ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/15/10

ခန့်စည်သူကိစ္စ ရဲထောက်လှမ်းရေးပါမနေရ

Western Australia ရဲ့ စုံထောက်တစ်ဦးဖြစ်သူ Mr Glenn Lammonby (Detective Snr Constable)က ခန့်စည်သူကိစ္စကို အကြောင်းကြားပါတယ်။ ခန့်စည်သူမလာတော့ပါဘူး။ သူမလာချင်တာဖြစ်တယ်လို့အကြောင်းပြန်ပါတယ်။ ဒါဆိုရင် ကျနော်တို့ ဆန္ဒပြပွဲ မလုပ်ဖြစ်ဘူးလို့ သူ့ကိုပြောလိုက်ပါပြီ...အားလုံးကျေးဇူးတင်ပါတယ်။

စပွန်စာပါတီ မဟုတ်ဆိုတဲ့ လူ့ဘောင်သစ်

၂၂-ဆိုတဲ့အချိန်ကာလက အာဏာယူလို့ရတဲ့ အတွေ့အကြုံ၊ အရည်အချင်း နဲ့ ရင့်ကျက်မှု့ ကိုဖန်တီးပေးလိုက်ပါပြီ..။ ပါတီမွေးနေ့ပွဲတက်ရောက်သူ၊ ကျင်းပသူအားလုံးအား ဂုဏ်ပြုပါသည်။ အဝေးရောက်ရဲဘော်များအားလုံး လူကိုယ်တိုင်လာရောက်မတက်နိုင်ပေမဲ့ စိတ်ထဲမှာတော့အမြဲရှိကြပါတယ်။ တစ်နေ့တော့ လူ့ဘောင်သစ်တွေရဲ့ စုံညီပွဲကို ရန်ကုန်မှာ ကျင်းပခွင့်ရလိမ့်ဆိုတာ ယုံကြည်ပါတယ်။











လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
ဗဟိုဦးဆောင်ကော်မတီ၏
(၂၂) နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် တင်ပြချက်

(၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၄ ရက်)

လေးစားအပ်ပါသော လူမျိုးပေါင်းစုံ မိဘပြည်သူများ/ မိတ်ဆွေများ/ ပါတီဝင်ရဲဘော်များခင်ဗျား

ပါတီမွေးနေ့ကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ အောက်ပါကိစ္စ ၂ ရပ်ကို တင်ပြပါရစေ။

- ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲကိစ္စ
- နိုင်ငံရေးပါတီကိစ္စ

နိဒါန်း

၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ (၂၂)နှစ် ပြည့်ပါပြီ။ ကျွန်တော်တို့ပါတီဟာ ၁၉၈၈ ဒီမိုကရေစီလူထုတိုက်ပွဲကြီးရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ ဒီလိုလူထုတိုက်ပွဲကြီးထဲက ရရှိလာတဲ့ အဖိုးတန်ရတနာကို ထိန်းသိမ်းကာကွယ်ခဲ့တာ၊ အခြေအနေအမျိုးမျိုးမှာ ပါတီကို ဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့ လုံးပမ်းခဲ့ကြတာတွေကို ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြရမယ်။ ဂုဏ်ယူတတ်ဖို့လည်း သိပ်လိုအပ်ပါတယ်။ ဆယ်စုနှစ် ၂ ခုကျော်ကာလအတွင်း နိုင်ငံရေးပါတီတစ်ရပ် ဆက်လက်ရပ်တည် ရှင်သန်နေဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ မလွယ်ကူကြောင်းကို ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော် ကာလအတွင်းက ဖြစ်ရပ်များ၊ ဖြတ်သန်းမှုများက သက်သေခံခဲ့ပါပြီ။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ဥပဒေတွင်းပါတီအဖြစ် (၁၉၈၈ – ၁၉၉၁) ၃ နှစ်မျှကာလလောက်သာ ရပ်တည်ခဲ့ရတာပါ။ (၁၉၉၁) မှ ယနေ့အထိ ဥပဒေပပါတီအဖြစ် ရပ်တည်နေခဲ့ရတာဖြစ်ပါတယ်။ စစ်အုပ်စုကလည်း ပါတီကို နည်းမျိုးစုံနဲ့ ဖျက်သိမ်းဖို့ ဆောင်ရွက်ခဲ့တာပါ။ စတင်ဖွဲ့စည်းခါစမှာ အတွေ့အကြုံနုနယ်လှတဲ့ လူငယ်ပါတီလေးတစ်ရပ်ကို ဖျက်လိုဖျက်ဆီး လုပ် လိုတဲ့ အခြေအနေအရပ်ရပ်နဲ့ ပုံစံမျိုးစုံကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ကြရပြီး “ပြည်သူသာအမိ ပြည်သူသာအဖ” ဆိုတဲ့ ကြွေးကြော်သံနဲ့ ပါတီအလံကို ဒီကနေ့အထိ ကျွန်တော်တို့ ရပ်တည်လွှင့်ထူနေခဲ့ကြပါတယ်။

အခက်အခဲ အမျိုးအမျိုးအကြားမှာ ပါတီနဲ့အတူ ရပ်တည်ခဲ့ကြတဲ့၊ စွန့်လွှတ်စွန့်စားခဲ့ကြတဲ့ ပါတီခေါင်းဆောင်များ ပါတီဝင်များကိုလည်း လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။

ကျွန်တော်တို့ပါတီ ယခုလို ရပ်တည်ရှင်သန်နေနိုင်ဖို့ အဖက်ဖက်က အားပေးကူညီခဲ့ကြတဲ့ ပြည်တွင်းပြည်ပက မဟာမိတ် ပါတီ အဖွဲ့အစည်းများ၊ မိတ်ဆွေများကို အထူးကျေးဇူး တင်ရှိပါတယ်။ အားပေးကူညီမှုတွေကို မှတ်တမ်းတင်ပါတယ်။

ယခုလည်း ဆက်လက်ရပ်တည်ဖို့ အားမာန်နဲ့ ယုံကြည်မှု အပြည့်အဝ ရှိပါတယ်။

ကျွန်တော်တို့ပါတီဟာ လူမျိုးပေါင်းစုံ ပြည်သူတွေကို အမိအဖသဖွယ် အလုပ်အကျွေးပြုဖို့၊ လူမျိုးပေါင်းစုံပြည်သူတွေဘက်က အစဉ်အမြဲ ရပ်တည်ကာကွယ် တိုက်ပွဲဝင်ဖို့ ဖွဲ့စည်းထားတဲ့ ပါတီတစ်ရပ်ဖြစ်ပါတယ်။

ဖွဲ့ဆိုလို့ဖွဲ့ရပြီး၊ ဖျက်ဆိုလို့ ဖျက်ရတဲ့ “စပွန်ဆာ လူ့ဘောင်သစ်” မဟုတ်ပါဘူး။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲကိစ္စ

၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုတာကလည်း စစ်အာဏာရှင်စနစ်ကို မဲပေးရွေးချယ်ရမယ့် စစ်အုပ်စုက စိတ်ကြိုက်ဖန်တီးထားတဲ့ အတုအယောင် ရွေးကောက်ပွဲ တစ်ခုမျှသာဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ အဓိက ယှဉ်ပြိုင်ကြမယ့် ပါတီကလည်း (တစည) နဲ့ (ကြံ့ဖွံ့ပါတီ) တို့ပဲ ဖြစ်ပါတယ်။

(တစည) နဲ့ (ကြံ့ဖွံ့ပါတီ) တို့ဟာ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်က မွေးထုတ်လိုက်တဲ့ “သုကျိတ်နဲ့ ဘာလီ” ဖြစ်ပါတယ်။ ဒီပါတီတွေဟာ လူမျိုးစုံပြည်သူတွေကို တခါက အကြမ်းဖက်ဖိနှိပ်ခဲ့သူနဲ့ လက်ရှိ အကြမ်းဖက်ဖိနှိပ်နေသူတွေပဲ ဖြစ်တယ်။ ဒါကြောင့် လူမျိုးစုံ ပြည်သူတွေအနေနဲ့ ဖိနှိပ်ခဲ့သူတွေနဲ့ လက်ရှိဖိနှိပ်နေသူတွေကို ဆန္ဒမဲပေးရွေးချယ်လို့ မဖြစ်နိုင်ပါဘူး။ သပိတ်မှောက် ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။

စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ “ဆိုရှယ်လစ်အတု” “ငြိမ်းချမ်းရေးအတု” “ပြည်ထောင်စုအတု” “ပါတီစုံအတု” “အမျိုးသားညီလာခံအတု” “တွေ့ဆုံဆွေးနွေးရေးအတု” “ အမျိုးသားပြန်လည်သင့်မြတ်ရေးအတု” “ရွေးကောက်ပွဲ အတု” စတဲ့ ဆင်တူရိုးမှား အတုအပမျိုးစုံ ပေါ်ပေါက်နေပါလိမ့်မယ်။ ဒါ့အပြင် စစ်အုပ်စုက လိုလားတဲ့ ရွေးကောက်ပွဲရလဒ်နဲ့ သူတို့ လိုလားတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာခြင်းမရှိခဲ့ဘူးဆိုရင် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ ဖိအားပေးမှု၊ အနိုင်ကျင့်မှု၊ အာဏာသိမ်းမှုစတဲ့ ဖိနှိပ်မှုမျိုးစုံ၊ ဖျက်သိမ်းမှုမျိုးစုံကို တွေ့ကြုံရင်ဆိုင်နေရပါလိမ့်မယ်။ စစ်အုပ်စုတွင်း တဗိုလ်တမင်းထမှုတွေကြောင့် တိုင်းပြည်ကံကြမ္မာဟာ စိုးရိမ်မြဲ စိုးရိမ်နေရပါလိမ့်မယ်။

ဒါကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီ၊ စစ်မှန်တဲ့ တိုင်းရင်းသားအရေးတွေ ပေါ်ပေါက်လာဖို့ဆိုရင် စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်မှသာ ရနိုင်ပါလိမ့်မယ်။

ဒါကြောင့် “နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ” ကို လူမျိုးပေါင်းစုံ ပြည်သူများအနေနဲ့ သပိတ်မှောက်ကြပါ။ ဆန့်ကျင်ကြပါ။

နိုင်ငံရေးပါတီကိစ္စ

အဆက်ဆက်သော စစ်အုပ်စုက တိုင်းပြည်အာဏာ သိမ်းပြီးကတည်းက နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေး လှုပ်ရှားမှုမှန်သမျှကို ဖျက်သိမ်းချေမှုန်း ပစ်ရမယ်ဆိုတဲ့ သဘောထားပေါ်လစီကို ချမှတ်ပြီး လက်တွေ့လည်း အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့တာပါ။

ဒီကနေ့ (နအဖ) စစ်အုပ်စုကတော့ ဥပဒေတစ်ရပ်၊ ကော်မရှင်တစ်ခုကိုပါ ဖွဲ့စည်းပြီး နိုင်ငံရေးပါတီတွေကို သူတို့ပြုသမျှ နုရအောင် ချုပ်ကိုင်ထားပါတယ်။ ဖျက်ဆိုရင် ဖျက်ရမယ်။ ပျက်ဆိုရင် ပျက်စေရမယ်ဆိုပြီး နိုင်လိုမင်းထက် လုပ်ထားပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ဘဝဟာ ကော်မရှင်နဲ့ တည်ဆဲဥပဒေ ဆိုတာတွေနဲ့ ချုပ်ကိုင်တာကို ငုံ့ခံနေရတဲ့၊ လည်စင်းခံနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလိုမှ မလုံလောက်သေးဘူးထင်ရင် “အထက်” ကနေ ဖိနှိပ်တတ်ပါတယ်။

စစ်အုပ်စုက စစ်ဆေးခွင့်ပြုလို့သာ တည်ရှိခွင့်ရနေတဲ့ ပါတီ (၃၇) ပါတီရဲ့ နာမည်တွေကို ကြည့်လိုက်ရင် “ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး” ပါတီတွေပဲ ဖြစ်နေတာကို သတိပြုမိကြပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ဒီအချက်က ကျွန်တော်တို့တိုင်းပြည် လက်ရှိလိုအပ်ချက်ကို ထင်ဟပ်နေပါတယ်။

ဒီအချက် ၂ ခု (ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး)ကို ဆောင်ရွက်ဖို့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေး လှုပ်ရှားမှုတွေ လိုအပ်ပါတယ်။ စစ်အုပ်စုကခွင့်ပြုမှ လုပ်ရတဲ့၊ လှုပ်ရှားရတဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေး လှုပ်ရှားမှုတွေတော့ လုံးဝ (လုံးဝ) မဖြစ်သင့်ပါဘူး။

နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေး လှုပ်ရှားမှုတွေဟာ လွတ်လပ်မှု အပြည့်အဝ ရှိရပါမယ်။

ဒါကြောင့် ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်မယ့် နိုင်ငံရေးသမားတိုင်းနဲ့ နိုင်ငံရေးပါတီတိုင်းဟာ ပထမအချက်အနေနဲ့ မြေအောက်ပါတီ စည်းရုံးရေးလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ထားရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဒုတိယ အချက် အနေနဲ့ အုပ်စိုးသူက လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်လာခဲ့ရင်လည်း လက်နက်စွဲကိုင်ပြီး ခုခံတော်လှန်ရမယ်/ ဒီလို ခုခံတော်လှန်တာဟာ တရားမျှတပြီး မှန်ကန်တယ်ဆိုတဲ့ သဘောထားနဲ့ ရွေးလမ်းကို ဖွင့်လှစ်ထားရှိဖို့ လိုအပ်ပါတယ်။

ဒီ ၂ ခု မရှိရင်တော့ စစ်အုပ်စုက ပြုသမျှနုရတဲ့ ပါတီဘဝ ရောက်သွားပါလိမ့်မယ်။ ပြည်သူတွေကိုလည်း ထိထိရောက်ရောက် စည်းရုံးနိုင်မှာ မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ ပရုပ်လုံးလို ဖြစ်သွားပါလိမ့်မယ်။

ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးအတွက် အဓိကနဲ့ တစ်ခုတည်းသော အဟန့်အတား အနှောင့်အယှက်က စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ပဲ ဖြစ်ပါတယ်။

စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်က စိတ်ကြိုက်ရေးဆွဲ ဖန်တီးထားတဲ့ အခြေခံဥပဒေဘောင်ထဲကနေ လူမျိုးပေါင်းစုံ ပြည်သူများအတွက် ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးတွေကို တိုက်ပွဲဆင်မယ်လို့ ပြောဆို ကြွေးကြော်နေကြတာဟာ တကယ့် လွဲချော်မှုကြီး/ လိမ်ညာမှုကြီး ဖြစ်နေပါတယ်။

ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေးကို ယူဆောင်ပေးဖို့ဆိုရင် စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို မတိုက်ဖျက်ဘဲ ဘယ်လိုမှ မရနိုင်ပါဘူး။ ဒါကို ကုန်လွန်ခဲ့တဲ့ ၂၂ နှစ်တာ ကာလအတွင်းမှာ အထင်အရှား သက်သေခံခဲ့ပြီ။

ဒါကြောင့် နိုဝင်ဘာ ၇ ရက်နေ့မှာ လူမျိုးစုံပြည်သူများရဲ့ ဆန့်ကျင်တော်လှန်မှုကို လက်တွေ့ပြသကြပါစို့လို့ ကျွန်တော်တို့ ပါတီမွေးနေ့ အခါသမယမှာ အလေးအနက် ပန်ကြားပါတယ်။

- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို ဆန့်ကျင်တိုက်ဖျက်ကြ
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြ

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဗဟိုဌာနချုပ်)

View My Stats