လုံးဝကို တရားဥပဒေစိုးမိုးရေး မရှိသေးဘူး။
ဦးဇော်မင်းပြောပုံအရတော့ ဘယ်သူပြောပြော သူတို့ ကတော့စောက်ဂရုမစိုက်ဘူး။ ဆက်ချမယ်ဆိုတဲ့ ပုံပဲ။ သူတို့ အစိုးရက တရုတ်နဲ့ စာချုပ်ချုပ်ပြီးပီဆိုတော့ ပြင်ချင်မှာမဟုတ်ဘူး။ နောက်ပြီး ဘာတွေများ တရုတ်ဆီက ယူထားသေးလဲမသိဘူး။ တကယ်တမ်းတော့ မြန်မာပြည်သူတွေဟာ ဒီအကျိုးရလာဒ်တွေကို မခံစားရတာတော့ သေချာတယ်။
မသိပဲနဲ့ အစိုးရကို ဆန့် ကျန်ဇောအားကြီးလို့ ဒီစကားပြောနေတာမဟုတ်ပါဘူး။ ဘယ်တုန်းကကောရခဲ့လိုလဲ။ ဒီလောက်တိုင်းပြည်မှာ လျှပ်စစ်စီမံကိန်းတွေရှိတာတောင် ပြည်သူတွေက မီးပုံမှန်ရလို့ လား။ သူတို့ စစ်တပ်ပဲ ပုံမှန်ရနေတာပါ။ ကျနော်အဖေ စစ်သားပါ။ အိမ်မှာ မီးအမြဲတမ်းလာပါတယ်။ ပိုက်ဆံပေးစရာမလိုဘူး။
ကြံ့ဖွတ်အစိုးရ ပြုတ်ချင်ရင် မြစ်ဆုံဆည်ကို ဆက်ပြီးဆောက်ပါ
 သြစတျေးလျနိုင်ငံ တက်စမေးနီယားပြည်နယ်မှာ အစိုးရက ဖက်ကလင် (Franklim) ရေကာတာ ဆောက်ဖို့ လုပ်ပါတယ်။ လူထုက ကန့် ကွက်နေတောတောင် အစိုးရကနောက်မဆုတ်ဘူး။
နောက်ဆုံး ရေကာတာစီမံကိန်းကို ဦးဆောင်လှုပ်ရှားတဲ့ Green ပါတီက ခေါင်းဆောင်ဟာ  ရွေးကောက်ပွဲမှာနိုင်ပြီး အစိုးရပြုတ်သွားခဲ့တယ်။
လူထုတွေကလည်း ရေကာတာရှိတဲ့နေရာကို ပြည်နယ်တိုင်းက လာပြီး ဆန္ဒပြကြတယ်။ ပြတဲ့လူကိုရဲကဖမ်းတယ်။ ဖမ်းလည်း ထပ်ပြီးပြတယ်။ နောက်ဆုံးတော့ အစိုးရတစ်ရပ်ပါပြုတ်သွားတယ်လို့ ပြောချင်ပါတယ်။
အတိုက်အခံကလည်း ရေကာတာ စီမံကိန်းကို နိုင်ငံရေးတိုက်ကွက်အဖြစ် ဖိပြီးသုံးတော့ သူတို့ လုံးဝအပြတ်အသတ်နိုင်ခဲ့တာပေါ့။
ရေကာတာလည်း မဆောက်ဖြစ်ပါဘူး။ ဒီဥပမာနဲ့ အတူ အစိုးရပြုတ်ချင်ရင် မြစ်ဆုံဆည်စီမံကိန်းကို ဆက်ပြီးဆောက်ပေါ့ဗျာ။
စာရေးသူ ဘုန်းကျော်သည် သြစတျေးလျနိုင်ငံရှိ ရွှေရှာဖွေရေး Company တစ်ခုတွင် Exploration Field Technician အဖြစ်လုပ်ကိုင်နေသူဖြစ်သည်။ အလုပ်နားချိန်တွင် Murdoch University မှ Bachelor of  Environmental Science ဘာသာရပ်ကို သင်ယူနေသူကျောင်းသား တစ်ယောက်ဖြစ်သည်။ ၁၉၉၉-ခုနှစ်မှ ၂၀၀၅-ခုနှစ်အထိ ထိုင်းမြန်မာနယ်စပ်ရှိ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် ၀င်ရောက်အမှုထမ်းခဲ့သူဖြစ်သည်။  
Franklim Dam စီမံကိန်းအား ယခုလင့်တွင်ကြည့်နိုင်သည်။
http://www.youtube.com/watch?v=rGpy8_v3tmI
9/12/11
မနာလိုသူတွေ
Add caption
သြော်...ဘာလိုလိုနဲ့ သူများတွေတောင် ပြန်ကြကုန်ပါလား။ သူတို့ ပြန်တာကိုကြည့်ပြီး ကိုယ်လည်းပြန်ချင်လိုက်တာ။ အချိန်မရွေးတော့ ရန်ကုန်ကို ပြန်လို့ ရပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာ မိဘဆွေမျိုးတွေလည်း မရှိကြတော့ဘူး။ မြန်မာပြည်ပြန်ရင် သူများတွေလို မိသားစုတွေနဲ့ ဆုံတွေ့ နိုင်မဲ့ အခြေအနေ မရှိတော့ဘူး။ သူငယ်ချင်းတွေလည်း တကွဲတပြားစီဖြစ်ကုန်ပြီ။ ရန်ကုန်နဲ့ ခွဲလာတာ ၁၂-နှစ်ရှိပြီဆိုတော့ ပြန်လည်း တစိမ်းလို ဖြစ်နေမလားပဲ။ ဘာပဲဖြစ်ဖြစ် ပုဆိုး၊ ထမိန်တွေဝတ်တဲ့ လူမျိုးတွေကို တွေ့ ချင်တယ်။ ဘုရားဖူးချင်တယ်။ လမ်းဘေးက ၀က်သားတုတ်ထိုး စားချင်တယ်။ ဗမာတွေနဲ့ စကားတွေအများကြီးပြောပြီး နွားလှည်းအတူတူစီးချင်တယ်။ ညလုံးပေါက် က တဲ့ ဇာတ်ပွဲလေးကြည့်ရရင် ဘယ်လောက်ကောင်းမလဲ။
တခါတလေ စဉ်းစားကြည့်တော့ ၁၂-နှစ်တာ ကာလဆိုတာကလည်း ခဏလေးလိုပဲ။ သူများတွေလိုတော့ နှစ်ပေါင်း ၂၀-ကျော်မဟုတ်ပါဘူး။ ကိုယ့်ခံစားချက်နဲ့ ကိုယ်ပဲဆိုတော့ သူများတွေနဲ့ မယှဉ်ချင်ပါဘူး။ တခါတလေ သူတို့ ကပြောသေးတယ်။ မင်းက ထွက်လာတာ ဘယ်လောက်ကြာသေးလို့ လဲတဲ့။ အထာကတော့ သူတို့ က ကိုယ့်ထက် ၀ါကြီးတယ်ပေါ့။ ကြီးကြီးငယ်ငယ် ကိုယ့်ဘ၀နဲ့ ကိုယ်ပါ။
၁၂-နှစ်တာကာလမှာ ကိုယ့်ဘ၀အတွက် ဘာရလဲလို့ ပြန်ပြီးသုံးသပ်မိတယ်။ ငါ ဘာရလဲ။ ပညာတက်လား။ နိုင်ငံခြားတက္ကသိုလ်က ဘွဲ့ ရခဲ့လား။ စီးပွားဖြစ်ခဲ့လား။ သူဌေးဖြစ်ခဲ့လား။ နိုင်ငံရေး လူမှုရေးမှာ အောင်မြင်ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်ခဲ့လား။ ဆိုတော့ တကယ်တန်း ကိုယ့်ကိုယ်ကိုယ်အာမနာတမ်း သုံးသပ်ဝေဖန်လိုက်ရင် ခလေးသုံးယောက်နဲ့ မိန်းမကလွဲလို့ ဘာမှ ဟုတ်တိပတ်တိမဖြစ်သေးဘူး။ ဟိုစစ ဒီစစတော့ ဖြစ်တယ်လို့ ထင်တယ်။
ပြန်တဲ့သူတွေထဲမှာ ထူးခြားတာကို နဲနဲပြောပြချင်ပါတယ်။ ဗမာပြည်ကိုပြန်ပြီး လက်နက်ချတဲ့သူတွေကို တွေ့ ဘူးပါတယ်။ ဒီအထဲကနေ နှစ်ယောက်ကိုပဲ ဥပမာပေးချင်ပါတယ်။ NLD-LA မှာ ကိုမင်းကို ဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူက ဗဟိုကော်မတီဝင်တစ်ဦးပါ။ မျက်လုံးကောင်းကောင်းမမြင်ရဘူး။ အရက်အရမ်းသောက်တယ်။ သူ့ ဗလက ၀ါးခြမ်းပြားကို ပုဆိုးဝတ်ပေးထားတဲ့အတိုင်းပဲ။ ၈၈-ကတည်းက နိုင်ငံရေးလုပ်တဲ့လူတစ်ဦးပါ။ တနေ့ တော့ သူ ဘုရားသုံးဆူကနေတဆင့် လက်နက်ချသွားပါတယ်။ လက်နက်ချတယ်ဆိုတာကလည်း လက်နက်ပါမှ မဟုတ်ပါဘူး။ ကိုမင်းကိုအလင်းဝင်တဲ့အချိန်မှာ ဘာလက်နက်မှ မရှိဘူး။ ဘာ့ကြောင့် သူလက်နက်ချရတာလဲဆိုတော့ သူ့ အဖွဲ့ အစည်းမှာ သူ့ အတွက် အခြေအနေမကောင်းတော့ဘူး။ ရှင်းရှင်းပြောရရင် သူ့ အတွက် ဂွင်မကောင်းတော့ဘူး။ ၂၀၀၃-ခုနှစ်လောက်မှာ သူပြန်တယ်။ အခုတော့ ဗမာပြည်ထဲမှာ အခြေကြနေပါပြီ။
နောက်တစ်ဦးကတော့ ABSDF က ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ခဲ့ဘူးတဲ့ ကိုဒီ ဖြစ်ပါတယ်။ သူလည်း အဖွဲ့ အစည်းမှာ အခြေအနေမကောင်းတော့ဘူး။ မိသားစု စားဝတ်နေရေးနဲ့ အိမ်ထောင်ရေးအဆင်မပြေတော့ သူလည်း NCGUB က ငွေတွေ မ ပြီး မဲ့ဆောက်ကနေ တဆင့် လက်နက်ချ အလင်းဝင်ခဲ့တယ်။ အခုထိ သူတို့ အသက်ရှင်လျှက်ရှိတုန်းလို့ သိရတယ်။ ကိုဒီ လည်း ၈၈-ကတည်းက နိုင်ငံရေးလုပ်လာတဲ့သူပါ။ လက်နက်ချ အလင်းဝင်တဲ့လူတွေအတော်များများက ပြည်ပနိုင်ငံရေးလောကမှာ သူတို့ အတွက် တွက်ခြေမကိုက်တော့တဲ့အချိန်ကြမှ ဗမာပြည်ကို ပြန်ကြပါတယ်။ တကယ်လို့ သာ ဦးမင်းကို နဲ့  ဦးဒီတို့ ဟာ အခြားသူတွေလို ကောင်းစားနေကြည့်ပါလား။ သူတို့ လုံးဝ ပြန်မှာမဟုတ်ဘူး။ ဒီနေ့ အချိန်အထိ အင်တာနက်ကနေ နိုင်ငံရေးကို အနဲဆုံးလုပ်အုံးမှာပါ။
ကျနော့်အမြင်ကတော့ ဘာ့ကြောင့် ပြည်ပ ၈၈-မျိုးဆက်ဟုခေါ်သောလူတွေကော၊ ဗကပဟောင်းတွေကော၊ ၇၄-ပဲပြောပြော ဘာပဲပြောပြောစတဲ့လူတိုင်းဟာ ပြည်ပမှာနေတာအထိုင်ကြနေပြီ။ နောက်ပြီးသူတို့ စိတ်ထဲမှာ နအဖကို မုန်းတီးစိတ်၊ မယုံသင်္ကာစိတ် စတဲ့ စိတ်ဝေဒနာတွေက ကြီးစိုးနေတော့ လက်ရှိအနေအထားမှာ ဘယ်လိုလုပ်ပြီးပြန်ကြမှာလဲ။ပြီးတော့ သူတို့ ဗမာပြည်ပြန်ပြီး ဘာပြန်လုပ်ဖို့ လဲ။
9/11/11
ဓာတ်ပုံများ နှင့် နိုင်ငံရေး
ဓာတ်ပုံများနှင့် နိုင်ငံရေး
ဘယ်လိုလဲဟ။ တွေ့ ရတာက ဓာတ်ပုံတွေချည်းပဲ။ အလုပ်လုပ်တာ ဒါလား။ ကျနော်လည်း ဓာတ်ပုံရိုက်တက်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ သတိထားပြီး လူကြီးမင်းတို့ ကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပနိုင်ငံတွေက လူတွေတွေ့ တယ်။ အမေရိကန်အထူးကိုယ်စားလှယ်၊ ဟိုကိုယ်စားလှယ် ဒီကိုယ်စားလှယ်တွေ တွေ့ တယ်။ ပြီးရင် ဓာတ်ပုံတွဲရိုက်တယ်။ နအဖအစိုးရတွေလည်း ဒီအတိုင်းပဲ။ ဓာတ်ပုံတွေထဲမှာတော့ စောက်ရုပ်တွေက လှနေတာပဲ။ ဒါပေမဲ့ အပြင်မှာ ဘာမှလည်း ဖြစ်မလာဘူး။
ဒေါ်အောင်ဆန်းစုကြည်က ဘာလဲ။ ဒေါ်အောင်ဆန်းစုကြည်က She is not a fucking hot မော်ဒယ်မဟုတ်ဘူး။
အခုတော့ လူတိုင်းက ဒီလိုပဲ ထင်နေလားမသိဘူး။
ဘာပွဲပဲလုပ်လုပ် ပြီးရင် အမှတ်တရ ဓာတ်ပုံရိုက်တာကို လက်ခံတယ်။ ဒါပေမဲ့ ဓာတ်ပုံရိုက်ပြီးရင် လုပ်သင့်တဲ့အလုပ်ကို အကောင်အထည်ဖော်ပေါ့။ အခုတော့ ဘာမှ ထွက်မလာဘူး။
စိတ်ပျက်စရာကောင်းတဲ့ နိုင်ငံရေးပါလား။
9/10/11
သီးလေးသီးတို့ ပြန်ကြပါ
အသီးငါးလုံး
ပြည်ပမှာနေပြီးကိုယ့်အတွက်လည်းအကျိုးမရှိ၊ ပြည်သူအတွက်လည်းအကျိုးမရှိဖြစ်နေတာထက်စာရင်
ပြည်တွင်းမှာနေတာအကောင်းဆုံးပေါ့။
ကိုဇာဂနာတို့ လွတ်လာမှ ငါတို့ ပြန်ကြမယ်ဆိုတဲ့ ကိစ္စက တကယ်တန်းကြတော့ စိတ်ကူးယဉ်နေတာနဲ့ အတူတူပဲ။ ကိုဇာဂနာလွတ်ပေးနိုင်တဲ့သူက ပြည်တွင်းမှာပဲရှိပါတယ်။ အဲဒိလူကို အနီးကပ်နေပြီး ကြပ်ပေးတာက ပိုပြီးလက်တွေ့ ကြတယ်လို့ တော့ထင်တယ်။ နောက်ပြီး ကိုဇာဂနာကို ထောင်ဝင်စာတွေ့ နိုင်မယ်။ သူ့ အတွက်လည်းအကျိုးရှိတယ်။ ခင်ဗျားတို့ ပြန်လို့ လည်း သူက စိတ်ဆိုးမှာမဟုတ်ဘူး။
ခင်ဗျားတို့ လည်း ပြည်ပမှာနေလာတာကြာပြီပဲ။ ပြည်ပအခြေအနေကို သိတန်သလောက်သိနေပြီဆိုတော့ ရန်ကုန်ကိုပဲ ပြန်ကြပါ။ အဲဒိကနေပြီး မျှော်စင်ကျွန်းက ပွဲလို တကယ့်ကိုရယ်ရတဲ့ ဟာသတွေကို ကျနော်တော့ အဝေးကနေ အမြဲတမ်း  ကြည့်ချင်ပါပြီ ကိုသီးလေးသီးတို့ ရယ်။
9/9/11
မေတ္တာဓာတ်ရှင် ရှေ့ဆက်ချင်
ဟာရီကိန်းအလွန် နယူးယောက်ပြည်နယ် ရန်ဆယ်လီယာရွာလေး၏ ရာသီဥတုသည် မိုးလေးတငြိမ့်ငြိမ့်ချမ်းစိမ့်စိမ့်ရှိလှသည်မို့ ညဆိုင်းလုပ်ငန်းခွင်မှပြန်လာခဲ့သော ကျနော်သည် ရောက်ရောက်ချင်းဆိုသလို ပင်ပင်ပန်းပန်းနှင့်နှစ်ချိုက်စွာအိပ်မောကျသွားခဲ့သည်။ နေ့လည်နှစ်နာရီခန့်တွင် အိပ်ရေးဝ၍နိုးထလာပြီး ခပ်ပြင်းပြင်းရှိလှသည်ကတစ်ကြောင်း အညောင်းအညာပြေလမ်းလျှောက်ထွက်လိုသည်ကတစ်ကြောင်းမို့ ဘယ်ရယ်မဟုတ် ဦးတည်ရာမဲ့လမ်းလျှောက်ထွက်ခဲ့သည်။  
အတန်ငယ်လျှောက်ပြီးသောအခါတွင်မြန်မာလူမျိုးတစ်ဦးဖွင့်ထား
သည့် Win Market ခေါ် မြန်မာဈေးဆိုင်အတွင်းသို့ဝင်သွားလိုက်သည်။ ဆိုင်ထဲအရောက်တွင် ၄င်း Win Market ဆိုင်၏ပိုင်ရှင်ဖြစ်သော ကိုညွန့်ဝင်း{ABSDF ရဲဘော်ဟောင်း…ကပ- ၃၃၇၀ ၊ တာဝန်-တပ်သား၊ တပ်ရင်း/ဖွဲ့-၂၀၄…၂၀၅၊အချိန်ကာလ-၁၉၉၂၊နေရာနဲ့ဖြစ်ပွားပုံ-(နွားလေးခို)တပ်မဟာ၃(ညာလက်ပြတ်)} ဆိုသူသည် ဆိုင်အတွင်းမှထွက်လာ၍ ….  
“ဟေ့ကောင်မင်းအခု ဆိုင်ထဲကထွက်သွား” ဟု ကျနော့်ကိုပြောပါသည်။
“ကျနော်က….ဘာဖြစ်လို့လဲဗျ.”
“မင်းဘာဖြစ်လို့ ဘုန်းကြီးကိစ္စတွေကို အင်တာနက်မှာလိုက်တင်နေတာလဲ”
“ဖြစ်ရပ်ကလဲမှန်နေလို့…ပြီးတော့ ကျနော်ကိုယ်တိုင်လဲ လက်တွေ့ခံထားရတဲ့သူဖြစ်နေလို့ပေါ့ဗျ…”
“ဘာဖြစ်ဖြစ်မင်းအခုဆိုင်ထဲကထွက်သွားကွာ” စသည်ဖြင့် နှင်ထုတ်သည့်အပြင် ရိုင်းစိုင်းညစ်ညမ်းစွာပါဆဲရေးတိုင်းထွာလာပါသည်။
ကျနော်သည်ဖြစ်ဖြစ်ချင်းတွင် လူတို့၏ ဓမ္မတာအတိုင်း ပြန်လည်ပြောဆိုမှုများဖြင့်ဖြေရှင်းချင်စိတ်ရှိသော်လည်း ငယ်စဉ်တောင်ကြေးကလေးဘဝမှစ၍ တစ်သက်လုံးလက်ကိုင်ထားခဲ့သော သတိနှင့်မေတ္တာတရားတို့၏လှုံ့ ဆော်မှုကြောင့် မည်သို့မှ ပြန်မပြောဖြစ်ခဲ့ပဲ ၄င်းဆိုင်ထဲကပင် အေးဆေး တည်ငြိမ်စွာပြန်ထွက်ခဲ့ပါသည်။မှန်ပါသည်။
ကျနော်သည် အသက်ဆယ့်နှစ်နှစ်သားတွင် ရှင်သာမဏေဘဝသို့ဝင်ရောက်ခဲ့ပြီး အသက်နှစ်ဆယ်တွင် ရဟန်းအဖြစ်သို့တက်ရောက်ခဲ့ပြီး ပရိယတ္တိစာပေကို ပဌမကြီးတန်းအထိ အောင်မြင်ခဲ့သည်။ 
အသက်၂၁နှစ်တွင်      မန္တလေးမြို့မစိုးရိမ်တိုက်တွင် ဓမ္မာစရိယစာပေများကို ဆက်လက်သင်ကြားခဲ့သည်။
သို့သော် အခြေနေအကြောင်းကြောင့် စာဆက်မသင်ဖြစ်တော့ပဲ စာချဘုန်းကြီးဘဝဖြင့် ခုနှစ်တိုင်တိုင် ဘဝကိုလွှင့်မျှောနေခဲ့သည်။
၂၀၀၇ စက်တင်ဘာအလွန်တွင် ထိုင်းနယ်စပ်သို့ရောက်၍ ရဟန်းဘဝ အညွန့် တုန်းတော့သည်။ ဤသို့ဆယ့်ငါးနှစ်ကြာကြာ ဖြတ်သန်းသင်ယူလေ့လာဆည်းပူးခဲ့သော အတွေ့အကြုံနှင့်အသိတရာများသည် ယခုလိုလက်တွေ့ ဖြစ်ပေါ်လာသော အခက်အခဲ ပြဿနာမျိုးမှာမှ အသုံးမချနိုင်လျှင် အသုံးချစရာနေရာမရှိတော့သလောက်ဖြစ်နေပြီမဟုတ်လား။ 
ထို့ကြောင့် မေတ္တာနှင့်ယှဉ်အောင်ပွဲဆင်၍  ပြန်လည်ဆုတ်ခွါခဲ့သည်။   
ဆုတ်ခွါခဲ့သည် ဆိုသော်လည်း သွားရောက် တိုက်ခိုက်ခဲ့ခြင်းတော့မဟုတ်ပါ။အသားလွတ် ထိုးစစ်နှင့်ကြုံလိုက်ရခြင်းမျှသာဖြစ်သည်။
ကျနော်သည် အောက်တိုဘာ ၂၀၀၉တွင် နိုင်ငံရေးဒုက္ခသည်အဖြစ်နဲ့ အမေရိကသို့ရောက်ခဲ့သည်။ရောက်သွားသောအခါတွင် Case Worker ဟုခေါ်သော ကျနော့်၏ကိစ္စအဝဝအားလုံးကို ပြန်လည်နေရာချထားပေးရေးအတွက်တာဝန်ယူထားသူက ကျနော်အား ဘုန်းကြီးမှန်း လူမှန်း သေချာစွာ မသိထား၍ အိမ်ကို ကြိုတင်ငှားထားခြင်းမရှိသေးပဲ ဘုန်းကြီးကျောင်း၌ခေတ္တနေစေပါသည်။
ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက်တွင်ဖြစ်သည်။
ကျောင်းထိုင်ဆရာတော်၏အမည်မှာ ဦးဣဿရိယ(ယခင်သာသနဥသျှောင် ဒုဥက္ကဌ) ဖြစ်သည်။ ၄င်းဆရာတော်မှ ကျနော်အား သူ့ကျောင်းမှာပင်ဆက်လက်နေထိုင်ရန်နှင့် တစ်လခန့်နေပြီးသည့်နောက်တွင် Sushi လုပ်ငန်းသို့ပို့ပေးမည်ဟုပြောခဲ့ပါသည်။ 
Case Worker ကိုလည်း ကျနော့်အတွက် အိမ်မရှာရန်လှန်းပြောလိုက်ပါသည်။ Case Worker ကတော့ကျနော့် ကိုတာဝန်ကျေအောင် မေးပါသည်။ သူဘယ်လိုပြောပြောကျနော်က လက်ခံမှ (သို့) ကျနော်ကိုယ်တိုင်က ဆရာတော်၏စကားကို လိုက်နာပါမယ်ဆိုမှဖြစ်မှာဟုပြောခဲ့သည်။     ကျနော်က ပေါက်တဲ့နဖူးမထူးတော့ပြီဖြစ်၍      အလုပ်ကလွဲ
၍တခြားဘာမှမတွေးတော့ဘဲလုပ်ငန်းခွင်ထဲပဲ မြန်မြန်ဝင်ပြစ်လိုက်ချင်သည်။
ထို့ကြောင့် ဆရာတော်၏ စကားကို        လက်ခံ၍   (ဝါ)   ယုံကြည်၍  (ဝါ)   ကတိတည်မည်ထင်၍   (ဝါ)  ဘုရားသားတော်တစ်ပါးဖြစ်သူသည် ဖြစ်လတ္တံ့သောအဖြစ်အပျက်များကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ဟုထင်၍ သူ၏ကျောင်းတွင်ပင်ဆက်လက်နေထိုင်ခဲ့သည်။
ထိုကျောင်း၌နေထိုင်စဉ်ကာလများတွင် ကျနော့်အား ဆရာတော်မှ “ကောင်လေး မင်းအတွက် အိမ်လခရပိုင်ခွင့်ရှိတယ်…အဲ့ဒိအတွက် အဲ့ဒိ USCRI ရုံးမှာ မင်းလခကိုသွားတောင်းရမယ်" ဟုပြောပါသည်။
ကျနော်ကတော့ "တပည့်တော်မှာ Social Card  တို့ ID Card တို့စုံရင် အလုပ်သွားရတော့မှာဆိုတော့ တောင်းမနေတော့ပါဘူးဘုရား” ဟု ပြန်ပြောခဲ့ပါသည်။ “ကောင်လေးမင်းတော်တော်အတာပဲ… ဒါမင်းတို့ရောက်ခါစမှာပဲရတာ…နောက်ဆိုရင်မရတော့ဘူး ရတုန်းတောင်းထားလိုက် အိမ်ရှင်နာမည်မေးရင် ငါ့နာမည်နဲ့လိပ်စာကိုပြောလိုက်…ရလာရင် အဲ့ဒိပိုက်
ဆံမင်းကိုပေးမှာ မင်းမှာလဲ လိုနေတာပဲငါသိတယ်” ဟုပြောပါသည်။ ကျနော်လည်း သူ့စကားကို  နားထောင်၍  ရုံးတွင်  အိမ်လခကို   တောင်းခဲ့ပါသည်။      ရုံးကလည်းပို့လိုက်ပါသည်။ ကျနော်ကလည်းတကယ်ကိုပိုက်ဆံလိုနေသည်ကတစ်ကြောင်း၊သူကလဲရရင်ကျနော့်ကိုပဲ ပေးလိမ့်မယ်လို့ထင်နေသည်ကတစ်ကြောင်း၊ ပို့လိုက်သောပိုက်ဆံသူ့ထံတွင်ရောက်နေသည်ကို သိသည်ကတစ်ကြောင်းမို့ သွားရောက်တောင်းခံခဲ့သည်။
ထိုအခါ ၄င်းဆရာတော်က “ဒီပိုက်ဆံက ငါ့နာမည်နဲ့ငါ့လိပ်စာနဲ့လာတာ မင်းနဲ့မဆိုင်ဘူး” ဟု ပြန်ပြောလိုက်၍ ရဟန်းတော်များအတွက် ဒုတိယပါရာဇိကခေါ် အဒိန္နာဒါန  သိက္ခာပုဒ်ကို   ပြေးမြင်မိသလို     “အော်  လောဘ လောဘ အော်ငါ့ဘဝ
ငါ့ဘဝ” ဟု တိတ်တဆိတ်ရေရွတ်ရင်း သက်ပြင်းချခဲ့မိသည်။
ထို့နောက် ၄င်းဆရာတော်မှပင် ကျနော့်အား Laptop Computar အသေးစားတစ်လုံးကိုလာပေး၍  “ကြိုက်ရင်လဲယူထားလိုက် အလုပ်ရမှပိုက်ဆံ ၂၀၀ ပေး”ဟုပြောခဲ့သည်။ကျနော်ကလည်း သူကိုယ်တိုင်က အလုပ်ရှာပေးမှာဖြစ်တဲ့အတွက် “အလုပ်ရလို့ကတော့ ၂၀၀မဟုတ်ဘူး ၂၀၀၀လောက်ကို ကန်တော့ပြစ်ဦးမှာ” ဟုပင်စိတ်ထဲကကြိမ်းထားပြီးသူမို့ ယူထားလိုက်သည်။
ကျနော်သည် ၄င်း Computer ကိုယူထားလိုက်သော်လည်း ကောင်းကောင်းသုံးတတ်သူမဟုတ်သေးသလို Englishစာဆိုတာကလဲ အခုမှ နဖူးတွေ့ဒူးတွေ့ဖြစ်သည်။ထို့ကြောင့် English စာသင်တန်းများသို့သွားချင်သည်။ရုံးမှလဲ သင်တန်းနေရာနှင့် ကားလက်မှတ်များကိုပါ ပေးထားပြီးဖြစ်၍ သွားမည်ဟု စိတ်ကူးထားသည်။ရောက်ခါစမို့လဲ အစစအရာရာအားတက်သရောရှိနေသည်။ဆံပင်ကစ၍ ထူထောင်နေရသူတစ်ယောက်ဖြစ်၍လည်းသူများထက်ခြေလှမ်းကျဲကျဲနဲ့များများလှမ်းနိုင်မှ တော်ရာကျလိမ့်မည်ဟုလည်းခံယူထားသည်။ကျနော်၏ ဤသို့သော အခြေအနေများတွင် ဆရာတော်ကလည်း အိမ်အသစ်တစ်လုံးဝယ်ထားသည်။
ကျနော့်အား ၄င်းအိမ်အသစ်အတွက်သာလျှင် အသုံးချချင်နေသည်။ကျနော့်အား တစ်ရပ်စာမျှမြင့်သော ချုံဖုတ်များအား ရှင်းခိုင်းခြင်း၊သစ်ပင်ကြီးများအား ခုတ်လှဲစေခြင်း၊အုတ်စီခိုင်းခြင်း စသည်ဖြင့် ဘဝတစ်လျှောက်လုံးတစ်ခါမျှမလုပ်ခဲ့ဘူးသည့် အလုပ်ကြမ်းများကို စေခိုင်းခဲ့ပါသည်။တခါတခါတော့လည်း ကိုယ့်ကိုယ်ကိုပြန်လည်ကျည်စယ်ရင်း “ဒါကွ
အမေရိက လုပ်ထားကွ ခုတ်ထားကွ ရှင်းထားကွ” ဟုပင်ပြောမိခဲ့သည်။
တခါတခါတော့လေ “အမေရေသားတော့အမေရိကရောက် ထင်းခုတ်သမား ပန်းရံသမားကြီးဖြစ်နေပြီဗျ” ဟု အမေမကြားမှန်းသိသိနှင့် ကြားလေမလားဟုရောင်ရမ်းတမ်းတ အော်မြည်ခဲ့မိသည်။ကျနော့်မှာ ကိုယ့်အတွက်လည်းရုန်းရ သူ့အတွက်လည်းရုန်းရနှင့် အမေရိကဆိုတာကြီးကိုပါ ဘာမဆိုင်ညာမဆိုင် စိတ်တိုမိခဲ့သည်။ကျနော်အတွက်လိုအပ်သည့် Social စသည့်Card များမစုံခင်မှာပင် ကျနော်ကို အလုပ်သို့     သွားရန်     အတင်းတိုက်တွန်းသည်။          Card များစုံလင်ပြီဖြစ်၍ “အလုပ်သွားမည်” ဟု
ပြောသောအခါတွင် ဖင်လှည့်ခေါင်းလှည့်လုပ်နေသည်။
ကျနော့်ကိုငပြင်းတစ်ယောက်အဖြစ်ဖြင့် ကျောင်းသို့လာသမျှလူများအားမိတ်ဆက်ပေးသည်။အလုပ်ကိုအဆမတန်ခိုင်းသည်။အလွဲအချော်ရှိခဲ့သော် လည်းကောင်း၊မလုပ်ဖြစ်ခဲ့လျှင်သော်လည်းကောင်း ဆဲဆိုကြိမ်းမောင်းခြင်းကိုခံခဲ့ရသည်။
ကျနော် ရောက်ဘူးခဲ့သည့်တောအရပ်ဇနပုဒ်ဆိုသည့်အရပ်ဒေသများတွင်ပင်လျှင်၎င်း၏ဆဲဆိုသံလောက်ရိုင်းပြသော ဆဲဆိုသံများကို မကြားခဲ့ဘူးပေ။ကျနော်သည် ၄င်းဘုန်းကြီးကျောင်းတွင် ဆက်လက်မနေထိုင်လိုတော့ပေ။သို့သော် လက်ထဲတွင်လည်းပိုက်ဆံမရှိ။သူရှာပေးမည်ဆိုသည့် အလုပ်ကလည်း တကယ်လုပ်မယ်ဆိုမှ “မရတော့ဘူး” တဲ့။ကျနော်အလွန်ပင်စိတ်ညစ်နေမိသည်။
ထိုသောတစ်ည နံက်၂နာရီခန့်တွင် ကျနော်သည် အိပ်မပျော်၍
Computer သုံးနေစဉ် “မင်း Computer ဖိုးမပေးသေးဘူးလား” ဟု ပြောလာပါသည်။ကျနော်အတော်ကို အံ့သြသွားရပါသည်။
ထို့ကြောင့် “ဆရာတော်ကအလုပ်ရမှပေးလို့ပြောထားတာမဟုတ်ဘူးလား..အခုတပည့်တော် အလုပ်မှမရသေးတာ ပေးစရာဘယ်လိုလုပ်ရှိမှာလဲ ဘုရား”..ဟုပြန်ပြောလိုက်သည်။ထို့နောက် “မင်းအဲ့ဒိကွန်ပျူတာဖိုးကို မြန်မြန်ပေးဖို့ကြိုးစား..အိမ်လခလဲ မင်းပေးရမယ်” ဟုပြောပြီးအပေါ်ထပ်သို့တက်သွားပါသည်။
အဲ့ဒိထက် ၄င်းဆရာတော်အားယုံကြည်နေလျှင် ကျနော်လုံးရာမှ ပြားဖို့ပင်ရှိတော့သည်မို့ အမေရိကမှ ထိုင်းသို့ငွေပြန်မှာယူရသော ကမ္ဘာပထမဆုံးလူသားအဖြစ်ခံယူ၍ အမျိုးသမီးထံတွင် ငွေသုံးရာပြန်မှာ၍ အိမ်ခန်းတစ်ခန်းငှားလိုက်ရပါတော့သည်။
ကျနော်သည် စာရေးချင်နေတာ ကြာခဲ့ပြီ။ရေးစရာကလည်း မရှိဖြစ်နေ၍ အလွန်ပင်စိတ်မကောင်းဖြစ်နေသောအခါတွင် ဤသို့ရေးဖြစ်အောင်လှုံ့ဆော်ပေးခဲ့သည့် ကိုညွန့်ဝင်း ဆိုသူအားကျေးဇူးလဲတင်မိသလို မေတ္တာနဲ့ယှဉ်ရှေ့ဆက်ချင်ကြောင်း အားလုံးသော အားလုံးသောဝေနေယျဒုက္ခိတ သုခိတ သတွါများအား ကြေငြာမောင်းခပ် လိုက်ပါသည်။
အမှန်တရားကို မြတ်နိုးသူတိုင်းအတွက် တော်လှန်ရေးသည် နေရာတိုင်းအချိန်တိုင်းတွင်ရှိသည်ဟု ယုံကြည်လျှက်…………….။
နန်းရှင်
၉။၇။၁၁။
9/6/11
ကမ္ဘာပေါ်မှာ ရောင်းကောင်းဆုံးစာရင်းဝင် ဗမာကြောင် နှင့် ခွေးသား
Burmese Cat လို့ ခေါ်တဲ့ ဗမာပြည်က ကြောင်ဟာ နိုင်ငံခြားမှာ အတော်ရောင်းကောင်းတယ်။ ဘာ့ကြောင့်လူတွေက ဗမာကြောင်ကို ကြိုက်လဲဆိုတော့ ဗမာကြောင်တွေဟာ ယဉ်ကျေးတယ်။ သခင်က သူ့ နာမည်ကိုခေါ်ရင် ပြန်ထူးတယ်။ ခလေးတွေ ခွေးတွေနဲ့ လည်းတည့်အောင် ပေါင်းတယ်။ ဘယ်သူ့ ကိုဒုက္ခမပေးဘူး။ ဗမာကြောင်ရဲ့ အမွေးတွေက တခြားကြောင်တွေလို အမြဲတစေမကျွတ်ဘူး။ သခင်တွေနဲ့ ကစားတယ်။ အိမ်မှာတစ်ကောင်တည်းလဲ နေတယ်။ သူ့ ဟာသူ ရှာစားတက်တယ်။ ပြောရရင် ဗမာကြောင်တွေက ဗမာတွေလို ခိုင်းကောင်းတယ်ပေါ့ဗျာ။ ဒါ့ကြောင့် လူတွေကြိုက်တယ်။
နေပါအုံးဗျ။ ဘယ်လိုဖြစ်လို့ ဗမာကြောင်က နိုင်ငံခြားကိုရောက်သွားတာလဲလို့ မေးအုံးမယ်။ ဒုက္ခသည်အဖြစ်နဲ ယူအန်လျှောက်ပြီး သွားတာမဟုတ်ဘူးလို့ ဖြေချင်ပါတယ်။ ၁၉၃ဝ-ခုနှစ်မှာ ဒေါက်တာ ဒေါက်တာ သွန်စန် (Dr Joseph Thompson) ဆိုသူက ဝေမော် (Wong Mau) ဆိုတဲ့ ဗမာကြောင်မကြီးတစ်ကောင်ကို အမေရိကန်နိုင်ငံ ဆဖရန်စစ္စကိုမြို့ ဆီကို သယ်သွားပါတယ်။ ဒီကြောင်မကြီးကနေ သားဖောက်ပြီး အမေရိကန်နိုင်ငံမှာ စတင်ရောင်းချလိုက်တာ ဒီနေ့ အထိ ဗမာကြောင်ဟာ တခြားနိုင်ငံက ကြောင်လောကထဲမှာ နာမည်အကြီးဆုံးဖြစ်သွားပါတယ်။ ဘာ့ကြောင့်ကြီးလဲဆိုတော့ အထက်က အချက်တွေကြောင့်ပါ။
ဗမာကြောင်ဟာ တကယ်တမ်း ဗမာပြည်ပေါက်ကြောင်မဟုတ်ပါဘူး။ ထိုင်းနိုင်ငံက သယ်လာခဲ့တဲ့ကြောင်လို ဝီကီပီဒီးယားအွန်လိုင်းစွယ်စုံကြမ်းက ဆိုပါတယ်။ ဗမာဘုရင်တွေ ထိုင်းကို ဝင်ရောက်တိုက်ခိုက်တဲ့အခါ ထိုင်းတွေတင်မဟုတ်ဘူး ကြောင်တွေပါ ဗမာဘုရင်တွေ , လာပုံရတယ်။
ှအမေရိကန်နိုင်ငံကနေတဆင့် အဆင့်ဆင့်အသိအမှတ်ပြုခံပြီးမှ အင်္ဂလန်နိုင်ငံကို ၁၉၄၉-ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့တယ်။ ၁၉၆၉-ခုနှစ်မှာ အမေရိကန်နိုင်ငံကနေ နယ်စပ်ကိုကျော်ပြီး ကနေဒါနိုင်ငံဆီကို ဗမာကြောင်တွေ ရောက်ရှိခဲ့ပါတယ်။ သြစတျေးလျကိုလည်း ၁၉၅ဝ ပတ်ဝန်းကျင်လောက်မှာ ရောက်ခဲ့တယ်။ အဲဒိအချိန်က စပြီး ဥရောပနိုင်ငံအသီးသီးကို ဗမာကြောင်တွေ ရောက်နေပါပြီ။ နာမည်ကြီးနေပါပြီ။ တခြားကြောင်တွေထက် ဗမာကြောင်ဟာပိုပြီးဈေးကြီးပါတယ်။ ဆိုတော့ ဗမာတွေ ကြောင်လောကမှာ တကယ့်ကို ဂုဏ်သိက္ခာရှိခဲ့ပါပြီ။
လက်ရှိ ဗမာကြောင်တစ်ကောင်ရဲ့ ပေါက်ဈေးက တစ်ကောင်ကို အနဲဆုံးဒေါ်လာ သုံးရာပေါက်ပါတယ်။ လက်ရှိကမ္ဘာပေါ်က ကြောင်ချစ်သူတိုင်းမှာ ဗမာကြောင်ရှိပါတယ်။ မယုံရင်မေးကြည့်ပါ။ ကြောင်တွေ ဗမာစကားတော့မတက်တော့ပါဘူး။
ကျနော်တို့ တိုင်းပြည်ဟာ မြေပေါ်မြေအောက် သယံဇာတ တင်မကဘူး၊ ကြောင်ပါ အတော်နာမည်ကြီးတယ်။ ဒါ့ကြောင့် ဦးသိန်းစိန်တို ဂုဏ်ယူနေတယ်ထင်တယ်။ အစိုးရကိုကော စီးပွားရေးလုပ်ငန်းရှင်တွေကော အကြံပေးချင်တယ်။ ဗမာပြည်မှာ ကြောင်တွေ ထမင်းငတ်လို့ ပိန်ခြုံးကုန်ပြီ။ သနားဖို့ ကောင်းတယ်။ ဒီကြောင်တွေကို လိုက်ဖမ်းပြီး အနောက်နိုင်ငံတွေကို ဈေးပေါပေါနဲ့တင်ပို့ ကြည့်ပါ။ သူတို့လည်း ဝါးတီးမှန်မယ်။ အင်္ဂလိပ်စကားလည်း တက်မယ်။ လေယျာဉ်ပျံလည်း စီးရမယ်။ သူတို့ အတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။
ဈေးအနဲဆုံး တစ်ကောင်ကို ဒေါ်လာတစ်ရာလောက်နဲ့ ရောင်းတာတောင် စီးပွားဖြစ်နိုင်တယ်။ ဗမာပြည်က ဗမာကြောင်ကို တိုက်ရိုက်တင်ပို့ တာဆိုတော့ လူတွေအတော်စိတ်ဝင်စားမယ်။
နောက်ပြီး ဗမာပြည်မှာ ခွေးတွေလည်း တအားပေါတော့ ဗီယမ်နမ်၊ တရုတ် နဲ့ ဟောင်ကောင်တွေကို တင်ပို့ ကြည့်ပါ။ နိုင်ငံခြားဝင်ငွေ အများကြီး ရနိုင်တယ်။ ကျနော့်အကြံပေးချက်က စီးပွားရေးပညာရှင် ဦးမြင့်လောက်တော့ သနားတယ်။ ဒါဆိုရင် ကုသိုလ်လည်းရ ဝမ်းလဲဝတဲ့အပြင် ဗမာတွေရဲ့ ကျန်းမာရေးလည်း ပိုကောင်းအုံးမယ်။ အခုကြတော့ လူတောင် မနဲ ထမင်းဝအောင် စားနေရတာဆိုတော့ ခွေးနဲ့ ကြောင်ကို လှည့်တောင်မကြည့်နိုင်ဘူးဖြစ်နေသလားပါ။ ဒါ့ကြောင့် ဒီစာကို အချိန်ကုန်ခံပြီး ရေးလိုက်ရခြင်း ဖြစ်ကြောင်းပါ။
ရည်ညွန်း- www.cat-world.com.au
Burmese (cat) - Wikipedia, the free encyclopedia
Dog meat - Wikipedia, the free encyclopedia
en.wikipedia.org/wiki/Dog_meat - CachedSimilar- Block all en.wikipedia.org results
ခလေးလုပ်ရတဲ့ အတွေ့ အကြုံ
ကျနော့်မှာ ခလေးသုံးယောက်ရှိတယ်။ သားတစ်ယောက် သမီးနှစ်ယောက်။ ဒီသုံးယောက်လုံးကို မွေးရတဲ့ အတွေအကြုံကို ပြောပြချင်တယ်။ ခလေးတွေအားလုံးကို နိုင်ငံခြားမှာပဲ မွေးခဲ့ရတယ်။ သားအကြီးဆုံးကို မဲ့ဆောက်ဆေးရုံကြီးမှာမွေးတယ်။ သမီးနှစ်ယောက်ကို သြစတျေးလျနိုင်ငံ ပတ်မြို့ မှာမွေးတယ်။ သားတွေသမီးတွေကို ကျနော်ကိုယ်တိုင်မွေးတာမဟုတ်ပါ။ ကျနော်က လုပ်ရုံလေးလုပ်တာပါ။ မိန်းမကပဲ မွေးတာဆိုတော့ ကျနော်မွေးတာလို့ ပြောလို့ မရဘူး။ မြန်မာပြည်မှာ ခလေးမွေးရင် ဘေးမှာ ကူမဲ့မိတ်ဆွေ နဲ့ အမျိုးတွေက အနည်းဆုံးရှိတက်ကြတော့ မွေးမိခင်ကပိုပြီး သက်သာတယ်။ လုပ်ပေးရတဲ့ အဖေလည်း စိတ်ပူစရာမလိုဘူးပေါ့။ နိုင်ငံခြားမှာတော့ ခင်ရာဆွေမျိုး မိန်ရာ ဟင်းကောင်းပေါ့ဗျာ။
မဲ့ဆောက် အတွေ့ အကြုံ
ဒီအချိန်မှာ လက်ထဲမှာလည်း အလုပ်မရှိ ငွေကလည်းမရှိတော့ အတော်မျက်နှာငယ်ပါတယ်။ ဒါပေမဲ့ ခလေးကို မမွေးခင် လပိုင်းအလိုမှာ ချဲ, နှစ်ခါလောက်ပေါက်,တော့ မိန်းမက ရွှေစ လေးတွေဝယ်ထားပါတယ်။ နောက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း ခလေးမွေးစရိတ်ထုတ်ပေးတယ်။ ခလေးတစ်ယောက်ကို ထိုင်းဘတ်ငွေ နှစ်ရာဆိုပြီး အမေရိကန်နိုင်ငံက ကိုမိုးဇော်အောင်ကလည်းထောက်ပံ့ပေးတယ်။ ဒီငွေတွေက အတော်အထောက်အပံ့ဖြစ်ပါတယ်။ သန့် စ်ယူပါ အဲဗွီဘော်ဒီ။
တစ်ရက်မှာ မိန်းမက ဗိုက်နာတော့ ကျနော်တို့ လင်မယားဆိုင်ကယ်ပေါ်တက်ပြီး မဲ့ဆောက်ဆေးရုံကြီးကို ပြေးပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်လက်မှတ်မရှိတဲ့ ဗမာလူမျိုးဆိုတော့ အတော်အနှိမ်ခံရတယ်။ မဲ့ဆောက်ဆေးရုံကြီးဆိုတာကလည်း မြန်မာပြည်က လူနာတွေနဲ့ ပြည့်နေတဲ့ နေရာလေးတစ်ခုပါ။ ထိုင်းနိုင်ငံက ဆရာဝန်တွေ သူနာပြုတွေလည်း အတော်ကောင်းရှာပါတယ်။ ငွေတောင်းတာ မရှိဘူး။ နဲနဲတော့ စကားပြောတာမာတာပေါ့။ ဒါကလည်း သူ့ စကားမှ ကိုယ်က မတက်တာဆိုတော့ ဖြစ်တက်ပါတယ်။
မိန်းမ ဗိုက်နာတော့ သူ့ ကို မွေးခန်းထဲပို့ လိုက်တယ်။ မွေးခန်းထဲကို ယောကျာ်းလေးမဝင်ရဘူး။ အပြင်မှာထိုင်ပြီးစောင့်နေရတယ်။ ညပိုင်ရောက်တော့ ခလေးမွေးပြီ။ ဆေးရုံမှာ နေလို့ မရတော့ အိမ်မှာပြန်ပြီး စောင့်ပါတယ်။ သားလေးလား သမီးလေးလားဆိုတာကို သိချင်လိုက်တာ အရမ်းပဲ။ ခေါင်းက ဆံပင်တောင် ကောင်းကောင်မဖီးနိုင်ဘူး။ ပထမဦးဆုံး ခလေးဆိုတော့ ရင်ကလည်း ခုန်တယ်။ ငါ, အဖေတစ်ယောက်ဖြစ်တော့မှာပါလား။ ဒါဆိုရင် ငါ့မှာ တာဝန်တွေပိုပြီး ရှိသွားပြီလို့ ခံစားရတယ်။ ပိုပြီး ကိုယ့်ကိုယ်ယုံကြည်မှူနဲ့ သတ္တိရှိလာတယ်။ ခလေးမျက်နှာကိုလည်း အရမ်းတွေ့ ချင်တယ်။ ပြီးတော့ မိန်းမကိုလည်းဘေးကနေ အားပေးချင်တယ်။ စိတ်တွေအကုန်လုံးက ဆေးရုံကိုပဲ တချိန်လုံးရောက်နေတယ်။
မနက်ပိုင်းမှာ မိန်းမက ဆေးရုံကနေ ဖုန်းဆက်လာတယ်။
"ဘုန်းကျော် ယောက်ျားလေး မွေးတယ်"...မိန်းမက ကျနော့်ကို ဘုန်းကျော်လို့ ပဲ မွန်မပီပီ ပြတ်ပြတ်ပဲ ခေါ်တယ်။ သူများတွေလို မောင်တွေ အကိုတွေ စတဲ့ ပြီတီတီစကားသံနဲ့ မဟုတ်ဘူး။ ခပ်မာမာပဲ။ သူကလည်းမာတော့ ကျနော်ကလည်း ဘယ်ပျော့မလဲ။
"အကောင်ကြီးလား"...
"သုံးကီလိုခွဲ ရှိတယ်...." နင်မလာနဲ့ အုံး။ ဆေးရုံက ဝင်ခွင့်မပေးဘူး။
"ဘာစားမလဲ"
"စွပ်ပြုတ်သောက်ချင်တယ်..."
ကျနော်တို့အိမ်နောက်ဖေးမှာ တောဟင်းရွက်ပေါင်းစုံရှိတယ်။ ဒီအရွက်တွေကို အရင်တုန်းက စားလို့ ရမှန်းမသိဘူး။ ဒါတွေကို ခူးပြီး အမေရိကန်နိုင်ငံနေ ကိုနေဝင်းရဲ့ မိန်းမက "ကရင်စုပြုံဟင်းခါးရည်" ကို အားတက်သရောချက်ပေးတယ်။ စုပြုံဟင်းခါးလို့ ကျနော်က နာမည်ပေးတာ ဒီလိုကြောင့်ပါ။ ငါးကိုမီးဖုတ်၊ ကြက်သွန်ဖြူကို ဓားပြားရိုက်၊ ပြီးရင် ရေနွေးဆူဆူထဲကို ပစ်ထည့်။ ခဏကြာရင် အိမ်နောက်ဘေးက အရွက်ပေါင်းစုံကို ခူးပြီး ရေနွေးဆူထဲမှာ ငါးမိနစ်လောက်ထည့်လိုက်တာနဲ့  စုပြုံဟင်းခါးဖြစ်လေသတည်း။ အချိုမှုန့် နဲ့  ငရုတ်ကောင်းက မပါရင် စုပြုံဟင်းခါးမဖြစ်တော့ နောက်ဆုံး အိုးကို မီးဖိုပေါ်က ချခါနီးမှ ထည့်ပါတယ်။ မွှေးလိုက်တဲ့အနံ့ ။ သွားရည်တောင် ကျတယ်။ ဒီလောက်ထိကောင်းတဲ့ ကရင်မလက်ရာ စုပြုံဟင်းခါးရည်ဗျာ။
ဒီဟင်းခါးရည်က ခလေးမိခင်တွေအတွက် နို့ ထွက်ကောင်းစေတယ်လို့  မမှု,ဟုခေါ်သော အုတ်ပျော်ကြီးက မှတ်ချက်ပေးတယ်။ အိမ်နောက်ဘေးက အရွက်ဆိုတာကဗျာ....ကျနော်တို့ ညတိုင်း အရက်သောက်ပြီးရင် သေးပန်းနေကြတဲ့အရွက်တွေများတယ်။ အမှုးသမားအတော်များများက အိမ်သာထဲမှာသေးမပေါက်ဘူး။ ချုံကောင်းတဲ့နေရာမှာ ပန်းတာပဲ။ ဒီလိုတွေ့ ကရာပန်းလို့  သြစတျေးလျနိုင်ငံမှာလို ဘယ်သူမှ အရေးမယူဘူး။ဒါ့ကြောင့် ဥက္ကဌလည်း ပန်းတယ်။ အတွင်းရေးမှူးလည်းပန်းတယ်။ ဒီလိုမျိုးတော့ ညီညွတ်ပါတယ်။ မယုံရင် လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ကိုအောင်မိုးဇော်ကို မေးကြည့်ပါ။ သူက အဆိုးဆုံးပဲ။
ကျနော်တို့ နေတဲ့အိမ်က အရက်ဆိုင်လိုပဲ။ တနေကုန်လူစည်တယ်။ လူ့ ဘောင်သစ်က လူတွေဆိုတာက ဘုရားသမား တရားသမား တစ်ယောက်မှ မရှိဘူး။
မအေးမှုက ကရင်ဟင်းခါးရည်ကျက်ပြီဆိုတော့ သူပဲ ဆရာမကြီးလုပ်တယ်။ သူက ကေအန်ယူက ဆေးမှုးလည်းဖြစ်၊ ခလေးလည်း နှစ်ကောင်လောက်ထွက်ပြီးပီဆိုတော့ အိုက်စပီရက်စ်ကောင်းကောင်းရှိတယ်။
" မောင်ဘုန်း ချိုင့်နဲ့ သေသေချာချာထည့်။ နေတိုင်းဒါကိုပဲတိုက်။ နို့ ထွက်ကောင်းတယ်။ နင်လည်း တချိန်လုံးမှုးမနေနဲ့ ။ ဆေးရုံကို မြန်မြန်သွားပို့ "
မမှုညွှန်ကြားတော့ ကျနောလည်း လစ်တာပေါ့။
အိမ်က ပိန်လိန်နေတဲ့ ဟန်းကောချိုင့်နဲ့ ထည့်။ ဆိုင်ကယ်အစုတ်ပေါ်တက်ပြီး ဆေးရုံပေါ်က ပထမဦးဆုံးသား နဲ့  မိန်းမကို ကြည့်ဖို့ သွားပါတယ်။ ကံဆိုးချင်တော့ ထိုင်းရဲ နဲ့ လမ်းမှာတိုးပြီး ဘတ်ငွေနှစ်ရာ ကုန်ပါလေရော။ နှမစောင်းထိုင်းရဲတွေ။ သူတို့ ကိုပဲ လုပ်ကျွေးနေရတယ်။
" မိန်းမ နင် နေကောင်းလား "
" အေး...ကောင်းတယ်"
" ခလေးကော "
" ကောင်းတယ် "
" ခလေးက ချောတယ်ဟ...။ သူ့ အဖေနဲ့ တူလို့ ဖြစ်မယ်ထင်တယ်။ ငါ့ကြောင့် ခလေးချောချောထွက်တာနော်။ နင်...သူများရရင် ဒီလောက်ချောမှာမဟုတ်ဘူး..." ဆိုပြီး မိန်းမကိုနောက်တော့...သူမက..
" ဟင်း......." ဆိုပြီး မခန့် လေးစားအပြုံးနဲ့ တုန့် ပြန်တော့ လင်မယားနှစ်ယောက်လုံးပြိုင်တူ ကြည်နှူးကြပါလေတော့သည်။
၂။ ၾသစေတ်းလ် အေတြ ့အႀကဳံ နှင့် သမီးကြီး
သူများတွေ သြစတျေးလျနိုင်ငံမှာ ခလေးမွေးတာကိုကြည့်ပြီး ကိုယ်လည်း ခလေးလိုချင်လာတယ်။ နောက်ပြီး ခလေးများများမွေးရင် အစိုးရဆီက ငွေများများရတယ်။ မွေးစရိတ်မကုန်ဘူး။ တစ်ကောင်မွေးရင် ဒေါ်လာငါးထောင်တောင်ပေးတာဆိုတော့, ဘုန်းကျော်, မိန်းမကို အပီကျွေးပြီ။ ထမင်းပြောတာနော်။ တလွဲမတွေးနဲ့ အုံး။
" မိန်းမ ငါတို့ ခလေးနောက်တစ်ယောက်ယူရအောင်...." လို့ အကြံပေးတော့။ သိတ်ပြီးမလိုချင်ရှာတဲ့ မိန်းမက...
"ယူပေါ့ ဘာဖြစ်လဲ...အလကားမွေးရတာပဲဟာ" ဒီလောက်ထိ သဘောကောင်းတဲ့မွန်မ။
ဒါနဲ့ သမီးအကြီးကို ကိုယ်ဝန်ရပြီဆိုပါတော့။
မဲ့ဆောက်မှာတုန်းက ကိုယ့်ဘေးမှာ ကူမဲ့လူ အားပေးဖော် အားပေးဘက်တွေက တထောကြီးပဲ။ ကိုယ်တောင် ဘာမှလုပ်စရာမလိုဘူး။ မိန်းမလည်းအားရှိတယ်။ ဒါပေမဲ့ သြစတျေးလျနိုင်ငံမှာတော့ သိတဲ့အတိုင်းပဲ။ တစ်အိမ်နဲ့ တစ်အိမ်ကလည်း မသိကြဘူး။ သူငယ်ချင်းတွေအကုန်ုလုံးကလည်း သူ့ အိမ်နဲ့ သူ။ ဆိုတော့ ကိုယ့်ခြေထောက်ပေါ်ကို အခုမှ စတင်ရပ်ရသလိုဖြစ်နေတယ်။ ထမင်းချက် ဟင်းချက်လည်း ဒီလင်နဲ့မယားပဲ။ ကိုယ်ဝန် စ,ရတဲ့အချိန်ကာလအတွင်းမှာဆိုရင် မိန်းမခင်ဗျာ မစားနိုင်မသောက်နိုင်ဖြစ်ရရှာတယ်။ တချိန်လုံးအော့အန်ပြီး နေတော့တာပဲ။ သူ့ ကိုကြည့်ပြီး အတော်သနားပြန်ရော။ သူ ဒီလို အော့အန်နေတဲ့အချိန်ဆိုရင် လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကဗျာဆရာလိုလို ကွန်မြူနစ်လိုလို ဟိုလိုလိုဒီလိုလို ကိုထွဋ်ဦးလှိုင်ပြောတဲ့စကားကို သွားပြီးသတိရတယ်။ သူက ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးပါ။
" အဆိပ်တကာ အဆိပ်တွေထဲမှာ လူရဲ့ အဆိပ်က အပြင်းဆုံးကွ "
အဲလိုပြောတဲ့အချိန်မှာ သူက လူပျိုသိုးကြီး။ ဘယ်ကနေ ဘယ်လို ဒီစကားကို သွားပြီးရလာလဲ မသိဘူး။ သူ့ ဆိုလိုချက်ကို မိန်းမ မရခင်တုန်းက မသိဘူး။ အခုမှပဲ သဘောပေါက်တော့တယ်။ ရွှေဉာဏ်တော် စူးရှ ပါပေတယ် ကိုထွဋ်ရယ်။
ကိုးလလွယ် ဆယ်လဖွားလို့ တော့ကြားဖူးတယ်။ သမီးကြီးက ဆယ်လလည်းထွက်မလာ ဆယ်လခွဲလည်း ထွက်မလာတော့ ကျနော်စိတ်ပူပြီ။ အတော်ပျင်းတဲ့ခလေးပဲလို့ မိန်းမကို နောက်တယ်။ ဒါနဲ့ ဆေးရုံးကိုပြေးပြီး ဆေးထိုးမွေးပါတော့တယ်။ ညနေပိုင်းလောက်ရောက်တော့ မိန်းမ ဗိုက်နာပြီ။ သြစတျေးလျဆေးရုံက မဲ့ဆောက်ဆေးရုံလို မဟုတ်။ အတော်စိတ်ချမ်းသာတယ်။ သီးသန့် ခန်းနဲ့ မွေးတော့ မိခင်ကော ဖခင်ကော စိတ်အနှောက်အယှက်မဖြစ်ဘူး။ ဟိုတယ်မှာမွေးရသလိုပဲ။
မဲ့ဆောက်အတွေ့ အကြုံအရကော မြန်မာ့ယဉ်ကျေးမှုအရကော မီးနေခန်းထဲကို ယောက်ျားမဝင်ရဘူးလို့ ကျနော် နားလည်ထားတယ်။ ဒါက ကျနော်တို့ ယဉ်ကျေးမှု။ ဒါပေမဲ့ သြစီ နဲ့ မတူ။ သြစတျေးလျတွေရဲ့ ယဉ်ကျေးမှုကတော့ အတော်လန်းတယ်။ လန်းတာမှ လန်ထွက်နေအောင်လန်းတယ်လို့ ပြောချင်တယ်။ မီးနေခန်း မကလို့ မီးသတ်ခန်းထဲအထိ ယောကျာ်းဝင်ပြီး နေလို့ ရတယ်။ ဝါသနာပါရင် မိန်းမနဲ့ အတူ ဝိုင်းအော်လို့ ရတယ်။ ကျနော်က အတွေ့ အကြုံမရှိတော့ မွေးခန်းထဲကို မဝင်ရဲဘူး။ကြောက်တယ်။ မကြည့်ရဲဘူး။ ဒီအချိန်မှာ မိန်းမက စတင်အော်နေပြီ။ ကျနော်က လိုက်ကာလေးဘေးမှာနားထောင်။ နပ်စ်မ နှစ်ယောက်ကို ဗမာအခေါ် လက်သည်လို့ ခေါ်ပါစို့ ။ လက်သည်နှစ်ယောက် ကျနော့်ကို လှမ်းပြီးပြောတယ်။
ွှ"နင်ဘာလုပ်နေတာလဲ၊ အထဲကိုဝင်ခဲ့၊ နင့်မိန်းမကိုကူညီ"
ဟုတ်ကဲ့လိုပြောပြီး မိန်းမရှိတဲ့ မွေးခန်းထဲကို ဝင်သွားတယ်။ ကဲ..ဗျာ...မြင်လို့ တောင်မကောင်းဘူး။ ခလေးမွေးတာကိုကြည့်ပြီး သားစိတ်မယားစိတ် ကုန်သွားတယ်။ ဒါပေမဲ့လည်းအများဆုံးခံ တစ်လပဲ။ ယောက်ျားစိတ်ဆိုတော့ သိတဲ့အတိုင်းပဲ။
မိန်းမရဲ့ လက်ကို သေသေချာချာ ဆုပ်ကိုင်။ သူ့ ရဲ့ နဖူးပေါ်က ချွေးတွေကို သုတ်ပေး။ ပါးစပ်ကလည်း ညှစ်ထားမိန်းမ...ဆိုပြီးအားပေးရတယ်။ မိန်းမခင်ဗျားလည်း အတော်သနားစရာကောင်းတယ်။ နဖူးက အကြောတွေ ထောင်းကနဲနေအောင် ပြတ်ထွက်တော့မဲ့အတိုင်းပဲ။ အမြောင်းလိုက်ပေါ်နေအောင် ခလေးကို ညှစ်ထုတ်နေရတယ်။ သိတ်မကြာပါဘူး။ ကျနော့်သမီးကြီးထွက်လာပါပြီ။ ခလေးထွက်လာတော့ ခလေးရဲ့ ချက်ကြိုးဖြတ်ဖို့ ကျနော့်ဆီကို ကပ်ကြေးထိုးပေးတယ်။ မင်းကိုယ်တိုင်ဖြတ်ပေါ့။ သွေးတွေကော ဘာတွေကောဗျာ။ အတော်ရွံစရာကြီး။
ဆောရီး။ ငါမလုပ်ချင်ဘူး။ မင်းတို့ ဘာသာဖြတ်တော့.....လို့ ပြောလိုက်တော့မယ်။
ဆေးရုံပေါ်မှာနှစ်ရက်နေပြီး အိမ်ကို ပြန်ပို့ တယ်။ သူတို့ အင်္ဂလိပ်တွေအစားအစာကို ကျွေးတယ်။ အားလုံးအခမဲ့။ ခလေးမွေးမွေးချင်း မိခင်တိုင်းဗိုက်ဆာတယ်။ မိန်းမက ပြောတယ် ငါ....စွပ်ပြုတ်သောက်ချင်တယ်တဲ့။ ဒီအချိန်မှာ သတိရဆုံးက မမှုရဲ့ စုပြုံဟင်းခါးနဲ့ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လူတွေသေးပန်းထားတဲ့ အရွက်တွေကို သတိရမိတယ်။ သတိရလည်း ဘာမှမတက်နိုင်။ ကူမဲ့သူမရှိ။ သားကြီးကို လက်ကတစ်ဘက် မိန်းမကို လက်ကတစ်ဘက်နဲ့  ရေတောင်မချိုးနိုင်ဘူး။ ဆိုင်က အစားအစာတွေဝယ်ပြီး ကျွေးရပါတော့တယ်။
၃။ သြစတျေးလျအတွေ့ အကြုံနှင့်သမီးငယ်
ဒီခလေးကိုမွေးတော့ ကိုယ့်မှာ အတွေ့ အကြုံများနေပြီ။ ကောင်းကောင်း Manage နိုင်ပြီ။ အကုန်လုံးအဆင်သင့် ကြိုတင်စီစဉ်ထားတယ်။ လူနာတင်ကားအတွက် အင်ရှုးရန့် လုပ်ထားတယ်။ ညီနဲ့ သူ့ ရီးစားကို အကူညီတောင်းထားတယ်။ ကိုယ်ကတော့ လက်က ဘီယာနဲ့ ။ တယ်လီဖုန်းနဲ့ ။ ဘယ်လိုမွေးရမလဲ၊ ဘယ်လိုနေရမလဲဆိုတာကို အတွေ့ အကြုံအရသိသွားပြီ။ မိန်းမ ဗိုက်နာပြီဆိုတော့ လူနာတင်ကားကို ဖုန်းဆက်ပြီးခေါ်လိုက်တယ်။ လူနာတင်ကားက မိန်းမကို ဆေးရုံပေါ်ထိ ဂရုတစိုက်ခေါ်သွားတယ်။
ဆေးရုံပေါ်ရောက်နေတဲ့ မိန်းမကို လေးငါးနာရီလောက် ဗိုက်ပေး "နာ" ခိုင်းပြီး..ကိုယ်က ခလေးနှစ်ယောက်ကို ကိုယ်ပိုင်ကားထဲထည့်။ စားစရာ ကေအက်ဖ်စီ ဟန်ဂရီးဂျက်ကို ဒရိုက်သရုကနေ ဝယ်တယ်။ ခလေးတွေအတွက်။ မိန်းမအတွက်တော့ တရုတ်ခေါက်ဆွဲပြုတ်။ အားလုံးရယ်ဒီမိန့် ။ ငွေအတွက်လည်း ပူစရာမလို။ ဒီတစ်ကောင်ထွက်လာရင် ငါးထောင်တောင်ရမှာဆိုတော့ မိန်းမကို ဖားထားရတယ်။ ဘီယာဖိုးရအောင်။
လက်သည်တွေတောင်မရောက်သေးဘူး ကျနော်က မီးနေခန်းထဲမှာ မိန်းမနဲ့ အတူတူ ခလေးညှစ်နေပြီ။ သောက်ရေကမ်းပေးတယ်။ ချွေးသုတ်ပေးတယ်။ ခေါင်းတွေ ဇက်ကြောတွေကို နှိပ်ပေးတယ်။ မိန်းမမြန်မြန်မွေးနိုင်ပါစေလို့ ဆုတောင်းတယ်။ မြန်မြန်မွေးလေ နားအေးလေပဲဆိုတော့။ ဒေါ်လာငါးထောင်တောင် ရမှာဆိုတော့ မိန်းမလည်းပျော်တယ်။ ကျနော်လည်းပျော်တယ်။ အားလုံးက အတော်ပျော်ကြတယ်။
နာရီဝက်လောက်ကြာတော့ နောက်တစ်ကောင် ထွက်ပါပြီ။ ဒီတစ်ခါလည်း သမီးလေး။ အကောင်ကြီးသားပဲ။ ကြာသပတေးသမီး။ သူ့ အဖေနဲ့ နေ့ နံအတူတူ။ နာမည်ကိုတော့ တခါတည်း ဗေဒင်မတွက်ပဲ စိတ်ကူးပေါက်ရာပေးချလိုက်တယ်။
ုဘုန်းကျော်နှင့် သူဇာတို့ ရဲ့ သမီးအငယ်ဆုံးကို...
" ပန်ဇင်ကျော် " လို့ ခေါ်ကြဟေ့။ အကြီးကောင်က သော်ဇင်ထက်ကျော်။ အလတ်မက နိုးပွင့်အိမ်ကျော်။ ခလေးသုံးယောက်လုံးကို မွေးနေ့ လည်းမလုပ် ကန်ပွန်းတပ်လည်းမလုပ် ဗေဒင်မေးပြီး နာမည်ရွေးတာလည်း မလုပ်ပါဘူး။ မွေးတာနဲ့ တခါတည်းနာမည်ပေးပါသည်။ ဒီခေတ်က အိုင်တီခေတ်ဆိုတော့ လုံးဝကို မြန်နိုင်မှ တော်ကာကြမယ်လေ။ ဟုတ်ဘူးလား။
"ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့  ၊ ငါဘုရားသည် စောက်ချဉ်မဟုတ်"
တလောက ကျနော်ရေးတဲ့စာ တစ်ပုဒ်နဲ့  ပက်သက်ပြီး ဘုန်းကြီးတွေကော လူတွေကော မခံချိမခံသာ ဒေါသတွေအချောင်းချောင်းထွက်ပြီး တုန့် ပြန်လာကြတာကို ဖတ်ရတယ်။ ဘာမှတော့ ထပ်ပြီး ကျနော်မတုန့် ပြန်ခဲ့ဘူး။ စောင်းချိုးတွေပြင်၊ဒါပဲ ဆိုတဲ့ စာနဲ့ ပက်သက်ပြီးပြောတာပါ။ အတွေးပေါက်တာကို ရေးခဲ့ခြင်း ဖြစ်ပါတယ်။ ဘယ်သူ့ ကိုမှ ဘယ်ဘာသာကိုမှ မစော်ကားပါဘူး။ ဒီစာနဲ့ ပက်သက်ပြီး မြန်မာသံတော်ဆင့်က ဦးမြင့်ရွှေ နဲ့  ဂျပန်နိုင်ငံက နိုင်ငံရေးသုတေသီ ဦးညွန့် ဆွေတို့ နှစ်ဦးကတော့ ပေါ်တင်ထောက်ခံကြတယ်။ သူတို့ တော့ လူနည်းစုပေါ့လေ။ လူများစုကတော့ ကျနော့်ကို ကွန်မြူနစ်ဆိုပြီးစွပ်တယ်။ ကွန်မြူနစ်ဆိုလို့  ငါးဖမ်းဖို့ ကွန်ပစ်တာတောင် မသိဘူး။ အများစုက ဘာသာမဲ့ဆိုပြီးဆို ပုတ်ခတ်တယ်။ ဖရီးသင်ကာ လို့ ခေါ်တဲ့ လွတ်လပ်စွာတွေးခေါ်နေတဲ့ လူတစ်ယောက်လို့ သတ်မှတ်တဲ့သူကလည်း သတ်မှတ်တယ်။ ဘုန်းကြီးတွေကလည်း ဒီကောင်ဘုန်းကျော် ငါတို့ ကိုစော်ကားတယ်၊ တွေ့ လို့ ကတော့ ခေါင်းရိုက်ခွဲမယ်လို့ ကြိမ်းတဲ့ ဘုန်းကြီးက ကြိမ်းဝါးနေတယ်။ သူတို့ ရင်ထဲ ထိသွားတယ်ထင်တယ်။
ဘယ်သူတွေ ဘာပဲပြောပြော ကျနော် မြင်တာ ထင်တာကို တွေးနေ၊ ရေးနေပါအုံးမယ်။ အခုလည်း ဗုဒ္ဓဘာသာနဲ့ ပက်သက်လို့  တွေးမိတာကို တင်ပြအုံးမယ်။ ကျနော်က ဗုဒ္ဓဘာသာ အကြောင်းလုံးဝနားမလည်သူတစ်ဦးပါ။ ဘုရားစာတောင် ကောင်းကောင်း မဆိုတက်ဘူး။ ဒါပေမဲ့ ဘုရားနဲ့  တန်ခိုကြီး၊ သီလကြီးတဲ့ ဘုန်းကြီးတွေကိုတော့ အတော်ကြည်ညိုပါတယ်။
ဒီစာရေးရင်းနဲ့ သတိရလို့ ပြောအုံးမယ်။ ပြီးခဲ့တဲ့ ၂-နှစ်က ပီနန် မြန်မာဘုန်းကြီးကျောင်းကို ရောက်တယ်။ ဆရာတော်ကြီးကို ဖူးတယ်။ ဆရာတော်ကြီးကို ဘာ့ကြောင့်လေးစားလဲဆိုတော့ အာဏာရှင်ကိုတော်လှန်နေလို့ ပါ။ ဒီလိုဘုန်းကြီးမျိုးဆိုရင် အတော်ကြည်ညိုပါတယ်။
ဆရာတော်ကြီးက ကျနော်စကားပြောမှားတာကိုကြည့်မရတော့ ဒီလိုပြောတယ်။
"မကြည်ညိုရင် ငါ့ကို မကိုးကွယ်နဲ့ ။ ကြည်ညိုတဲ့သူတွေ လာလိမ့်မယ်"..လို့ မိန့် ကြားတယ်။
ကျနော်ကလည်း ကျနော်ပဲ။ ဘုန်ကြီးတွေနဲ့ စကားပြောတဲ့အခါမှာ ထိုင်တဲ့အခါမှာ အရမ်းစိတ်ကျဉ်းကြပ်တယ်လို့ ခံစားရတယ်။ တင်ပါ့ဘုရား၊ မှန်ပါ့ဘုရား စတဲ့ စကားတွေလည်း ပြောမတက်ဘူး။ လုပ်ပြီး ပြောရသလို ဖြစ်နေတယ်။ ဟန်ဆောင်နေရတယ်။
ဒါနဲ့ ပက်သက်ပြီး ကျနော်တွေးမိတာက ဒီလိုပါ။
နိုင်ငံခြားသားတွေက မြန်မာဘုန်းကြီးတွေနဲ့ စကားပြေရင် ယူ နှင့် အိုင် ဆိုတဲ့စကားလုံးပဲသုံးတယ်။ တင်ပါ့ဘုရားမသုံးဘူး။ တပည့်တော်ဆိုတဲ့ နာမ်စားမပါဘူး။ အရှင်ဘုရားဆိုတဲ့ စကားလည်းမပါဘူး။ သူတို့ ဒီလိုပြောတော့ ဘယ်သူမှ ရိုင်းတယ်လို့ မပြောဘူး။ ဘယ်ဘုန်းကြီးကမှ ဒေါသမထွက်ဘူး။ ကျနော်တို့ ဗမာတွေသာ ဘုန်းကြီးကို မင်းနဲ့ ငါဆိုတဲ့ အသုံးနှုံးကိုသုံးကြည့်။ ဘယ်လောက်တောင် စိတ်ဆိုးမလဲမသိဘူး။
ပီနန်ဆရာတော်ကြီးကို ကျနော်က သူဌေးလို့ ပြောလို့  ဆရာတော်ကြီး စိတ်ဆိုးသွားတယ်ထင်တယ်။ မတက်နိုင်ပါ။ ဆရာတော်ကြီးက တကယ့်သူဌေးပါ။
ငါ့ ဒကာ ဒကာမတွေက ချမ်းသာတာ။ ငါ ချမ်းသာတာ မဟုတ်ဘူးလို့  ပြန်ပြောတော့ ကျနော် အရမ်းသဘောကြပါတယ်။ ဒါက ဆရာတော်ကြီးကိစ္စ ထားပါတော့။ တပည့်တော် မှားတာရှိရင် ခွင့်လွှတ်ပါ အရှင်ဘုရား။
ဘုန်းကြီးတွေ တရားဟောတဲ့အခါမှာ ကျနော်သဘောမတူတာ ရှိတယ်။ များများလှူဒါန်းပါ။ များများလှူတော့ ပိုပြီးသူတို့ ရတော့ပေါ့။ ဒီလိုမျိုးတွေးမိတယ်။ နောက်ပြီး ပရိတ်ရွတ်ရင် အန္တရာယ် ကင်းတယ်လို့ လည်းပြောတယ်။ ဗမာပြည်မှာ ဘုန်းကြီးဦးရေက လေးသိန်းလောက်ရှိတယ်လို့ ပြောတယ်။ ဒီလေးသိန်းနဲ့ 
တနိုင်ငံလုံး ပရိတ်ပတ်ပြီး ရွတ်လိုက်ရင် ပြည်တွင်းငြိမ်းချမ်းရေးရပြီပေါ့။ တကယ်လို့ အန္တရာယ်ကင်းခဲ့ရင်။ အခုတော့ သိတဲ့အတိုင်း သေနတ်သံတွေ ကြားနေရတုန်း။
ကျနော့်ဆွေမျိုးတွေ အကုန်လုံး ငမွဲတွေချည်းပဲ။ ဘုရားတော့ ဘာရှစ်ခိုးသလဲ မမေးနဲ့ ။ ဗေဒင်လည်း တအားယုံတယ်။ ဘုရားမှာလည်း ဆုတွေတောင်းတာ အရမ်းပဲ။ တောင်းတိုင်းလည်း မပြည့်ပါဘူးဗျာ။ မွဲတာက မွဲတာပဲ။
ချမ်းသာတဲ့နိုင်ငံတွေကိုကြည့်ပါ။ ဗမာပြည်လို ဘုန်းကြီးများလား။ ဂျပန်တွေကိုကြည့်။ သူတို့ လည်း ဗုဒ္ဓဘာသာပဲ။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ တွေလည်း ဗုဒ္ဓဘာသာ နိုင်ငံပဲ။ ဗမာပြည်ထက်တောင် ချမ်းသာသေးတယ်။ ကျနော့်အထင်တော့ သူတို့ နိုင်ငံမှာ ဘုန်းကြီးဦးရေနဲ့ စစ်သား ဦးရေနဲ့ တော့ ကုန်ထွက်ပိုများတယ်။ ပိုပြီး စားနိုင်သောက်နိုင်တယ်လို့ ထင်တယ်။ ၾသစေတ်းလ် ၊ အမေရိကန် ၊ ဥရောပ စတဲ့ နိုင်ငံတွေလည်း ဒီအတိုင်းပဲ။ ဒီနေရာမှာ အာဏာစနစ်ကို ခဏဘေးဖယ်ထားပြီတွေးကြည့်ပါ။
ဗမာပြည်မှာက ဘုန်းကြီးတွေ စာသင်တယ်။ ကျောင်းဖွင့်တယ်။ ကောင်းပါတယ်။ ခလေးတွေ စာဖတ်တက်တာပေါ့။ ဘုန်းကြီးစာလည်း အရမ်းတက်ပါတယ်။ ဒါပေမဲ့ ဒီစာတွေက လူတွေအတွက် ဘာမှအသုံးမဝင်ဘူးလို့ ကျနော်ထင်တယ်။ နားလည်ရခက်တယ်။ လက်တွေ့ အကျိုးမဖြစ်ဘူး။ ဘုန်းကြီးစာသင်မဲ့အစား လယ်ကိုဘယ်လိုထွန်ရလဲဆိုတာကို သင်ရင်တောင် အကျိုးရှိအုံးမယ်။ လူတိုင်း ဗိုက်ဝနိုင်တယ်။
ကျနော်စဉ်းစားမိတာ နောက်တစ်ခုရှိသေးတယ်။ ဗုဒ္ဓသာသနာ ပြန့် ပွားရေးဆိုတဲ့စကား နဲ့ သာသနာပြုတဲ့ကိစ္စ။ တကမ္ဘာလုံးက လူတွေ ဗုဒ္ဓဘာသာ ကိုးကွယ်တော့ ကိုယ့်အတွက် ဘာရမှာလဲ။ နောက်ဆုံး ကိုယ်လုပ်မှ ကိုယ်စားရတာပဲ။
အသက်ကြီးလာရင် အေးအေးဆေးဆေးတရား အားထုတ်ချင်လို့ ဘုန်းကြီးဝတ်ကြတယ်။ ဒါကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ လက်ရှိမြင်ရတဲ့ ဘုန်းကြီးလောကကြီးက ဘာအတွက်လဲ မသိဘူး။ ဘုန်းကြီးဝတ်တဲ့ ရည်ရွယ်ချက်ကိုပြောတာပါ။ နောက်ထပ် ငါးနှစ်ကြာရင် နတ်ပြည်တက်ရမှာလား။ ဒါမှမဟုတ် နိဗာန်ရောက်မှာလား။ ဒါတွေကလည်း တခါမှ အပြင်မှာမမြင်ဖူးဘူး။ တီဗွီထဲမှာလည်း မတွေ့ ဖူးဘူး။ ဘုန်းကြီးတွေပြောမှ သိရတဲ့အရာဖြစ်နေတယ်။
ရှင်ပြုတဲ့ ဟာကိုလည်းကြည့်ပါအုံး။ မြန်မာ့ယဉ်ကျေးမှူကိုတော့ လက်ခံတယ်။ ရှင်ပြုတော့ ဘာအကျိုးအမြတ်လဲ။ ငွေပဲ ကုန်တယ်။ အမေကတော့ ပြောတယ်။ ရှင်ပြုရင် လူကောင်ကြီးတယ်တဲ့။ ဒါဆိုရင် ကပ္ပလီတွေ ဘာလို့ ရှင်မပြုပဲနဲ့  ဗလတွေကြီးနေတာလဲ။ ကောင်းကောင်းဝါးမှ အကောင်ကြီးမှပေါ့ အမေရာလို့ ပြောလိုက်တယ်။ ကောင်းကောင်းစားမှ ကျပ်ပြည့်တဲ့ အုံးနှောက်ဖြစ်မှာ။ မဟုတ်ဘူးလား။
ဘုန်းကြီးတွေတန်ခိုးကြီးတယ်။ တချို့ လူတွေလည်းတန်ခိုးကြီးတယ်လို့ ပြောကြတယ်။ ယုံကြတယ်။ တခါမှတော့ မတွေ့ ဖူးဘူး။ စာထဲမှာပဲ ဖတ်ဘူးတယ်။ တကယ်လို့ တန်ခိုးကြီးရင် ဘာလို့ ဗမာပြည်ချမ်းသာအောင် လူတွေစိတ်ချမ်းသာအောင် မလုပ်ပေးတာလဲမသိဘူး။ ကပ်စေးနဲတာတော့ မဖြစ်နိုင်ဘူး။
မြန်မာတွေဟာ အတော်လေးကို ဆင်းရဲတယ်။ ထမင်းတောင် နပ်မမှန်ကြဘူး။ ကျနော်ငယ်ငယ်တုန်းက ဒီလို ဘဝမျိုးနဲ့ ကြုံခဲ့တယ်။ မရှိတဲ့ကြားကနေ ဘုန်းကြီးတွေကို ဆွမ်းလောင်းတယ်။ ကထိန်ဆိုရင် ငွေ တက်နိုင်သလောက် ငွေလှူတယ်။ ကျနော်တို့ လုပ်သလို တခြားဆင်းရဲတဲ့လူတွေလည်း လုပ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ကလှူဒါန်းသလောက် လက်တွေ့ အကျိုးခံစားခွင့် ဘာမှ မရခဲ့ဘူး။ ဘုန်းကြီးတွေကတော့ ပြောပါတယ်။ နောင်ဘဝမှာ ချမ်းသာပါလိမ့်မယ်လို့ ။ ကျနော်အမြင်က နောင်ဘဝက မြင်ရတာမဟုတ်ဘူး။ လက်ရှိလက်ငင်းပဲ ချမ်းသာချင်တယ်။
ဘုန်းကြီးတွေတရားဟောတိုင်းလှူဒါန်းမှူဆိုတဲ့စကားပါတယ်။ ဒါကို ကျနော် သံသယဖြစ်တယ်။ လူတွေလှူမှ ဘုန်းကြီးတွေ အဆင်ပြေမှာမဟုတ်ဘူးလား။ မလှူရင် ဘုန်းကြီးလည်း ငတ်ပေါ့။ ဒါ့ကြောင့် လှူဒါန်းပါလို့ ပြောတာလားမသိဘူး။ နောက်ပိုင်း ကျနော် လှူချင်တာက ဘုန်းကြီးတွေမဟုတ်တော့ဘူး။ မလုပ်စား၊မကိုင်စားနိုင်တဲ့ အိုကြီးအိုမတွေ၊ မသန်မစွမ်းတွေ နဲ့  အရမ်းဆင်းရဲတဲ့လူတွေကိုပဲ လှူချင်တော့တယ်။ ချမ်းသာတဲ့ ဘုန်းကြီးကျောင်းတွေ ဘုန်းကြီးတွေကို ပိုပြီး မလှူချင်ဘူး။
ဒါပေမဲ့ မြန်မာတွေက လှူတာတောင် အပြိုင်အဆိုင်လှူဒါန်းကြတယ်။ Certificate တောင်းသလိုပဲ။
နတ်ကိုးကွယ်မှူကိုလည်းကြည့်ပါအုံး။ လူတွေကြည့်ရတာ အချောင်လိုက်ချင်နေကြသလိုပဲ။ ကိုးကွယ်မှု့ မှားနေတယ်။ အဓိက ကိုးကွယ်ရမှာက မိမိကိုယ်ကိုယ်ပဲလို့ ကျနော်တော့ ယုံကြည်တယ်။ ဘာပဲဖြစ်နေ ဖြစ်နေ ဘုန်းကြီးလည်းမကယ်နိုင်ဘူး။ ဘုရားလည်း မကယ်နိုင်ဘူး။ နတ်လည်း မကယ်နိုင်ဘူး။ ဒ့ါကြောင့် သူငယ်ချင်းတချို့ က ဒီလိုပြောတာပေါ့။
"ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့  ၊ ငါဘုရားသည် စောက်ချဉ်မဟုတ်"
မှတ်ချက်။ မိမိအပြစ်ရှိရင် မိမိပဲခံပါမယ်။
9/4/11
" Media Must Be Very Open"
သာမန်လက်လုပ်လက်စား ပြည်သူတွေရဲ့ အသံကို မီဒီယာမှာ ကြားချင်လိုက်တာဗျာ။ ဘာကိုကြားချင်တာလဲလို့ မေးရင် ဒီလိုပြောရ ပါလိမ့်မယ်။
ဘီဘီစီ/အာအက်က်ဖေ/ ဗွီအိုအေ စတဲ့ မီဒီယာတွေ မှာ တချိန်လုံး အမြင်ကပ်အောင် ပြောနေတဲ့သူတွေကိုလေ့လာကြည့်ပါ။ ထင်မြင်ချင်ပေးတဲ့လူတွေ/နိုင်ငံရေးလေ့လာ သုံးသပ်သူတွေ /လွတ်တော်အမတ်တွေဟာ ဒီလူဒီလူချည်းပဲ။ ဘယ်မီဒီယာကိုကြည့်ကြည့် သူတို့ပဲ။ မျက်စိကိုနောက်နေတာပဲ။ ဒေါ်စုသတင်းကလည်း မပါလို့ မပြီးလား မသိဘူး။ ဒီလိုလုပ် ။ဒေါ်စု အီးပါရင် ဘယ်လိုထိုင်ပါလဲလို့ လည်းမေးပေါ့။ ဟုတ်ဘူးလား။
သာမန်လက်လုပ်လက်စား ပြည်သူတွေရဲ့ နိုင်ငံရေး ရင်ဖွင့်သံတွေကြားချင်တယ်။ သူတို့ ရဲ့ မျှော်လင့်ချက်တွေကို နားထောင်ချင်တယ်။ သူတို့ ဘယ်လို ဒုက္ခရောက်ရလဲဆိုတာကို မျှဝေခံစားချင်တယ်။ အခုတော့ မီဒီယာ အားလုံးက တလွဲချည်းပဲ။ အင်တာဗျူးတာလေး ထင်မြင်ချက်ပေးတာလေးတွေကို ပြင်စေချင်တယ်ဗျာ။
နောက်ပြီး မီဒီယာတိုင်းက သူများသတင်းကိုပဲ လိုချင်တယ်။ သူတို့ မီဒီယာ ဝိုင်းတော်သားတွေသတင်းကိုကြတော့ တခါမှ မကြားမိပါလား။ ဥပမာဗျာ- ဗွီအိုအေက မအင်ဂျင်းနိုင် နဲ့  ဗိုလ်မှူး စိုင်းသိန်းဝင်းတို့ ရဲ့ အီစီကလီဇာတ်လမ်းပေါ့။ ဒါ့အပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းလေးတွေလည်းရှိပါတယ်။ အခုတော့ သူတို့ ကောင်းကြောင်းတော့ ကြားမိပါရဲ့ ။ ဖြစ်နိုင်ရင် ခင်ဗျားတို့ ရဲ့ ကိုယ်ပိုင် နိုင်ငံရေးအမြင်လည်း ကြားချင်ပါတယ်။ သူများကိုချည်း လျှောက်ကြပ်တာတော့ တစ်ဖက်သက် ကြလွန်းပါတယ်။
အဖွဲ့ အစည်းခေါင်းဆောင်တွေလောက်ပဲ ခေါင်းပါတာမဟုတ်တဲ့အတွက် အောက်ခြေက အဖွဲ့ ဝင်တွေကိုလည်း မေးစေချင်ပါတယ်။ တခါလာလည်း နိုင်ငံရေး အကျဉ်းသားကိစ္စ။ သတင်း။ သူတို့ ပဲ အသက်ပါတာမဟုတ်ဘူးနော်။ သူတို့ ပဲ နိုင်ငံရေးလုပ်တာ မဟုတ်ဘူးနော်။ သတိထားကြပါ။
ဒီနေ့ ဒီအချိန်မှာ အရေးကြီးဆုံးအရာကတော့ အရင်တုန်းက လုပ်နေကြ တွေးနေကြ ပုံစံခွက်တွေကို ဆေးကြောပစ်ရတော့မယ်။ အတိုက်အခံ အချင်းချင်းဝေဖန်နေတာတွေကိုလည်း မီဒီယာမှာ ဖော်ပြသင့်တယ်။ အင်တာဗျူးသင့်တယ်။ ဒါမှ ပြည်သူက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဥပမာ အေဘီအက်စ်ဒီအက်ဖ်အတွင်းရေးမှူးဟောင်း ကိုသန်းဝင်းက ကိုဇော်ဦးနဲ့ ဗဟုအဖွဲ့ ကို ဝေဖန်တဲ့ကိစ္စ။ နောက်ပြီး ဒီမိုကရေစီဘက်တော်သား တစ်ဦးရေးတဲ့ ယူကေ ကန်ပိန်းဖော် ဘားမားနဲ့ ဦးဟန်ညောင်ဝေ ကိစ္စ။ ဒီလို စွတ်စွဲချက်တွေဟာ အတိုက်အခံလောကမှာ အများကြီးပါ။ စွပ်စွဲသူနဲ့ စွပ်စွဲခံရသူတို့  နှစ်ဦးနှစ်ဘက် မီဒီယာမှာ တရားဝင် ရှင်းခွင့်ပေးရင် ရှင်းရဲရင် မလိုလားအပ်တဲ့ သို့ လောသို့ လော မေးခွန်းတွေ အထင်လွဲမှူတွေ ရှောင်ရှားနိုင်လိမ့်မယ်။ ညီညွတ်မှူ ရနိုင်မယ်။ ဒါပေမဲ့ ယနေ့ အထိ မီဒီယာတိုင်းက ဒီလို စွပ်စွဲချက်တွေကို အခြေအမြစ်မရှိဘူး ဆဲနေတာဆိုပြီး လစ်လျှူပြုထားတယ်။ ဘယ်လောက်ကြာနေပြီလဲ။
ဒီလူတွေအားလုံးကလည်း နိုင်ငံရေးသမားတွေပါ။ တန်ဘိုးရှိတဲ့ လူတွေပါ။ ဆိုတော့ဗျာ အားလုံးရဲ့ အသံကို ကြားချင်ပါပြီ။
လေးစားလျှက်
ဘုန်းကျော်
View My Stats