ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
4/10/11
အတိုက်အခံတွေ မဟာဗျူဟာမြောက်ရွေးကောက်ပွဲဝင်ပါ
အတိုက်အခံဆိုတာက ပြည်တွင်းမှာရှိနေတဲ့ ရွေးကောက်ပွဲမ၀င်တဲ့ အတိုက်အခံ နဲ့ ပြည်ပမှာရှိနေတဲ့ အတိုက်အခံကို ဆိုလိုပါသည်။ သူတို့အားလုံးပါတီတစ်ခုဖွဲ့ ...မှတ်ပုံတင်။ ရွေးကောက်ပွဲဝင်ကြည့်။ ဒါဆိုရင် ဗမာပြည်မှာ အဓိကပါတီနှစ်ခုပေါ်လာပါလိမ့်မယ်။ ကြံ့ဖွတ်ပါတီနဲ့ ဒေါ်စုဦးဆောင်တဲ့ပါတီ။
ဒေါ်စုဦးဆောင်တဲ့ပါတီမှာ ပြည်တွင်းပြည်ပက ဒီမိုကရေစီအင်အားစုအားလုံးပါဝင်လုပ်ကြည့်ပါ။ ဒီပါတီကြီးနှစ်ခုသာ နောင်လာမဲ့ ရွေးကောက်ပွဲမှာ တရားဝင်ယှဉ်ကြည့်။ ယှဉ်ခွင့်ရကြည့်။ ကြံ့ဖွံ့ မရှုံးရင်ကြိုက်သလိုပြော။ ဒါကို မဟာဗျူဟာမြောက်ရွေးကောက်ပွဲဝင်နည်းလို့ ခေါ်တယ်။
လက်ရှိအနေအထားအတိုင်းသာဆက်သွားနေရင် ဘယ်တော့မှ တွေ့ဆုံမည်မဟုတ်။ ဆွေးနွေးမည်မဟုတ်။ ဘယ်တော့မှ ကျနော်တို့လိုချင်တဲ့ပန်းတိုင်ရောက်မည်မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်လည်း စောင့်ရင်းစောင့်ရင်းနဲ့ အသက်ထွက်ဖို့ပဲရှိတော့တယ်။ ပြည်ပအတိုက်အခံတွေလည်း တတိယနိုင်ငံတွေနဲ့ ထိုင်းနိုင်ငံတွေမှာ အရက်သမားတွေဖြစ်။ အချင်းချင်းရန်ဖြစ်ကြမဲ့အစား ဒီနည်းကို အဓိက ခေါင်းဆောင်ကြီးတွေစဉ်းစားကြစေလိုပါတယ်။
ကဲ...ဒီတော့ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲမ၀င်ရသေးတဲ့ အတိုက်အခံအားလုံး နောင်လာမဲ့ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ထားကြပါစို့..။ အားလုံး ပြန်ကြမယ်...။
ရွေးကောက်ပွဲဝင်ဖို့ လုပ်ချင်တဲ့လူတွေက တိုက်တွန်းနေတယ်။ တကယ်လို့မလုပ်ချင်တဲ့ အတိုက်အခံတွေ၊ အပေါင်းအသင်းတွေကို ဘယ်လိုစဉ်းစားမလဲဆိုတဲ့ မေးခွန်းလည်းရှိနိုင်တယ်။ အဖြေကတော့ ရိုးရိုးလေးပါ။ ဒီလူတွေကို ဘေးဖယ်ထားလိုက်ပါ။ ပြောရရင်တော့ မေ့ထားလိုက်ပါ။ သူတို့အလုပ်ကို သူတို့လုပ်ပါစေ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD၊ ကိုမင်းကိုနိုင်တို့အုပ်စု နဲ့ အခြားသော အုပ်စုတွေ ရွေးကောက်ပွဲမှာမ၀င်ဖို့၊ ပါတီထောင်ပြီး တရားဝင်မှတ်ပုံတင်တာကို မလုပ်ချင်ဘူးဆိုရင် သူတို့အလုပ်ကိုသူတို့လုပ်ပါစေ။
ကျနော်တို့ဖြစ်ချင်တဲ့ပုံစံကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့သာ နောင်လာမည့်ရွေးကောက်ပွဲဝင် ရန်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ပဲဖြစ်တယ်။ သူတို့သာ ဦးဆောင်ရင် အတိုက်အခံအတော်များများ သူတို့ပါတီမှာ ၀င်ပါဖို့၊ ၀င်ရွေးခံဖို့အသင့်ဖြစ်လိမ့်မယ်။ ဒီအခွင့်အလမ်းကို NDF နဲ့ လက်ရှိဝင်ရွေးခံပါတီကလူတွေ ပြောနေတဲ့အသံကိုလည်း ကြားနေရတယ်။ ဒေါ်စုသာ ဒီလိုဆုံးဖြတ်မယ်ဆိုရင် ကြံ့ဖွတ်ပါတီက အစိုးရကိုမကြိုက်တဲ့ အမတ်တွေလည်းဒေါ်စုနဲပူးပေါင်းဖို့ ဖြစ်လာနိုင်တယ်။
နောက်မေးခွန်းတခုရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကသာ ပါတီထောင်ဖို့ကမ်းလှမ်းလာရင် အစိုးရကခွင့်ပြုမှာလားဆိုတဲ့မေးခွန်းပဲ။ ဒီမေးခွန်းကတော့ အစိုးရပဲဖြေရပါလိမ့်မယ်။ တကယ်လို့ သူတို့သာ တကယ်တမ်းစစ်အုပ်ချုပ်ရေးကို နောက်ဆုတ်တယ်ဆိုရင် ဒေါ်စုနဲ့ NLD၊ ၈၈-မျိုးဆက်တွေကို နောင်လာမဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပေးသင့်တယ်။
တောင်းဆိုနေကြ သမရိုးကျ အသံတွေရှိသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးဆိုတဲ့စကား။ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပေး မပေးပေး နောင်လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမယ်။ ကိုယ်နိုင်တဲ့နေ့မှာ ချက်ချင်းသူတို့ကို လွှတ်ပေးလို့ရနိုင်တယ်။ အဓိက ရွေးကောက်ပွဲမှာ နိုင်ဖို့ဖြစ်တယ်။ တကယ်လို့နိုင်ခဲ့ရင် ၁၉၉၀-ခုနှစ်တုန်းကလို လိမ်လို့မရနိုင်တော့ဘူး။ ပြည်သူတွေနဲ့ နိုင်ငံတကာက ကောင်းကောင်းသဘောပေါက်နေပြီ။ မလွှဲပေးခဲ့ရင် UN တပ်တွေဝင်ပြီး တိုက်ပါလိမ့်မယ်။
အဓိကအနေနဲ့ လာမည့်ရွေးကောက်ပွဲမှာ လက်ရှိပြည်တွင်းက ဒီမိုကရေစီပါတီတွေအားလုံးနဲ့ ရွေးကောက်ပွဲဝင်ချင်တဲ့အတိုက်အခံတွေ၊ Individual တွေအားလုံးစုစည်းပြီး မဟာမိတ်ပါတီအစု တစ်ခုတည်းဖြစ်အောင်ဖန်တီးထားဖို့လိုအပ်တယ်။ ကွန်ယက်လို့ပဲပြောပါရစေ။
ဒီအခြေအနေကို အဓိကလုပ်နိုင်တဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းဖြစ်ပါတယ်။ အကယ်၍ ဒေါ်စုက ဒီနည်းလမ်းကို မကြိုက်ဘူးဆိုရင် ပြည်တွင်းပြည်ပက အတိုက်အခံတွေ၊ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒေါ်စု မှု,ပြောင်းသွားအောင် ၀ိုင်းဝန်းတောင်းဆိုလိုက်ရင် ဒေါ်စုဆုံးဖြတ်ချက်ပြောင်းသွားနိုင်တယ်။ ရွေးကောက်ပွဲဝင်တယ်ဆိုကလည်း ဒေါ်စုပြောသလို အကြမ်းမဖတ်ပဲ နိုင်ငံရေးလုပ်နေတာပဲ မဟုတ်ဘူးလား။ အတူတူပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီပဲယင်းဖြစ်ပြီးကတည်းက အစိုးရနဲ့ထိပ်တိုက်မတွေ့တော့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဦးအောင်ကြည်နဲ့ဆွေးနွေးမှုရလဒ်ကြောင့်လို့ ထင်တယ်။ ဒေါ်စုနဲ့ အစိုးရကြားမှာ အပေးအယူတစ်ခုတော့ရှိရမယ်။ ဒီနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးအောင်ကြည်နဲ့ ဘာတွေဆွေးနွေးခဲ့လဲဆိုတာကို မီဒီယာကနေ မချပြသေးဘူး။ ဒါတွေကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြားမှာ အပေးအယူတစ်ခုရှိလေမလားလို့။
ဆိုတော့ ကျနော်တို့ပြည်သူတွေက ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို ပြောရမယ်။ ကျနော်ကတော့ နောင်လာမဲ့ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲဝင်ပါ။ အကယ်လို့ဒေါ်စု ရွေးကောက်ပွဲနိုင်ရင် ကျနော်တို့ နှစ်ပေါင်း ၅၀-ကျော်ကြာ ဖြစ်နေတဲ့ ပြည်တွင်းစစ်လုံးဝရပ်စဲပြီး၊ အမျိုးသားသင့်မြတ်ရေးရနိုင်တယ်လို့ ယုံကြည်ပါကြောင်း ပြောချင်ပါတယ်။ လက်ရှိသွားနေတဲ့ပုံစံအတိုင်းကတော့ အချိန်ကာလသတ်မှတ်ချက်မရှိတဲ့အတွက်ကြောင့် မသေချာ၊မရေရာဖြစ်ကြောင်းပါ။
3 comments:
Anonymous said...
မောင်ဘုန်းကျော် ... ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီရဲ့ လုပ်ငန်းစဉ်တခုပါ။ ဒါပေမယ့် မင်း ပြန်လေ့လာသင့်တာက အခု မင်း မင်းအဖေတွေ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။
ဘုန်းကျော် said...
၂၀၀၈-ဖွဲ့စည်းပုံကို ပြင်လို့မရဘူးလား။ ဥပမာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတိုက်အခံပါတီက အမတ်တွေက ပြင်လို့မရနိုင်ဘူးလား။ သိရင် ပြောပြပါ...ပြင်လို့ရနိုင်တဲ့ အခြေအနေကို အခြေခံဥပဒေက ဖန်တီးထားပါတယ်။ အဓိက အာဏာရဖို့အရေးကြီးပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် တိုင်းပြည်နဲ့ကိုက်ညီတဲ့အခြေခံဥပဒေကို အာဏာရတဲ့ပါတီက ရေးလို့ ရနိုင်ရမယ်..။ ဒီလုပ်ငန်းစဉ်က တကယ်လက်တွေ့ကြတယ်။ မမြင်ရနိုင်တဲ့အောင်မြင်မှုအပေါ်မှာ ကျနော်တို့ စိတ်ကူးယဉ် မျှော်လင့်နေတာနဲ့စာရင် ဒါက ပိုပြီးအလုပ်ဖြစ်နိုင်တယ်။ အခြေခံဥပဒေဆိုတာက လူလုပ်တာပါ။ လူကရေးထားတာပါ။ နတ်သကြားတွေဖန်ဆင်းထားတဲ့အရာမဟုတ်။ ကျနော်ယုံကြည်တာကတော့ ဒါပဲ။
Anonymous said...
ကောင်းတယ်ဗျာ..ကိုဘုန်းကျော် ခင်ဗျားပြောတာကို ကျနော်ထောက်ခံတယ်...Dialogue ကိုမျှော်နေကြသေးတာ ကျနော်အံ့သြမိတယ်.အမှန်က အတိုက်အခံတွေဒီ့ထက်ပိုနေရာတွေရသင့်တာ..NLD လုပ်တာနဲ့ အကုန်ေ၀၀ါးကုန်တာ။ အခုရွေးကောက်ပွဲနဲ့ ၂၀၀၈ အခြေခံဥပဒေကိုကန့်ကွက်နေတဲ့သူတွေကိုမေး
ကြည့်ပါ သူတို့အခုဘာဆက်လုပ်ကြမလဲဆိုတာကို။ ကန့်ကွက်နေခဲ့တာလဲ နှစ် ၂၀ ကျော်ပြီ နအဖ က အပေါ်စီးရသွားပြီ တော်လှန်ရေးအိမ်မက် တခန်းရပ်သွားပြီဆိုတာ လက်မခံခြင်ကြသေးဘူးထင်တယ်။
View My Stats