ရန်ကုန်။ ။ ဆရာသမားရေ ကွန်နက်ရှင်ကျနေတော့ ဘယ်လိုမှ ဖွင့်မရသေးဘူးဗျာ။ ညမှတစ်ခေါက်လာဖတ်တော့မယ်။
ဘုန်းကျော်။ ။ အိုကေဘာတွေထူးသေးလဲ အကို။ ရွေးကောက်ပွဲကိစ္စဆန္ဒပြပွဲမဖြစ်ကြဘူးလား။
ရန်ကုန်။ ။ ဟုတ်ကဲ့ ပြောပြပါ့မယ်။ ဒီမှာတော့ ဖွတ်ကောင်တွေ အတော်လေးမိုက်ရိုင်းနေတာပေါ့ဗျာ။
မဲဆွယ်တဲ့နေရာမှာလဲ သူတို့တွေပဲ အခွင့်အရေးတွေ အပြည့်အ၀ယူနေတာလေ။
ဘုန်းကျော်။ ။ ဘယ်လိုယူတာလဲ။
ရန်ကုန်။ ။ အလွယ်ဆုံးပြောရရင် ရန်ကုန်မြို့ ရဲ့ လမ်းဆုံ လမ်းခွလိုနေရာတွေနဲ့လူမြင်ကွင်းတွေမှာ ကြံဖွတ်ပါတီရဲ့ ၀င်အရွေးခံမယ့်သူတွေရဲ့ ပုံတွေကို ဆိုင်းဘုတ်ကြီးငယ်နဲ့တရားဝင် ကြေငြာခွင့်ရှိတယ်ဗျာ။ ကျန်တဲ့ အါတီတွေက အဲ့လိုကျေငြာတာကိုတော့ လုံးဝမတွေ့ရဘူးဗျ။ သိရသလောက်တော့ ကျန်တဲ့ပါတီတွေကလဲ အဲ့လိုကြေငြာတာကို စည်ပင်ကခွင့်မပြုဘူးလို့ကြားရပါတယ်။
ပြီးတော့ ရွေးကောက်ပွဲကျင်းပတဲ့အခါ ကျန်တဲ့ပါတီတွေဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပဲ ကြံဖွတ်တွေပဲရှိတဲ့မြို့ နယ်ပေါင်း ၅၀-ကျော်မှာလဲ ရွေးကောက်ပွဲကျင်းပခြင်းမပြုတော့ပဲ အဲ့ဒီဒေသက ကြံဖွတ်ကိုယ်စားလှယ်ဟာ အလိုလိုအနိုင်ရပြီးသား၊ ရွေးကောက်တင်မြှောက်ခံရပြီးသားဖြစ်မယ်လို့လဲကြားနေရပါတယ်။
အဲ့ဒီမြို့ နယ် ၅၀ ကျော်ဟာ ကြံဖွတ်ကောင်တွေပဲရှိတာပါ။
ဒီရွေးကောက်ပွဲကြောင့် ကျွန်တော်တို့တိုင်းပြည်ဟာ လုံးလုံးလျားလျား စစ်တပ် အာဏာရှင်တွေရဲ့ လက်အောက်ကို ရောက်တော့မှာလေ။
ဘုန်းကျော်။ ။ ဟုတ်တယ်။ ဆန္ဒပြပွဲဖြစ်တယ်လို့ကြားတယ်။ ဟုတ်လား အကို။
ရန်ကုန်။ ။ ဟင်းအင်း ကျွန်တော်မကြားမိပါဘူး။ ဘယ်မှာလို့ကြားတာလဲ။
ဘုန်းကျော်။ ။သတင်းတွေထဲမှာတွေ့လို့။ ကိုမိုးသီးဆိုက်မှာ။
ရန်ကုန်။ ။ ရန်ကုန်မှာတော့ အေးနေတယ်။ ဘာမှမကြားမိသေးဘူး။ ဖြစ်စဉ်က ဝေးလို့ဖြစ်မယ်။ ဘယ်သူဆီမှာမှ ပြောနေသံမကြားဘူးဗျ။
အဲ ပြီးခဲ့တဲ့ရက်ကလဲ ကျွန်တော့ အိမ်မှာရပ်ကွက်ရုံးကလာပြီးတော့ မလိမ့်တစ်ပတ်လုပ်သွားသေးတယ်ဗျ...
ဘုန်းကျော်။ ။ ဟုတ်လား။ ဘယ်လိုလုပ်သွားလဲ။
ရန်ကုန်။ ။ အဲ့ဒီနေ့က အိမ်မှာ ကျွန်တော့အမေနဲ့အိမ်ကူ ကောင်မလေးပဲရှိတာဗျ။ရှိတာလို့ပြောတာနော်။ကျန်တဲ့သူတွေအားလုံး အပြင်ရောက်နေတယ်လေ။ရပ်ကွက်ရုံးကလာပြီး အသက်ကြီးတဲ့သူတွေမဲရုံမသွားနိုင်မှာစိုးလို့ဆိုပြီးတော့ ကျွန်တော့အမေကို ကြိုတင်မဲထည့်ပါဆိုပြီး စာရင်းလာယူသွားတယ်ဗျ။
အမေကနဲနဲကြောက်တတ်တော့ အင်းအင်းဆိုပြီး နာမည် မှတ်ပုံတင်နံပါတ်တွေပေးလိုက်တယ်။
ဘယ်ပါတီကိုထည့်မလဲ ဆိုတာလဲမမေးတော့ဘူး။ဘာမှလဲမပေးခဲ့ဘူးဗျ။ ဆိုလိုတာက သူတို့ကိုကြိုတင်မဲပေးပြီးကြောင်းဆိုတဲ့ဟာမျိုးပေါ့ဗျာ။ကျွန်တော်က အမေပြောလို့သိရတော့ အမေဘယ်ပါတီကိုမံပေးမယ်ပြောလိုက်သေးလဲဆိုတော့ မေးတောင်မေးမသွားဘူးတဲ့လေ။
ကဲ ကိုယ့်ဆရာ စဉ်းသာစဉ်းစားကြည့်ပေတော့။
ဘုန်းကျော်။ ။ လူထုက တော်တော်အားပေးလား ကြံ့ဖွတ်ကို။
ရန်ကုန်။ ။ အားပေးလားမပေးလားဆိုတာ သူတို့ကိုကြံဖွတ်လို့ခေါ်တာသာကြည့်ပေတော့ဗျာ။
ဒါလဲ ကျွန်တော်တစ်ယောက်ထဲကခေါ်တာမဟုတ်ဘူး။ အားလုံး အားလုံး ကခေါ်တဲ့ အခေါ်အဝေါ်တစ်ခုပါပဲ။
ဘယ်သူ့မေးမေး ဒီကောင်တွေကို လူတိုင်ကရွံတယ်။ မုန်းတယ်။ ဖြစ်နိုင်သမျှမပတ်သတ်ချင်ဘူးဗျာ။
လမ်းထဲမှာ အဲ့ဒီ ကြံဖွတ်တစ်ကောင်ရှိတယ်ဗျ။ သူ့ကို လယ်သူကမှဆေးဖော်ကြောဖက်လုပ်ပြီးမပေါင်းကြဘူး။ သူညီအစ်ကိုတွေနဲ့ ကျန်တဲ့မိသားစုတွေကိုတော့ ရပ်ကွက်ကအေးဆေးပဲဆက်ဆံပါတယ်။ တစ်ကယ်တော့ ဒါကြီးက ကြိုတင်ရေးထား ဇာတ်တိုက်ထားတဲ့ဇာတ်လမ်းတစ်ခုပါပဲ။ မင်းသား၊မင်းသမီးအကုန်ရှိပြီးသားပါ။ ဇာတ်ရံပဲရှာနေတာပါဗျာ။
ဇာတ်လမ်းဆုံးရင်လာဖြစ်မယ်ဆိုတာသူတို့ပဲသိမယ်လေ။ ဒါပေမယ့် ခန့်မှန်းကြည့်လို့ရတဲ့ ခပ်ညံ့ညံ့မြန်မာ ဇာတ်ကားတစ်ကားပေါ့ဗျာ။
ဘုန်းကျော်။ ။ ဟုတ်တယ်။ ကျနော်တို့ပြည်ပကလူတွေကတော့ သိတဲ့အတိုင်းပဲ
လေပဲ ငွေပဲ ပေးနိုင်တယ်ဗျာ။ လက်တွေ့လုပ်ရမှာက အကိုတို့အထဲက လူတွေပဲ။
ရန်ကုန်။ ။ တစ်ခါတစ်ခါကြတော့လေပဲပေးပေမယ့် ဒီဘက်လူတွေအတွက်ကတော့ တပ်မကြီးတစ်ခုလောက် လာပြီးစစ်ကူပေးသလိုပဲလေ။ ဘယ်လိုဖြစ်ဖြစ်ပေါ့ ဒါဟာလဲ အုပ်တစ်ချပ် သဲတစ်ပွင့်ပါလို့ ဆရာတော်ကြီးတစ်ပါးက ကျွန်တော့ကိုမိန့်တော်မူသွားတယ်ဗျ။ နိုင်သလောက်တော့လုပ်ပါ တကာလေးတဲ့။
ဘုန်းကျော်။ ။ ဟုတ်ကဲ့ကျေးဇူးပါဗျာ။
ရန်ကုန်။ ။ ရပါတယ်ဗျာ။ ကျွန်တော်လစ်တော့မယ်နော်။
ဘုန်းကျော်။ ။ အိုကေ
11/1/10
၈၈ မျိုးဆက် (ပြည်ပ) မှ ပြည်တွင်းလှုပ်ရှားမှုအတွက် ငွေကြေးထောက်ပံ့မည်
အမေရိကန်ရောက် ၈၈ ကျောင်းသားခေါင်းဆောင်များ |
ကျနော်တို့ရဲ့ ရဲဘော်ကြီးတွေကတော့ အသက်ကြီးပေမဲ့ အခုထိလန်းနေတုံးပဲ။ အခုကြည့် မျိုးဆက်သစ်နဲ့ပေါင်းပြီး ချ,မယ်လို့ သူတို့ ပြောနေပြီ။ ပြီးခဲ့တဲ့အပတ်က ၈၈-မျိုးဆက်(ပြည်ပ) ကနေ ပြည်တွင်းလှုပ်ရှားမှုအတွက် ငွေကြေး နဲ့ စိတ်ဓာတ်ပိုပြီး ထောက်ပံ့မယ်လို့ အမေရိကမှာလုပ်တဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပြီ။
အမေရိကန်ပြည်ထောင်စု Utha ပြည်နယ်ရှိ ဆော့လိပ် မြို့ တွင် ကျင်းပသည့် ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ ဆုံပွဲ တွင် ပြည်တွင်းရှိလှုပ်ရှားမှုများအတွက် ငွေကြေးထောက်ပံ့မည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည် အော်ရီဂွန် ပြည်နယ် မှ ကိုထွန်းထွန်းက ပြောသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတကာမှ ၈၈ မျိုးဆက်ကျောင်းသား ၈၀ ကျော်တက်ရောက်ကြောင်း သိရသည်။
လက်ရှိပြည်တွင်း အကူညီပေးရေးနှင့်ပက်သက်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထွန်းထွန်းမှ အောက်ပါအတိုင်းဆက်လက်ပြောပြသည်။
"အခုလောလောဆယ် ပြည်တွင်းက ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အဓိက ရုပ်အား၊ စိတ်ဓာတ်အား ကူညီပေးနေတယ်။ တိုက်ရိုက်ချိတ်ဆက်လုပ်ပေးနေတယ်"
၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့ (ပြည်ပ) အနေနဲ့ မျိုးဆက်သစ်တွေနဲ့အတူပူပေါင်းလက်တွဲပြီး လုပ်မည်ဖြစ်ကြောင်းကိုလည်း ကိုထွန်းထွန်းမှ အောက်ပါအတိုင်းဆက်လက်ပြောပြသည်။
"မျိုးဆက်သစ်တွေနဲ့ ၈၈ ကျောင်းသားဟောင်းတွေ လက်တွဲပြီး အန်တီစုတို့နဲ့အတူ ရွေးကောက်ပွဲလွန်ကာလမှာ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်"
အဆိုပါအစည်းအဝေးသို့  ရဟန်းပျို သမဂ္ဂ ဆရာတော် ဦးခေမာစာရလည်းတက်ရောက်ကြောင်းသိရသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုထွန်းအောင်ကျော်၊ကိုဇာနည်၊ကိုသက်ထွန်း၊ကိုကျော်သန်း၊ကိုကျော်ကျော်ထွတ်၊
နှင့် ကိုဘိုစော အပါအ၀င် နိုင်ငံတကာမှ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးသို့မလာနိုင်သည့် နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ယခုအစည်းအဝေးသို့ တယ်လီဖုန်း၊ အင်တာနက်တို့မှ တိုက်ရိုက်ဆွေးနွေးကြကြောင်းသိရသည်။
ဒို့အကိုကြီးတွေ လန်း,ချက်ကတော့ မိုက်တယ်။ ကြိုက်တယ်ဗျာ။ အားပေးတယ်။
ရန်ကုန်မှ ပြည်သူတစ်ဦးပေးစာ
ဓာတ်ဆီဆိုင် ရန်ကုန် |
ဒီမှာလဲ လိုင်းတွေအရမ်းကျနေတယ်ဗျ။
ဒီကောင်တွေပြည်ပကို သတင်းတွေရောက်မှာ အရမ်းကြောက်နေကြတယ်လေ။
သတင်းတစ်ခုပြောပြမယ်။ ဒီမှာဖြစ်နေတဲ့အကြောင်းတစ်ခုပေါ့ဗျာ။ နေ့စဉ်ကြုံတွေ့နေရတဲ့ပြသနာတစ်ခုပါ။
ဆီဆိုင်တွေကို ပုဂ္ဂလိကပိုင်ပေးပြီးနောက်ပိုင်းမှာ ဆီဆိုင်တွေက တရားဝင် ခိုးခွင့်ပေးလိုက်သလိုပဲဗျ။ မတရားခိုးတာလေ။
ဆိုင်အတော်များများကခိုးကြတယ်ဗျာ။ အဲဒါ ရန်ကုန်မှာတင်မဟုတ်ဘူးဗျ။ နယ်တွေမှာလဲဒီလိုပါပဲ။ တောင်ကြီးကဆိုင်မှာလဲခိုးတာပဲ။
ဆီထည့်တာတောင် ဆိုင်ရွေးနိုင်မှတော်ကာကြတာ။
ကြယ်ငါးပွင့်ရုံးသိလား။ YMCA နဲ့ ကြယ်ငါးပွင့်ရုံးကြားကဆိုင်ဆို ကျွန်တော့်သူငယ်ချင်းတော်တော်များခံရပြီးပြီဗျ။
၂-ဂါလံထည့်တာ ဂါလံဝက်တောင်မပါတဲ့သူနဲ့။ ၄-ဂါလံထည့်တာ ၁-ဂါလံပဲပါတဲ့သူနဲ့။ သွားပြောတော့ ကျွန်တော်တို့ကားက ဆီဂိတ်မကောင်းတာဖြစ်မယ်တဲ့လေ။ဘာမှ တာဝန်မယူဘူးဗျာ။ မသာတွေ လူတွေသိတော့ သူတို့ မထည့်ကြတော့ဘူးပေါ့။
ဗန္ဓုလ (ဦးပိုင်)ကဆိုင်တွေကတော့ မခိုးသေးဘူးဗျ။ သူတို့ကိုတော့ထည့်မဆော်နဲ့ဦးဗျ။ ဒီကောင်တွေက ဆီပြည့်နေသေးတယ်။
တာမွေ အ.ထ.က.(၃)ရှေ့ ကဆိုင်ကလဲ မပြည့်တစ်ခါ ပြည့်တစ်ခါပါပဲ။
တာမွေ အ၀ိုင်းထိပ်ကဆိုင်ကတော့ ကျွန်တော်မထည့်ဘူးပေမယ့် ထည့်ဖူးတဲ့သူငယ်ချင်းတွေကတော့ပြောတယ်။ မပြည့်ပါဘူးတဲ့ဗျ။
တောင်ကြီးဘက်ကိုလဲ ပြီးခဲ့တဲ့ရက်ကပဲ သွားခဲ့တယ်။
-----------------------------------------------
ပြီးခဲ့တဲ့နေ့က IC နှစ် ၂၀ ပြည့်ပွဲ မကြည့်လိုက်ရဘူးဗျာ။
ရွှေတိဂုံ ဘုရားမှာ ဆီမီးပူဇော်ပွဲတာဝန်ယူထားလို့ဗျာ။ အဲဒီမှာလဲ ခွေမသားတွေ မိုက်ရိုင်းကြသေးတယ်ဗျာ။ လပြည့်ည ဆီမီးပူဇော်နေတာကို ည ၈-နာရီအပြီးသိမ်းခိုင်းတယ်လေ။ လူကြီးလမ်းကြောင်းရှိနေလို့တဲ့ဗျာ။
ပြီးတော့ MYANMAR NAING GROUP (ရဲနိုင်ထွန်း) က ည ၁၀-နာရီနောက်ပိုင်း ဘုရားပိတ်ပြီး ဆီမီးထွန်းကြတယ်ဗျ။ ဟို စစ်တပ်က ကတော်တွေက စုံပုဝါတွေချပြီး ဆီမီးခွက်တွေ လိုက်ပြီးဆီထည့်နေကြတယ်လေ။
ဆီမီးခွက်တွေကိုတော့ ဘုရားက ၀န်ထမ်းတွေကို စီခိုင်းတာဗျ။
ည ၇:၄၅ မှာပိတ်မှာမယ်လို့ပြောတယ်။ ပုံမှန်အချိန်က ဘုရားကို ၁၀း၀၀ နာရီပိတ်တယ်။ အချိန်မှီဆင်းပေးပါလို့ဆိုပြီး သတင်းကျွတ်လပြည့်ညမှာ စောစောစီးစီးမောင်းချနေတာဗျ။
ခါတိုင်းဆို ည ၉း၃၀ လောက်မှ ပြောတာလေ။ ဒီလို သတင်းကျွတ် လပြည့်ညလို အခါကြီးရက်ကြီးမှာ ဘုရားဖူးတွေကိုစောစောစီးစီးမောင်းထုတ်နေတာ လွန်လိုက်တာဗျာ။
ခင်ဗျား ဒီမှာရှိမနေရတာ ကိုယ့်ဘ၀ကိုသာကျေးဇူးတင်ပေတော့ဗျာ။
မှတ်ချက်။ ။ စာပို့တာကို အထူးကျေးဇူးတင်ရှိပါတယ်။
လုပ်ကြပါဗျာ...နီးနေပြီ
ဘောလုံးပွဲရာသီဆိုရင် လူတွေအပြိုင်အဆိုင်ကြည့်ကြပြီ။ နေ့မအိပ်ညမအိပ်အားပေးကြသည်။ ဒိုင်ကိုင်သူက ကိုင်ကြသည်။ လောင်းသူက လောင်းကြသည်။ ရှုံးသူက ငိုသည်။ နိုင်သူက ပျော်သည်။ ဘေးကကြည့်သူက အရသာနှစ်မျိုး မဆီမဆိုင်ခံစားရပြန်သည်။
ရွေးကောက်ပွဲကြီး ကျင်းပရန်အရမ်းနီးနေပါသည်။ ဘယ်သူနိုင်မလဲဆိုတာကို လောင်းတဲ့သူရှိမယ်လို့မထင်ပါ။ ရွေးကောက်ပွဲဆိုတဲ့ ဖလားကြီးကို ကြံ့ဖွတ်ပါတီကြီးမှ တဦးတည်းဆွတ်ခူးမယ်ဆိုတာကို လူတိုင်းသိနေကြပါတယ်။ ဒီအတိုင်းသာလွှတ်ထားရင် ကြံ့ဖွတ်ကြီးပဲ နိုင်ပြီး ကျနော်တို့တွေ နောက်ထပ် ၁၀-နှစ်ဒီဘ၀နဲ့ပဲ နေရအုံးမယ်။ အသက် ၅၀-ရှိတဲ့လူက ၆၀ ဖြစ်။ ၆၀ ရှိတဲ့သူက ၇၀ ဖြစ်။ အသက်တွေကြီးလာပြီး အားလုံးသေခါနီးကုန်ပြီ။
တိုင်းပြည်ရဲ့ ရန်သူဖြစ်တဲ့ နအဖကို ယခုလ ၇-ရက်နေ့မတိုင်ချင်ဖြုတ်ချကြပါဗျာ...။ ရတဲ့နည်းနဲ့သာ လုပ်ကြပါ။ နအဖအဖွဲ့ဝင်တွေကို ဘယ်လိုနည်းနဲလုပ်လုပ်ကြိုက်သလိုလုပ်ကြပါဗျာ..။ အဓိက အစိုးရပြုတ်ကျရင်ပြီးရောပဲ။

Waste Management (သို့) အမှိုက်စွန့်ပစ်ခြင်း
ကျနော်တို့နိုင်ငံမှာ အိမ်ထောင်စု၊ စက်ရုံ နဲ့ အလုပ်ရုံကထွက်တဲ့ အညစ်အကျေး၊ စွန့်ပစ်ပစ္စည်းတွေကို စွန့်ပစ်တဲ့နေရာမှာ စနစ်တကျမရှိဘူး။ ဖြစ်သလို စွန့်ပစ်လိုက်တာများတယ်။ ဖြစ်သလိုဆိုတာက အမှိုက်တွေကို ဟိုပစ်ဒီပစ်လုပ်တာကိုဆိုလိုတာပါ။ တာဝန်ရှိတဲ့ မြို့ တော်စည်ပင်ကလည်း အမှိုက်ကားနဲ့သယ်၊ နေရာတခုမှာ စုပုံပြီး ဒီအတိုင်းပဲထားပါတယ်။ မြန်မာနိုင်ငံတင်မကပါဘူး၊ ထိုင်းနိုင်ငံမှာလည်း ဒီလိုကိစ္စတွေကို တွေ့နိုင်ပါတယ်။ အင်တာနက်ပေါ်မှာ မဲ့ဆောက်အမှိုက်ပုံက အမှိုက်ကောက်သမားတွေကိုကြည့်ပြီး သူ့တို့ရဲ့ ကျန်းမာရေးကို အထူးပဲစိုးရိမ်မိလို့ပါ။ ဒါ့ကြောင့် ဒီလိုရေးဖြစ်တာပါ။ ကျနော် Wastes Management ပညာရှင်မဟုတ်ပါဘူး။ လေ့လာသူတစ်ယောက်ပါ။ ကျနော့်ရဲ့ ဗဟုသုတကို ရှယ်ပေးတာဖြစ်တဲ့အတွက် အပိုအလိုတော့ ဒီနေရာမှာရှိနိုင်ပါတယ်။
အမှိုက်တွေကိုဘယ်လိုနည်းနဲ့ စီမံခန့်ခွဲနိုင်လဲ
ကျနော်တို့ရဲ့ အမှုက်တွေ စွန့်ပစ်ပစ္စည်းတွေကို အမှိုက်ပုံးကနေတဆင့်၊ အမှိုက်သယ်တဲ့ကားနဲ့ အမှိုက်ပုံကြီးဆီကိုပဲ ရောက်တယ်ထားပါ။ ဒီအမှိုက်တွေကို ကျနော်တို့ ဒီလိုပဲစုပုံပြီးထားမလား။ ဒီနေရာမှာ စဉ်းစားရမှာက အမှိုက်နေ သဘာဝတ်ပတ်ဝန်းကျင် နဲ့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပါတယ်။ အထူးသဖြင့် အမှိုက်ကြောင့်ကျနော်တို့ ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ အမှိုက် (Wastes) လို့ကျနော်တို့ ယေဘုယျပြောနိုင်ပါတယ်။ အဲဒိအမှိုက်ထဲမှာ အမှိုက်ပေါင်းစုံရှိပါတယ်။ ပလက်စတစ်၊ သံတိုသံစ၊ ဓာတုဗေဒပစ္စည်း နဲ့ Organic Wastes လို့ခေါ်တဲ့ သဘာဝအမှိုက်သရိုက်တွေပါပဲ။ သဘာဝအမှိုက်သရိုက်ဆိုတာက အပင်အရွက်အသီးအနှံပုတ်သိုးမှုစတဲ့အရာတွေဖြစ်ပါတယ်။
ဒီလိုအမှိုက်တွေကို ကျနော်တို့နည်းလမ်း ရှစ်ခုလောက်နဲ့ စီမခံခန့်ခွဲနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အသုံးများတဲ့ နည်းလမ်းသုံးခုကိုပဲ တင်ပြပါ့မယ်။
ကျွင်းတူးမြုပ်နည်း (Landfills)
ကျွင်းတူးမြုပ်တာကို နိုင်ငံအတော်များများသုံးတဲ့ အလေ့အထဖြစ်ပါတယ်။ နေရာကျယ်တဲ့ သြစတျေးလျလိုနိုင်င့တွေမှာ ဒီနည်းလမ်းက အသုံးဝင်ပါတယ်။ နေရာကျဉ်းတဲ့ ဂျပန်နိုင်ငံလိုနေရာမျိုးမှာတော့ အသုံးမ၀င်ပါဘူး။ လူတောင်နေစရာမရှိတာ အမှိုက်ဆိုရင်ပိုဆိုးပေါ့။ ဆိုတော့ ဂျပန်က တခြားနည်းလမ်းကို စဉ်းစားပါတယ်။
ကျွင်းတူးမြုပ်နည်းကတော့ ကျွင်းအကြီးတခုကိုတူးရပါတယ်။ တူးပြီးရင် အမှိုက်တွေကို စုပုံထည့်ရတယ်လို့ အလွယ်တကူနားလည်နိုင်ပါတယ်။ သို့သော် အမှိုက်တွေကို စုပုံထည့်ပြီးတာနဲ့ ပြီးရောလား။ သဘာဝပတ်ဝန်းကျင်နဲ့ လူတွေကို မထိနိုင်ဘူးလား။ အဖြေကတော့ ဒီနေရာမှာ ထိနိုင်ပါတယ်။ ဘယ်လိုထိနိုင်လဲဆိုတော့ အမှိုက်တွေထဲကနေ မိသိမ်းဓာတ်ငွေ (Metane Gas) ထွက်နိုင်ပါတယ်။ ဒီဓာတ်ငွေ့ က လူတွေရဲ့ အမှိုက်ပုံနေ နေ့ရောညပါထွက်ပါတယ်။ အမှိုက်ပုံနားမှာ ရှိတဲ့လူတွေ၊ အပင်တွေ၊ အကောင်တွေကိုထိခိုက်စေပါတယ်။ ယားယံတဲ့ရောဂါ၊ ကင်ဆာရောဂါတွေကို ဖြစ်စေပါတယ်။ အထူးသဖြင့် အရေပြားရောဂါဖြစ်ပါတယ်။ ပြီးတော့ အမှိုက်ပုံကနေ အနံ့ဆိုးတွေလည်း ရနိုင်ပါတယ်။ ဒါ့အပြင် အမှိုက်တွေဟာ ကြာလာတဲ့အခါမှာ ပုပ်သိုးဆွေးမြေ့ပြီး အရည်ပျော်ကြပါတယ်။ အဲဒိအရည်တွေဟာ အဆိပ်ရေတွေဖြစ်ပါတယ်။ ပြီးတော့ မြေအောက်ရေထဲအထိ စိမ့်ဝင်ပါတယ်။ ဒါ့ကြောင့် အမှိုက်ကျင်းနားမှာရှိတဲ့ ရေတွင်း၊ ပြစ်ချောင်းအင်အိုင်းတွေက ရေတွေကို သောက်သုံးမိတဲ့အခါမှာတော့ ဖြစ်လာမဲ့ဆိုးကျိုးကို မိမိဘာသာစဉ်စားကြည့်လို့ပါတယ်။ ဒါဟာ ညစ်ညမ်းရေးဖြစ်ပါတယ်။ အဆိပ်ရေလိုမသောက်သင့်တဲ့ရေဖြစ်ပါတယ်။
ဒါဆိုရင် ရောဂါမရအောင် ကျင်းကို ဘယ်လိုတူးမလဲ
အမှိုက်ထည့်ဖို့ ကျင်းတခုကို တူးတယ်ပဲထားပါစို့။ ပြီးရင် စကျင်ကျောက်ပဲဖြစ်ဖြစ်၊ ဂ၀ံကျောက်ပဲဖြစ်ဖြစ် ရေမစိမ်နိုင်တဲ့ ကျောက်သားတခုကို အောက်မှာခံပေးရပါတယ်။ ပြီးတော့ ကျင်းအောက်ခြေနဲ့ ပတ်ပတ်လည်မှာ ပလက်စတစ်အထူစားကို ခံထားပေးရပါတယ်။ ဒီလိုခံမှ အမှိုက်ကနေထွက်တဲ့ ရေပုပ်ရေညစ်တွေက မြေကြီးထဲကို စိမ့်မ၀င်နိုင်အောင်လို့ပါ။ မြေကြီးထဲကနေ မြေအောက်ရေထဲကိုလည်း မရောက်နိုင်ပါဘူး။
ဒီအဆင့်ပြီးသွားရင် အမှိုက်တွေကို ကျင်းထဲမှာထည့်လို့ရပါပြီ။ အမှိုက်ထည့်ပြီးလို့ကျင်းပြည့်တဲ့အခါမှာ အပေါ်ကနေမြေကြီးတွေကို ခပ်ထူထူပြန်အုပ်ရပါတယ်။ ပြီးရင်တော့ အမှိုက်ပေါ်မှာ အပင်ကြီးတွေစိုက်ပျိုးရပါတယ်။
ဒီလိုစနစ်ကို မြို့ တော်စည်ပင်က အဓိကအကောင်အထည့်ဖော်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေကုန်ကြေးကျများသလို၊ လူတွေအတွက်လည်းအကျိုးရှိစေပါတယ်။
ဒီနေရာမှာ အမှိုက်ပုံကနေ ထွက်တဲ့ Methane Gas ကိုပိုက်နဲ့ စုပ်ပြီး၊ လျှပ်စစ်ဓာတ်အားထုတ်လို့ရပါတယ်။ သြစတျေးလျနိုင်ငံမှာဆိုရင် အမှိုက်ပုံမှာလာပြီးအမှိုက်ပစ်ချင်သူတွေဟာ ပိုက်ဆံပေးရပါတယ်။ အမှိုက်တတန်ကို ဈေးနှုံးဘယ်လောက်ဆိုတော သတ်မှတ်ထားပါတယ်။ တချို့ အမှုက်တွေကို ပြန်ပြီး သုံးစွဲပါတယ်။ ဥပမာ ထိုင်ခုံအဟောင်း၊ ရေခဲသတ္တောအဟောင်းတွေကို Recycling ပြန်လုပ်ပေးပါတယ်။ သူတို့အမှိုက်ပုံက အမှိုက်ပုံနဲ့မတူဘူး။ ဘာနဲ့တူသလဲဆိုရင် ဈေးရောင်းတဲ့ဈေးတန်းလိုဖြစ်နေပါတယ်။ ၀ယ်တဲ့သူနဲ့ရောင်းတဲ့သူနဲ့စည်ကားနေလို့ပါ။ အမှိုက်တွေကလည်း လူနဲ့သဘာဝပတ်ဝန်းကျင်ကို အတက်နိုင်ဆုံးစီမံခန့်ခွဲတာဆိုတော့ တော်တော်အကျိုးထူးပါတယ်။
ဒီလိုဥပမာကို ကျနော်တို့ တိုင်းပြည်နဲ့ ထိုင်းနိုင်ငံမှာ ကျနော်လေ့လာကြည့်ပါတယ်။ မလေးရှားမှာလည်း ဒီလိုဥပမာကိုမတွေ့ရသေးဘူး။ လေ့လာမှု မပြည့်စုံလို့လားတော့မသိဘူး။ ဒီနိုင်ငံတွေမှာ အမှိုက်တွေကို စုံပုံပြီး ဒီအတိုင်းထားတာပဲတွေ့ရပါတယ်။ ကျီးထိုးထိုးလဒကိုက်ကိုက် ဂရုစိုက်မှု ကင်းမဲ့ကြတယ်။ အမှိုက်ပုံဘေးမှာ ခွေးကော၊ ခလေးကောစုံလို့။ လူတွေက အမှိုက်ပုံနားမှာ နေတဲ့သူကနေ၊ ကစားသူက ကစား။ စုံနေတာပဲ။ အဓိကပြောချင်တာက အစိုးရတွေမှာ အမှိုက်စွန့်ပစ်တာကို ကောင်းကောင်းစီမံခန့်ခွဲနိုင်တယ်ဆိုရင် နှစ်ဦးနှစ်ဘက်အကျိုးရှိစေပါတယ်။ နံပါတ်တစ်အချက်အမှိုက်ပုံကနေ ၀င်ငွေရရှိပါတယ်။ နံပါတ်နှစ်အချက်က သဘာဝပတ်ဝန်းကျင် နဲ့ လူတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးစေပါတယ်။
အမှိုက်တွေကိုမီးရှို့ ဖျက်ဆီးခြင်း (Incineration)
ကျနော့်အိမ်နောက်ဖေးမှာ အမှိုက်လှဲပြီးရင် ကျနော်တို့မီးရှို့ ပါတယ်။ ဒါက လူတစ်ဦးချင်းစီကိစ္စပါ။ ရန်ကုန်မြို့ လိုနေရာမျိုးမှာ အမှိုက်တွေများလာရင် မီးရှိုဖို့အတွက် စက်ရုံအကြီးကြီးတခုလိုပါတယ်။ မီးရှို့ တဲ့အခါမှာ အပူငွေ့ရပါတယ်။ အဓိအပူငွေ့ကနေ လျှပ်စစ်ဓာတ်အားဓာတ်ယူလို့ရပါတယ်။ ဂျပန်နိုင်ငံကိုကြည့်ပါ။ ဂျပန်တွေဟာ နေရာကျဉ်းတော့ ဒီနည်းလမ်းကိုပဲသုံးပါတယ်။ သူတို့အတွက် တခုတည်းသော အကောင်းဆုံးနည်းလမ်းဖြစ်လု့ပါ။ အမှိုက်တွေကို မီးရှို့ ဖျက်ဆီးခြင်းနည်းလမ်းမှာလည်း အားနည်းချက်အားသာချက်ရှိပါတယ်။ အားသာချက်ကတော့ လျှပ်စစ်မီးရနိုင်တယ်။ အားနည်းချက်ကတော့ မီးရှို့ တဲ့အခါမှာ ကာဗွန်ဒိုင်အောက်ဆိုက်အပါအ၀င် အဆိပ်ရှိတဲ့ဓာတ်ငွေ့ တွေဟာ လေထဲကို ပျံ့ စေပါတယ်။ လူတွေက ရှုမိရင်အနည်းဆုံးတော့ အဆုပ်ထဲကိုရောက်ပြီး ကြာရင်အဆုပ်ရောဂါဖြစ်စေပါတယ်။ ဒီနည်းလမ်းကို နိုင်ငံတော်တ်ာများများမသုံးကြပါဘူး။ အဓိကအချက်ကတော့ ဈေးကြီးလို့ပါတဲ့။
ပြန်လည်အသုံးပြုခြင်းနဲ့ မြေဆွေးပြုလုပ်ပြီး (Recycling and Biological reprocessing)
မဲ့ဆောက်အမှိုက်ပုံ၊ ပုဇွန်တောင်အမှိုက်ပုံကိုကြည့်ပါ။ ဒီလိုပုံစံကိုတွေ့နိုင်ပါတယ်။ ဒီနည်းလမ်းကို ကမ္ဘာပေါ်ရှိအစိုးရတွေကသုံးစွဲဖို့ကို အဓိကတိုက်တွန်းပါနေပါတယ်။ သဘာဝသယံဇာတတွေကို ချိုးခြံချွေတာတဲ့အနေနဲ့ပါ။ အမှိုက်ပုံကနေ ပလက်စတစ်၊ ကော်ခွက်၊ သံတိုသံစတွေကိုကောက်ပြီး အမျိုးမျိုးပြန်လည်သုံးစွဲနိုင်တော့ မဲ့ဆောက်အမှိုက်ပုံမှာ မြန်မာတွေစုံပုံနေကြရပြီပေါ့။ ပြီးရင် အမှိုက်ပုံကမြေဆွေးဖြစ်သွားတော့ လှည်းတစ်စီးကို ဘယ်လောက်ဆိုပြီးရောင်းစားနိုင်ပြန်ရော။ တော်တော်အလုပ်ဖြစ်တဲ့နည်းလမ်းပါ။
ကျန်းမာရေးကိစ္စ နှင့် သဘာဝတ်ပန်ဝင်းကျင်
အမှိုက်ပုံနားမှာ နေတဲ့လူတွေဟာ တကယ့်ကိုအံ့သြဖို့ကောင်းပါတယ်။ အနံ့ ကဆိုး၊ နေရထိုင်ရတာ ညစ်ပတ်၊ ဒီလိုအခြေအနေကို အံကြိတ်ပြီး ဘ၀အတွက်ရုန်းကန်လှုပ်ရှားနေတဲ့မြန်မာနိုင်ငံက လူသားဆိုတဲ့ လူသားမဟုတ်တဲ့လူတွေကိုအထူးသနားမိတယ်။ ဒါ့ကြောင့် ဒီလိုရေးဖြစ်သွားတာပါ။
ဒီနေရာမှာ ကျန်းမာရေးကိစ္စကို အထူးပြောချင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကိစ္စကတော့ အထက်က Landsfiills မှာ ပါသွားပြီးဖြစ်တဲ့အတွက် ထပ်ပြီးမဆွေးနွေးတော့ပါ။
အမှိုက်တွေကိုစုပုံတာဆိုတော့ အမှိုက်ပေါင်းစုံပါနိုင်ပါတယ်။ စားကျွင်းစားကျန်၊ ဓာတုဗေဒပစ္စည်း၊ ပိုးသတ်ဆေး၊ ဆေးထိုးအပ်စတဲ့ အန္တရာယ်ရှိတဲ့အမှိုက်ပေါင်းစုံရှိနိုင်ပါတယ်။
ကိုးကား-
http://en.wikipedia.org/wiki/Waste_management

Subscribe to:
Posts (Atom)