ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

3/24/09

ဆရာ မောင်စူးစမ်း ရဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဆွေးနွေးပွဲ

ဆရာကြီးက အခုလို အစီအစဉ်ဖြင့် ပွားလိမ့်မည်
ဆရာကြီးရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်း

Credit to Myanmar Fisheries

ဗိုလ်သိန်းစိန် ဘိန်းဖြူမှောင်ခိုမှု့ မှာ ပါဝင်ပက်သက်နေလား?

နိုင်ငံတကာ မူးယစ်မှောင်ခို ကုန်သွယ်မှု လုပ်ငန်းကြီးနှင့် ဆက်စပ်ပြီး အနည်းဆုံး လူ ၅-ဦးကို ဇန်နဝါရီလကတည်းက စတင် ဖမ်းဆီးထားခဲ့ကြောင်းဖြင့်စစ်ဘက် အသိုင်းအဝိုင်း သတင်းရပ်ကွက်များမှ ပြောကြား ပါသည်။ စင်္ကာပူသို့ ထွက်ခွါမည့် သင်္ဘောပေါ်ရှိ ကွန်တိန်နာများအတွင်းမှဘိန်းဖြူ ဘလောက်တုံး ၈၃ တုံးကို ဇန်နဝါ၇ီလ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အထက်တန်းလွှာ ရပ်ကွက်များအတွင်းဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့အပြီး ဖမ်းဆီးမှုများပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အကြီးဆုံး စီးပွါးရေးမြို့တော်၏ အလုံမြို့နယ်ရှိ အေးရှားဝေါလ်ဒ် (AsiaWorld) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စင်္ကာပူသို့ ထွက်ခွါမည့် စင်္ကာပူအလံလွှင့်တင်ထားသော Kota Tegap သင်္ဘောပေါ်မှ (Jewellery Lucky Company) JLCကုမ္ပဏီပိုင် ကုန်သေတ္တာ ၃ လုံးအတွင်း ထည့်သွင်းထားသော သစ်လုံးများအတွင်းမှဘိန်းဖြူထုပ် များကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဤဆိပ်ကမ်းမှာ ယခင်ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ထွန်းမြင့်နိုင်ပိုင်ဆိုင်ပြီး အမေရိကန် ဘဏ္ဍာရေး ဌာန၏ နာမည်ပျက်စာရင်း သွင်းထားခြင်းခံရသူဖြစ်သည်။

ဤသို့ ရန်ကုန်ဆိပ်ကမ်းတွင် စီးနင်း ရှာဖွေအပြီး၊ ရဲတပ်ဖွဲ့က လှိုင်သာယာမြို့နယ်ရှိ FMI City အတွင်း ရှာဖွေဖမ်းဆီးမှုများဆက်လက်ပြုလုပ်ခဲ့ကာ နောက်ထပ် ဘိန်းဖြူဘလောက်တုံး ၃၂ဝ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောပါသည်။

ရဲတပ်ဖွဲ့က JLC ကုမ္ပဏီ၏ အကြီးအကဲဖြစ်ဖွယ်ရှိသော ကျော်စိန်ကို ယင်း၏ယောက်ဖဖြစ်သူ ရှီအန်း၊ ပို့ကုန်တာဝန်ခံ ဦးဝင်းညွန့်၊ တရုတ် အမျိုးသမီးတဦးအပါအဝင် အခြား တရုတ်နိုင်ငံသား ၃ ဦးတို့နှင့်အတူ ဘိန်းဖြူမှုနှင့်ဖမ်းဆီးခဲ့သည်။ သူတို့ကို ယခုအခါ တရားမဝင် မူးယစ်ဆေးဝါး ထိန်းချုပ်မှုဥပဒေများဖြင့် အရေးယူ တရားစွဲဆိုထားသည်။သို့သော် ကိုးကန့် တိုင်းရင်းသားဖြစ်သည်ဟု ဆိုသူ ဦးကျော်စိန်ကိုတပတ် ခန့်ကြာမျှ ခဏတာမျှသာ ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်ဟု အဆိုပါသတင်းရပ်ကွက်က ပြောပါသည်။

“သူက ရဲအချုပ်မှာ တပတ်လောက်ပဲနေပြီး ပြန်လွတ်သွားတာ။ သူ့ကို စွဲထားတဲ့အမှုအားလုံးလဲ ခုတော့ပိတ်လိုက်ပြီ” ဟု ထိုသတင်းရပ်ကွက်ကဆက်လက်ပြောဆိုခဲ့သည်။

သို့သော် ကျန်တရားခံများကို ဆက်လက် ထိန်းသိမ်းထားပြီး သူတို့ ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသော မူယစ်ဂိုဏ်းကို ဖော်ထုတ်နိုင်ရန်အတွက်စစ်ကြောမှုများ ဆက်လက် ပြုလုပ်နေသည်။

သူတို့ထဲမှ အချို့ကို ရှေးဦးစွာ ကျွန်းတောလမ်းရှိ မူးယစ်ဆေးဝါးပပျောက်ရေးပြတိုက် နှင့် ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းရှိ နေရာတို့တွင်ထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် အမည်မသိနေရာသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားသည်။သို့သော် Mr. Shell ဟုသိရသူ အခြား တရုတ်အမျိုးသား မသင်္ကာသူတဦးမှာ
ဝတိုင်းရင်းသားများ ထိန်းချုပ်ရာဒေသ အတွင်းသို့ ထွက်ပြေး လွတ်မြောက်ခိုအောင်သွားသည်ဟု ရဲတပ်ဖွဲ့၏ အပြောအရ သိရသည်။ကနဦး စစ်ကြောမှုများကို ရဲအထူးသတင်းတပ်ဖွဲ့ (SB) နှင့် မှုခင်းတပ်ဖွဲ့(CID) အမျိုးသမီးတာဝန်ခံ ဒေါ်ရီရီ အပါအဝင် ရဲအရာရှိများကဆောင်ရွက်ခဲ့ကြသည်ဟု JLC ကုမ္ပဏီနှင့် နီးစပ်သူ အဆိုပါ သတင်းရပ်ကွက်ကပြောသည်။ဤသို့ စစ်ကြောမှုများ ပြုလုပ်အပြီး၊ ဘိန်းဖြူများကို မြန်မာနိုင်ငံ
အရှေ့ပိုင်း ပင်လုံနယ်မှ ကုန်ကားဖြင့် ရန်ကုန်မြို့သို့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးကိုဖြတ်၍ သယ်ဆောင်လာခဲ့ကြောင်းဖြင့်စွပ်စွဲခံရသူတဦးက ထုတ်ဖော်ပြောဆိုပါသည်။

ဘိန်းဖြူများကို ကုန်ကားအတွင်းရှိ အံဝှက်များအတွင်း ထည့်သွင်းသယ်ဆောင်လာခဲ့ပြီး ကုန်ကားမောင်းသူကို ကျပ်ငွေ ၁၃ သန်း ပေးခဲ့ရသည်ဟုထွက်ဆိုသည်ဟု ရဲတပ်ဖွဲ့၏ ကနဦး စစ်ကြောချက်များအရ သိရကြောင်း
ထိုသတင်းရပ်ကွက်က ပြောသည်။ဝင်းညွန့်က ရန်ကုန်မြို့ရှိ လူချမ်းသာရပ်ကွက် အတွင်းရှိ အိမ်များသို့သစ်သားပြားများ သွားရောက် ပို့ပေးခဲ့ပြီး၊ သင်္ကာမကင်းခံရသူ တရုတ် အမျိုးသားများက ဘိန်းဖြူ ဘလောက်တုံးများကို လချေးပြားများ၊ သတင်းစာစာရွက်များ၊ ပလပ်စတစ်စ များဖြင့် ထုပ်ပိုးပေးခဲ့ကြသည်ဟုစုံစမ်းစစ်ဆေးမှုများ အရသိရသည်။

ယခု ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ ကာလပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ သန်း၁ဝဝ ရှိသည်ဟု ခန့်မှန်းကြသည်။ဤဘိန်းဖြူများကို သစ်သားပြားများအတွင်း ဝှက်၍ သယ်ဆောင်ကာ ထိုင်ဝမ်နိုင်ငံသို့ တင်ပို့လိမ့်မည်ဟု နိုင်ငံတကာ မူးယစ်ဆေးဝါးအေဂျင်စီက မြန်မာရဲတပ်ဖွဲ့ကို သတင်းပေးခဲ့သည်ဟု ထိုသတင်းရပ်ကွက်က ပြောပါသည်။ တချိန်တည်းတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးသူဟု မသင်္ကာခံရသူများ၏အမည်များ၊ သင်္ဘော၏ အမည်နှင့် ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘော ထွက်ခွါမည့် ရက်များကိုပါ ပေးပို့ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ ဤသတင်းကို ရရှိပြီးနောက် ရေတပ်က သင်္ဘောကို Asia World ဆိပ်ကမ်းပြန်ကပ်ခိုင်းခဲ့ပြီး၊ ဤအမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဤအမှုတွင် စုစုပေါင်း ဘိန်းဖြူ ၁၈ဝ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်။ သို့သော် ကျော်စိန်အား စစ်ကြောနေစဉ်အတွင်း လွှတ်ပေးလိုက်ခြင်း၏နောက်ကွယ်တွင် တစုံတရာ ရှိသည်ဟု သံသယများ ဖြစ်ပေါ်နေကြသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ ထိုသို့ စစ်ကြောရေး လုပ်ငန်းများ လုပ်နေစဉ်အတွင်ဲးူဃ ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ သောင်းထိုက်မင်းမှာစစ်ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ် ဆက်သွယ် လုပ်ကိုင်နေသည်ကို တွေ့ခဲ့ရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။“သူ့ (သောင်းထိုက်မင်း) ကို မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ သမီး မင်္ဂလာဆောင်မှာ တွေ့ရတယ်” ဟု ထိုသတင်းရပ်ကွက်က ပြောသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်၏သမီး ယဉ်သူဇာနှင့် သတို့သား ဗိုလ်ကြီး ဟန်ဝင်းအောင်တို့၏ လွန်ခဲ့သော ဇန်နဝါရီနှောင်းပိုင်းက နေပြည်တော်ရှိအစိုးရ ဧည့်ဂေဟာတွင် ကျင်းပခဲ့သော မင်္ဂလာ ဧည့်ခံပွဲတွင် စစ်အစိုးရနှင့်
နီးစပ်သူ စီးပွါးရေးသမား အများ အပြားက မင်္ဂလာလက်ဖွဲ့များ ပေးအပ်ခဲ့ကြသည်ဟုနေပြည်တော် သတင်းရပ်ကွက်များက ပြောပါသည်။ ထို့ပြင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျရောက်သော တရုတ်နှစ်သစ်ကူး
ကာလအတွင်းကလည်း ဦးကျော်စိန်က မြန်မာ ထိပ်တန်းဗိုလ်ချုပ်ကြီး ၁၄ ဦးကိုတလုံးလျှင် ကျပ်သိန်း ၁ဝဝ စီတန်သော နာရီများ လက်ဆောင်ပေးခဲ့သည်ဟုထိုသတင်းရပ်ကွက်များက ဖြည့်စွက် ပြောကြားခဲ့ကြသည်။

JLC ကုမ္ပဏီကို ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့ပြီး ဟိုတယ်လုပ်ငန်းများ၊ကာရာအိုကေ ခန်မများ ဖွင့်လှစ်ခြင်း၊ အနှိပ်ခန်းများ နှင့် ဒစ်စကိုကလပ်များကို ရန်ကုန်မြို့တွင် ဖွင့်လှစ် လုပ်ကိုင်ခဲ့သည်။ ၂ဝဝ၄ ခုနှစ်နောက်ပိုင်းတွင် ထိုကုမ္ပဏီ သည် သစ်နှင့် သစ်မာများ သွင်းကုန်ထုတ်ကုန်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။

ဝတိုင်းရင်းသား စီးပွါးရေးသမားတဦးဖြစ်ပြီး၊ စည်းလုံးညီညွတ်သော ဝပြည်တပ်မတော် (UWSA) ဥက္ကဌ ပေါက်ယို ချန်း၏ သားမက်ဖြစ်သူ အိုက်ဟော့ ခေါ်ရှောက်ဟော် သည် JLC ကုမ္ပဏီကို အတူ တည်ထောင်သူတဦးဖြစ်ပြီး၊ ကုမ္ပဏီမှ ၂ဝဝ၄ ခုနှစ်နှောင်းပိုင်းတွင် ထွက်ခွါသွားခဲ့သည်ဟု အတွင်းလူတဦးက ပြောသည်။

JLC ကုမ္ပဏီ၏ ရုံးချုပ်သည် ရန်ကုန်မြို့လယ်ရှိ ဦးကျော်စိန်ပိုင်ဆိုင်သည်ဟု ယုံကြည်ရသော အိုလံပစ် ဟိုတယ်တွင် တည်ရှိသည်။ထို့ပြင် JLC ကုမ္ပဏီသည် ဝန်ထမ်းများကို လစာအများဆုံးပေးသော ကုမ္ပဏီလည်း
ဖြစ်သည်ဟု သိရှိထားကြပြီး၊ အထွေထွေ မန်နေဂျာတဦးလျှင် လစာတလလျှင် ကျပ် ၅သန်းမှ ၁ဝ သန်းအထိ ရသည်။ စစ်တပ် ဗိုလ်ချုပ်ကြီးများ နှင့်လည်းအလွန်ခိုင်မာသော ဆက်ဆံရေး ရှိသည်ဟု ထိုသတင်းရပ်ကွက် ဆက်လက်ပြောကြားပါသည်။

မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲအတွင်းမှ အချမ်းသာဆုံးပုဂ္ဂိုလ်များ

မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲအတွင်းမှ အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းကို ရက်ပေါင်း (၃၀) အကြာတွင် ဖော်ပြမည် ဖြစ်ပါသည်။ အဓိက ငွေကြေးချမ်းသာသော သုံးယောက်ကို ရွေးချယ်ပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ၂၀၀၉-ခုနှစ်အတွက် ငွေကြေးချမ်းသာဆုံး သူများကို ကိုဘုန်းကျော်(လူ့ဘောင်သစ်) ဘလော့ဂ်မှ ထိုက်ထိုက် တန်တန် ဂုဏ်ပြုဆုပေးအပ်မည်ဖြစ်ကြောင်း ထပ်လောင်းကြေငြာအပ်ပါသည်။

View My Stats