ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

8/6/10

ကြည့်လည်းလုပ်ပါအုံး...ဌာနချုပ်ရယ်..

ဒေါ်မာမာအေးလေသံနဲ့ ဒီလိုပြောချင်တယ်။ ပြောစရာတွေလည်းတပုံကြီး ရှိသေးတယ်လို့။

ဘာပြောမလဲ...မောင်ဘုန်း။

ဒီလိုပါ။ ကိုဖြိုးမင်းသိန်း၊ ဦးသုဝေ၊ ဦးသန်းငြိမ်းတို့ရဲ့ နိုင်ငံရေးဝင်စို့ထွက်စို့ ကစားတမ်းနဲ့ပက်သက်ပြီးပြောတာပါ။ ပြီးတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့  ဝေဖန်သုံးသပ်ချက် (၆၊၈၊၁၀) ကိစ္စလည်းပါတယ်။ ပါတီကို စိတ်ဝင်စားသူတစ်ယောက်ဆိုတော့ ဘာတွေများဝေဖန်လည်းဆိုတာကို လေ့လာရင်းတွေ့လို့ ကျနော်လည်း ပြန်လည်ဝေဖန်ခွင့်ပြုပါ။

ခေါင်းစဉ်က "ဘာမျှမကြာလိုက်ပါ၊ ခါးမှန်းသိသူသိလာကြပြီ" လို့ ရေးထားပါတယ်။

ဝေဖန်သုံးသပ်ချက်က အပြုသဘောမဆောင်၊ စည်းရုံရေးလည်းမဖြစ်ပဲ...ဘာရည်ရွယ်ချက်နဲ့ရေးတာလဲမသိဘူး။ ရေးတဲ့သူဘယ်သူဖြစ်လဲဆိုတာကိုတော့ ခန့်မှန်းမိပါတယ်။ နာမည်တော့မပြောချင်ဘူး။ ကဲ...ထားတော့။

နိုင်ငံရေးပါတီတခုဆိုတာ စည်းရုံးရေးကို အဓိကထားပြီး အင်အားတည်ဆောက်ယူရတယ်။ စည်းရုံးရေးမှာ မဟာဗျူဟာကြကြစည်းရုံးရေးရှိတယ်။ ကြက်အစာကောက်သလို စည်းရုံးရေးရှိတယ်။ ဒီနေ့ဖတ်ရတဲ့ဝေဖန်သုံးသပ်ချက်က စည်းရုံးရေးလား၊ ကဲ့ရဲ့ ရှုံ့ ချရေးလား။ မင်းတို့ကို ငါမပြောဘူးလားဆိုတဲ့ အပေါက်မျိုးဖြစ်နေတယ်။ ဒါက ကြက်အစာကောက် မဟာဗျူဟာလို့ပြောချင်တယ်။

ကိုဖြိုးမင်းသိန်း အခုကိစ္စမှာ သူရပ်သင့်တာကို ရပ်လိုက်ပြီ။ ဒီမိုကရေစီအရေးကို ဆန့်ကျင်မယ်လို့လည်းမပြော။ စစ်အစိုးနဲ့ပေါင်းမယ်လို့လည်းမသုံး။ ဒီတော့ ကိုဖြိုးမင်းသိန်းက ကျနော်တို့လူဖြစ်တယ်။ ကိုယ့်လူတစ်ယောက် ဒီလိုမျိုးအသိတရား၊ အမှန်တရားကို သိသွားပြီး ပြင်တဲ့နေ့မှာ ဘာ့ကြောင့် ရိတိတိဝေဖန်သုံးသပ်ချက်နဲ့ ကြိုဆိုရတာလဲ။

လုပ်သင့်တဲ့အလုပ်က "ကိုဖြိုးမင်းသိန်းရဲ့ ဆုံးဖြတ်ချက်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်" ဆိုတဲ့ ပုံစံနဲ့ လုပ်ရမယ်ဖြစ်တယ်။

ဒါက စည်းရုံးရေးဖြစ်တယ်။ ခါးမှန်းသိလို့ဆိုတဲ့အသုံးအနှုံးက ကဲ့ရဲ့ တာဖြစ်တယ်။ ရှုံ့  ချတာဖြစ်တယ်။ ဒီလိုမျိုးကြိုဆိုသင့်သလား။ ကျနော်တော့မလုပ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဝေဖန်သုံးသပ်ချက်ဆိုတာက လူ့ဘောင်သစ်ပါတီတခုလုံးနဲ့ဆိုင်တယ်။ တစ်ဦးတစ်ယောက်က ဝေဖန်သုံးသပ်ပြီးပေါက်ကရလုပ်တာတော့မကောင်းဘူး။

ဒီလိုမျိုးဝေဖန်ချင်ရင် ကျနော်လို့လုပ်။ ဘလော့ဂ်တခုထောင်။ ကြိုက်တာရေး။ ကိုယ့်နာမည်နဲ့ကိုယ်သုံး။ ဒါဆိုရင် ဘာမှပြောစရာမလိုဘူး။

ကြည့်လည်းလုပ်ပါအုံး...ဌာနချုပ်ရယ်။

View My Stats