ဒီလိုလူတွေကို နိုင်ငံရေးလှုပ်ရှားမှု့တိုင်းမှာတွေ့နိုင်တယ်။ သူတို့ကို အုပ်ပျော်လို့လည်း ခေါ်တယ်။ လူတွေအုပ်စုလိုက် စုရုံးစုရုံးလုပ်နေရင် သူ့စိတ်ကအလိုလိုပျော်လာတယ်။ ပါဝင်လှုပ်ရှားလာတယ်။ တချို့  သူတွေခေါ်တာက ဒီလိုလူမျိုး ကို ၁၀၉-၁၁၀ လို့ခေါ်တယ်။ အလုပ်မယ်မယ်ရမရှိ၊ အားနေတော့အပျင်းပြေနိုင်ငံရေးလုပ်သူများအဖြစ် ရောက်သွားတယ်။ အုပ်စုမရှိတဲ့အခါမှာ ဒီလူတွေဟာ နိုင်ငံရေးမလုပ်တက်တော့တာကိုတွေ့ရတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ အုပ်စုရှိမှမဟုတ်ဘူး။ တစ်ယောက် တည်းလည်း လုပ်လို့ရတယ်။ အပျင်းပြေနိုင်ငံရေးလုပ်သူတွေများလာတဲ့အခါ ကောက်ရိုးမီးလိုပဲ ခဏလေး ငြိမ်းသွားတယ်။
ပြည်ပမှာဖြစ်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုဆိုတာကလည်း အုပ်ပျော်တွေများလာပြီး လေကန်သလိုဖြစ်လာနေပြီ။ ထိထိရောက်ရောက်မရှိသလို ဖြစ်နေတယ်။ တခုခုလုပ်ပြီးရင် စကားများ၊ ရန်ဖြစ်ပြီး ရှေ့ ဆက်လုပ်ဖို့ ရပ်တန့်သွား တာကိုသတိထားမိတယ်။ ဥပမာ- ၈၈၈၈ လေးလုံးအခန်းအနား၊ ဒေါ်စုမွေးနေ့ စတဲ့နိုင်ငံရေးအခန်းအနားလုပ် တာဟာ နောက်ပိုင်းကျတော့ ပါတီပွဲပေးသလိုမျိုး ဖြစ်လာခဲ့တယ်။
နောက်တခု ညီလာခံ။ အမေရိကမှာ ခဏခဏ ကြားရတယ်။ ဖို့ဝိန်း ညီလာခံ။ စစ်အာဏာရှင် ဖျက်သိမ်းရေးညီလာခံ။ ဟို..ညီလာခံ။ ဒီ...ညီလာခံ။ လူတွေနဲ့ ဆုံးဖြက်ချက်ချတယ်။ လူအများကြီးနဲ့ ဟို..ကော်မတီ ၊ ဒီ...ကော်မတီဖွဲ့တယ်။ နောက်ဆုံးညီလာခံရဲ့ ရလာဒ်က လူတွေစုံပြီး၊ ကော်မတီဖွဲ့စည်းရေး အဆင့်လောက်နဲ့ရပ်တန့်သွားတာများတယ်။
ကော်မတီရဲ့ သက်တမ်၊ ကော်မတီရဲ့ အောင်မြင်မှု့ကိုတိုင်းတာတဲ့ပေတံ၊ တာဝန်ခံမှု၊ စနစ်တကျရုံးအဖွဲ့၊ လူအားငွေအားတွေကို မတွေ့ခဲ့ရသေးဘူး။ အလုပ်အားတဲ့အချိန်မှာ နိုင်ငံရေးကိုအပျင်းပြေ၊ အမြည်းလုပ် သလိုတွေဖြစ်လာနေတယ်။ လူစုံပါတီပွဲမှာ ပွားမယ်၊ ပြီးရင်သောက်မယ်။ ဒီလိုမျိုးတွေဖြစ်လာတဲ့အခါ လူအထင်မကြီးတော့ပဲ၊ လူသစ်တွေရဲ့ ပူးပေါင်းပါဝင်မှုအားနည်းလားတယ်။ ဒါဟာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ ဒါဟာ ပါတီပွဲပေးတာသာဖြစ်တယ်။ ရှင်းလင်းပြတ်သားတဲ့ စီမံကိန်းလည်းမရှိဘူး။ အောင်မြင်မှု၊ ရှုံးနိမ့်မှုကို မြင်နိုင်ရမယ်။ အခုလိုမျိုးနိုင်ငံရေးလုပ်ရှားမှုဟာ ကတယ်တန်းတော့ အရမ်းရိုးတယ်၊ ရှယ်မဖြစ်သေးဘူး။
စစ်အာရှင်ဖျက်သိမ်းရေးမဟာဗျုဟာညီလာခံမှ ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပို့ ကော်မတီဝင်တစ်ယောက်ကို ဒေါ်လာ တစ်ထောင်လောက်ဝိုင်းထည့်ရင် သိတ်ကောင်းမှာပဲ။ ဒါဆိုရင် အောင်မြင်မှုကို တိုင်းတာနိုင်လိမ့်မယ်။ အယောက်လေးဆယ်ဆိုရင် ဒေါ်လာလေးသောင်းရမယ်။ အဲဒိလောက်ရ ရင် သန်းရွှေအိမ်ကို ဗုံးခွဲလို့ ရတယ်။
မှတ်ချက်။ ။ ကိုဂင်ကြီး မှတ်တမ်း ရှယ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း။