ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

4/12/09

ပြောချင်တာပြောမယ်


၁) ဆိုမားလီယားဒမြ

ဒီနေ့ အင်တာနက်မှာ ဟိုကြည့်၊ ဒီကြည့် လျှောက်လည်ရင်းနဲ့ ဒီသတင်းတွေကို တွေ့တယ်။ ပထမဦးဆုံး ဆိုမားလီးယား ပင်လယ်ပြင်မှာ ပင်လယ်ဒမြတွေ သောင်းကျန်းနေတယ်ဆိုတဲ့သတင်း။ ပြီးတော့ ကိုမိုးသီးဇွန် ဘလော့ဂ်မှာ သူက SSA က ဗိုလ်မှုးကြီးရွက်ဆစ်ကို ပေးပိုတဲ့သ၀ဏ်လွှာ။

သြစီမှာ ရောက်နေတဲ့ ဆိုမားလီယားတချို့ နဲ့ကျနော်ခင်မင်ပါတယ်။ ပထမဦးဆုံး ကျနော့်ရဲ့ ရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်က ဆိုမားလီးယားမိန်းမတစ်ဦးပါ။ အသက်အရွယ်အားဖြင့် ၄၇-နှစ်ရှိပါပြီ။ သူမက သူတို့ရဲ့ စကားကိုသင်ပေးပါတယ်။ ဆိုမားလီးယား ဘာသာစကားနဲ့၊ ဟုတ်ကဲ့ ဆိုရင် ဟာ..။ မဟုတ်ဘူးဆိုရင် မိုင်ရာ...။ တည့်တည့်သွားဆိုရင် စအောက် လို့ သူမက သင်ပေးပါတယ်။ ကျနော့်အလုပ်လုပ်ရင်း သူမနဲ့ အာလပသလာပ ပြောဖြစ်တယ်။

သူမကိုတနေ့မှာ ဆိုမားလီးယားက ပင်လယ်ဒမြတွေအကြောင်းမေးဖြစ်တယ်။ ဆိုမားလီယားနိုင်ငံရေး၊ အကြောင်း..တော်လှန်ရေး အကြောင်း..။ ဆိုမားလီယားပင်လယ်ကမ်းခြေမှာ နိုင်ငံတကာက ကြောက်ရတဲ့ ပင်လယ်ဒမြတွေ စိုးမိုးနေတယ်၊ သူတို့ကို ထောက်ခံလားလို့မေးတယ်။ သူမက ဟုတ်ကဲ့တဲ့..။ ဘာ့ကြောင့်လဲဆိုတော့။ သူပြောတဲ့..အင်္ဂလိပ်စကား ကိုကိုယ့်ဟာကိုယ်ဘာသာပြန်ကြည်ပါ။

I support them because they (ships) come our sea. They take our resources without a permit. We don't have government for many years. Everybody or every group said they are presidents. Every body has guns. I have guns in my home.

ဆိုမားလီယားပြည်သူတစ်ယောက်ပြောတဲ့စကားပါ။

၂) ကိုမိုးသီးဇွန် ရဲ့ သ၀ဏ်လွှာအကြောင်း..

တခါမှ မတွေ့ဘူး။ မြန်မာ့ အသံလည်းမဟုတ်။ CNN မှာ လွှင့်တဲ့ ကုလားလည်းမဟုတ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ရှိတဲ့ပုံမပေါ်..။ စကားပြောတာကလည်း တလွှဲ..။ ကလေး ကစားတာလို ဖြစ်နေတယ်။ တကယ် လုပ်ချင်တယ်ဆိုရင်..စနစ်တကျ..အသံပိုင်း၊ ရုပ်ပိုင်း တွေကိုသေသေချာချာ ရိုက်ပြီးလုပ်ပါ။ ကျောင်းသား ခေါင်းဆောင်၊ တော်လှန်ရေးခေါင်းဆောင်တစ်ယောက်လို့ ကိုယ့်ဟာကိုယ်ထင်ရင် လူအများလေးစားအောင်တင် ဆက်ပါ။ အခုလို သ၀ဏ်လွှာပို့တာ မကောင်းဘူးလို့ ပြောတာမဟုတ်ဘူး။ ကောင်းတယ်။ တင်ဆက်ပုံက ငပေါ လို ဖြစ်နေတယ်။



View My Stats