ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/7/10

ဒါမှ ဗိုလ်မှုးကြီး နုတ်ခမ်းမွေးကားကားကွ..

ဒါမှ ဗိုလ်မှုးကြီး နုတ်ခမ်းမွေးကားကားကွ....

ဒီနေ့ နအဖ တရားဝင်အာဏာလွှဲမယ့်နေ့ကို စိတ်မကောင်းကြောင်း မဲ့ဆောက်တွင် ဆန္ဒပြ




အရှုပ်တွေထဲကနေ ရှင်းအောင်နေ

ဒီနေ့ကာလ နိုင်ငံရေးက အရမ်းရှုပ်တယ်။ ရွေးကောက်ပွဲကြောင့် ကိုယ့်လူက သူလူ့ဖြစ်သွားတယ်။ သူ့လူတွေက ကိုယ့်လူဖြစ်မလာခဲ့ဘူး။ ဒီလိုအခြေအနေကို အရှုပ်တွေလို့မပြောရင် ဘယ်လိုပြောရမလဲ။ ကိုယ့်ရဲ့ လက်ငါးချောင်းတောင် အတိုအရှည်မညီတာ ဆိုတော့ လူ့သဘာအတိုင်းအယူအဆ အတွေးအခေါ်တွေလဲ အချိန်နဲ့အမျှပြောင်းလဲနေမှာပဲ။ ဒါကို ဘိုလိုခေါ်ရင် Paradigm Shift လို့ခေါ်၏။ သဘာဝတရားပဲ။ ပြောင်းနေမှာပဲ။

ဒါက လက်ရှိနိုင်ငံရေးအခြေအနေ။ အမှန်မှန်က တိုင်းပြည်ရဲ့ ပြသနာက ရှင်းရှင်းလင်းလင်းပဲ။ ဒါကတော့ စစ်အာဏာရှင်စနစ်မရှိရေး။ ဒီလိုတိုက်နေတဲ့အခါမှာ တခုတည်းသော ပြတ်သားတဲ့ရပ်တည်ချက်ရှိရင် ဒီလိုရှုပ်နေစရာအကြောင်းလဲမရှိဘူး။ ဒီရပ်တည်ချက်ကတော့ အားလုံးပါဝင်နိုင်တဲ့စစ်မှန်တဲ့ ဆွေးနွေးပွဲတွေကနေ နိုင်ငံရေးကွိုင်ကြီးကို ရှင်းရေးပဲ။ ဒါက တခုတည်းသော အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ နံပါတ်တစ် ဆွေးနွေးပါ၊ စကားပြောပါ။ နံပါတ်နှစ် စကားပြောပါ ဆွေးနွေးပါ။ နံပါတ်သုံး ပွားကြပါ၊ အာကြပါ။ ဒါကတော့ ဖြစ်သင့်တဲ့အလုပ်ပါ။

သို့သော် ဒီနေရာမှာ ဘာတွေရှုပ်လာလဲဆိုတော့ ဒီလိုမျိုး။ အပစ်ရပ်မယ်ဟေ့...ရပ်ကြပြန်ပြီ။ နယ်ခြားစောင့်တပ်လုပ်မယ်ဟေ့...လုပ်ကြပြန်ပြီ။ ရွေးကောက်ပွဲ ရှုပ်မယ်ဟေ့...ဆိုပြီး ၀င်ရှုပ်ကြပြန်ပြီ။ သူတစ်လူငါတစ်မင်းနဲ့ အချင်းအချင်း စောက်စကားများ ရန်ဖြစ်တာပဲ အမြတ်ရတယ်။ ဒါကောင်းလားဆိုတော့ လုံးဝ မကောင်းဘူး။

ရွေးကောက်ပြီးရင် ဘာတွေရှုပ်အုံးမှာလဲ


လာပါအုံးမယ်...။ နအဖက စတိုက်ပြီဆိုတော့ ပြန်တိုက်ကြပြန်ပြီ။ အစိုးရသစ်က တွေ့ဆုံရေးကို နောက်ဖေးပေါက်ကနေ လုပ်မယ်ဆိုရင်လည်း လုပ်ကြအုံးမယ်။ ဟိုဆွယ်ဒီဆွယ်လုပ်ပြန်ရင်လည်း ပါကြအုံးမယ်။ ဆိုတော့ ရပ်တည်ချက်တခုထဲကို အင်အားစုတိုင်း၊ ပြည်သူတိုင်းက ပြတ်ပြတ်သားသား ရှိသင့်နေပြီ။ ဒါကတော့ ခိုင်မာအင်အားတောင့်တင်းတဲ့တပ်ပေါင်းစုက အတူတူလုပ်၊ အတူတူစားရေးဆိုတဲ့မှုကို မရွှေ့ ဘူးဆိုတဲ့မှုပဲ။ အခုတော့ သိတဲ့အတိုင်း ဒီလိုဖြစ်မလာပြန်ဘူး။

ရွေးကောက်ပွဲပြီးရင် ဒုံရင်းက ဒုံရင်းလာလိမ့်မယ်။ အရပ်ဝတ်အာဏာရှင်အစိုးရက တရားဝင်တယ်လို့ဆိုပြီး သူ့ကိုယ်သူ သူ ပိုပြီး မာန်တက်အုံးမယ်။ မှုလည်းမပြောင်း၊ လူလည်းမပြောင်းတဲ့အခြေအနေအောက်မှာ ဒီအတိုင်းပြန်ဖြစ်မလာဘူးဆိုရင် နွေခေါင်ခေါင် ဘုရားစူး မိုးကြိုးပစ်ပါလိမ့်မယ်။

ဒီအခြေအနေအောက်မှာ ချော့တစ်ခါ ခြောက်တလှည့်နဲ့ အတိုက်အခံနဲ့ပြည်သူကို သူ့ရဲ့ အာဏာတည်မြဲအောင် ကြံ့ဖွတ်အစိုးရလုပ်မှာပဲ။ အတိုက်အခံတွေတောင် နှခေါင်းပေါက်လောက်ရှိတဲ့ မြို့ လေးမှာ ဇီးစေ့လောက်ရှိတဲ့ အင်အားနဲ့ သူအာဏာပိုင်တာကို ပုတ်လောက်ကြီးထင်နေတာဆိုတော့..ကြံ့ဖွတ်ဆိုရင်ပိုဆိုးပေါ့။

ဘယ်သူမှ အာဏာကို အသာတကြည်မလွှတ်ဘူး။ ကျနော်လည်း ကျနော်အိမ်မှာ အိမ်ထောင်ဦးစီးဆိုတဲ့ရာထူးရှိတယ်။ မိန်းမက အိမ်ထောင်ကိုဦးစီးပြီး လုပ်ကြည့်ပါလား။ အနည်းဆုံးနှာတော့ကောက်တယ်။ ဒါက လူ့စိတ်ပဲ။ ကျနော်တို့က လူသားတွေဆိုတော့ လူလိုပဲကျင့်ပါတယ်။

ထပ်ပြီး ရှုပ်ကြအုံး အတိုက်အခံ

ပြည်ပမှာ ဘယ်သူမှ မထောက်ခံလည်း ပါလီမန်ဖွဲ့ရဲတယ်။ ဘယ်သူမှ မထောက်ခံလည်း ဥက္ကဌရာထူးကို တသက်လုံးယူရဲတယ်။ ဟိုဘက်အခြမ်းက ငွေ,ရလွယ်တဲ့ Issue လာရင်လည်း လိုက်ရဲတယ်...။

ကိုယ့်အချင်းချင်းကြားမှာပဲ စကားများ၊ ပွား၊ ရန်ဖြစ်နဲ့ပဲ နိုင်ငံရေးရှင်သန်နေအုံးမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမြတ်တဲ့ဂုဏ်ပုဒ်တွေကို တခန်းတနား ရေးတော်မှုမယ်။ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးကျော်သူ ဘာဖြစ်တယ်။ အရမ်းကောင်းတယ်..အနစ်နာခံတယ်..ဘာညာဆိုပြီး လိပ်ကိုကြမ်းပိုးဖြစ်အောင် အလုပ်မရှိအလုပ်ရှာ ချီးမွှန်းမည်။

အင်တာနက်၊ ဘလော့ဂ်မှာတွေမှာ အာ,မည်။ ဆိုတော့ ကိုယ့်အလုပ်ကို ကိုယ်မလုပ်ပဲနဲ့ လေဖန်းဒန်းစီးတဲ့ခေတ်ကိုတော့ ရွေးကောက်ပွဲအလွန်ကာလမှာ သတိထားမှ တော်ကာကြပါလိမ့်မယ်။

မလုပ်ချင်ရင်လည်း ထွက်ပါ။ လုပ်ချင်ရင်လည်း ပါပါ။ သို့သော် ကန့်လန့်တော့ မလုပ်ကြပါနဲ့။ လက်နက်ချ အလင်းဝင်ချင်ရင်လည်း သွားပါ...ဗမာပြည်ပြန်ချင်ရင်လည်း ကြိုက်တဲ့အချိန် ဒိုးပါ။ ကြံ့ဖွတ်အစိုးရနဲ့ ပေါင်းပြီး လုပ်စားမယ်ဆိုလည်း ကြိုသလိုသာချ...။ အားလုံးက ကိုယ့်ထမင်းကိုယ်ရှာစားကြတယ်ပဲ..ဟုတ်ဘူးလား။ ငတ်ရင် ဘယ်ကောင်မှ လာပြီးရေရှည်မကျွေးဘူး။

ဘယ်တော့ နိုင်,မှာလဲ မေးတဲ့သူက အရှုးပဲ

စစ်အာဏာရှင်စနစ်က ရွေးကောက်ပွဲပြီးရင် မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယူနီဖောင်းဝတ်နဲ့ အာဏာကို စီမံခန့်ခွဲမှု မလုပ်တော့ဘူး။ သို့သော် အရပ်ဝတ်အာဏာရှင် ဆက်ပြီးလာပါလိမ့်မယ်။

အရပ်ပဲဝတ်ဝတ် စစ်ပဲဝတ်ဝတ် အာဏာရှင်ကိုတော့ ကျနော်တို့ဆက်တိုက်ရအုံးမှာပါ။ ဒီလိုတိုက်တဲ့နေရာမှာ အခြေအနေအမျိုးမျိုးနဲ့ရင်ဆိုင်ရမယ်ဆိုတာ ကြိုတင်တွေးပါ။ ဘ၀ပျက်တာ၊ အားငယ်တာ၊ စိတ်ဓာတ်ကျတာ စတဲ့အရာတွေကို ရင်ဆိုင်ရအုံးမှာပါ။ သို့သော် လဲ,သွားရင် ပြန်တော့ထနိုင်ရမှာပေါ့...စိတ်ဓာတ်ကျလို့ဆိုပြီး အရက်ကိုစွပ်သောက်တယ်ဆိုတဲ့ ဖြေရှင်းနည်းကတော့ မလန်းဘူး။ မိန်းခလေးဆိုရင် ယောဂီဝတ်ပြီးတရားထိုင်တဲ့နည်းလမ်းနဲ့လည်း အာဏာစနစ်ကို ပြိုလဲစေမှာမဟုတ်။

ဆိုတော့ဗျာ ဘယ်တော့နိုင်မှာလဲတော့ မတွေးနဲ့ပေါ့...။ တနေ့နေ့ပေါ့...။ နိုင်ချင်လို့လုပ်နေတာမဟုတ်ပါဘူး။ ကမ္ဘာ့အလည်မှာ မြန်မာပြည် မြန်မာလူမျိုးကို ဂုဏ်သိက္ခာအပြည့်နဲ့ တွေ့ချင်လို့ပါ။

View My Stats