အခုကတည်းက ရှင်းထားတာ နောင်အတွက် အရှုပ်အရှင်း၊ မနာလိုတဲ့စကားတွေ အတွက် ရှောင်ရှားနိုင်အောင်လို့ ဒီစာကိုရေးပါတယ်။
အခု ကျနော် သြစတျေးလျနိုင်ငံမှာ နေတယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပညာသင်တယ်။ ကိုယ့်ဘ၀ကို ကိုယ်တိုးတက်အောင်ထူထောင်တယ်။ ဒီလိုထူထောင်တဲ့နေရာမှာ ဘယ်သူ့ ဆီကမှ လက်ဖြန့်ခံပြီး မတောင်းဘူး။ ပညာသင်ဖို့ကိုလည်း ဘယ်စကောလားရှစ်မှ မရဘူး။
သူများတွေပညာသင်တာက တော်လှန်ရေးအပေါ်ကို သနားလို့ တိုးတက်အောင်ဆိုပြီး သူများတွေထောက်ပံ့တဲ့ စကောလားရှစ်နဲ့ သင်ကြတယ်။
အခု ကျနော်ခံပြင်းတဲ့စကားရှိတယ်။ ဒီစကားကတော့ မင်းအခုလိုဖြစ်တာက လူ့ ဘောင်သစ်ကြောင့်။ လူ့ဘောင်သစ်က ကျွေးလာတာကိုစားလာပြီး ကျေးဇူးကန်းတယ်။ သစ္စာမဲ့တယ်။ စော်ကားတယ်ဆိုတဲ့စကားတွေနဲ့ပက်သက်ပြီးရှင်းပြချင်တယ်။
ဘယ်သူက ကျေးဇူးကန်းတာလဲ၊ ဘယ်သူက စော်ကားတာလဲဆိုတာကို အားလုံးသိအောင် ရေးပြမှ ရမယ်ထင်လို့ အခုလိုရေးလိုက်တာပဲ။
ကျနော် မဲ့ဆောက်အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၉၉-ခုနှစ်မှာရောက်တယ်။ ရောက်တဲ့အချိန်မှာ အားလုံးဟာ မြို့ ပေါ်မှာကောင်းစားနေတဲ့အချိန်။ ပညာတွေ အသီးသီးသင်နေကြတဲ့အချိန်။ ကျနော်တို့နဲ့ရွယ်တူတွေတောင် နီးစပ်ရာခေါင်းဆောင်ကြီးတွေရဲ့  ကူညီမှုကြောင့် ပညာကောင်းကောင်းသင်နေရပြီ။ သူတို့သင်ရသလို ကျနော်မသင်ခဲ့ရဘူး။ ကျနော်စစ်တိုက်ရတယ်။ ဒုက္ခသည်စခန်းထဲမှာ ရဲဘော်ကြီးတွေနဲ့ အတူတူ ဖြတ်သန်းရတယ်။ အသက်ဘေးနီးစပ်တဲ့ အလုပ်ကို ခဏခဏလုပ်ခဲ့တယ်။ သူများတွေရဲ့ ခိုင်းဘက်၊ မလုပ်ချင်တဲ့အလုပ်ကို အနစ်နာခံပြီး လုပ်ပေးခဲ့ဘူးတယ်။ ဒုက္ခသည်စခန်းမှာ ရတဲ့ လစာက ဘတ်ငွေနှစ်ရာပဲရတယ်။ ခလေးမုန့်ဖိုးတောင်မရှိဘူး။
ကျနော်တို့ဒီလိုရနေတဲ့အချိန်မှာ မဲ့ဆောက်၊ ချင်းမိုင်က ခေါင်းဆောင်ကြီးတွေ လေယျာဉ်ပျံစီးနေကြပီ။ ငွေကို အလျှံအပယ်သုံးနေကြပီ။ နာမည်တော့ တပ်ပြီးမပြောချင်ဘူး။ မဲ့ဆောက်က စားသောက်ဆိုင်တွေမှာ အကြီးအကျယ် ညနေတိုင်းမျိုဆို့နေကြပီ။ ဒီလိုဖြစ်တဲ့ဘ၀ကို ကိုယ်နဲ့မထိုက်လို့ပဲ မရတာဆိုပြီး နေခဲ့ဘူးတယ်။
ရှေ့ တန်းမှာ ဆင်းတုန်းကလည်း ဘာလစာမှမရဘူး။ စားရတော့လည်း ငပိနဲ့တို့စရာ။ ရှေ့ တန်းက ပြန်လာပြီး မဲ့ဆောက်ကိုရောက်တယ်။ အဲဒိကနေတဆင့် ဒုက္ခသည်စခန်းထဲပြန်တယ်။ အဲဒိအချိန်ကြမှ အင်္ဂလိပ်စာကို ရဲဘော်တွေရဲ့ မုန့် ဖိုး စုပြီး ကရင်ဆရာကြီးကို ငှား ပြီးသင်ရတယ်။ ကိုယ့်ငွေနဲ့ကိုယ်သင်ရတယ်။ သင်လို့မပြီးသေးဘူး ဘုရားသုံးဆူမြို့ နားကို ပြောင်းရတယ်။
အဲဒိမှာလည်း ရှေ့ တန်းဆင်း။ စစ်သင်တန်းတက်နဲ့ စုတ်ပြတ်သတ်အောင် နေရတယ်။ ကျနော်တို့ ဒီလိုနေတဲ့အချိန်မှာ ကျနော်တို့နဲ့ ရွယ်တူတွေ အဆင့်မြင့်အင်္ဂလိပ်စာသင်တန်းတွေတက်နေရပြီ။ ခေါင်းဆောင်တွေ ဆိုင်ကယ်တ၀ီဝီနဲ့ ကဲနေကြပီ။ မြို့ ပေါ်မှာကောင်းကောင်းနေပြီး ပေါက်ကရလုပ်နေကြပီ။ ပါတီက အဖွဲ့ဝင်တောင်မကဘူး၊ တခြားပါတီက ကောင်မလေးတွေ၊ ပြည်တွင်းကလာတဲ့ကောင်မလေးတွေက ကိုယ့်ထက်တောင် ကောင်းကောင်းမွန်မွန်သင်ရတယ်။ နေရတယ်။ ဒီလိုဖြစ်နေတာကို သိတယ်။
ဒါ့ကြောင့် ကျနော် စံခလပူရီမှာ အင်္ဂလိပ်စာသင်တန်းတက်တယ်။ ဘယ်သူမှ တက်ခိုင်းလို့မဟုတ်ဘူး။ အခမဲ့သင်တန်း။ ဆရာမနာမည်က မနှင်းဖြူ။ သူ့ ယောက်ျားက မွန်ပြည်သစ်ပါတီက နိုင်ဗညားမွန်။ ဆရာမကြောင့် ကျနော် အင်္ဂလိပ်စာအခြေခံကောင်းကောင်းရသွားတယ်။
ပြီးတော့ မဲ့ဆောက်မှာ လူငယ်ညီလာခံဆိုပြီးလုပ်တယ်။ အပြန်မှာ ကနေဒါက ဆရာမတစ်ယောက်ကို ကျနော်တို့ရုံးမှာ နေပြီး အင်္ဂလိပ်စာသင်တန်းလုပ်ဖို့ ကျနော်ခေါ်လာခဲ့တယ်။ အားလုံးသင်ကြတယ်။ ပြီးတော့ ကျနော် သြစတျေးလျကပေးတဲ့ စီအမ်သရီးကို အဝေးသင်တက်ခွင့်ရတယ်။ တကယ်တမ်းပြောရရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကျိုးစားသင်ယူလာရတယ်။ လူ့ဘောင်သစ်က ပေးတဲ့ သင်တန်းကိုတက်ပြီး တက်လာခဲ့တာမဟုတ်ဘူး။ သူများတွေကောင်းစာနေချိန်မှာ ဘုန်းကျော်ကတော့ ထားရာနေစေရာသွားပဲ။ ဒါကိုအားလုံးသိတယ်။ ဆိုတော့ ကျနော့်ကိုပေါက်ကရမပြောနဲ့။ ပြောတဲ့လူတိုင်းက ဘာဖြစ်တယ်ဆိုတယ် ထုတ်ပြောဖို့ ၀င်မလေးဘူး။
တောထဲမှာ အင်္ဂလိပ်စာသင်တုန်းက ဘယ်ဆရာမှမသင်ပေးဘူး။ ကိုယ်ကိုယ်တိုင်တက်ချင်လို့ အရှင်သုမနစာအုပ်ကိုပဲ အာဂုံဆောင်ထားရတဲ့ဘ၀ပါ။
မိန်းမရတော့လည်း သူများတွေလို မင်္ဂလာမဆောင်ရဘူး။ ပါတီပေးတဲ့ သုံးထောင်နဲ့ ဘယ်ကောင်မှ မကူညီခဲ့ဘူး။ ပါတီကနေ အပြင်ထွက်နေပြီးနေတော့ အန်အယ်ဒီက ကိုစိုးဟန်ပဲ အိမ်ရှာပေး၊ကူညီပေးတယ်။ လူ့ဘောင်သစ်က ဘာများလုပ်ပေးခဲ့လဲ။ ဘာ့ကြောင့် အပြင်မှာ ထွက်နေရလဲဆိုတော့ ကိုယ့်ညီတွေရောက်လာလို့ပဲ။ သူတို့သာဆက်ပြီး ပါတီအနေကြာပြီး မှီခိုနေရင် ဒိထက်ဆိုးတဲ့အသံတွေကို ထပ်ပြီးကြားရနိုင်တယ်ဆိုတဲ့ အတွေးကိုသိလို့ ဆင်းရဲ ဒုက္ခခံပြီးနေတယ်။ ဒီလိုနေဖို့အတွက် ကိုယ်ရသင့်တဲ့ပိုက်ဆံသွားတောင်းတာတောင် သူတောင်းစာလို တောင်းရတယ်။ ငွေကိုင်တဲ့လူက အရက်ဆိုင်မှာ သောက်နေတာကို ထိုင်းပြီးစောင့်ရတယ်။ ပေးတော့လည်း သူ့ ငွေကြနေတာပဲ။
ကျနော်တို့ ညီအစ်ကိုတွေပါတီနေပြီး ပါတီရဲ့ ထောက်ပံ့မှုကို ခံတယ်။ ဟိုလူကခိုင်း၊ ဒီလူက ခိုင်းတာမှန်သမျှ ကျွန်လိုလုပ်ပေးခဲ့ဘူးတယ်။ ပိုက်ဆံသွားတောင်းတဲ့အချိန်မှာတောင် ဓားနဲ့ခုတ်မယ်ဆိုတဲ့ အရက်မှုးသမားနဲ့တောင်ကြုံရတယ်။ ဒီလိုရန်ရှာတဲ့လူကြတော့ သူတို့လူချင်းမို့ဖူးဖူးမှုတ်ထားတယ်။
ရှင်းရှင်းပြောရရင် လူ့ဘောင်သစ်က လူဟောင်းတစ်စုက နောက်ရောက်တဲ့ရဲဘော်တွေမှန်သမျှ သူတို့ ထမင်းကို ထိုင်စားနေရတဲ့အပေါက်မျိုးနဲ့။ တခါလာလည်း မင်းက ပါတီကို ဘာများပြန်လုပ်ပေးဘူးလဲဆိုတဲ့မေးခွန်းက သူတို့ရင်ထဲမှာရှိတယ်။ ဒီပါတီကို ငါတို့ သယ်လာတာကွ။ အခုလိုနေရတာ ငါတို့ကြောင့်ဆိုပြီး ရင်ထဲမှာရှိတယ်။ အမှန်မှန်က သူတို့ကမှ ဘ၀ မေ့နေတာ။ လူလေးရှိတာကမှ နှစ်ဆယ်လောက် ဗဟိုကော်မတီက ၁၅-ယောက်။ အခုထက်ပြီး ခေါင်းဆောင်ပဲ။ တချို့ ဆိုရင် ဘာအရည်အချင်းမှမရှိဘူး။ ၈၈-ကတည်းက အတူတူလုပ်လာဆိုပြီး နေရာပေးတာပဲရှိတယ်။
နေပါဦး။ ခင်ဗျားတို့စားနေတဲ့ ပိုက်ဆံတွေကို ဘယ်သူပေးလဲ။ ဘယ်ကရလဲ။ နောက်ဆုံး ပါတီဝင်ထုရဲ့ နာမည်ကို သုံးပြီး အန်ဂျီအိုတွေဆီကနေတောင်းတယ်။ သူတို့လုပ်စာနဲ့ပေးသလို၊ ကျွေးသလိုမျိုး သူတို့စိတ်ထဲမှာ ဒီအတိုင်းရှိနေတာက မကောင်းဘူး။ ဒါ့ကြောင့် နောက်ဆုံးလူ့ ဘောင်သစ်ဟာ လက်ချိုးရေလို့ရတဲ့ အင်အားလောက်ပဲရှိတော့တယ်။ ရှင်းရှင်းပြောရရင် သူတို့က ကျနော်တို့ကို ထမင်းကျွေးသလိုမျိုး။ ဒါ့ကြောင့် ကျေးဇူးရှိတယ်ပေါ့။ အမှန်မှန်က ဒီလူတွေကို အောက်ခြေကလူတွေက ထမင်းကျွေးထား၊ အရက်တိုက်ထားတာ။ အခုထက်ထိ နိုင်ငံခြားမှာ နေတာတောင် အာဏာကပြချင်သေးတယ်။
ဟုတ်ပါတယ်။ တချို့ လူတွေကိုကြည့်ပြီး ကျနော်ကျိုးစားပြီးစားသင်ခဲ့တယ်။ အတုခိုးခဲ့တယ်။ ဒါကလွဲရင် လူ့ဘောင်သစ်ပါတီဟာ ကျနော် ချမ်းသာအောင်၊ ကျနော်ပညာတက်အောင် ဘာများအထောက်အကူပြုပေးခဲ့လဲ။ သူတို့နီးစပ်ရာလူတွေလောက်ပဲ အားပေးကူညီခဲ့တယ်။ ငွေတွေအလွဲသုံးစားလုပ်ခဲ့တယ်။ သြစတျေးလျကိုရောက်တဲ့အထိ ကျနော့်လက်ထဲမှာ ဒေါ်လာငါးဆယ်တောင်မပါဘူး။
ဘယ်အလုပ်မှာမဆို အလုပ်လုပ်ပြီး ကိုယ့်အတွက်အကျိုးခံစားခွင့်တော့ရှိတယ်။လစာရသင့်တယ်။ ကျနော် လုပ်တဲ့အချိန်မှာ လစာမပြောနဲ့။ မုန့် ဖိုးတောင်အနိုင်နိုင်။ ငွေတွေ ဘယ်ရောက်ကုန်လဲ။ ခေါင်းဆောင်တချို့ ငွေတွေအလွဲသုံးစားလုပ်တာကိုကြတော့ သူတို့အချင်းချင်းမို့ ဘာမှမပြောဘူး။ အခုကြတော့ လစာနဲ့ဘာနဲ့။
ကျနော်လစာပေးပြီးကိုယ့်အိမ်နဲ့ကိုယ်နေကြရအောင်လို့ပြောတာကိုကြတော့ စောက်ဂရုမစိုက်။ ပါတီကလည်း ဘာအလုပ်မှ မပေးနိုင်။ လူတစ်စုလောက်ပဲ အထဲကိစ္စဆိုတဲ့ အလုပ်ပဲရှိတယ်။ ကျန်တဲ့လူက အလုပ်လက်မဲ့။ ဒါ့ကြောင့် နိုင်ငံခြားကိုထွက်ကြတာပေါ့။
တော်လှန်ရေးခုတုံးလုပ်၊ တော်လှန်ရေးရဲ့ အညွှန့် ကိုခူးစားတယ်၊ လူ့ဘောင်သစ်ကို ခုတုံးလုပ်တယ်၊ လူ့ဘောင်သစ်ကို ကျေဇူးကန်းတယ်ဆိုတဲ့စကားကိုပြောတဲ့လူများခင်ဗျား....ခင်ဗျားတို့စောက်ခွက်တွေကို မှန်နဲ့သေသေချာချာကြည့်ပြီး ပြောပါ။ ခင်ဗျားတို့ လည်ချောင်းတွေကို ခြေမနဲ့ကလော်ထုတ်ရင်တောင် ပြည်သူတွေထမင်းတွေ အတောင့် လိုက်ထွက်လာနိုင်တယ်။
ဒီနေ့အချိန်အထိ ကျနော်လုံးဝပညာမတက်သေးပါ။ ငွေလည်းမချမ်းသာသေးပါ။ ကိုယ်ကတော့ မကျိုးစား၊ ပညာမသင်ပဲ၊ သူများတွေ ပညာတက်သွား၊ ငွေချမ်းသာသွားတာကို မနာလိုမရှု့ စိတ်မဖြစ်ပါနဲ့။ တချိန်လုံး လူစုပြီးအရက်သောက်ပြီး အတင်းပြောဖို့လောက်စိတ်ကူးရှိနေရင်လည်း နိုင်ငံရေးမလုပ်ကြပါနဲ့။
ဒီတော့ရှင်းရှင်းပဲ ပြောမယ်။
လူ့ဘောင်သစ်နဲ့တွဲလုပ်မှ တော်လှန်ရေး၊ နိုင်ငံရေးမဟုတ်ဘူး။ စောက်ချိုးတွေပြင်ကြ။မပြင်ရင်တော့ နောက်ဆိုရင် အားနာလို့မပြောပဲထားတဲ့ အချက်အလက်တွေ ထပ်ပြီးလာမယ်။