လက်နက်ကိုင်စစ်သား၊ စစ်တပ်၊ စစ်စခန်း တွေ့ ချင်လို့  လိုက်ရှာမိတယ်။ ပတ်သ်မြို့  မှာ နေလာတာ ၄-နှစ်ပြည့်တော့မယ် ယူနီဖောင်းဝတ်ထားသော၊ လက်နက်ကိုင်ထားသော စစ်သားတွေ တစ်ယောက်မှ ကို မတွေ့ သေးဘူး။ သူတို့ ဘယ်မှာများနေကြလဲမသိဘူး။ စစ်သားကော ပတ်သ်မြို့ မှာရှိသေးရဲ့ လား။ ဒါဆို ဘာဖြစ်လို လက်နက်ကိုင်စစ်သားတွေကို မတွေ့ ရတာလဲ။
မြန်မာပြည်နဲ့ တော့ကွာပ။ နေရာတကာစစ်သားတွေ လက်နက်ကိုယ်စီနဲ့  အမြဲတွေ့ ရတယ်။ ပြည်သူတွေ ဆီကအနိုင်ကျင့်တယ်။ ငွေတောင်းတယ်။ ဒါကသူတို့ ရဲ့ အလုပ်လား။ စစ်သားအားလုံးကို မဆိုလိုပါဘူး။ တချို့ သော အကျင့်ပျက်စစ်သားတွေကိုပြောတာပါ။ ကျုပ်တို့ မြန်မာပြည်ကစစ်သား၊ သြစီက စစ်သား နိုင်ငံကိုကာကွယ်ဖို့ ဆိုပြီးတပ်ထဲဝင်ကြတာပါ။
ဒါပေမဲ့ သြစီကစစ်တပ်က သူ့ ပြည်သူကို ပြန်မတိုက်ဘူး။ ပြည်ပမှာဘဲ ထွက်တိုက်တယ်။ စစ်သား တစ်ယောက်တိုက်ပွဲမှာ ကျရင် တခမ်းတနား မီဒီယာမှာ ဖော်ပြတယ်။ သူ့ ရဲ့ ကျန်ရစ်မိသားစုအတွက် ခံစားခွင့်က တသက်စာ။ မြန်မာပြည်က စစ်သားကတော့ တိုက်ပွဲမှာကျရင် အမိန့် ပြန်တမ်းစာတစ်စောင် တောင် မဖက်ချင်ဖက်ချင်။ ကျန်ရစ်တဲ့သူတွေအတွက် ခံစားခွင့်ကတော့ တပြားတချပ်။ သြော်လူချင်းတူ ပေမဲ့ ဘ၀တွေ ကွာလှပေါ့။