ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

6/29/09

၂၀၁၀-ရွေးကောက်ပွဲ၊ နှုးကလီးယားလက်နက်၊ ဥမင်လှိုင်ခေါင်း နှင့် နာမည်ကြီးပြီး လူကြိုက်နည်းနေတဲ့ နအဖ

၂၀၁၀-ရွေးကောက်ပွဲ၊ နှုးကလီးယားလက်နက်၊ ဥမင်လှိုင်ခေါင်း နှင့် နာမည်ကြီးပြီး လူကြိုက်နည်းနေတဲ့ နအဖ

မနေ့က မြန်မာပြည်က သူငယ်ချင်းတစ်ယောက်ကို အရက်မှုးနေရင် ဖုန်းခေါ်ဖြစ်တယ်။ သူက စစ်လက်နက် ပစ္စည်းတပ်ရင်းတခုလက်အောက်က အရာရှိငယ်တစ်ဦးပါ။ ရုရှက ပြန်လာတာ သုံးလေးနှစ်ရှိနေပြီဖြစ်ပါတယ်။

သူ့ကို အခုတလော နာမည်ကြီးနေတဲ့ လှိုင်ခေါင်းကိစ္စ၊ မြောက်ကိုရီးယားက၀ယ်ယူတဲ့ စစ်လက်နက်ကိစ္စတွေ အကြောင်းမေးဖြစ်တယ်။ သူကလည်း သူငယ်ချင်းဆိုတော့ သူသိတာတွေကိုပြောပြတယ်။ သူပြောတာက-မြန်မာနိုင်ငံလိုဆင်းရဲတဲ့နိုင်ငံတခုမှာ ဒီလိုမျိုးစီမံကိန်းတွေကိုမလုပ်သင့်သေးဘူးဆိုတာကိုပါ။ အခုလောလော ဆယ်ကိုပြောတာပါ။ တိုင်းပြည်မှာ နှုးကလီးယားလက်နက်နဲ့နည်းပညာဟာ တကယ့်ကိုလိုအပ်နေပါတယ်။ ဘယ်နိုင်ငံမှာမဆိုဒီနည်းပညာကို ပိုင်ဆိုင်သင့်တယ်ပေါ့လို့ သူ့ထင်မြင်ချက်ကိုပေးပါတယ်။

သူ့က ကျနော့်ကို ဘာ့ကြောင့် အခုမှ အဲဒိအကြောင်းကို ပြည်ပမှာ ဟိုလေးတကျော်ကျော်ဖြစ်နေလဲဆိုတော့ တပ်ကထိပ်ပိုင်းခေါင်းဆောင်တွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ မီဒီယာပေါ်မှာ ဒီသတင်း၊ ဓာတ်ပုံတွေကို ဖြန့်ခဲ့တာလို့ဆိုပါတယ်။ အဓိကသူတို့ရည်ရွယ်ချက်က ၂၀၁၀-ရွေးကောက်ပွဲကို လှိုင်ခေါင်း နဲ့နှုးကလီးယားတွေ ကာထားချင်လို့ ပြောပါတယ်။ ဒါမှ ပြည်ပရန်က ကာကွယ်နိုင်တယ်လို့ ဗိုလ်ချုပ်တွေထင်နေကြတယ်။

လှိုင်းခေါင်းနဲ့နှုးကလီးယား ကိစ္စက အခုမှ စတာမဟုတ်ပါဘူး။ ၂၀၀၁-ခုနှစ်မှာကတည်းက ရန်ကုန်ကတပ်တွေ၊ ဌာနချုပ်တွေ ကုန်းတွင်းပိုင်းကို ရွှေ့  နေပြီဖြစ်ပါတယ်။ နှုကလီးယားစီမံကိန်းလည်း စနေပါပြီ။ လက်နက်တိုက် တွေနဲ့ပက်သက်တဲ့နေရာကိုတော့ ဗိုလ်ချုပ်အောင်ဆန်းမွေးရပ်ဖြစ်တဲ့ နက်မောက်မြို့ ပတ်ဝန်းကျင်မှာ ရှိပါတယ်။

သူပြောတာကိုအသေးစိတ်ပြောလို့တော့မဖြစ်ဘူး။ ကျနော်လည်းကောင်းနေတဲ့အချိန်ဆိုတော့ တချို့ ဟာတွေ မမှတ်မိတော့ဘူး။ ကျနော့်အမြင်ကလည်း လှိုင်ခေါင်းနဲ့နှုးကလီးယားလက်နက်ဆိုတာ ကျနော်တို့တိုင်းပြည်မှာ တကယ်လိုအပ်ပါတယ်။ နည်းပညာလည်းပါတယ်ဆိုပါတော့။

နှုးကလီးယားပညာကို ဆည်းပူးနေတဲ့၊ တပ်ဆင်နေတဲ့ စစ်ဗိုလ်ငယ် တွေဟာအသက်အရွယ်အားဖြင့် ၂၀ နဲ့ ၃၅ ကြား လူငယ်တွေဖြစ်ပါတယ်။ ကျနော်သူငယ်ချင်းပြောတာက သူတို့လူငယ်တွေလည်း ဗိုလ်ချုပ်တစုကြောင့် တိုင်းပြည် ပျက်စီးနေတယ်ဆိုတာကိုလက်ခံပါတယ်။ နောက်ဆုံးကျနော်မှတ်မိတာကတော့ "မင်းဘာမှ...မပူ ပါနဲ့ကွာ..ငါတို့အချိန်မရောက်သေးလို့ပါတဲ့..ငါတို့ ပြန်ချမှာပါ.." လို့ပြောပါတယ်။

ကျနော့်သူငယ်ချင်းဟာ.. ကျနော်နဲ့အတူ မင်္ဂလာဒုံက စစ်တပ်ပိုင် အောင်ဆန်းသူရိယလှသောင်းကျောင်းမှာ ၅-နှစ်လုံးလုံး အတူတူကျောင်းတက်လာတဲ့ ငယ်သူငယ်ချင်းဖြစ်ပါတယ်။ သူက ၁၀-တန်းအောင်ပြီး သူ့အဖေအရှိန်နဲ့ စစ်ဗိုလ်ဖြစ်ပြီး ရုရှ ကိုပါသွားတဲ့သူဖြစ်ပါတယ်။ ရှေ့ တန်း မထွက်ရဘဲ စစ်ဗိုလ်ဖြစ်သွားတဲ့ သူ့ကိုတော့ လေးစားပါတယ်။

View My Stats