ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/18/10

ဗိုလ်ချုပ်မှုးကြီးသတ်တဲ့ ဗိုလ်ကြီးနေဇော်ထွေး

Professional Body Gurad နေဇော်ထွေးအား(ပျောက်ကြားဝတ်စုံနှင့်တွေ့ရစဉ်)
ဂလိမထိုးပဲ တော်တော်ရီရတယ်။ ဒီနှစ်အတွက် အရီရဆုံးဟာသသတင်းလို့ ကျနော်ပြောချင်ပါတယ်။ အောက်မှာဖတ်ကြည့်ပါ။

"ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လုံခြုံရေးအရာရှိ ဗိုလ်ကြီးနေဇော်ထွေးဟာ အောက်တိုဘာ ၇ ရက်နေ့က မီးလောင်ဒဏ်ရာကြောင့် သေဆုံးသွားတယ်လို့ နေပြည်တော် ကကကြည်းမှ အရာရှိတဦးက ပြောဆိုပါတယ်"

သေဆုံးသူ ဗိုလ်ကြီးနေဇော်ထွေးရဲ့ အရည်အချင်းက နဲတာမဟုတ်။ Professional Bodyguard တစ်ယောက်ဖြစ်ပါတယ်။ အကြမ်းဖတ်မှုတွေဖြစ်လာရင် ကိုင်တွယ်ဖြေရှင်း နိုင်တဲ့အရည်အချင်းရှိသူလို့ ထင်မိတာပါ။ ဗိုလ်ချုပ်မှုးကြီးရဲ့  One of the Best Body Guards ဖြစ်ဖို့များတယ်လို့ယူဆတယ်။ တကယ်တွေ့တော့ ပြောင်းပြန်ဖြစ်နေတယ်။ ဓာတ်ဆီလောင်းပြီး မီးရှို့ ခံတဲ့အဆင့်ဆိုတော့ ဘယ်လောက်သောက်သုံးမကျတဲ့ ဘောဒီဂတ်လဲဗျာ။

"သူ့မိန်းမနဲ့ သူနဲ့စကားများရန်ဖြစ်ကြတော့ မိန်းမဖြစ်သူက သူ့အိပ်နေတုန်းဓါတ်ဆီလောင်းပြီး မီးရှို့တယ်။ ဆေးရုံမှာ ၃ ရက်လောက် ကုသပေမယ့် မရတော့ပါဘူး"

ဓာတ်ဆီလောင်းတာနဲ့ အိပ်ယာက နိုးရမှာမဟုတ်ဘူးလား။ သူများတွေဆိုရင် အသံကြားတာနဲ့နိုးနေပြီ။ အရက်အလွန်အကြွံသောက်တာလား၊ မှုးယစ်ဆေးဝါးကောင်းနေတာလား။ သာမန်လူတစ်ယောက်ဆိုရင်တော့ အသံကျယ်ကျယ်ကြားတာနဲ့ နိုးပြီ။ ကိုယ်ပေါ်ကို ဓာတ်ဆီအရည်တွေကျတာတောင် မနိုးဘူးဆိုတော့ စဉ်းစားစရာပဲ။

ကျနော့်သုံးသပ်ချက်က Professional body guard တစ်ယောက်က ဓာတ်ဆီလောင်းတာတောင်မနိုးဘူးဆိုတော့ သေတာတောင်နဲသေးတယ်။ ဒါကို ကြည့်ရင် ဗိုလ်ချုပ်ကြီးသန်းရွှေမပြောနဲ့ သူ့တပည့်တွေတောင် သုံးစားမရဘူး။

"ဗိုလ်ကြီးနေဇော်ထွေးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အတူ လာအို ခရီးစဉ်က အပြန်မှာ မိန်းမနဲ့စကားများ ရန်ဖြစ်ခဲ့ရတာဖြစ်ပြီး သူဟာ ဗိုလ်ကြီးအဆင့်နဲ့ ဗိုလ်မှူးလစာရရှိနေသူဖြစ်တယ်လို့လည်း သိရပါတယ်"

မိန်းမနဲ့ကျနော်ခဏခဏစကားများဖူးပါတယ်။ ဓာတ်ဆီနဲ့လောင်းဖို့နေနေသာသာ ရေနဲ့တောင်မပက်ရဲဘူး။ ဗိုလ်သန်းရွှေရဲ့ ဘော်ဒီဂတ်ကြီးကို သူ့မိန်းမက အဲဒိလောက်တောင် တင်းရလား။ မဖြစ်နိုင်ဘူးလို့ တရားသေပြောနိုင်တယ်။ မိန်းမတစ်ယောက်က ဒီလောက်သတ္တိရှိရဲတာကိုအံ့သြတယ်။

နောက်ဆုံးဖြစ်နိုင်ခြေရှိတာက ဒါက လူသတ်မှုပဲ။ တခါတုန်းက ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ သား ဘိုးတော်လိုလို၊ ဘာလိုလိုကောင်က ဘော်ဒီဂတ်တစ်ယောက်ကို အသေသတ်ခဲ့ဘူးတယ်။ ဒီတစ်ယောက်လည်း သူတို့မိသားစု လုပ်ကြံတာမဖြစ်နိုင်ဘူးလား။

Source Irrawaddy Blog
Photo from mg

ပြတ်သားတဲ့ခေါင်းဆောင်မှု မတွေ့သေးပါ

သူပုန်နဲ့ဆက်သွယ်လို့ ထောင်ဒဏ် နှစ်ပေါင်း (၂၀)
မဲ့ဆောက်က မြန်မာအတိုက်အခံအင်အားစုကို ဆက်သွယ်လို့ ထောင်ဒဏ် ၁၀-နှစ်
ဓာတ်တိုင်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက် ကပ်မိလို့ ထောင်ဒဏ် ၅-နှစ်
ပြည်ပအသံလွှင့်ဌာနကို သတင်းပို့လို့ ထောင်ဒဏ် ၁၀-နှစ်
ဗိုလ်ချုပ်သန်းရွှေအကြောင်းကဗျာစပ်လို့ ထောင်ဒဏ် ၅-နှစ်

ခရစ်တီးနားကျွန်းမှာ လူပေါင်းနှစ်ဆယ်လောက်သတ်မိတယ်။
နယ်စပ်ကို ဒုက္ခသည် နှစ်သန်းကျော်ပို့မိတယ်။
ပြည်ပတရားမ၀င် အလုပ်သမား နှစ်သန်းကျော်ထွက်အောင် လုပ်မိတယ်။
မြန်မာပြည်ကို ဆင်းရဲဆုံးတိုင်းပြည်ဖြစ်အောင်လုပ်မိတယ်။
ဘယ်ကရမှန်းမသိတဲ့ငွေတွေနဲ့လေယျာဉ်တွေဝယ်နိုင်တယ်။
ပြည်သူတွေကို ထမင်းငတ်တဲ့အထိလုပ်ခဲ့မိတယ်။
ပြည်ပမှာ မြန်မာတွေသေချင်တိုင်းသေအောင်လုပ်မိတယ်။
နားဂစ်မှာ လူနှစ်သန်းလောက်ကို ဒုက္ခရောက်အောင်လုပ်ခဲ့မိတယ်။

၂၀၀၈-ခုနှစ်အခြေခံဥပဒေကြီး ရှိပြီတဲ့။
လွှတ်တော်ထဲမှာ နေရာရအောင်ပြိုင်လို့ရပြီတဲ့။
ရတဲ့နေရာကနေ တဖြည်းဖြည်းချင်း တိုးယူသွားကြတဲ့။
မကြိုက်သော်လည်းအောင့်ခါနမ်းရတယ်တဲ့။
ရွေးကောက်ပွဲက လွဲရင် တခြားနည်းလမ်းမရှိပါတဲ့။

မဲမပေးတာလည်း အခွင့်အရေးတဲ့
မဲရုံကိုမသွားပါနဲ့တဲ့

၂၀၁၀-ရွေးကောက်ပွဲကို ဆန့်ကျင်ပါတဲ့
ရွေးကောက်ပွဲက မတရားဘူးတဲ့
လူထုဆူပူအောင်လှုံ့ ဆော်ပါတဲ့

မညီကြဘူး
မတူကြဘူး
မဟာဗျူဟာ ရှိတယ်တယ်တဲ့

ဦးတင်ဦးသေတော့မယ်
ဦးဝင်းတင်သေတော့မယ်
ဒေါ်စုသေတော့မယ်
အဘိုကြီးတွေသေတော့မယ်
အဖိုးလေးတွေသေတော့မယ်
၈၈-မျိုးဆက်ထောင်ထဲမှာသေတော့မယ်
ပြည်ပအတိုက်အခံ အရက်သမားဖြစ်တော့မယ်
ဘယ်တော့ ဒီမိုကရေစီရမှာလဲ

တစ်ယောက်တပေါက်လုပ်နေကြပြီ
မြန်မာတွေ ဂေါက်ကုန်ကြပြီ။
မြန်မာတွေ အလိမ်ဆိုးကုန်ကြပြီ။
မြန်မာတွေ ခိုးတာကျွမ်းကုန်ကြပြီ။
မြန်မာတွေ ဈေးပေါတဲ့ ဖာ, ဖြစ်ကုန်ပြီ။
မြန်မာတွေ ဈေးပေါတဲ့ ကျွန်ဖြစ်ကုန်ပြီ။
မြန်မာတွေ မတရားတာ၊ တရားတာမသိ ပေါက်ကုန်ကြပြီ။
နှစ်ပေါင်း နှစ်ဆယ်အတွင်းမှာ မြန်မာတွေရဲ့ အုံးနှောက်ကို စစ်ဘီလူးတွေဖောက်စားလို့ ဗလာဖြစ်ကုန်ကြပြီ။

မှတ်ချက်။ ။ ပြတ်သားတဲ့ဦးဆောင်မှုကို မတွေ့လို့ပါ။

View My Stats