ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

8/30/10

မီဒီယာသို့

ခင်ဗျားတို့ သတင်းသမားတွေကလည်း စောက်ရှုးတွေလိုပဲ...။ Irrwaddy ကပြောတယ်...သန်းရွှေလစ်ပြီဆိုပြီး...ဘီဘီစီလည်းပါတယ်။ အခု RFA က တမျိုး...။ မှားတဲ့ ကောင်ခံတော့...။ သတင်းဦးရတိုင်း စောက်ရမ်းတော့ မလုပ်ပါနဲ့...။
ဘယ်သူ့ကိုယုံရမှာလဲ။ နအဖက ခင်ဗျားတို့ကို ၀ိုင်းပြီး ကြပ်နေလားမသိဘူး။

န၀တ-နအဖ မှ ကြံ့ဖွတ်အစိုးရဆီသို့....

ဦးသန်းရွှေစီမံခန့်ခွဲမှုလို့တော့ မပြောချင်ဘူး။ နံပါတ်ဝမ်းလုပ်ချင်တိုင်း လုပ်လို့မရတာတော့ သေချာတယ်။ စစ်ကောင်စီထဲမှာပါတဲ့လူတွေအားလုံးက ဒီလိုလုပ်ချင်လို့ ဒီအတိုင်းဖြစ်လာတာပဲ။ အားလုံးက မသာထာရေစာကို အတူတူမျိုထားတာဆိုတော့ ဒီအတိုင်းမလုပ်ရင် ဘာဖြစ်သွားမလဲ။ ဦးနေ၀င်းလို မသာတောင် လူမရှိပဲ ပို့တာဖြစ်သွားအုံးမယ်။ ဒါကို အသေကြောက်လို့ ရေရှည်ပြင်လာခဲ့တာ။ Road Map ခုနှစ်ချက်က သူတို့အားအားယားယားဆွဲထားတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၉၃-လောက်ကတည်းကဖြစ်တယ်။ ဒီနေရာမှာ စစ်တပ်ကို စစ်တန်းလျားပြန်စေမယ်။ ဒီစစ်တပ်ကို အရပ်သားအစိုးရက စီမံခန့်ခွဲမယ်။ ဒါကတော့ ကြံ့ဖွတ်အစိုးရပဲ။ သမ္မတက ဦးသန်းရွှေ။ အချိန် နှစ်လအတွင်းမှာ လုပ်မှာဖြစ်တယ်။ မြွေတွေအရည်ခွံလဲသလိုပဲ။ အာဏာ သိမ်းခံရတာလည်းမဟုတ်ဘူး။ န၀တ-နအဖ-ကြံ့ဖွတ်အစိုးရ။ လူတွေက ဒီလူတွေပဲ။

ငါ့...အမျိုးကိုပဲပေးပါ...

ဒေါ်ကြိုင်ကြိုင်ကပြောတယ် " မောင်မြင့်အောင် လေးကိုအဖေကြီး နေရာမှာထားလိုက်ပါ" တဲ့...။

ဒါနဲ့ဦးသန်းရွှေလည်း သူရမြင့်အောင်ကို ဦးစီးချုပ်နေရာမှာပေးလိုက်ပါတော့တယ်။ ဘာ့ကြောင့်လဲသိလား ဒေါ်ကြိုင်ကြိုင်က သထုံဇာတိ။ သူရဦးမြင့်အောင်ကလည်း သထုံဇာတိ။ ဒေါ်ကြိုင်ကြိုင်နဲ့အမျိုးမကင်းဘူးလို့ပြောနိုင်လား။ Who Knows? ဒါဆိုရင် နည်းနည်းစိတ်ချရတယ်။ နောက်ကျောလုံနိုင်တယ်။

" မင်းက တပ်ကိုဆက်ကိုင်...ငါက သမ္မတလုပ်မယ်" ဒီပုံစံပဲ။

ဒီကိစ္စကို ဦးတင်ဦးနဲ့ ဗိုလ်မှုးအောင်လင်းထွတ်က ပြောပြီးသွားပြီ။ သူတို့ရဲ့ စကားကိုမှ မယုံရရင် ဘယ်သူ့ကိုသွားယုံရမလဲ။ ရဲဘော် ဖိုးသံချောင်းက ဘယ်နှစ်ခါများ စစ်တပ်ထဲမှာတာဝန်ယူဖူးလို့လဲ။ အလားတူ NDD က စစ်ရေးအကဲခတ် ရာထူးရနေတဲ့ ဦးဌေးအောင်ကရော တပ်ထဲမှာ ဗိုလ်မှုး၊ ဗိုလ်ကြီးဖြစ်ခဲ့လို့လား။ လက်တွေ့ဘ၀မရှိပဲ စာတွေ့၊ ရေဒီယိုအတွေ့နဲ့ အာတာလောက်တော့ ကျနော်မယုံ။

စစ်တပ်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအဖွဲ့အစည်းပဲဖြစ်ဖြစ် နီးစပ်ရာ၊ ခိုင်းကောင်းတဲ့လူတွေ၊ သစ္စာခံသူတွေကို ခေါင်းဆောင်တွေက ရွေးလေ့ရှိတယ်။ စစ်တပ်ဆိုရင် ပိုဆိုးပေါ့။ Senior and Junior လေ။ ပါးရိုက်ပြီးဆုံးမတာလည်း အလကားရိုက်တာမဟုတ်။ အမိန့်နာခံတက်အောင်လေ့ကျင့်ပေးပါတယ်။ ဒါ့ကြောင့် စစ်တပ်က တက်လာတဲ့ လူတွေမှန်သမျှ အထက်လူကြီးက ကြိုက်မှ၊ ထောက်ခံမှနေရာပေးလေ့ရှိတယ်။ သူရမြင့်အောင်ကို ဦးသန်းရွှေက သူ့အရိုက်ကိုဆက်ခံသူအဖြစ် ဒေါ်ကြိုင်ကြိုင်ရဲ့ ထောက်ခံမှုနဲ့ထားခဲ့ပြီးပြီ။ အမိန့်နာခံမယ်ထင်လို့ပါ။

သူရဦးမြင့်အောင်က အခုလက်ရှိ ဦးသန်းရွှေထက်အာဏာရှိသွားပြီ။ တိုင်းပြည်အပေါ်မှာ စေတနာတကယ်ရှိရင် တွေ့ဆုံဆွေးနွေးမှုလုပ်လို့ရပြီ။ စေတနာနဲ့ အမှန်တရားသိပါစေလို့ပဲ ဆုတောင်းပါတယ်။

အရပ်ဝတ်မလဲခင်မှာ အကုန်လုံးသိမ်း


သူတို့လုပ်ပုံက ကျနော်တို့ကိုများ ငအ..ငတုံးထင်နေလားမသိဘူး။ စီးပွားရေးနိုဘယ်ဆုရှင်ကြီးကို အလည်ခေါ်တယ်။ တိုင်းပြည်စီးပွားရေးဖွံ့ ဖြိုးတိုးတက်ဖို့အတွက် အကြံပေးစေဆိုပြီး ခေါ်လိုက်တယ်။ ဒီဘဲကြီး နေပြည်တော်ကိုရောက်လာတယ်။ အမေရိကန်ကို ပြန်ပြီးနှစ်ပတ်လောက်ကြာရော...နအဖက Privatization လုပ်ကြပြီ။ အထာကတော့ စီးပွားရေးနိုဘယ်ဆုရှင်ကြီးက အကြံပေးတဲ့အတိုင်း လုပ်ရတယ်ပေါ့...။ လူကြားကောင်းအောင်။ ဘယ်သူတွေရလဲဆိုတော့ ဦးတေဇလက်ထဲပဲ အများဆုံးရောက်တယ်။ သြော်....ဦးတေဇတစ်ယောက်ပဲ စီးပွားရေးသမား ရှိတာလားဟင်...။ သူပဲ စီးပွားရေးလုပ်တက်တာလား။ မြန်မာ့လေကြောင်းလိုင်း၊ သင်္ဘောကျင်း၊ ဓာတ်ဆီဆိုင်...အား...ပြောရင် တထောကြီးပဲ...။ အရင်တုန်းက အစိုးရပိုင်တဲ့စီးပွားရေးတွေမှန်သမျှ Privatization လုပ်တာ နောက်ဆုံး ဦးတေဇလက်ထဲပဲရောက်တော့တယ်။ ဒါလား ပုဂ္ဂလိကပိုင်။ တော်တော် တော်တဲ့ ဦးသန်းရွှေပါလား။ တိုင်းပြည်စီးပွားရေးတိုးတက်အောင် ဦးတေဇလက်ထဲပဲ ထည့်ပေးခဲ့တာပေါ့လေ။ နောက်ဆုံး သူတို့ပဲ ဝေယူသွားခဲ့ပြီ။

ဒါလည်းပြီးသွားရော...ရိုးရိုးသားသား ယူနီဖောင်းချွတ်တယ်ပေါ့။ မသိရင် သူကပဲ သူတော်ကောင်းကြီးလုပ်သလို။ ရွေးကောက်ခံပါတီကိုလည်းကြည့်...။ ကြံ့ဖွတ်ကြီး။ (ကျနော်အာဏာရရင်တော့ ဒီကောင်ကြီးကို ချက်စားပြီး အရက်နဲ့မျည်းအုံးမယ်.ဟဲ..တော်တော်စားကောင်းမယ်...အဆီတ၀င်းဝင်းနဲ့) (စကားချပ်)
မပူနဲ့ သေတဲ့အထိအာဏာယူအုံးမှာပါ။ မြောက်ကိုရီးယားကိုပေါင်းတာ အလကားမဟုတ်..။ အတုခိုးချင်လို့။

ဘယ်အရာမှ မတည်မြဲပါ။


ပြည်သူလူထုက စောက်ရှုးတွေမဟုတ်ကြဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမကြောင့် သည်းညည်းခံနေတာ။ နအဖကိုတော့ တော်တော်ကျေးဇူးတယ်။ ပြည်သူတွေကို သည်းခံခြင်းတရားအပြည့်အ၀ သင်ပေးလိုက်လို့။ မပူနဲ့ တနေ့တော့ ပေါက်ကွဲလာမှာပါ။ ၈၈-တုံးက ခေါင်းဖြတ်တယ်။ ဒီခေတ်မှာတော့ ဂွေးပါဖြတ်ခံရမယ်။ သတိသာထားပေါ့။

မြင်ကွင်းက ရှင်းပါတယ်...


သူတို့ပဲ အပိုင်ချည်ပြီး ရိုက်တဲ့ကိစ္စ။ ဒီရွေးကောက်ပွဲမှာ ရမလားဆိုပြီး စမ်းချင်သူတွေလည်းစမ်းပေါ့။ ဒါမှ ဟုတ်မဟုတ်အဖြေကို လက်တွေ့ကြကြသိရမှာ။ ဦးသုဝေအပါအ၀င် ရွေးကောက်ပွဲဝင်မဲ့ Ready Made ပါတီတွေစမ်းကြပါစေ။ ဦးခင်မောင်ဆွေတို့၊ ကိုဖြိုးမင်းသိန်းတို့တော့ ညစ်ပြီးဒိုးကုန်ပြီ။ ဒါတောင် အစပဲရှိသေးတယ်။ နအဖလုပ်ပုံက သူတို့အာဏာကိုတရားဝန်ယူဖို့အတွက် အခြားပါတီတွေကို ထောက်ခံခိုင်းသလိုဖြစ်နေတယ်။ ၀င်မဲ့ပါတီရှိရင် ကောင်းတယ်။ ၀င်မဲ့ပါတီမရှိရင် ဘာဖြစ်မလဲဆိုတော့ တစ်ယောက်တည်းပြေးတာ ဒုတိယရသလိုဖြစ်နေမှာကို နအဖက အကြောက်ဆုံးပဲ။

တော်လှန်ရေးသမားတွေလား...နိုင်ငံရေးသမားတွေလား


လွန်ခဲ့တဲ့ ၁၀-နှစ်လောက်ကတည်းက ဒီစကားလုံးနှစ်ခုနဲ့ပက်သက်ပြီးတွေးလာတာ အခုမှအဖြေထွက်တော့တယ်။ လွတ်လပ်ပွင့်လင်းတဲ့ တိုင်းပြည်တွေမှာ နိုင်ငံရေးသမားပဲရှိတယ်။ တော်လှန်ရေးသမားမရှိ။ ဥပမာ...သြော်စီ၊ အမေရိက၊ ထိုင်း။ ဒီနိုင်ငံတွေကလုပ်တဲ့ နိုင်ငံရေးက အာဏာရရေး။ လွတ်လပ်စွာယှဉ်ပြိုင်၊ လွတ်လပ်စွာ ဒဲ့...ပြောရေး။ ပြည်သူအတွက် ဘယ်ပေါ်လစီက အကောင်းဆုံးဖြစ်အောင်လုပ်ပေးနိုင်မလဲ။ အကောင်းဆုံးပေါ်လစီကို ချပြနိုင်တဲ့ ပါတီတွေ အာဏာရမယ်။ ဒါက တခြားနိုင်ငံတွေမှာရှိနေတဲ့ နိုင်ငံရေးသမားတွေရဲ့ အလုပ်။

ကျနော်တို့တိုင်းပြည်က အတိုက်အခံတွေဟာ နိုင်ငံရေးသမားတွေမဟုတ်တော့ဘူး။ တော်လှန်ရေးသမားတွေဖြစ်တယ်။ အာဏာရှင်လက်အောက်မှာ မတရားတာကို ဆန့်ကျင်ရတယ်။ အာဏာ လိုချင်လို့မဟုတ်ကြဘူး။ ဒေါ်အောင်ဆန်းစုကြည် အာဏာလိုချင်ပါတယ်လို့ တခါမှမပြောခဲ့ဘူး။ အလားတူ တောထဲကသူပုန်တွေလည်းဒီအတိုင်းပဲ။ အာဏာကို ငန်းငန်းတက်နေလို့ လုပ်နေတာမဟုတ်ကြဘူး။ စစ်အာဏာရှင်တွေက နှိပ်စက်နေတာကို မခံနိုင်လို့တော်လှန်ရေးလုပ်နေတာဖြစ်တယ်။ ထောင်ထဲမှာ၊ ပြည်တွင်းမှာ၊ နိုင်ငံတကာမှာ တော်လှန်ရေးသမားတွေရှိတယ်။ တချို့ က အာ,နဲ့ တော်လှန်ရေးလုပ်တယ်။ ကျနော့်လိုပေါ့။ တချို့ က သေနတ်ကိုင်ပြီးလုပ်တယ်...တချို့ က ကလောင်နဲ့...တချို့ က ဒို့အရေးအော်တာကိုကြိုက်တယ်။ ဆိုတော့ ကျနော်တို့တိုင်းပြည်က အတိုက်အခံဟာ တော်လှန်ရေးသမားတွေဖြစ်တယ်။ အရမ်းနှိပ်စက်၊ အနိုင်ကျင့်တာကို မခံနိုင်လို့ ထ,ချ နေတာကို နိုင်ငံရေးသမားလို့ပြောလို့ရလား။ ကျနော်တော့မထင်...။ ဒါ့ကြောင့် တော်လှန်ရေးသမားတွေဆိုတာက တခြားနိုင်ငံက နိုင်ငံရေးသမားတွေလိုသွားပြီးအတုမခိုးကြပါနဲ့...။ လုပ်စရာအလုပ်က လက်နဲ့တီးဖို့ပဲ။ ဒါမှ တော်လှန်ရေးသမားဖြစ်တာ။

လူထုတိုက်ပွဲအမြန်ဆုံးပေါ်ပေါက်ပါစေ။

8/29/10

ဒို့ဆရာ...ဦးလွဏ်းဆွေ

၂၀၀၇-ခုနှစ် ဘုန်းကြီးတွေလမ်းပေါ်ထွက်ပြီး မိုးရွာထဲမှာလမ်းလျှောက်ပြီး ဒို့အရေး..ဒို့အရေး အာ တဲ့အချိန်မှာ မိုင်းမှာရောက်နေတယ်။ လူတွေနဲ့ဝေးတဲ့နေရာ။ ဗမာ အငွေ့အသက်ဆိုလို့ အင်တာနက်ပဲရှိတယ်။ ဆက်တလိုက်အင်တာနက်။ လုံးဝ မိုက်တယ်...အင်တာနက်က။ Tough Book တခုတောင် ဒေါ်လာ ငါးထောင်တန်တယ်။

ဒီအချိန်မှာ ဒေါက်တာလွဏ်းဆွေကိုတွေ့လိုက်တယ်။

သူ့ကိုဆက်ပြီးလေ့လာတယ်။ သူက ဘယ်သူလဲ။

သူ့ကို ဘာ့ကြောင့် လေ့လာလဲဆိုတော့ သူရဲ့ ဘလော့ဂ်က လုံးဝအထာကြတယ်။ သတင်းစုံတယ်။ အတင်းစုံတယ်။ ဗျင်းတာ ဆုံတယ်။ အချင်းချင်းလည်းဗျင်းတယ်။ ဒါကို သဘောကြလို့ နေ့တိုင်းဖတ်မိတယ်။ ဒါနဲ့ သူ့ကို လူခြင်းမတွေ့ပေမဲ့ အတော်ခင်တယ်။ လေးစားမိတယ်။ နေ့တိုင်းနီးပါး NGO က ငွေမရ၊ ၀ါသနာနဲ့ တိုင်းပြည်အတွက် တစ်တပ်တအားကူညီပေးတယ်။

ဒါ့ကြောင့်လည်းပဲ သူ့ကိုဆိုရင် ရန်သူက တီးတော့မယ်။ ၀ိုင်းပြီးကာကွယ်ကြပါ။ ကိုယ့်အချင်းချင်းလည်း ဗျင်းလိမ့်မယ်။ စာနဲ့မဟုတ်။ လက်နဲ့။

ဆရာဆွေ လို့ ကျနော်နာမည်ပေးတယ်။ အသက်လေးဆယ်အရွယ် လူကြီးဖြစ်နေပြီ။ မျှားနတ်မောင်နဲ့ ကျနော်ရင်းနှီးခဲ့တယ်။ ဟိုး...တုန်းက။ သူက တာဝန်ခံအယ်ဒီတာ။

အခုသူက Information Broker သတင်းပွဲစား။ သတင်းတွေကို ဟိုချိတ်၊ ဒီချိတ်နဲ့ တင်ဆက်သူ။ စာရေးသူ။ စာရေးဆရာ။ သူတော်လို့ သူဆရာဝန်ဖြစ်တယ်။ သူတော်လို့ သူ့ ဘလော့ဂ်နာမည်ကြီးတယ်။ သူ အာတာကောင်းလို့ လေလှိုင်းမှာ ပွားလို့ရတယ်။ တော်တော် တော်ပါပေတယ်။

ဒေါက်တာစင်သီယာမောင် ယေက်ျားနဲ့ Perth မှာတွေ့တယ်။ ဆရာဆွေအခြေအနေ ဘယ်လိုလဲလို့မေးမိတယ်။

"အခန်းထဲက မထွက်ဘူး။ လူတွေနဲ့မဆက်ဆံဘူးတဲ့"

ဝိုင်းပြီး အားပေးကြပါအုံး။

ဒီမိုကရေစီခေတ်မှာ ဟိုဖက်ဒီဖက် အမြင်နှစ်ခုကို ဆက်လက်တင်ပြနိုင်ပါစေ။

ကျေးဇူးပါ
ဆရာဆွေ။

8/25/10

ဦးခင်မောင်ဆွေအားကြိုဆိုပါ၏

ဦးခင်မောင်ဆွေ လုပ်ရပ်ဒီတကြိမ်မှာ မှန်ပါသည်

အပိုင်တီးသော်လည်း လွဲသွားပါကောလား

စစ်တပ်က အုပ်ချုပ်တဲ့အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ကျိုးစားတယ်။ တချို့ အဖွဲ့တွေလုပ်တယ်။ တချို့ အဖွဲ့တွေလက်မခံဘူး။ ဘာ့ကြောင့်လဲ။ လက်ခံတဲ့အဖွဲ့တွေက အင်အားမရှိ၊ နအဖက မွေးထားတဲ့လူတွေလိုဖြစ်နေတော့ ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်ချက်အတိုင်း မလုပ်နိုင်ဘူး။ ဒီအဖွဲ့တွေကတော့ ဒီကေဘီအေ၊ ကိုးကန့်၊ ပအိုဝ်(ကျနော်လည်းပအို့တ၀က်ပါပဲ)၊ အခြားအဖွဲ့ငယ်တွေဖြစ်တယ်။ ပအို့အဖွဲ့ဘာ့ကြောင့်လက်ခံလဲဆိုတော့ ဒေါ်ကြိုင်ကြိုင်က အလံတရာပအိုဝ်လေ။ သိတယ်မို့လား နီးစပ်ရာ ပွားလို့ဖြစ်တာပဲ။ အပေးအယူပဲအရေးကြီးတယ်။ ထားတော့။ ဆိုလိုရင်းလွဲသွားအုံးမယ်။ ခေါင်းစဉ်က အပိုင်တီးသော်လည်း လွဲသွားပါကောလားဆိုတာကိုပြောမလို့။

အပိုင်တီးတယ်။ ကချင်အဖွဲ့ကစပြီး သေနတ်မဖောက်တော့ဘူး။ လွန်ခဲ့ ၁၆-နှစ်က။ လွန်ခဲ့တဲ့ ၁၆-နှစ်ကတည်းက ဘာ့ကြောင့်နယ်ခြားစောင့်ဖို့ ဘဘသန်းတို့အဖွဲ့မလုပ်တာလဲ။ လုပ်ပါလား။ အခုကြမှ ကောက်ကာငင်ကာ ထပြီးလုပ်တာက မရိုးသားဘူး။ အပိုင်တီးတဲ့အထဲမှာ ဘာပါလဲဆိုတော့...။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုအပစ်ရပ်မယ်။ ဒီဘဲတွေကို စော်လေးတွေနဲ့မြူမယ်။ ငွေနဲ့ဆွဲမယ်။ တော်ကီနဲ့ ကြပ်ပေးမယ်။ အချိန်သာနည်းနည်းယူ။ ကြာရင် ပျော်ပြီ။ ကျောက်တုံးတောင် တဖြည်းဖြည်းရေတိုက်စားရင် သိတဲ့မှတ်လား...။ ကုန်ပြီ။ ဒီပုံစံအတိုင်းပဲ။ ဒါကို သိတယ်။ လူ့စိတ်ကို စနစ်တကျလေ့လာခဲ့တဲ့ ဘဘရွှေလေ။ သူ့အိုင်ဒီယာအတိုင်း ဒီလိုလုပ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတောထဲမှာ နှစ်ပေါင်း ငါးဆယ်လောက်နေရတာ တခါလောက်မြို့ ပေါ်မှာ စည်ဘီယာလေးနဲ့ နားချင်တာပေါ့နော်..လူပဲ။ ဒါကို သိလို့ ဒီလိုဖန်တီးတယ်။ ရှင်းတယ်ဟုတ်။

ဒါကို နအဖက သိတယ်။ စိတ်ဓာတ်စစ်ဆင်ရေးလေ။ ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေစားတာ ဒါ့ကြောင့်ပဲ။ မယုံမရှိနဲ့။ ဗိုလ်ချုပ်ကြီးရဲမြင့်သမိုင်းကိုလေ့လာကြည့်အုံး။

သူတို့က ပိုင်ပြီလို့ထင်တယ်။ သို့သော်...လွဲသွားတာကို အမှုမှတ်အမှတ်မဲ့ဖြစ်သွားတယ်။ အခုလွဲသွားတယ်။ အပစ်ရပ်အဖွဲ့က လူတစ်ချို့ ဟာ သူတို့ထင်သလို မိန်းမ၊ ငွေ၊ စည်းစိမ်နဲ့ဆွယ်သော်လည်း လုံးဝမလှုပ်တဲ့လူတွေရှိတယ်။ ခေါင်းဆောင်တွေရှိတယ်။ ဒါ့ကြောင့်လည်းပဲ မွန်သစ်ပါတီ၊ ဗိုလ်နှုတ်မွေး၊ ဗိုလ်ထိန်မောင်၊ အေအိုင်အို၊ ၀အဖွဲ့က တချို့ မလှုပ်။ စောက်ဂရုလည်းမစိုက်။
ဒါကိုကြည့်ပြီး လွဲသွားပါကောလားလို့ပြောတာ။

ဒီလိုပဲလုပ်ပါ...

သီတဂူဆရာတော်က ထောင်ထဲမှာပြောတယ်။ အဖေ ဘုရင်က သားကို ဘီလူးစားမှာဆိုလို့ ထောင်ထဲထည့်တာတဲ့။ ဘီလူးကလည်း ခလေးပဲစားတယ်။ လူကြီးကို စားတာမှမဟုတ်တာ။ နအဖပုံစံက ဒီလိုမျိုးဖြစ်နေလို့.။ ဒါကို သီတဂူဆရာတော်က ဒဲ့မပြောဘူး။ ပြောရင် သူလည်းထောင်ထဲမှာ တာလပေါ့ဘုန်းပေးနေရအုံးမယ်။

Big Picture ဆိုတာက ရုပ်ပုံကြီးကြီးကိုပြောတာမဟုတ်..။

Big Picture နဲ့စပါစို့။ အရင်တုန်းက ကိုယ်နဲ့ဘာဘဲဖြစ်ဖြစ်...လက်တွေ့လုပ်သင့်တာက Big Picture ကိုကြည့်ပါ။ သူတို့ကတော့ ပြည်သူပဲ..။ သူတို့ဘ၀တွေတိုးတက်မြင့်မားဖို့လုပ်ရမယ်။ အာဏာပိုင်ဆိုတာက ခဏပဲ။ အာဏာမရှိတော့ရင် သိတဲ့အတိုင်းပဲ။ ဘာမှ မဟုတ်ဘူး။

ရုပ်ရှင်ထဲမှာ Air Force One ကိုကြည့်ဖြစ်တယ်။ အမေရိကန်သမ္မတစီးတဲ့လေယာဉ်။ ရုရှက လူတွေက ၀င်စီးတဲ့ဟာပေါ့...ဒါက အကြမ်းဖျဉ်း...။ အဲဒိအထဲမှာ ရရှသမ္မတပြောတာက အမေရိကန်သမ္မတစီးတဲ့လေယျာဉ်ထဲမှာပါတဲ့ လူက အယောက်ငါးဆယ်လောက်ပဲရှိတယ်။ တိုင်းပြည်အတွက် ဘာ့ကြောင့် ဒီလူငါးဆယ်လောက်ကို မရင်းရဲတာလဲပေါ့။ ဒီလိုမျိုး။ အခု...မြန်မာပြည်အရေးလည်းဒီအတိုင်းပဲ။ လက်ရှိအုပ်ချုပ်တဲ့ လူငါးဆယ်လောက်က ပြည်သူအတွက်မရင်းရဲဘူးလား။ Big Picture ကိုကြည့်ရင် ဒါမျိုးလုပ်ရဲရမှာပေါ့နော်။ အခုတော...၂၀၁၀ ရွေးကောက်ပွဲနဲ့ အာဏာကို ရေရှည်လိုချင်ပြန်ပြီ။ မကြိုက်မှန်းမသိ၊ ကြိုက်မှန်းမသိ။

သေရင်မြေကြီးပဲဖြစ်မှာပါ...

ကျနော်တို့သည် မြန်မာတွေဖြစ်သည်။ မြန်မာနိုင်ငံမှဖြစ်သည်။ မြန်မာနိုင်ငံမှမြန်မာတွေသည် ယဉ်ကျေးသည်။ သိမ်မွေ့သည်။ ယဉ်ကျေးသိမ်မွေ့တဲ့တိုင်းပြည်ကလူတွေဟာ အာဏာရှင်လုပ်၊ လူသတ်၊ မတရားတာအကုန်လုပ်နေကြပြီ။ အများစုကိုပြောတာပါ။ အကုန်လုံးတော့မပါဘူး။ ဘာ့ကြောင့်ဖြစ်နေတာလဲ။ အားလုံးဟာ ဒီနေ့ဘာပဲဖြစ်ဖြစ် တချိန်ကြရင် မြေကြီးပဲဖြစ်မှာပါ။ မြေကြီးမဖြစ်ခင်မှာ ကျနော်တို့ဘာလုပ်သင့်ပါသလဲ။

တခါလောက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့စကားပြောချင်တယ်...။

သူသည် လူဖြစ်သည်။ ထမင်းစားသည်။ ငပိရည်နဲ့တို့စရာစားသည်။ အီးပါရင် ဆောင့်ဆောင့်ထိုင်ပါဖို့ များသည်...(တောသားလေ)..။ အများဆုံးပါ နှစ်တုံးပေါ့ (အသက်ကြီးပြီလေ) ။ မျှစ်ပြုတ်တော့ကြိုက်မည်။ တနေ့ကို ဗိုလ်ချုပ်မှုးကြီး ထမင်းသုံးနှပ်ပဲစားနိုင်မည်။ အများဆုံး နို့ဆီဗူး သုံးလုံးပေါ့။ အသက်ကြီးတော့ များများတော့မစားနိုင်။ အ၀တ်အစားအနေဖြင့် တနှစ်ကို ပုဆိုးသုံးထည်မကုန်နိုင်။ ယူနီဖောင်းအမြဲဝတ်သောကြောင့်ဖြစ်သည်။ ဆိုတော့...ဒီလိုဖြစ်နေတဲ့ဘ၀မှာ ဘာ့ကြောင့်များ အာဏာရှင်လုပ်ချင်ရတာလဲမသိ။ အာဏာရှိပြီး ပိုက်ဆံများပြီး တနေ့ကို ထမင်း ငါးနှပ် (သို့) ဆန်တအိတ်တော့ မစားနိုင်။ ချီးလည်း ရာဝင်အိုးအပြည့် မပါနိုင်။ ကျနော်သူနဲ့တွေ့ရင် ဒီလိုပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဒါကိုသိတော့ အာဏာရှင်ကိုဆန့်ကျင်သည်။ ဗိုလ်ချုပ်မှုးကြီးနဲ့အပေါင်းအပါများလည်း နောင်တရကြပါစေ။ ဘုရားရှင်ကို ဒေ၀ဒတ် တွေ့ဆုံဆွေးနွေးဖို့ နောက်ကြခဲ့တာကို သိတယ်ဟုတ်။

8/22/10

သြစတျေးလျရွေးကောက်ပွဲ ၂၀၁၀-

သြစတျေးလျနိုင်ငံသားအဖြစ်ကို လွန်ခဲ့တဲ့ ၂၀၀၇-ခုနှစ်က ခံယူခဲ့တယ်။ ဘာ့ကြောင့်ခံယူတာလဲဆိုတော့ နိုင်ငံမဲ့ဘ၀ကို မခံနိုင်တော့လို့ပဲ။ ထိုင်းမှာနေတုန်းက ထောက်လှမ်းရေးလက်မှတ်၊ အလုပ်သမားလက်မှတ်ကလွဲရင် ကျန်တာဘာမှမရှိဘူး။ ဒီလက်မှတ်တွေကလည်း ထိုင်းအစိုးရနဲ့ ထိုင်းနိုင်ငံတိုးတက်ကြီးပွားဖို့အတွက် လုပ်ပေးရတဲ့အရာတွေလို့ ဒီနေ့အထိခံစားနေရတုန်းပဲ။ တော်တော်ကို နာကျည်းစိတ်ပျက်စရာကောင်းတယ်။ ဥပမာ-ထောက်လှမ်းရေးလက်မှတ်ဆိုတာကို ထိုင်းထောက်လှမ်းရေးက လုပ်ပေးတယ်။ အလကားမရဘူး။ လုပ်ပေးခပေးရတယ်။ ထောက်လှမ်းရေးလက်မှတ်မှာပါတဲ့ အချက်အလက်တွေက ဒီလိုမျိုး။

" မောင်ဘုန်းကျော်သည် မှုးယစ်ဆေးဝါးရောင်းဝါးဖောက်ကားမှု ဖော်ထုတ်ရေးအတွက် သတင်းပေဖြစ်ကြောင်း"

ဒီလိုမျိုး။

ကျနော်က ဘယ်လိုလုပ်ပြီး မှုးယစ်ဆေးဝါးရောင်းဝယ်တာကို သတင်းပေးရမလဲ။ ဒါက တဖက်လှည့် (နားလည်မှု) ပေါ့ဗျာ။ ထိုင်းရဲတွေ၊ စစ်တပ်၊ ထောက်လှမ်းရေး အားလုံး ဂွင်ဖန်တဲ့ ကိစ္စ။ ဒါ့ကြောင့် ထိုင်းထောက်လှမ်းရေးလက်မှတ်ကိုင်ပြီး ထိုင်းနိုင်ငံ အနှံ့  သွားနိုင်တယ်။ ဖမ်းတဲ့အခါဆိုရင် လက်မှတ်ထုတ်ပေးတဲ့ အရာရှိကိုဖုန်းဆက်လိုက်။ အများအားဖြင့်အဆင်ပြေတယ်။ တခါတလေတော့...သူတို့အချင်းချင်း ညစ်ရင် ကိုယ်လည်းပဲလှော်ကြားက ဆားပဲ။ ကိုယ့်မှာ မြန်မာပြည်က Passport မရှိ။ သွားရလာရတာ အရမ်းဒုက္ခရောက်တယ်။ ရဲတွေ့ရင် ရင်တုန်နေပြီ။ စိတ်က အလိုလိုဖြစ်လာတာ။

သြစတျေးလျနိုင်ငံရောက်တော့ နှစ်နှစ်သက်တမ်းပြည့်တော့ တခါတည်း နိုင်ငံသားခံယူတယ်။ မြန်မာပြည်လည်းပြန်မရ။ မြန်မာပက်စပို့ကလည်း သိတဲ့အတိုင်း နိုင်ငံတကာမှာအရမ်းအနှိမ်ခံရတယ်။ သြော်စီမှာနေတာဆိုတော့ သြေီာစီနိုင်ငံသားအဖြစ် ခံလိုက်ရင် အနည်းဆုံးမဲပေးလို့ရတယ်။ ဒီအခွင့်အလမ်းကို အသုံးချတယ်။ သြစတျေးလျနိုင်ငံသားအဖြစ် သက်တမ်းပြည့်တာနဲ့ ခံယူလိုက်တယ်။

သြစီနိုင်ငံသားအဖြစ်ရောက်တော့ မဲပေးရတယ်။ သြစီမှာရွေးကောက်ပွဲလုပ်တိုင်းမဲပေးရတယ်။ အစိုးရက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေလုပ်တိုင်း မဲပေးရတယ်။ ဥပမာ Day Light Saving ကို သြစီပြည်နယ်တိုင်းက လက်ခံသင့်၊ မခံသင့် ဆုံးဖြတ်တော့ မဲပေးရတယ်။ မဲသွားမပေးရင် ဒဏ်ကြေးတစ်ယောက်ကို ဒေါ်လာ ၄၀ နီးပါးပေးရတယ်။ နှစ်ယောက်ဆိုရင် ၈၀-နီးပါး။ ဒေါ်လာ ၈၀-ဆိုရင် ဘီယာ နှစ်ဖါတော့အနည်းဆုံးရတယ်။ ဆိုတော့ လူတိုင်းမဲသွားပေးတယ်။

မနေ့ကလည်းမဲပေးရတယ်။ Federal Election ပေါ့။ သတင်းထဲမှာ အတိုက်အခံဖြစ်တဲ့ လစ်ဘရယ်ကိုပေးပါ။ လက်ရှိအစိုးရ လေဘာကိုပေးပါ။ ဘာ့ကြောင်ပေးပါဆိုတဲ့ ဆင်ခြေတွေလည်းရှိသေးတယ်။ ပြောရင်တော့တပုံကြီး။ အဓိကပြောချင်တာတဲ့ အကြောင်းအရာက ဒီလို။ TV မှာကြေငြာတာတဲ့ဟာကို အရင်ကြည့်။ လက်ရှိအစိုးရဖြစ်တဲ့ လေဘာကပြောတယ်..။ လစ်ဘရယ်ပါတီရဲ့ ပေါ်လစီကိုထောက်ပြတယ်။ အလုပ်သမားတွေကိုခေါင်းပုံဖြတ်မဲ့အစိုးရပေါ့။ အကယ်၍သူတို့တက်လာရင်။ ဥပမာ Work Choice ပေါ်လစီ။ ဒီပေါ်လစီအောက်မှာ အလုပ်သမားတစ်ယောက်ရဲ့ ဘ၀၊ ခံစားခွင့်က အလုပ်ရှင်ရဲ့  စိတ်ပေါ်မှုတည်တယ်။ သေဆိုသေ၊ ရှင်ဆိုရှင်။

လစ်ဘရယ်ပါတီကလည်း လက်ရှိအစိုးရလေဘာရဲ့ အားနည်းချက်ကိုထောက်ပြတယ်။ ဥပမာ လေဘာအစိုးရကြောင့် အကြွေးတွေများလာတယ်။ ကုန်ဈေးနှုံးတွေကြီးလာတယ်။ သြော်စီကို လှေနဲ့ခိုးဝင်ဖို့လူတွေများလာတယ်။ သူတို့ကြောင့် တနှစ်ကို ဒေါ်လာ ၁.၁ ဘီလီယံကုန်တယ်။ လှေတွေကိုရပ်နိုင်ရင် ၁.၁ ဘီလီယံက ပြည်သူတွေအတွက်ဖြစ်မယ်။ ဒါမျိုး။ ဒါက အဓိကပါတီနှစ်ခု ဖြစ်တဲ့ လေဘာနဲ့လစ်ဘရယ်မဲဆွယ်တဲ့အကြောင်းအရာ။

ဘာ့ကြောင့် မဲပေးတာလဲ။


ကျနော်နဲ့ ကျနော့်မိန်းမ မဲပေးတဲ့နေ့ရောက်တော့မဲရုံကိုသွားတယ်။ Fine ထိမှာစိုးလို့ သွားပေးတယ်။ မဲရုံကိုရောက်တော့ လူတွေတန်းစီပြီးမဲပေးဖို့စောင့်နေတယ်။ မဲရုံဝမှာ ပါတီအသီးသီးက သူတို့ပါတီကို ပေးဖို့အတွက် လက်ကမ်းစာစောင်တွေပေးတယ်။ ဒါက လောဘာအမတ်၊ ဒါက လစ်ဘရယ်ရဲ့ အမတ်။ ဒါက Gireen ရဲ့ အမတ်။ အော်ဟစ်ဆူညံခြင်းမရှိ။ တစ်ပါတီနဲ့တစ်ပါတီ ပေါက်ကရမပြော။ သူတို့အချင်းချင်းလည်း ပျော်နေကြတယ်။ ဒါနဲ့ မဲပေးဖြစ်တယ်။

ကျနော်က Green ပါတီကိုမဲထည့်တယ်။ ဒီပါတီက ကြားပါတီ။ သဘာဝပတ်ဝန်းကျင်ကိုအထူးကြင်နာတယ်။ ပါလီမန်မှာ အားနည်းသူ။ မြန်မာပြည်မှာရှိတဲ့ သြစီရင်းနှီးမြုပ်နှံမှုတွေကိုထွက်ဖို့ အာ, တဲ့သူ။ အားပေးသူ။ ဒါကြောင့် Green ပါတီကို မဲထည့်တယ်။

ကျနော်ပြီးတော့ ကျနော့်မိန်းမအလှည့်။ နင်..ဘယ်ပါတီကိုမဲပေးမလဲလို့မေးတယ်။ မိန်းမကပြောတယ်။ လစ်ဘရယ်ကို ပေးမယ်တဲ့။ သူမ လစ်ဘရယ်ပါတီကိုမဲပေးခဲ့တယ်။ ဘာ့ကြောင့်ပေးရလဲဆိုတော့ လေဘာအစိုးရတက်လာတာ ရေဖိုး၊ မီးဖိုး၊ ကုန်ဈေးနှုံးတက်လာတယ်။ အလုပ်တွေရှားလာတယ်။ အထူးသဖြင့် ကုန်ဈေးနှုံးကြီးလာတယ်။ ဒါ့ကြောင့် မဲပေးတယ်တဲ့။ သူ့အိုင်ဒီယာနဲ့သူ။ သူ့အတွက် မကိုက်ဘူးလေ။

ကျနော့်ရဲ့ အထူးသူငယ်ချင်းဖြစ်တဲ့ ABSDF က ကိုသီဟရွှေလည်းမဲပေးရတယ်။ သူက မဲမပေးခင် တစ်ရက်အလိုမှာ အရက်သောက်ရင်း ဘယ်ပါတီကိုပေးမလဲပေါ့။ ကျနော့်ပါတီကို ကျနော်ပြောတယ်။ Green ပါတီ။ ကြားလူ။ အားနည်းသူ။ ဒါက ကျနော့် ခံစားချက်။ သူကြတော့ လေဘာကိုပေးမယ်လို့ပြောတယ်။ ဘာ့ကြောင့်လဲဆိုတော့ လေဘာအာဏာဆက်ရရင် အစိုးရထောက်ပံ့ကြေးကို မှီခိုနေတဲ့သူ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ ခံစားခွင့် (ငွေ) ပိုရမယ်။ ဒါ့ကြောင့် သူပေးမယ်တဲ့။ သူက လက်ရှိ Disable (မသန်မစွမ်း) ရာထူးနဲ့ အစိုးရထောက်ပံ့ကြေးခိုမှီနေသူ။ သူမဲပေးတဲ့ရည်ရွယ်ချက်။ သူ့အတွက် ကိုက်မဲ့ပါတီကိုသူရွေးခဲ့တယ်။

အားလုံးက ကိုယ့်ရဲ့ အကျိုးစီပွားပေါ်ကို တက်လာတဲ့အစိုးရတွေဘာများလုပ်ပေးနိုင်မလဲဆိုပြီးရွေးခဲ့ကြတယ်။ ကျနော့်က ကျနော့်ရဲ့ ဘ၀ကို ရွေးကောက်ခံအစိုးရက ဘာလုပ်ပေးနိုင်မလဲ။ ကျနော့်သူငယ်ချင်း၊ ကျနော့်မိန်းမက သူ့ဘ၀အတွက် အဆင်ပြေအောင် တက်လာတဲ့အစိုးရ ဘာများလုပ်ပေးမလဲ။ ဒီအပေါ်ကြည့်ပြီး ကျနော်တို့ သြစတျေးလျအစိုးရကို ရွေးချယ်ကြတယ်။

ဒါက သြစီက မြန်မာတွေ သြစီအစိုးရအတွက် ဘယ်လိုမဲပေးရလဲ၊ ဘာရည်ရွက်နဲ့ ကျနော်တို့မဲပေးရခဲ့လဲဆိုတဲ့ကိစ္စ။ အားလုံးကလွတ်လွတ်လပ်လပ်။ ရန်ဖြစ်တာမရှိ။ မဲမလိမ်။ မဲမ၀ယ်။ ဒါလေးကို မသိတဲ့သူတွေအတွက် သိအောင်ပြောပြချင်လို့ပါ။ အခြားအထွေအထူးတော့ ဘာမှမပါ။ တခုတော့ရှိတယ်။ ကျနော်ခံစားချက်က သြော်စီမှာ လူကိုလူလို ဆက်ဆံခံရတော့ နေရတာပျော်တယ်။ ဒါ့ကြောင့် သြော်စီနိုင်ငံသားအဖြစ်ခံခဲ့ပါတယ်။ ဒါဆိုရင် ကျနော့်အတွက် ကိုက်တယ်။

8/19/10

ဒီကေဘီအေအညံ့ခံလိုက်ပြီလား

ဒီနေ့ သူချင်းတစ်ယောက်လင့်တခုပေးလို့ ဒီကေဘီအေရဲ့ နယ်ခြားစောင့်တပ်လက်ခံရေးအခမ်းအနားကိုကြည့်ဖြစ်တယ်။ လင့်ပေးတဲ့သူငယ်ချင်းက တောင်ကြီးက။ ရှမ်းလူမျိုး။ Perth မှာ တက္ကသိုလ်လာတက်နေတဲ့သူ။ နိုင်ငံရေးကိုလေ့လာသူ၊ စိတ်ဝင်စားသူ။ သူကဂျီးတော့နဲ့ လှမ်းပြီး ဒီလင့်ကို ကြည့်ပါဆိုလို့...ဖွင့်မိတယ်။ ဘလော့ဂ်တခုပေါ့။ ဒီဘလော့ဂ်ကို ကရင်လူမျိုးတစ်ယောက်ကပဲလုပ်ထားတာပါ။ ဟံသာဝတီမီဒီယာရဲ့  ကလစ်ကိုတင်ထားတယ်။

ကြည့်နေရင်းနဲ့ ကျနော်ခံစားချက်၊ အမြင်လေးကိုပြောပြချင်လို့ပါ။

နယ်ခြားစောင့်တပ်ဖွဲ့မှာပါတဲ့ ရဲဘော်တွေကိုလေ့လာကြည့်တယ်။ ရာထူးလက်ခံတဲ့လူတွေကိုပေါ့။ ရာထူးအကြီးဆုံးက ဗိုလ်မှုးအဆင့်ပဲတွေ့တယ်။ ကျန်တဲ့သူတွေဘယ်ရောက်သွားလဲဆိုတဲ့မေးခွန်းကိုဒီနေရာမှာမေးရပါလိမ့်မယ်။ ဥပမာ စောချစ်သူပေါ့။ သူ..ဘာ့ကြောင့်မတက်တာလဲ။ အခြားလူတွေကောတက်လား။ မတက်ဘူး။ မြန်မာ့အသံက မရိုက်ပြတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။

နအဖဘက်ကလူတွေကိုလေ့လာကြည့်တယ်။ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ခေါင်းဆောင်တဲ့အဖွဲ့ကလူတွေအားလုံးရဲ့ မျက်နှာကိုကြည့်ရတာ အသက်မပါသလို။ စိတ်မပါသလို။ ပြုံးခြင်း၊ ရယ်ခြင်းကင်းမဲ့။ ဘာ့ကြောင့်များလဲ။ အမှန်မှန်ဆို ဒီအချိန်က သူတို့အတွက်ပျော်စရာကောင်းတဲ့အချိန်လေ။

ဒီကေဘီအေ ဒု-ဥက္ကဌ စောကျော်သန်းကိုကြည့်တယ်။ သူလည်းအလားတူ။ မပြုံး၊ မပျော်၊ ညှော်နေတဲ့မျက်နှာနဲ့။ အင်း...တခုခုတော့တခုခုပဲ။ ဒီလိုပဲ ကောက်ချက်ချတက်တော့တယ်။

ဒါဆိုရင် ဘယ်သူတွေပျော်နေလဲ။ ရာထူးလက်ခံခဲ့တဲ့ ဒီကေဘီကေရဲဘော်တချို့ အရမ်းပျော်နေတယ်။ အထူးသဖြင့် ဗိုလ်မှုး၊ ဗိုလ်ကြီးရာထူးတွေရတဲ့ လူတွေပျော်တာတောင်မကဘူး၊ အရည်ပါအောက်ကိုကျတယ်။ ကနေတာကွေးနေတာပဲ။ ဆန်..အရက်နဲ့ အကောင်းလွန်ပြီး နယ်ခြားစောင့်တပ်ရာထူးကိုလက်ခံပုံရတယ်။ ထားတော့။ ပြောချင်တာက....ဘာမှမသိတဲ့ လူတွေရာထူး၊ ရာခံကို သဘောတွေ့နေပုံရတယ်။

အင်း...ထူးတော့ထူးခြားတယ်။

.......၉၇-ခုနှစ်မှာ မဲ့ဆောက်ကိုလာဖို့အတွက် ဦးလေးရဲ့ အိမ်မှာ ခဏတည်းတယ်။ သူက ဘားအံ့က ရပ်ကွက်သစ်မှာ အိမ်ငှားပြီးနေတယ်။ သူက ပအိုဝ့်၊ သူ့မိန်းမက ကရင်။ အလုပ်က နတ်ဆရာ။ တနေ့..တနေ့သူ့အိမ်မှာ လူတွေကနည်းတာမဟုတ်ဘူး။ အထူးသဖြင့် ဒီကေဘီကေအရာရှိတွေများတယ်။ ဆိုင်ကယ်တ၀ီဝီနဲ့။ ဦးလေးအိမ်မှာ နတ်လာမေးတယ်။ နှစ်လုံးထီ၊ ချဲဂဏန်းပေါ့။

ဒီကေဘီအေ အရာရှိအတော်များများကိုသတိထားမိတယ်။ ဆိုင်ကယ်ကောင်းကောင်းဝယ်ရေး။ အိမ်ကောင်းကောင်းရရေးလောက်ကျန်တာ သူတို့စိတ်မ၀င်စားဘူး။ ဘားအံနားက ရပ်ကွက်တွေမှာ အိမ်ကြီးအိမ်ကောင်း(သစ်သားနဲ့တိုက်)တွေမှန်သမျှ ဒီကေဘီအေလူကြီးတွေပိုင်တယ်။ ရပ်ကွက်ထဲက စတိုးဆိုင်တွေကိုကြည့်မလား၊ သူတို့ပဲ။ မြ၀တီနဲ့မဲ့ဆောက်ကို လူပို့တဲ့လူတွေကြည့်မလား။ သူတို့ပဲ။ ဘားအံမှာ ဘာပဲလုပ်လုပ် ဒီကေဘီအေပဲ။ ဆိုတော့ ဒီကေဘီအေဟာ လူထုအကျိုးပြုလုပ်ငန်းနဲ့ နိုင်ငံရေးလုပ်လားဆိုတော့ ဘာမှမလုပ်ဘူး။ အဓိက သူတို့ဝါးတီးမှန်ရေးပဲ။

ကေအန်ယူကနေ ဒီကေဘီအေခွဲထွက်တယ်။ ဘာ့ကြောင့်လဲ။ အထူးသဖြင့် ကေအန်ယူရဲ့ ဘာသာရေးမျက်နှာလိုက်မှု့ ကြောင့်ပဲ။ ဘိုလိုပြော Discrimination ပဲ။ ဒါကိုမခံနိုင်ဒီကေဘီအေဖြစ်လာတာပဲ။ နိုင်ငံရေးအရ၊ လိုအပ်ချက်အရ ပေါ်ပေါက်လာတာမဟုတ်။

ဒီလိုရည်ရည်ချက်နဲ့ဖြစ်လာတဲ့ဒီကေဘီကေကို ဘာမှမပြောချင်တော့ဘူး။ ဒါ့ကြောင့်ဒီလိုဖြစ်နေတာပဲ။

ဗိုလ်မှုးနုတ်ခမ်းမွေးတော့မပါဘူး။ သူကထူးခြားတယ်။ သူ့ရဲ့ လုပ်ရပ်ကိုဂုဏ်ပြုတယ်။ Perth က ကရင်လူကြီးတစ်ယောက်ကိုမနေ့ကမေးတယ်။ ဗိုလ်နုတ်ခမ်းမွေးတော့ နယ်ခြားစောင့်တပ်ကို လက်မခံဘူး...ဘယ်လိုမြင်လဲလို့။ သူကပြောတယ်...စင်္ကာပူမှာသူအိမ်ဝယ်ထားတယ်တဲ့...။ ဟုတ်လားမဟုတ်လားတော့မသိဘူး။ ဘာဘဲဖြစ်ဖြစ် သူပြောတာကိုနားထောင်လိုက်တယ်။ ကန့်လန့်လုပ်ရင် ကျနော့်ကိုဓားနဲ့ခုတ်နေအုံးမယ်။ ကရင်အချင်းချင်းထဲမှာလည်း သဘောထားတွေမတူ။ အင်း...လူပဲဗျာ။

အဓိကပြောချင်တာက...ဘာ့ကြောင့် သေနတ်ကိုင်တာလဲ။ ဘာ့ကြောင့်တော်လှန်ရေးလုပ်တာလဲ...ဆိုတဲ့မေးခွန်းပါ။ ဒီကေဘီအေမှာလည်းနိုင်ငံရေးရှိပါတယ်။ သူတို့နိုင်ငံရေးက အမျိုးသားရေးပေါ့။ ကရင်တကျပ်၊ ဗမာတစ်ကျပ်လုပ်ရင်းနဲ့...၂၀၁၀-မှာ ဗမာအစိုးရက ဒီကေဘီအေကရင်ကို နှစ်ကျပ်ပေးလိုက်တယ်။ တစ်ကျပ်က မုန့်ဖိုးပေါ့။ ဒါ့ကြောင့် ဒီကေဘီအေအနေနဲ့ ကောင်းတာလုပ်ခဲ့သမျှသဲထဲရေသွန်ဖြစ်ကုန်ပြီ။

ဒါမျိုးမလုပ်သင့်ဘူး။

တချိန်ချိန်ကျရင် နအဖက သူ့လမ်းကို အလိုလိုလျှောက်သွားမှာပါ။ ကိုယ်က ဘာမှလုပ်စရာတောင်မလိုဘူး။ တော်လှန်မယ်ဆိုရင် အမျိုးသားအကျိုးစီးပွား (မြန်မာပြည်) တခုလုံးကောင်းစားရေးကို ဦးတည်ထားပြီးတော်လှန်ကြပါ။ ကရင်က..စလို့..ရှမ်းအဆုံး...အားလုံးက မြန်မာပြည်ကပါ။ မြန်မာလူမျိုးတွေပါ။ Big Picture ကိုကြည့်ပါ။ Big Picture ဆိုတာက ပြည်တွင်းစစ်ရပ်ရေး၊ စစ်အာဏာရှင်စနစ်မရှိရေး၊ ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးပါပဲ။ နယ်ခြားစောင့်တပ်လက်ခံရေးက Pig Picture မဟုတ်ပါဘူး။ နယ်ခြားစောင့်တပ်ကိုလက်ခံတယ်ဆိုတာက ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ ရှေ့ မှာ ကျနော်တို့မှားပါတယ်လို့ပြောတာနဲ့အတူတူပါပဲ။ သတိထားကြပါ။

8/8/10

၂၂-မြောက် ၈၈၈၈ လေးလုံးဓာတ်ပုံမှတ်တမ်း(Perth)

မေတ္တာသုတ်ရွတ်ဖက်ပြီးအခမ်းအနားဖွင့်လှစ်
ပွဲစီစဉ်သူများ
ကိုးသားကြီးနှင့်ရဲဘော်တစ်ယောက်
မ၀ါဝါ၊ ဆရာမစင်သီယာ၊ အန်ကယ်ကိတ်နှင့်ဒေါ်ကော်နီ
ABSL ကျောင်သားတစ်ယောက်
လစ်ဘရယ်ပါတီမှအမတ်များနှင့်
မြန်မာ့အရေးကို စိတ်ဝင်စားသူများ
လူ့ဘောင်သစ်ပါတီရဲ့ ထုတ်ပြန်ချက်ကိုဖတ်ကြား
ဖဒိုကျော်ဝင်း(KNU)
လစ်ဘရယ်ပါတီရဲ့ အမတ်
ဒီနေရာမှာကျင်းပ
နအဖအကြိုက်ခြင်္သေ့နှင့် ဗမာအသင်း(ကျနော်တို့မပါ)
ခန့်စည်သူနှင့်အရိုင်းကို သြော်စီက ဗမာတွေလက်မခံတော့
ဒီလိုပရိတ်သတ်စုံစုံညီညီ
အထက်လွတ်တော်အမတ် စကော့က ဒီလိုအားပေးတယ်
လေဘာပါတီမှ ဂျွန်ဟိုက်နှင့်မာဂရက်(၀န်ကြီး)
Type your summary here. Type the rest of your post here.

8/7/10

၂၂-မြောက် ၈၈၈၈ လေးလုံးဓာတ်ပုံမှတ်တမ်း(Perth)

သြစတျေးလျနိုင်ငံ Perth မှာ ၂၂-နှစ်မြောက်ရှစ်လေးလုံးအောက်မေ့ဖွယ်အဖြစ် အခမ်းအနား၊ တရားနာနှင့် ဆန္ဒပြပွဲကိုယနေ့တွင် ပြလုပ်ခဲ့သည်။ Perth မြို့ ရောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ ABSDF ရဲဘော်ဟောင်းများနှင့် ဒီမိုကရေစီအရေးကို ချစ်မြတ်နိုးကြသော မြန်မာပြည်သူများတက်ရောက်ကြသည်။
ဆရာတော်များနှင့် စီစဉ်သူများ (ဓာတ်ပုံ ဘုန်းကျော်-လူ့ဘောင်ချစ်)
တရားနာရေစက်ချစဉ် (ဓာတ်ပုံ ဘုန်းကျော်-လူ့ဘောင်ချစ်)
ဆရာဒေါက်တာမျိုးညွန့် ဓာတ်ပုံ (ဘုန်းကျော်-လူ့ဘောင်ချစ်)
ဒေါ်နန်းကြာမြင့်(ဓာတ်ပုံ ဘုန်းကျော်-လူ့ဘောင်ချစ်)
ABSDF ရဲဘော်ဟောင်း ကိုအောင်ကြီး(ဓာတ်ပုံ ဘုန်းကျော်-လူ့ဘောင်ချစ်)
ကိုဖိုးထွေး(ဓာတ်ပုံ ဘုန်းကျော်-လူ့ဘောင်ချစ်)
ကိုသီဟရွှေ(ဓာတ်ပုံ ဘုန်းကျော်-လူ့ဘောင်ချစ်)
ကိုသိန်းလွင်(ဓာတ်ပုံ ဘုန်းကျော်-လူ့ဘောင်ချစ်)
Type your summary here. Type the rest of your post here.

8/6/10

ကြည့်လည်းလုပ်ပါအုံး...ဌာနချုပ်ရယ်..

ဒေါ်မာမာအေးလေသံနဲ့ ဒီလိုပြောချင်တယ်။ ပြောစရာတွေလည်းတပုံကြီး ရှိသေးတယ်လို့။

ဘာပြောမလဲ...မောင်ဘုန်း။

ဒီလိုပါ။ ကိုဖြိုးမင်းသိန်း၊ ဦးသုဝေ၊ ဦးသန်းငြိမ်းတို့ရဲ့ နိုင်ငံရေးဝင်စို့ထွက်စို့ ကစားတမ်းနဲ့ပက်သက်ပြီးပြောတာပါ။ ပြီးတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့  ဝေဖန်သုံးသပ်ချက် (၆၊၈၊၁၀) ကိစ္စလည်းပါတယ်။ ပါတီကို စိတ်ဝင်စားသူတစ်ယောက်ဆိုတော့ ဘာတွေများဝေဖန်လည်းဆိုတာကို လေ့လာရင်းတွေ့လို့ ကျနော်လည်း ပြန်လည်ဝေဖန်ခွင့်ပြုပါ။

ခေါင်းစဉ်က "ဘာမျှမကြာလိုက်ပါ၊ ခါးမှန်းသိသူသိလာကြပြီ" လို့ ရေးထားပါတယ်။

ဝေဖန်သုံးသပ်ချက်က အပြုသဘောမဆောင်၊ စည်းရုံရေးလည်းမဖြစ်ပဲ...ဘာရည်ရွယ်ချက်နဲ့ရေးတာလဲမသိဘူး။ ရေးတဲ့သူဘယ်သူဖြစ်လဲဆိုတာကိုတော့ ခန့်မှန်းမိပါတယ်။ နာမည်တော့မပြောချင်ဘူး။ ကဲ...ထားတော့။

နိုင်ငံရေးပါတီတခုဆိုတာ စည်းရုံးရေးကို အဓိကထားပြီး အင်အားတည်ဆောက်ယူရတယ်။ စည်းရုံးရေးမှာ မဟာဗျူဟာကြကြစည်းရုံးရေးရှိတယ်။ ကြက်အစာကောက်သလို စည်းရုံးရေးရှိတယ်။ ဒီနေ့ဖတ်ရတဲ့ဝေဖန်သုံးသပ်ချက်က စည်းရုံးရေးလား၊ ကဲ့ရဲ့ ရှုံ့ ချရေးလား။ မင်းတို့ကို ငါမပြောဘူးလားဆိုတဲ့ အပေါက်မျိုးဖြစ်နေတယ်။ ဒါက ကြက်အစာကောက် မဟာဗျူဟာလို့ပြောချင်တယ်။

ကိုဖြိုးမင်းသိန်း အခုကိစ္စမှာ သူရပ်သင့်တာကို ရပ်လိုက်ပြီ။ ဒီမိုကရေစီအရေးကို ဆန့်ကျင်မယ်လို့လည်းမပြော။ စစ်အစိုးနဲ့ပေါင်းမယ်လို့လည်းမသုံး။ ဒီတော့ ကိုဖြိုးမင်းသိန်းက ကျနော်တို့လူဖြစ်တယ်။ ကိုယ့်လူတစ်ယောက် ဒီလိုမျိုးအသိတရား၊ အမှန်တရားကို သိသွားပြီး ပြင်တဲ့နေ့မှာ ဘာ့ကြောင့် ရိတိတိဝေဖန်သုံးသပ်ချက်နဲ့ ကြိုဆိုရတာလဲ။

လုပ်သင့်တဲ့အလုပ်က "ကိုဖြိုးမင်းသိန်းရဲ့ ဆုံးဖြတ်ချက်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်" ဆိုတဲ့ ပုံစံနဲ့ လုပ်ရမယ်ဖြစ်တယ်။

ဒါက စည်းရုံးရေးဖြစ်တယ်။ ခါးမှန်းသိလို့ဆိုတဲ့အသုံးအနှုံးက ကဲ့ရဲ့ တာဖြစ်တယ်။ ရှုံ့  ချတာဖြစ်တယ်။ ဒီလိုမျိုးကြိုဆိုသင့်သလား။ ကျနော်တော့မလုပ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဝေဖန်သုံးသပ်ချက်ဆိုတာက လူ့ဘောင်သစ်ပါတီတခုလုံးနဲ့ဆိုင်တယ်။ တစ်ဦးတစ်ယောက်က ဝေဖန်သုံးသပ်ပြီးပေါက်ကရလုပ်တာတော့မကောင်းဘူး။

ဒီလိုမျိုးဝေဖန်ချင်ရင် ကျနော်လို့လုပ်။ ဘလော့ဂ်တခုထောင်။ ကြိုက်တာရေး။ ကိုယ့်နာမည်နဲ့ကိုယ်သုံး။ ဒါဆိုရင် ဘာမှပြောစရာမလိုဘူး။

ကြည့်လည်းလုပ်ပါအုံး...ဌာနချုပ်ရယ်။

8/4/10

အပျင်းပြေရေးတဲ့စာ

အချိန်ကနေ့လည် ၁၂-နာရီ။

နေရာက Edit Cowan University ရဲ့  E-Lab တစ်နေရာ။ ချောင်အကျဆုံးစားပွဲ တစ်ခုမှာထိုင်တယ်။ နေ့လည်စာကို ငါးဟင်းရေပေါလောချက်နဲ့ ကြိတ်လိုက်တယ်။ ညက မိန်းမချက်ထားတဲ့ဟင်းလေ။ ထမင်းဘူးကို နှစ်ဒေါ်လာတန်ကော်ဘူးနဲ့ထည်၊့ စားခါနီးမှ ကျောင်းက မိုင်ကရေဝေ့ထဲမှာ နှစ်မိနစ်လောက်အပူပေးပြီး ခုံတန်းရှည်နားမှာ ထိုင်ခုံမရှိလို့ မတ်တပ်ရပ်စားတယ်။

နေ့လည်စာ စားတဲ့အချိန်ဆိုတော့ကန်တင်းက လူတွေပြည့်နေပြီ။ မျက်နှာချင်းဆိုင်မှာ ဗီယမ်နမ်တစ်ကောင်က ထမင်းဖြူနဲ့ ခေါက်ဆွဲပြုတ်ကို ဆလက်ရွက်နဲ့ ၀ါးနေတယ်။ သြော်..မေ့နေလို့…ကျက်တောင်ပံကြော်လည်းပါသေးတယ်။ ဗီယမ်နမ်အသံဝဲ၀ဲနဲ့ သူ့ဘေးနားက ကုလားမတစ်ယောက်ကို ဘိုလို , စားနေရင်းနဲ့ပွားနေတယ်။ ညာဘက်အခြမ်းမှာ တရုတ်မနှစ်ကောင်။ ထမင်းစားရင်း သူတို့အချင်းအချင်း သူတို့စကားနဲ့ပွားနေပုံက တရုတ်သိုင်းကားကြည့်ရသလိုပဲ။ ရွှီးရွှမ်း…ရွှီးရွမ်း နဲ့။ ဘာတွေပြောနေလဲမသိဘူး။ မျက်စောင်းထိုးနားမှာ အဖြူတစ်ကောင်က Chip (အားလူးကြော်) စားနေတယ်။ အားလူးကို အချောင်းလိုက်ကြော်ထားပြီး၊ အားလူးပေါ်ကနေ ဘာအရည်လည်းမသိဘူး…ဖြန်းထားတယ်။ ဒါက သူ့ရဲ့ နေ့လည်စာ။

နေ့လည်စာစားပြီးတော့။ ဆေးလိပ်သောက်တဲ့အလှည့်။ ဆေးလိပ်တစ်ဘူးကို ၁၄-ဒေါ်လာပေးရတော့ ဆေးလိပ်ကို ဆေးသား၊ ဖင်ဆီခံ၊ စက်က္ကူဝယ်ပြီး ကိုယ့်ဟာကိုယ်လိပ်သောက်တယ်။ ဆေးလိပ်သောက်ပြီး E-lab ထဲကို ပြန်ဝင်လာပြီး၊ ကိုယ့်နေရာမှာ စာဖက်တယ်။ ကွန်ပြူတာလက်တော့ကိုဖွင့်တယ်။ ၀ိုင်ယာလက်စ်အင်တာနက်က ကျောင်းမှာဘယ်နေရာသွားသွား ကျောင်းသားတွေအားလုံးအခမဲ့ သုံးခွင့်ရှိတော့  အဆင်ပြေလိုက်တဲ့ဖြစ်ခြင်း။ စာအုပ်၊ စာတမ်းမလို။ ကျောင်းက ၀က်ဆိုက်ကိုတက်။ Blackboard ကိုဖွင့်လိုက်ရင် ဖက်ရမဲ့စာတွေ၊ လေ့ကျင့်ရမဲ့သင်ခန်းစာတွေကို အဆင်သင့်လုပ်ထားတယ်။ Blackboard က ငယ်ငယ်တုန်းကလို မြေဖြူနဲ့ ရေးရတဲ့ ဘလက်ဘုတ်လိုမဟုတ်။ မိုက်တယ်။ ဒီတစ်ခါတော့ ကျနော်တောသား မကိုင်ဘူးတာ ကိုင်နေရပြီ။

လုပ်ရမဲ့သင်ခန်းစာက Abate (Temephos) ဟာ အသုံးများရင် ရေထဲကငါးတွေ၊ အပင်တွေ သေစေနိုင်တယ်။ ဒါကိုရေးရမယ်။ ရေးရမှာက စာမျက်နှာ ၁၀ မျက်နှာ။ အချိန်နှစ်ပတ်ပေးတယ်။ Abate (Temephos) ဆိုတာက ခြင်သတ်ဆေးပေါ့။ အိမ်ဘေးနားက ရေအိုင်ထဲမှာရှိတဲ့ ပိုးလောက်လန်းတွေ၊ ခြင်ပေါက်စလေးတွေကို Abate နဲ့ရေ ရောပြီး လောင်းလိုက်ရင် ခြင်တွေသေပြီ။ ဒါပေမဲ့အသုံးများရင် ဘာဖြစ်နိုင်လဲ။ အထူးသဖြင့် ရေကန်ထဲက အကောင်ပလောင်တွေအဆိပ်မိနိုင်တယ်။ အရင်တုန်းက Abate အစား DDT ကိုသုံးတယ်။ ဒုတိယကမ္ဘာစစ်မှာ ခြင်တွေကိုသေအောင်လို့ လေယာဉ်ပေါ်ကနေဖြန်းတယ်၊ ကျောပိုးပြီးဖြန်းတယ်။ ခြင်တော့သေတယ်။ ဒါပေမဲ့ကြာလာတော့ ရေထဲကငါး၊ ကုန်းပေါ်က သတ္တ၀ါ၊ အပင်တွေပါ အဆိပ်မိတော့ DDT ကို အခုနောက်ပိုင်း နိုင်ငံအတော်များများမသုံးတော့ဘူး။ မြန်မာပြည်မှာကော သုံးနေသေးလားမသိဘူး။ DDT အစား၊ အန္တရာယ်နည်းတဲ့ Abate ကို ဒီနေ့မှာသုံးလာပြီ။ သို့သော် Abate ကိုလည်း လိုအပ်တာထက်ပိုသုံးရင် ဒုက္ခတွေ့နိုင်တယ်။ ဒီလိုဥပမာကို မြန်မာပြည်က အင်းလေးကန် ကိစ္စမှာတွေ့နိုင်တယ်။ ခရမ်းချဉ်သီးတွေကိုဖြန်းနေတဲ့ပိုးသတ်ဆေးက Abate အမျိုးအစားထဲက ဖြစ်ဖို့များတယ်။ ကြာရင်တော့ မလွယ်ဘူး။

ဒီအကြောင်းကို လက်တွေ့ ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ရတယ်။ စမ်းသပ်ပြီးတော့ ရလာတဲ့တွေ့ရှိချက်ကို မှတ်တမ်းတင်ထားတယ်။ အဲဒိအပေါ်အခြေခံပြီးတော့ Abate ရဲ့ ဖြစ်ပေါ်လာပုံ၊ ဘေးဥပါဒ်စတာတွေကို စာမျက် ၁၀ မျက်နှာ ရေးစေသတည်းလို့ ဆရာကအမိန့်ချတယ်။ ဒါကိုရေးနေတုံး…ဒီစာကိုရေးပါ၏။ ဘိုလိုရေးရတာပျင်းလာတော့ ဗမာလိုရေးတယ်။ စကားပြောဖော်လည်းမရှိ။ ဗမာကျောင်းသားလည်းမတွေ့။ ဒါက Australia နိုင်ငံမှာ တက္ကသိုလ်တက်နေတဲ့ ဗမာကျောင်းသားတစ်ယောက်ရဲ့  ပညာသင်ကြားရပုံဖြစ်တယ်။ ရုပ်ရှင်ထဲက မြန်မာပြည်ကတက္ကသိုလ်ကြီးတွေလို ဟေးလားဝါးလားပျော်စရာကောင်းတဲ့ ဘ၀မဟုတ်။ တနေ့လာလည်း ကွန်ပြူတာရှေ့ ထိုင်၊ ဟိုရှာဒီရှာလုပ်။ နောက်နေ့လည်း ဒီအတိုင်းပဲ။

ဒီနေ့လည်းဒီအတိုင်းပဲ…လေ့ကျင့်ခန်းအတွက် အင်တာနက်မှာရှာ၊ စာအုပ်တွေရှာ၊ ဂျာနယ်တွေဖက်ရတယ်။ ကိုယ်တက်တဲ့ဘိုလိုကလည်း ကမျှောက်ကခြောက်နဲ့ အပြည့်အ၀နားလည်ဘူး။ ဖတ်ရတဲ့စာကလည်း ရိုးရိုးတန်းတန်းစာမဟုတ်။ သိပ္ပံဆိုင်ရာစကားလုံးတွေ။ ခက်လိုက်တဲ့အဖြစ်။ ရှစ်…။ ယူမိတာမှားပြီလားမသိဘူး။ ဒီစာကိုရေးပြီး သွားရင်တော့ ဘိုလိုရေးတဲ့အလှည့်ပေါ့။

ဘေးနားက ကျောင်းသားအဖွားကြီးကလည်း သူ့ရဲ့ လက်တော့ကွန်ပြူတာကို ရိုက်နေတာ ဗျောင်းကနဲ၊ ဗျောင်းကနဲအသံတောင်ကြားရတယ်။ သြော်..သူက အဖြူဆိုတော့ သူ့စာကိုသူကောင်းကောင်းရေးနိုင်တာပေါ့နော်။ ကိုယ်ကြတော့ စာတစ်ကြောင်းဖြစ်ဖို့အတွက် ဟိုတစ်စ၊ဒီတစ်စလိုက်ကောက်ပြီးတွဲနေရသလိုပဲ။

ကျောင်သူ၊ ကျောင်းသားတွေအားလုံးက ဟေးလားဝါးလားမရှိ။ စကားပြောရင်တိုးတိုးသက်သာနဲ့ သူများကိုမထိခိုက်အောင်၊ အနှောက်အယှက်မဖြစ်အောင်ပြောနေကြတယ်။ အားလုံးက ကွန်ပြူတာအရှေ့ မှာ ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတယ်။ တချို့ ကျောင်းသားတွေက Facebook ကိုဖွင့်။ ဟိုကြည့်ဒီကြည့်။ ဒါကို ကြည့်တဲ့လူအများစု မိန်းခလေးတွေ။ ယောက်ျားလေးအများစု Youtube မှာ သီးချင်းနားထောင်တယ်။ တရုတ်ပြည်က တရုတ်ကျောင်းသားတွေက တရုတ်ဝက်ဆိုက်မှာ တရုတ်စာတွေနဲ့ အလုပ်ရှုပ်နေတယ်။ ကုလားပြည်မှကုလားကတော့ ကုလားဝက်ဆိုက်နဲ့။ အီရန်က ကုလားက ခေါင်းစွပ်အီရန်ကျောင်းသူလေးနဲ့ အီစကလီလုပ်လို့။ သြော်…သူ့ဟာနဲ့သူပါလား။

ဗမာပြည်က ဗမာတစ်ယောက်ဖြစ်တဲ့ ကျနော်ကောလို့မေးလိုက်မယ်။ ပျင်းတဲ့အခါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိလို့ ဘလော့ဂ်အတွက် အပျင်းပြေဒီစာလေးကိုရေးမိပါတော့တယ်။ ၁၂-ခွဲကနေ ဒီစာကိုရေးလိုက်တာ ၁-နာရီခွဲမှာပြီးတယ်။ ဒါပီးသွားရင်တော့ Abate အလှည့်ပေါ့။

View My Stats