ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/29/08

နှစ် ၂၀ နှင့် ကျနော့်တော်လှန်ရေး

စစ်အာဏာရှင်တော်လှန်ရေးဟု ကင်မွန်းတက်သည်။ အာဏာရှင်ကို ပြုတ်ကျစေချင်သည်။ ဒီမိုကရေစီအစိုးရ တက်စေချင်သည်။ တော်လှန်ရေး ရဲဘော်တချို့သည် ဆက်လက်တိုက်ပွဲဝင်သည်။

တချို့သည် မိသားစုအရေး ကို ဦးတည်သွားသည်။ တချို့သည် ဖောက်ပြန်သွားသည်။ တချို့သည်....

တချို့ရဲဘော်များသည် နှစ်ပေါင်း ၂၀ လုံး သောက်ရင်း တော်လှန်သည်။
ပွားရင်းတော်လှန်သည်။
ရေးရင်း တော်လှန်သည်။
ဝါးရင်းတော်လှန်သည်။
တချို့သည် စွန့်စွန့်စားစားတော်လှန်သည်။
မည်သည့်တော်လှန်ရေး လမ်းစဉ်မှန်ပါသနည်း။
ရေဒီယိုတဖက် နှင့် တော်လှန်သည်။
တတိယနိုင်ငံတွေ မှာတော်လှန်သည်။
တချို့သည် တော်လှန်ရင်းကျော် ပြန်သည်။
တချို့ သည် ငါ ဘယ်တုန်းက ဘာဖြစ်သည်ဟု ကိုယ့်အချင်းချင်းတော်လှန်သည်။
စသဖြင့်.............

View My Stats