ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/23/10

နအဖကို ဘယ်တော့မှခွင့်မလွှတ်နဲ့

ဗိုလ်ချုပ်ကြီးသန်းရွှေ စောက်ရှုးထတာက ဘာမှပြောစရာမရှိဘူး။ အသက်ကြီးပြီဆိုတော့ ဂေါက်နေပြီ။ သူလုပ်ချင်တာကိုလုပ်မှာပဲ။

ဒါပေမဲ့ သူ့အနောက်ကလူတွေ သူလုပ်တာကိုမစဉ်းစား၊ မဆင်ချင်ပဲ အနောက်ကလိုက်ပြီးလုပ်နေတာက ပိုဆိုးတယ်။ ဒါ့ကြောင့် မြန်မာပြည်မှာ သန်းရွှေအာဏာရှင်ဖြစ်နေတာပေါ့။

ရှေ့ ကနွားက ဖြောင့်ဖြောင့်သွားတော့ နောက်ကနွားတွေလည် ဖြောင့်ဖြောင့်လိုက်တော့တယ်


အလံသစ်နဲ့ဆိုရင် မြန်မာပြည်မှာ အလံလေးခုရှိနေပြီ။ နိုင်ငံရဲ့ နာမည်က နှစ်ခု။ Burma and Myanmar ။ နိုင်ငံတကာက မြန်မာပြည်နဲ့ပက်သက်ရင် မျက်စိလည်နေပြီ။ What is Burma/Myanmar? လို့တောင်မေးနေပြီ။ အိန္ဒိယနဲ့တရုတ်က လူငယ်တွေတောင် မေးတယ်။ Myanmar က ဘယ်မှာလဲတဲ့။ အလံဆိုရင်ပိုဆိုးပေါ့။ ဒါတွေကို ကြည့်ရင် နအဖလက်ထက်မှာ ကျနော်တို့တိုင်းပြည်ပျောက်နေပြီ။

တော်တော်စောက်သုံးမကျတဲ့ နအဖအစိုးရကွာ။ လုပ်စရာမရှိ ကြံဖန်ပြီးလုပ်ကြတယ်။ သူများထက်ထူးပြီး နဖူး-ီးတက်ပေါက်နေတဲ့အပေါက်မျိုးဖြစ်နေပြီ။ ဒါတွေက သန်းရွှေအဖိုးကြီးတစ်ယောက်တည်းလုပ်နေတာမဟုတ်ဘူး။ ဘေးက ကောင်တွေက ပိုပြီးဆိုးတယ်။ ကျနော်တို့ခေတ်ရောက်ရင် ဒီကောင်တွေကို အကုန်ရှင်းပစ်မယ်။ ဘာဆင်ခြေမှမလိုချင်ဘူး။ ခိုးပြီးချမ်းသာတဲ့ကောင်တွေကိုလည်း ဘာမှသနားစရာမလိုဘူး။ သူတို့ပစ္စည်တွေကို သိမ်းမယ်။ အခုတော့ စားထားကြပေါ့။

နေ့တိုင်းသတင်းနားမထောင်ရရင် မနေနိုင်ဘူး။ မနက်မိုးလင်းတာနဲ့သတင်းဖတ်၊ နားထောင်ဖြစ်တယ်။ နားထောင်ပြန်ရင်လည်း ဒေါသထွက်ရတယ်။ မိုးမလင်းသေးဘူး အကုသိုလ်တော်တော်များတယ်။ တော်တော်အကုသိုလ်ပေးတဲ့ နအဖအစိုးရကွာ။

မှားနေတဲ့ကောင်တွေကို ဘယ်တော့မှခွင့်မလွှတ်နဲ့

အင်္ဂလိပ်စာမှာ White Lie and Black Lie ရှိတယ်။ White Lie က သူများကို မထိခိုက်အောင်လိမ်နည်း။ Black Lie က သူများကိုထိခိုက်အောင်လိမ်နည်း။ White Lie ကို ဘယ်လူသားမှ မရှောင်နိုင်ဘူး။ ကျနော့်အမြင်ကတော့ White မကလို့၊ Rainbow Lie ပဲဖြစ်ဖြစ်၊ ဘယ်လိုင်းမှ မကောင်းဘူး။ ဖြစ်နိုင်ရင် မလိမ်ဖြစ်အောင် ကျိုးစားကြည့်။ အခုနအဖအစိုးက လိမ်တာတောင်မဟုတ်တော့ဘူး၊ ဘယ်စကားလုံးကိုသုံးရမှန်းတောင်မသိတော့ဘူး။ အစွမ်းကုန်နေပြီ။ အစွန်းရောက်နေပြီ။ ပြုတ်ကျဖို့ပဲရှိတော့တယ်။

ပြည်သူတွေက အုံးနှောက်က Save and Save As လုပ်ပါတယ်


ခိုးဆိုးလုယက်၊ အနိုင်ကျင့်တဲ့ ပုံရိပ်တွေ၊ Document တွေကို ပြည်သူတွေရဲ့ အုံးနှောက်နဲ့ နှလုံးသားထဲမှာ ကွန်ပြူတာလို သိမ်းထားပါတယ်။ ကွန်ပြူတာကမှ ရေထိရင် ပျက်နိုင်သေးတယ်။ Virus ထိနိုင်သေးတယ်။ ပြည်သူတွေရဲ့ ကွန်ပြူတာကြီးက ဘယ်တော့မှ မပျက်စီးဘူး။ မျိုးဆက်လိုက်လက်ဆင့်ကမ်းတဲ့အထိရှိတယ်။ နအဖလက်ထက်မှာ ဘယ်သူက ဘာဖြစ်တယ်၊ ဘာလုပ်တယ်ဆိုတဲ့ Record ကို ကျနော်တို့သိတယ်။ လုပ်တဲ့သူတွေတင်မကဘူး၊ သူတို့ရဲ့ မျိုးဆက်ပါ ထိလိမ့်မယ်။ သတိသာထားနေပေါ့။ ဦးနေ၀င်း မိသားစု၊ ဦးစောမောင်မိသားစု၊ ဦးခင်ညွှန့်မိသားစု စတဲ့ အာဏာရှင်မိသားစုတွေကိုကြည့် လူတောတိုးလားလို့။ မဲ့ဆောက်အမှိုက်ပုံကြီးမှာ လုပ်စားနေတဲ့ အမှိုက်ကောက်သမားတွေတောင် လူတောတိုးသေးတေယ်။ မတရားအနိုင်ကျင့်တဲ့ လူတွေက တခါစားခွက်လို တချိန်ကြရင် စွန့်ပစ်ခံရမှာပဲ။ မယုံမရှိနဲ့။ ဒါတွေက သမိုင်းပဲ။ ကျနော်တို့ Save As ကို အမြဲတမ်းလုပ်ပေးပါတယ်။

ကျနော်မမွေးခင်ကတည်းက ပဲ, စားလာတာပါ

ဗိုလ်မှုးအောင်လင်းထွဋ်ကို ပြောချင်တယ်။ စကားပြောရင် ပြတ်ပြတ်သားသားပြောစေချင်တယ်။ မိန်းမလျှာလို အိညောင်အိညောင် မလုပ်ပါနဲ့။ စစ်သားပဲ ပြတ်ပြတ်သားသားပေါ့။ အခုလောလောဆယ် တပ်မတော်သားတွေကို နိုင်ငံရေးဦးဆောင်မှု ပေးမှာက ဗိုလ်မှုးအောင်လင်းထွဋ်ပဲ။ အာဘောင်အာရင်းသန်သန်နဲ့ပြောပေးပါ။ တိကျတဲ့ လမ်းညွှန်မှုကိုပေးပါ။ ကျနော် အမိန့်ပေးတာမဟုတ်ဘူးနော်။ အကြံပေးတာပါ။

အမေ့ဗိုက်ထဲမှာရှိကတည်းက ပဲ စားလာတာ။ သူများတွေလို စစ်တပ်ထဲရောက်မှ ပဲစားလာတာမဟုတ်ဘူး။ စစ်တပ်ထဲမှာ မွေး၊ ကြီး၊ ပညာသင်လာတာ စစ်သားတွေရဲ့ အထာကို ကောင်းကောင်းသိတယ်။ ကျနော်စစ်သားမဟုတ်ပါဘူး။ သူငယ်ချင်းတွေက ပြောတယ်။ စစ်တပ်က ကျွေးလာတာကို စားပြီး မင်းက စစ်တပ်က ပြန်စော်ကားတယ်တဲ့။ ဒီကောင်တွေ စစ်တပ်ကို ဘယ်သူထမင်းကျွေးလဲဆိုတာကို ကောင်းကောင်းနားမလည်ဘူး။ အုံးနှောက်မဲ့ပြောတာလို့ပဲ သတ်မှတ်မိတယ်။

အခုလည်းကြည့်...ပြည်ပမှာ စစ်သားတွေ၊ စစ်ဗိုလ်တွေ နဲတာမဟုတ်ဘူး။ အရေးရယ်၊ အကြောင်းရယ်ဆိုရင် ဘယ်ဂျောင်ရောက်ကုန်လဲမသိဘူး။ သေကုန်ကြပြီလား။

ဗမာလူမျိုးကို ဗမာတွေသတ်ပြီးပြောင်းရမယ်


ဘယ်တိုင်းပြည်မှာမဆို သွေးထွက်သံယိုမှုမရှိပဲ အပြောင်းအလဲကြီးမပြောင်ဘူး။ လူပေါင်းထောင်ချီသေပြီးမှ ပြောင်းတယ်။ မြန်မာပြည်ကိုကြည်။့ ၈၈-တုန်းက လူတွေဘယ်လောက်သေခဲ့လဲ။ ထောင်ချီသေပြီးမှ မဆလ ပြုတ်ကျတယ် မဟုတ်လား။ အခုလည်း ဒီအတိုင်းပဲ လူတွေထောင်ချီသေပြီမှ အပြောင်းအလဲဆိုတာ ဖြစ်အုံးမယ်။ ဒါကတော့ လူတွေလမ်းမပေါ်တက်၊ ဆန္ဒပြတဲ့အချိန်ပဲ။ ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို ဖြစ်နိုင်ရင် ကြားကိုမကြားချင်တော့ဘူး။

နိုင်ငံတော်အလံသစ်


ကိုစိုးမိုး Face Book မှယူသည်။

View My Stats