ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

7/23/10

Johnny Cash's Sam Quentin

၂၀၁၀ ရွေးကောက်ပွဲသည် မွန်တို့၏အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မည်လော

၂၀၁၀ ရွေးကောက်ပွဲသည် မွန်တို့၏အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မည်လော
၂၀၁၀ ခုနှစ်လယ် ရောက်လာပြီးဖြစ်၍ မြန်မာနိုင်ငံရေးတွင် စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက် သည့်ငြင်းခုံသံများ ပိုမိုကျယ်လောင်သည်ကို တွေ့ရပေသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အသံထက် ရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့်အသံက အခြားဒေသများနည်းတူ မွန်တို့ဒေသတွင်လည်း ပိုမိုကျယ်လောင်လာ သည်ကို တွေ့နေရပေသည်။

၂၀၁၀ ရွေးကောက်ပွဲ၏ အခြေခံအနှစ်သာရများ


၂၀၁၀ ရွေးကောက်ပွဲသည် စစ်အစိုးရ၏စည်းကမ်းပြည့်ဝသည့် လမ်းညွန်ဒီမိုကရေစီ လမ်းပြမြေပုံ၏အဆင့် တခုဖြစ်သည်။ တနည်းအားဖြင့် စစ်အစိုးရ၏အာဏာတည်မြဲရေး လမ်းပြမြေပုံ ၇ ဆင့်၏ ၆ ဆင့်မြောက်ဖြစ်သည်။ ဤအ ဆင့်ကို ကျော်ဖြတ်နိုင်ပါက စစ်အစိုးရသည် တိုင်းပြည်အာဏာကို ရှေရှည်ထိန်းထားနိုင်မည်ဖြစ်သည်။

သာမန်အားဖြင့် ရွေးကောက်ပွဲသည် ဒီမိုကရေစီအသွင်ကူးပြောင်ရေးကာလတွင် အရေးကြီးသည့် လုပ်ငန်းစဉ် တခုဖြစ်ပြီး ကြိုဆိုသင့်သည့်လုပ်ဆောင်ချက်တခုဖြစ်သည်။ သို့သော် စစ်အစိုးရကျင်းပသည့် ရွေးကောက်ပွဲသည် ဒီမိုကရေ စီ အသွင်ကူးပြောင်းရေးမဟုတ်ဘဲ ၄င်းတို့အာဏာကို တရားဝင်ရေရှည်ထိန်သိမ်းရန်နှင့် ပြည်သူလူထုကို ရာသက်ပန် စစ်ကျွန်ပြုရန်အတွက်သာ ဖြစ်သည်။ အထူးသဖြင့် ၄င်းတို့ အာဏာရေရှည်တည်မြဲရေးအတွက် ၁၉၉၃ ခုနှစ်ကတည်းက ၁၄ နှစ်ကြာရေးဆွဲခဲ့သည် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းရန်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်သတ်အနိုင် ရထားသည့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းရန်ဖြစ်သည်။

လွတ်လပ်ပြီး တရားမျတသည့်အားလုံးပါဝင်နိုင်သည့်ရွေးကောက်ပွဲ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ရေးအတွက် အင်အားစုအားလုံးပါဝင်နိုင်သည့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်ရန်လိုသည်ဟု အမျိုးသားဒီမိုကရေစီနှင့် အတိုက်ခံအင်းအားစုအသာမက ကုလ သမဂ္ဂ၊ အာစီယံအပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက တောင်းဆိုလျက်ရှိသည်။ လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲဖြစ်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ နိုင်ယက္ခတို့အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်ပြီး ၄င်းတို့ကို မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခွင့်ပေးရမည့်အပြင် ဒီမိုကရေစီစံနန်းနှင့်မကိုက်ညီသည့် ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရမည် ဖြစ်သည်။ ၄င်းအပြင် ပြည်သူလူ ထုတရပ်လုံး နိုင်ငံရေးတွင် လွတ်လပ်စွာ ပါဝင်နိုင်ရမည်ဖြစ်ပြီး ကန့်သတ်မှု အမိန့်မှန်သမျှကို ရုပ်သိမ်းပေးရမည် ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေ၏အခြေခံမူတွင် စစ်တပ်က နိုင်ငံ၏ဦးဆောင်မှုအခန်းတွင် နေရာယူထားခြင်း၊ ကာကွယ်ရေး ဦးစီးချုပ်က အချိန်မရွေး တရားဝင်အာဏာသိမ်းနိုင်ခြင်း၊ တိုင်းပြုပြည်ပြုလွှတ်တော်တွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း အလို အလျောက်နေရာယူထားခြင်း၊ တိုင်းရင်းသားရေးရာများတွင်လည်း ဥပမာ နယ်ခြာရေးရာဝန်ကြီးနေများတွင် စစ်တပ်က ၀င်ရောက် လွမ်းမိုးထားခြင်း၊ ဖွဲ့စည်းပုံကို ပြင်ဆင်မှုမရနိုင်အောင် ပြုလုပ်ထားခြင်း စသည့်အချက်များသည် ဒီမိုကရေစီ စံနှုန်းနှင့် လုံးဝမကိုက်ညီသည့် အချက်များဖြစ်သည်၊၊

ရွေးကောက်ပွဲဥပဒေနှင့် ယှဉ်ပြိုင်မည့်ပါတီများ


စစ်အစိုးရသည် ရွေးကောက်ပွဲတွင် မိမိတို့အနိုင်ရနိုင်ရေးအတွက် ဖွဲ့စည်းပုံတခုတည်းကိုသာမက ရွေးကောက်ပွဲ ဥပဒေကို နည်းမျိုးစုံဖြင့် ကန့်သတ်ချုပ်ချယ်ထားသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကျဉ်းကျ နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခွင့်မရအောင် ကန့်သတ်ထားသည်။

၂၀၁၀ ခု မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စစ်အစိုးရ၏ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်နည်းဥပဒေ များသည် ၁၉၉၀ ခု ရွေးကောက်ပွဲရလဒ်နှင့် ရွေဂုံတိုင်ကြေငြာစာတမ်းအပါအ၀င် နိုင်ငံရေးပါတီများအပါအ၀င် ဒီမိုကရေ စီအင်အားစုများ ချမှတ်ကိုင်စွဲထားသော ရပ်တည်ချက်နှင့် နိုင်ငံရေးသဘောထားအားလုံးကို စွန့်လွှတ်ရန်၊ ဒေါ်အောင်ဆန်း စုကြည်၊ ဦးခွန်ထွန်းဦး စသည့် အကျဉ်းကျခံနိုင်ငံရေးအကျဉ်သားများကို မိမိတို့နိုင်ငံရေးပါတီမှ ထုတ်ပယ်ရန် တောင်း ဆိုခြင်း ဖြစ်သည့်အပြင် အာဏာရှင်အသက်ဆိုးရှည်မည့် ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ထိမ်းသိန်း စောင့်ရှောက်ပါမည်ဟု ၀န်ခံလက်မှတ်ထိုးခိုင်းခြင်းလည်း ဖြစ်သည်။

နအဖ၏မတရားသည့်ဥပဒေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲချုပ်နှင့် ယူအမ်အေစသည့် အဓိကအတိုက်ခံပါတီ များ ရွေးကောက်ပွဲတွင် မပါဝင်ရန်ဆုံးဖြတ်လိုက်သည့်အချိန်တွင် ရွေးကောက်ပွဲတွင် ၀င်ပြိုင်ရန် မှတ်ပုံတင်ထားသည့်ပါတီ ၄၀ ကျော်ရှိနေသည်ကို တွေ့ရပေသည်။ ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည့်ပါတီထဲတွင် အမျိုးအစား ၃ မျိုးရှိနေသည်ကို တွေ့ရပေသည်။ ပထမအမျိုးအစားမှာ ကြံ့ဖွံ့ပါတီကဲ့သို့ စစ်အစိုးရကျောထောက်နောက်ခံပါတီ၊ ဒုတိယအမျိုးအစားမှာ စစ်အစိုးရပေးသည့် အခွင့်အရေးကိုမျှော်ပြီး အစိုးရအလိုကျလုပ်ပေးမည့်ပါတီ၊ တတိယအမျိုးအစားမှာ ရွေးကောက်ပွဲလွန် ကာလတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံရေးစပေ့(စ်) နေရာရှိနိုင်သည့် မျှော်မှန်းချက်ဖြင့် ၀င်ပြိုင်သည့် ပါတီဖြစ်သည်။

ပထမနှင့်ဒုတိယ အမျိုးအစားမှာ နအဖအတွက် အလုပ်အကျွေးပြုမည့်ပါတီဖြစ်သဖြင့် အထူးပြောစရာမရှိပါ။ သို့ သော် တတိယအမျိုးအစားပါတီများ၏ ကြွေးကြော်သံများသည် “စစ်အစိုးရရာနှုန်းပြည့် အုပ်ချုပ်တာထက်စာလျှင် အရပ် သားတ၀က်တပျက်ပါသည့်အုပ်ချုပ်ရေးက ပိုကောင်းမည်။ ယခုရွေးကောက်ပွဲသည် လုံးဝမလွတ်လပ်သော်လည်း ရွေး ကောက်ပွဲမရှိတာနဲ့စာလျှင် ပိုကောင်းမည်။ ရွေးကောက်ပွဲပြီးလျှင် စစ်တပ်က နိုင်ငံရေးကနေ တဖြည်းဖြည်းနောက်ဆုတ် သွားမည်” စသည်များသည် ပြည်သူလူထုကိုေ၀၀ါးစေသည်သာမက ဒီမိုကရေစီလှုပ်ရှားမှုအရှိန်ကိုပါ ထိခိုက်လာနိုင်သည်။
အရပ်သားတ၀က်တပျက်ပါသည့်အစိုးရသည် မည်သို့သောအစိုရမျိုးနည်း၊ စစ်အစိုးရ၏ ဗိုလ်ချုပ်သိန်းစိန်အစိုးရမှ ဦးသိန်စိန်အစိုးရမျိုးကို ဆိုလိုပါသလား၊ သို့မဟုတ် စစ်အစိုးရက နောက်ကွယ်မှ လုံးဝထိန်းချုပ်ထားသည့်အစိုးရမျိုးလား၊ မည်သို့သော အစိုးရမျိုးဖြစ်နေစေကာမူ စစ်တပ်အနေဖြင့် လိုအပ်ပါက နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်ဖြင့် တရားဝင် အာဏာသိမ်းနိုင်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းဖော်ပြထားသည်ကို ရွေးကောက်ပွဲအလွန်ကာလ ဒီမို ကရေစီလှုပ်ရှားခွင့်ရှိနိုင်သည်ဟု စိတ်ကူးနေသူတို့ အဓိကစဉ်းစားရမည့်အချက်ဟု မြင်မိပါသည်။

မွန်တို့ပါတီ


မွန်လူမျိုးတို့၏ အဓိကဦးဆောင်ပါတီဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ရွေး ကောက်ပွဲတွင် မပါဝင်သော်လည်း အခြားတိုင်းရင်းသားများနည်းတူ မွန်လူမျိုးအချို့တို့သည် မွန်တို့ပါတီအဖြစ် မွန်ဒေသ
လုံးဆိုင်ရာဒီမိုကရေစီပါတီကို ပညာရေးဝန်ထမ်းဟောင်း နိုင်ငွေသိမ်း (ခေါ်) နိုင်ဇနူမွန်၏ ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲတွင် ၀င်ပြိုင်ရန် ပါတီထောင်ပြီး ရွေးကောက်ပွဲကော်မရှင်ထံမှ ပါတီမှတ်ပုံတင်ခွင့်ရထားပြီးဖြစ်သည်။ ၄င်းတို့၏အကြောင်း ပြချက်ကား မွန်အမျိုးသားတို့ မဲပေးနိုင်ရန် မွန်ပါတီတခု ရှိရမည်ဖြစ်ပြီး ကြံ့ဖွံ့ပါတီအုပ်ချုပ်တာထက်စာလျှင် မွန်အချင်းချင်း အုပ်ချုပ်တာက ပိုကောင်းသည်ဟု ဆိုသည်။ ထို့ကြောင့် ဒီပွဲသည် မွန်လူမျိုးတို့အတွက် သရေနှင့်အနိုင်ပွဲဟု မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီက ကြွေးကြော်ပြီး မွန်အမျိုးသားတို့အနေဖြင့် ၄င်းတို့ပါတီကို မဲပေးကြပါရန် စည်းရုံးရေးဆင်း နေသည်ဟု သိရသည်။

သို့သော် မည့်သို့သော် သရေပွဲနှင့်အနိုင်ပွဲနည်း၊ မရှိတာနဲ့စာယင်နည်းနည်းရှိတာက ပိုကောင်းသည်ဟူသော အယူအဆသည် နားထောင်ကောင်ပြီး ဒီမိုကရေစီအသွင်ကူပြောင်းရေးကာလတွင် လက်ခံနိုင်ဖွယ်အယူအဆဖြစ် အချို့က ယူဆသော်လည်း စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် နည်းနည်းရှိတာက မည်သည့်အခွင့်အရေးမျိုးနည်း။ နိုင်ငံသားတို့၏ အခြေခံအခွင့်အရေး ဘာမှအာမခံချက်မရှိသည့် အခြေခံဥပဒေသည် ဒီမိုကရေစီအခွင့်အရေး ကျင့်သုံးရန် မည်သို့မျှဖြစ်နိုင်မည်မဟုတ်ပေ။ တိုင်းရင်းသားတို့၏အခွင့်အရေးကို ဖော်ဆောင်ကျင့်သုံးဘို့ မည်သို့မျဖြစ်နိုင်သည် မဟုတ် ပါ။ ဤသို့သော အခြေခံဥပဒေအောက်တွင် မွန်အချင်းချင်းအုပ်ချုပ်မှုနှင့် ကြံ့ဖွံ့ပါတီအုပ်ချုပ်မှုတို့ မည်သို့ကွာခြားမည်နည်း။ မွန်ပါတီအုပ်ချုပ်တာက စစ်အစိုးရအဖို့ ပိုပြီး ပြစရာကောင်းသေးသည်ဟု မြင်မိသည်။ ထိုကြောင့် သရေနှင့်အနိုင်ပွဲသည် မွန်တို့ပါတီထက် စစ်အစိုးရက ပိုဖြစ်ဘို့များမည် ဖြစ်သည်။

စစ်အစိုးရအတွက် အကျိုးကျေးဇူများ

မွန်ပါတီအပါအ၀င် တိုင်းရင်းသားနိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ ပါဝင်ခြင်းဖြင့် နအဖအတွက် ကြီးမားသော အကျိုးကျေးဇူးများ ဖြစ်စေမည်မလွဲပေ။ နအဖသည် ၄င်တို့၏တရားဝင်မှုကို ရွေးကောက်ပွဲမှ တဆင့် ရရှိရန်ရည်ရွယ်ပြီး ထိုသို့တရားဝင်မှုရရှိရန် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုရန်လိုအပ်ပေသည်။ ထိုမှတဆင့် ၄င်းတို့အပေါ် ပိတ်ဆို့ထားမှုများကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ပြီး နိုင်ငံတကာအကူအညီကိုလည်း ပြန်လည် ရရှိရန် မျှော်မှန်းနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့နှင့်အဓိကတိုင်းရင်းပါတီများက ရွေးကောက်ပွဲကို သပိတ်မှောက်နေသည့်အချိန်တွင် နအဖသည် ၄င်းတို့၏ရွေးကောက်ပွဲ တရားမျှတကြောင်း ပြသရန်အတွက် ဗမာလူမျိုးကို ကိုယ်စားပြုသည့်ပါတီအပြင် တိုင်းရင်းပါတီများကိုလည်း ရွေးကောက်ပွဲတွင် ပါဝင်ရန် လိုအပ်ပေသည်။

အစပိုင်းတွင် စစ်အစိုးရသည်အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းများကို ပါတီထောင် ရွေးကောက်ပွဲဝင်စေခြင်း ဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတို့၏ လက်နက်ကိုင်တပ်ကို ဖျက်သိမ်းပြီးရာ ရောက်သည့်အပြင် ရွေးကောက်ပွဲ၏တရားဝင် မှုအတွက်လည်း ပြသခွင့်ရသည့် ၄င်းတို့၏တချက်ခုတ် နှစ်ချက်ပြတ် နယ်ခြားစောင့်တပ်အစီအစဉ်ကို အကောင်အထည် ဖော်ရန် ကြိုးစားခဲ့သည်။

ထိုကြောင့် စစ်အစိုးရသည် ၄င်းတို့၏နယ်ခြားစောင့် အစီအစဉ်အောင်မြင်ရန်အတွက် အပစ်အရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အနုနည်းရော အကြမ်းနည်းပါ ဖိအားပေးလျက်ရှိသည်။ သို့သော် ၄င်းအစီအစဉ် အပေါ် အပစ်အရပ်အဖွဲ့များ ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့်အတွက် အခြားတိုင်းရင်းသား ပါတီထောင်ရန် အားပေး လာသည်။
သို့ဆိုက ယခုပါတီမှတ်ပုံတင်ခွင့်ရထားပြီးသော မွန်ပါတီအပါအ၀င် တိုင်းရင်းသားပါတီများသည် တိုင်းရင်းသား တို့၏အခွင့်အရေး ရရှိဘို့ထက် နအဖ၏တရားဝင်မှုအတွက် အသုံးချခံဘို့ ပိုများနေသည်ကို တွေ့ရပေသည်။ ၄င်းအပြင် ထိုပါတီများသည် နအဖ၏ကြိုးပမ်းနေသည့် ၁၉၉၀ ခု ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ရေးနှင့် စစ်အာဏာရှင်သက်ဆိုးရှည် မည့် ၂၀၀၈ အခြေခံဥပဒေ အသက်ဝင်ရေးကိုလည်း ၀ိုင်းဝန်းပံ့ပိုးပေးရာလည်း ရောက်ပေသည်။ သို့ဆိုက ၂၀၁၀ ရွေး ကောက်ပွဲသည် မွန်တို့အခွင့်အရေး ဖော်ဆောင်ပေးနိုင်မည်လော။

နိုင်ဗညားမွန်
၂၀/၀၇/၂၀၁၀

နိုင်ဗညားမွန်သည် မွန်ပြည်သစ်ပါတီဝင်ဟောင်းတဦးဖြစ်ပြီး မွန်လူမျိုးတို့၏တန်းတူအခွင့်အရေး တိုက်ပွဲနှင့် မြန်မာပြည်ဒီမိုကရေစီ ရရှိရေးတိုက်ပွဲတွင် အနှစ် ၂၀ ကျော် ပါဝင်ခဲ့သူတဦးဖြစ်သည်။

ချင်းမိုင်က အခြောက်တွေ ဘာလုပ်နေကြလဲဟ။

"ရန်ကုန်ယူနိုက်တက် အသင်းက ချင်းမိုင် FC ဘောလုံးအသင်းနှင့် ခြေစမ်းကစားရန် အတွက် အသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုး တေဇ ကိုယ်တိုင် ဦးစီး၍ အဲပုဂံ လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ယနေ့ရောက်ရှိ လာသည်"

ဘယ်မှာလဲ ချင်းမိုင်က သူပုန်ကြီးတွေ။ ဘယ်ချောင်မှာသွားပြီး ကွေးနေကြလဲဟ။ ပရိုပိုဆယ်ရဖို့ဆိုရင်ရှေ့ ကနေပြေးပြီ။ အခု ပြည့်ဖြိုးတေဇဆိုတဲ့ကောင် ချင်းမိုင်မှာ ဘောလုံးကန်ရင်းတောင် အပန်းဖြေမလိုတဲ့။ ငါ့...ချီးကွာ ခင်ဗျားတို့မို့လို့လက်ပိုက်ပြီး ကြည့်ရက်လေတယ်။ ဒီကောင်တွေ Perth ကိုသာလာခဲ့။ အနည်းဆုံး ဖိနပ်နဲ့အပေါက်ခံရမယ်။ ပြည့်ဖြိုးတေဇဆိုတဲ့ကောင် ဘာကောင်လဲဆိုတာ မသိကြဘူးလား။ တခုခုလုပ်ကြစမ်းပါ။

ပြည်သူ့လူ့ဘောင်သစ်ပါတီ (ပဘလသ)


မြန်မာပြည်တွင်းက နိုင်ငံရေးသမားတွေ လုပ်စရာအလုပ်မရှိတော့ဘူးလားမသိဘူး။ ဟိုလူ့နာမည်အတုခိုး၊ ဒီလူ့နာမည်အတုခိုး။ ဟိုအလံကိုခိုး။ ဒီအလံကိုခိုး။ ဘာတွေလဲမသိဘူး။ ရှုပ်ရှက်ကိုခက်နေတာပဲ။ ပါလီမန်မှာတက်ပြီးအာဏာယူမဲ့ လူတန်စားက နာမည်လေးတခုတောင် အဖြစ်ရှိအောင် လွတ်လွတ်ကင်းကင်း မဖန်တီးနိုင်ကြဘူး။

ဟိုမလွတ်ဒီမလွတ်ဖြစ်အောင် လုပ်တဲ့နိုင်ငံရေးပါတီများ ဘာ့ကြောင့် ဒီလိုဖြစ်နေတာလဲ။ အဖြေကတော့ ဒီကောင်တွေကို ရန်သူက အားပေးနေတာပဲ။ ပါတီ ဥက္ကဌရဲ့ အရည်အချင်းက သုံးယောက်ပေါင်း လေးတန်းများဖြစ်နေလားမသိဘူး။ ကျနော်တောင် လူ့ဘောင်ချစ်ပါတီဆိုပြီး မှတ်ပုံတင်ရမယ်ထင်တယ်။

ကိုချစ်တင်မှ....

View My Stats