ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

5/29/09

ဗိုလ်မှုးဟောင်း အောင်လင်းထွဋ် ကိုဝန်းရံပါ...


တပ်ထဲက ပထမဆုံး သူရဲကောင်း..

ထောက်လှန်းရေးဟောင်းဖြစ်တဲ့ သူ့ကို ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေကနေ ထောက်ခံပံ့ပိုး ပေးဖို့လိုတယ်။ အရင်တုန်းက သူဟာဘာဘဲဖြစ်ဖြစ်၊ အခုသူလုပ်နေတာဟာမှန်တယ်။ သူလည်း စွန့်လွှတ် အနစ်အနာ ခံတဲ့လူတွေထဲမှာ ပါတဲ့သူဖြစ်တယ်ဆိုတာကို ဘယ်သူမှငြင်းလို့ မရဘူး။

ယနေ့အထိ သူ့လိုလူမျိုးကို အားလုံးဝိုင်းရှာကြည့် အခုလောလောဆယ် သူတစ်ယောက်ပဲရှိသေးတယ်။ သူ့လိုလူမျိုးတွေ များများထွက်လာမှ ဗိုလ်သန်းရွှေ နှဖားကြိုးပြုတ်လိုက်မယ်။ ပုဂ္ဂိုလ်ရေးအရ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဗိုလ်မှုးအောင်လင်းထွဋ်ဟာ တော်လှန်တဲ့သူတစ်ယောက်ဖြစ်နေပြီ။ ပြီးတော့ ၈၈ မျိုးဆက်ထဲက တစ်ယောက်လည်းဖြစ်တယ်ဆိုတာ ဘယ်သူ မှ ငြင်းလို့မရဘူး။

အရင်တုန်းကတော့ သူဟာ ကျနော်တို့ရန်သူဖြစ်ခဲ့ပေမဲ့၊ အခုကျနော်တို့ရဲ့ မိတ်ဆွေကောင်းဖြစ်နေပြီ။ သူရေးတဲ့ စာတွေ၊ သူတင်ပြတဲ့အချက်အလက်တွေကို မကိုးကားရင်၊ ကျနော်တို့လောက်မိုက်တဲ့သူမရှိတော့ဘူး။

ဘယ်သူတွေဘာပဲပြောပြော ကျနော်တို့သူ့ကို စစ်တပ်ထဲကပထမဆုံးဖောက်ထွက်တဲ့ သူရဲကောင်းအဖြစ် အသိအမှတ်ပြုတယ်။ ဆက်လုပ်ပါ၊ ဦးဆောင်ပါ ဗိုလ်မှုးခင်ဗျား။ တပ်ထဲက တော်လှန်ရေးသူရဲကောင်းတွေ သံရုံးက၀န်ထမ်းတွေ ပါလာအောင် စည်းရုံးပေးပါ ဗိုလ်မှုး။

ဒီမိုကရက်တစ်အစိုးရဖြစ်ရင် ဗိုလ်မှုးအောင်လင်းထွဋ်ဟာ ကာကွယ်ရေးဝန်ကြီး အထိရောက်နိုင်ပါတယ်။

View My Stats