ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

6/7/09

ဗိုလ်မှုးကြီး စိန်မြကိုလူတိုင်းသတိရနေတုံးပဲ...

ဦးအောင်မောင်း ကိုင်တဲ့ ဗိုလ်မှုးကြီး စိန်မြ..


ဗိုလ်မှုးကြီး စိန်မြကိုလူတိုင်းသတိရနေတုံးပဲ...

ဒီပုံဟာ နော်ဝေနိုင်ငံကနေ သူရဲကောင်းတစ်ယောက် လှမ်းပြီးဂုဏ်ပြုနေတာ ဖြစ်တယ်။ ဘယ်တော့မှ.. ရဲဘော် တွေကို လျှော့မတွက်နဲ့..။ ပို့ပေးတဲ့...ကိုသိန်းလွင်၊ ဦးအောင်မောင်း၊ ကိုမောင်ငယ် နေကောင်းကျပါစေ။

ဗိုလ်မှုးကြီးစိန်မြ သမိုင်းသိချင်ရင်..နိုင်ငံတကာစာပေ၊ နဲ့ သမိုင်းမှာရှာကြည့်။ ဂွတ်ဂယ်မှာ အနည်းဆုံးရှာကြည့်..။ ပီဒီအက်ဖ်က စောက်ရူးမဟုတ်ဘူးဆိုတာတွေ့ လိမ့်မယ်။ သူ့သမိုင်းက..အခု စစ်ဗိုလ်ချုပ်တွေပြောတဲ့ သမိုင်းထက် ပိုမြင့်မြက်တယ်။ မယုံရင်..ခင်ဗျား..သေသွားတဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွတ် ကိုမေးကြည့်။

Perth က ဘုန်းကြီးများသို့...

Perth မှာ ဘုန်းကြီးကျောင်း လေလောဆယ် သုံးကျောင်းရှိတယ်။ ကျောင်းတိုင်းမှာ အများဆုံးနှစ်ပါးပဲရှိတယ်။ ဘုန်းကြီးကျောင်းဆိုတာကလည်း လူနေအိမ်ကိုဘုန်းကြီးကျောင်းဟု ခေါ်တွင်စေတဲ့သဘောပါ။ ဘုန်းကြီးကျောင်း အားလုံးရဲ့ရည်ရွယ်ချက်က သာသနာတော်ပြန့်ပွားရေးနဲ့ မြန်မာတွေအတွက် Community Center သဘောလောက်ပါ။ ရည်ရွယ်ချက်ကောင်းတယ်။

သို့သော် ဘာဖြစ်လဲဆိုတော့ ဘုန်းကြီးတွေအနေနဲ့ ဆွမ်းစားပွဲမှာ စုပေါင်းစားတာလောက်နဲ့မလုံလောက်ဘူး။ အားလုံးကိုစုပေါင်းပြီး တကျောင်းထဲမှာ စုစုစည်းစည်းလုပ်ဖို့လိုတယ်။ ဒါမှ ပတ်ဝန်းကျင်ကအထင်ကြီးမယ်။ လေးစားမယ်။ မြန်မာပြည်သူတွေ အားရှိမယ်။ အဲလိုမျိုးနေချင်တယ်ဆိုရင်လှူမဲ့ မြန်မာတွေအများကြီးပဲ။

သို့သော်ဒီလိုမဟုတ် ကပေါက်တိကပေါက်ချာ နဲ့ ဟိုမရောက်ဒီမရောက် သာသနာရေးကိုလုပ်သလိုဖြစ်နေတယ်။ ဘုန်းကြီးဆိုရင် ဘုန်းကြီးအလုပ်ကို တစိုက်မက်မက်လုပ်ရင် အောင်မြင်တယ်။ ဘုန်းကြီးဆိုတာ ကျနော်တို့ရဲ့ ဦးဆောင်မှုနေရာမှာအမြဲရှိတယ်။

ဖြစ်နိုင်ရင် ဘုန်းကြီးတွေ ပေါင်းပြီး ကျောင်းကြီးကြီးဆောက်ပြီး သတင်းသုံးရမယ်။ ကိုယ်ကျိုးစွန့်လွှတ်တဲ့ ဘုန်းကြီးရှိသလို၊ ကိုယ်ကျိုးမက်တဲ့ဘုန်းကြီးတွေလည်း လောကမှာ အများကြီးပဲ။ အဲဒါကို ကိုယ်ကျိုး မကြည့်တဲ့ ဘုန်းကြီးက ထိန်းရမယ်။ ဦးဆောင်ရမယ်။ လူတွေက ဘုန်းကြီးကို ပြောရင် ငရဲရတာပဲ အဖတ် တင်တယ်။ Perth မြို့ က သေးသေးလေးလေးပါ။ အများဆုံးမြို့ တပတ်ကောင်းမောင်းရင် တစ်နာရီပေါ့...။

အဲလိုမှ... မလုပ်ရင် ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။

အခုတော့ ဘုန်းကြီးကျောင်းတွေ ဟိုရောက်ဒီရောက်ဖြစ်တော့ ဒကာတွေလည်း ဟိုရောက်ဒီရောက်ဖြစ်ကုန်ပြီ။ ဘုန်းကြီးတွေအချင်းချင်းဘာမှ မဖြစ်ဘူးလို့ မပြောပါနဲ့..။ ကိုယ့်ကရှေ့ ကညီညွတ်အောင်လုပ်ပြမှ နောက်ကလူ လည်းလိုက်ပြီးညီညွတ်မှာ။ တပည့်တော် ငရဲမရချင်ဘူး..ဘုရား။

P.S ကျနော်ပြောတာ ဘာနိုင်ငံရေးမှမပါဘူး။ အဓိက Concept က ဗမာတွေညီညွတ်ရေး။

View My Stats