12/23/09
မလေးရှားရှိ မြန်မာသံရုံးကို တခါတခေါက်..
မလေးရှားရှိသံတွေကာထားသော မြန်မာသံရုံးဝင်းထဲကို အလည်တစ်ခေါက်ရောက်ပါတယ်...။ ယခုမြင်တွေ့နေရတဲ့ နေရာကတော့ ဗီဇာဌာနဖြစ်ပါတယ်။ ဗီဇာလျှောက်ရင် အိမ်သာလိုနေရာမျိုးမှာ လျှောက်ရတော့ တော်တော်တိုး တက်ပါတယ်။ တခြားသံရုံးတွေလို လုံခြုံရေးတွေအဆင့်ဆင့်ကျော်ဖြတ်ရတာမျိုးမရှိပါဘူး။
သံရုံးဝင်းထဲက ကော်ဖီဆိုင်မှာ ထိုင်နေတုံးလက်ယားထားတာကို ရှု့ စားတော်မှုပါ။
မွဲချင်တဲ့ခွေးပြာပုံတိုးမှာပဲလို့...။
သြစတျေးလျနိုင်ငံရောက်နေတဲ့ မြန်မာလူငယ်တွေဘာ့ကြောင့်များ ရည်ရွယ်ချက်ကြီးကြီးမားမား မရှိကြတာလဲမ သိဘူး။ အများစုကို သတိထားမိတယ်။ သူလိုကိုယ်လို ရရအလုပ်ကို ၀င်ပြီးလုပ်ကြတယ်။ စက်ရုံအလုပ်ရုံတွေမှာ အုံးနှောက်သုံးစရာမလိုတဲ့ အလုပ်ကိုမှ ပိုသဘောကြတယ်ထင်တယ်။ အကြောင်းမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ အော်စီရောက်လာပီ လက်တလောအဆင်ပြေရေးလောက်ကို ရည်ဇူးပြီးလုပ်တဲ့လူငယ်တွေများကြတယ်။
ဒီနိုင်ငံမှာ ဒီလောက်အခွင့်အလမ်းတွေပေါပါဘိနဲ့။ ကျောင်းတက်မလား။ အလကား။ နေမကောင်းဖြစ်လို့ ဆရာဝန်နဲ့ သွားပြမလား တပြားမှမကုန်ဘူး။ ကျောင်းတက်တဲ့အချိန်မှာ စားဖို့ လောက်ငှအောင်အစိုးရက ပေးသေးတယ်။ ဒီလောက်ကောင်းတဲ့အခွင့်အလမ်းတွေ မိခင်တိုင်းပြည်မှာတောင်မရှိဘူး။
ဒီလိုအခွင့် အလမ်းတွေကို ပစ်ပယ်ပြီး အများစုက ရရအလုပ်ကိုဝင်လုပ်တော့ တကယ်အံ့သြမိပါတယ်။ အသက် အရွယ်ကြီးရင့်သူတွေ ရရအလုပ်ဝင် လုပ်တာကို အပြစ်မပြောပါဘူး။ လူငယ်တွေအနေနဲ့တော့ တစုံတရာ အဆင့်အတန်းရှိတဲ့ ပညာတခုကို သင်ပြီးမှ လုပ်ငန်းခွင်ဝင်သင့်တယ်လို့မြင်မိပါတယ်။
တကယ်တန်းပြော ရရင်တော့စားဝတ်နေရေးအတွက်ကို အော်စီမှာ ပူစရာမလိုပါဘူး။ တကယ်လို့သာ ကျောင်းတက်ချင်တဲ့စိတ်၊ ပညာသင်ယူချင်တဲ့စိတ်တွေရှိတယ်ဆိုရင် အတိုင်းအတာတခုထိတော့ အောင်မြင် မှာပါ။ ရရအလုပ်ကိုဝင်လုပ်ပြီး အော်စီကမြန်မာလူငယ်အများစုဟာ ကားအသစ်ဆန်းဆန်းတွေဝယ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဖို့ လောက်အာရုံရှိပုံရပါတယ်။ သူတို့တွေဒီလိုဖြစ်တာကလည်း မိဘတွေ၊ ပတ်ဝန်းကျင်က မြန်မာလူကြီးတွေ ပညာမတက်ခဲ့လို့၊ ပညာကိုတန်ဖိုးထားရကောင်းမှန်းမသိလို့ဖြစ်တယ်လို့ ကောက်ချက်ဆွဲမိတယ်။
လူကြီးတချို့ ရဲ့  စိတ်ထဲမှာတောင် အော်စီနိုင်ငံသားတွေတောင် ရရအလုပ်လုပ်နေကြတယ်ဆိုတဲ့ အတွေးအခေါ်ဟာ လူငယ် တွေအထိရောက်သွားတယ်ထင်ပါရဲ့ ...။ လူငယ်အများစုကလာနဲ့နေရာက ဒုက္ခသည် စခန်းတွေကဆိုတော့ အင်္ဂလိပ်စာအခက်အခဲရှိတာလည်းပါပါတယ်။ သူတို့တွေ့ ဘူးတဲ့ ဘ၀က ကန့်တခုစာပဲရှိတယ်ထင်ပါရဲ့ ။ ဒီလိုနဲ့ပဲ အော်စီရောက်ပီး ၆-လလောက်ဆိုရင် မြန်မာလူငယ်တွေ အဆင့်မြင့် ပညာတွေသင်ယူဖို့လမ်းကနေခွာကြပါတယ်။ ငွေနောက်လိုက်ကြရင်း နိဂုံးချုပ်ပါတယ်။ အခွင့်အလမ်း ကိုတန်ဖိုးမထားတက်တော့ သူတို့အသက်ကြီးလာရင် အမိနိုင်ငံအတွက်တောင်မပြောနဲ့ သူတို့အတွက်တောင် အားကိုးရပါ့မလားဆိုတဲ့မေးခွန်းကို ကျနော်ခဏခဏ မေးဖြစ်ခဲ့ပါတယ်။
တနေ့မှာ ဂျီတော့က ညီမတစ်ယောက်နဲ့စကားပြောဖြစ်တော့ သူ့ရဲ့ ရည်မှန်းချက်နဲ့အခက်အခဲကို သိခွင့်ရပါတယ်၊ ဒါနဲ့ အော်စီက မြန်မာလူငယ်တွေရတဲ့အခွင့်အရေး၊ မြန်မာပြည်တွင်းက လူငယ်တွေရတဲ့အခွင့်အရေးတွေ ယှဉ်းပြီးစဉ်းစားမိတယ်။ နောက်ပီး ပြည်တွင်းက ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တချို့ ရဲ့  ကျိုးစားချင် စိတ်နဲ့ အော်စီကလူငယ်တချို့ ရဲ့ ကားအသစ်ဝယ်စီးချင်တယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုပါ ယှဉ်ထိုး ကြည့်မိတယ်။
ပြည်တွင်းက လူငယ်တွေဟာ ထမင်းနပ်မှန်အောင်မနည်းရှာစားနေရတယ်။ သူတို့နေ့တိုင်းစားတဲ့ ဆန်ကြမ်းနဲ့ ငပိရည်ဟာ သူတို့ဘ၀ကို ကျိုးစားအောင် တော်တော်များများအထောက်အကူပြုတယ်။ သူတို့နေမကောင်းတော့ ဆရာဝန်နဲ့မပြနိုင်ကြဘူး။ လမ်းထိပ်ကွမ်းယာဆိုင်က ဆေးမီးတိုနဲ့ ကွမ်းရွက်ကိုပြုတ်သောက်ပီး စာဖက်တယ်။ ညဖက်မီးမလာတော့ ရေနံဆီမီးခွက်ကလေးထွန်းပီး သန်းကောင်းယံထိ စာကျက်တယ်။ ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ ကျောင်းစရိတ်ကို မိဘကမတက်နိုင်တော့ ကျောင်းအားရက်မှာ ပန်ရံလူကြမ်းနဲ့ ရတဲ့အလုပ်ကို ၀င်လုပ်ပြီး ပညာကိုကျိုးစားသင်ယူတယ်။
နအဖ ပညာရေးစနစ်ဟာ ၁၀-တန်းအောင်၊ ဘွဲ့ ရရင်တောင်ဘာလုပ် ရမှန်းမသိတဲ့ပညာလို့တောင် ခေါင်းထဲ မထည့်ဘူး။ မိဘနဲ့ကျောင်းသားတွေဟာ ပညာတက်ဖြစ်ဖို့ဆိုတဲ့ရည်ရွယ် ချက်ပဲရှိတယ်။ သူတိုမှာ ကိုယ်ပိုင်ကား စီးဖို့ဆိုတာအိမ်မက်ပဲ။ အဓိက အဆင်ပြေပြေနေနိုင်ရင်တော်ပါပြီဆိုတဲ့ လူငယ်တွေများတယ်။ အောက်ခြေအိမ် ထောင်စုတိုင်းက ဒီလိုပါပဲ။ ဒါပေမဲ့ သူတိုမှာ ကျိုးစားချင်စိတ်ကအပြည့်ပဲ။
ဒီလိုဘ၀တွေကို ကင်းကွာနေတဲ့ အော်စီရောက်မြန်မာလူငယ်တွေ ပျက်စီးသွားတာတော့မဖြစ်နိုင်ပါဘူး။ တခုခုတော့မှားနေတယ်ဆိုတာကို သူတို့လည်းသိပုံမရဘူး။ ဘ၀လည်းမေ့တယ်လို့ပြောမရတဲ့ကိစ္စဖြစ်နေတယ်။ ဒါဆိုရင် ပြည်တွင်းကလူငယ်တွေကတောင် အခွင့်အလမ်းမရှိ၊ အခက်အခဲတွေပြည့်နေတဲ့လမ်းပေါ်မှာတောင် ပညာတက်ရေးကိုဦးစားပေးနေကြတယ်။ သြစတျေးလျမှာ နေတဲ့ ကျနော်တို့လူငယ်တွေဟာ ပိုလို့တောင် ကျိုးစားခွင့်၊ အခွင့်အလမ်းတွေ တပုံကြီးရှိနေတယ်။ ဒါကိုမှနားမလည်ကြရင်တော့ ဒီလိုပဲပြောရတော့မယ်။

မွဲချင်တဲ့ခွေး ၊ ပြာပုံတိုးမှာပဲလို့...။
Subscribe to:
Posts (Atom)