ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

1/25/10

NLD ကိုမဲမထည့်ကြပါနဲ့

ကျနော် သူများတွေလို စာကောင်းကောင်းမရေးတက်ဘူး။ လိုရင်းနဲ့တိုရှင်းကိုပဲပြောဖို့အားရတယ်။ အခု ပြောချင်တာကို တိုတိုနဲ့ရှင်းရှင်းပြောမယ်။

ဒီတစ်ခါ ရွေးကောက်ပွဲမှာ NLD ၀င်ပြိုင်တဲ့အခါ ပြည်သူတွေအနေနဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့လုံးဝ မဲမထည့်ပါနဲ့။

ဘာဖြစ်လို့လဲဆိုတော့ ၉၀-ရွေးကောက်ပွဲရလာဒ်တောင် အရည်အချင်းမရှိ အကောင်အထည်မဖော်နိုင်ဘူး။ ဒါ့ကြောင့် နောက်တခါ မဲထည့်လည်း အာဏာရအောင်လုပ်နိုင်မယ့်အနေအထားမတွေ့ရဘူး။ အထူးသဖြင့် မယုံရဲဘူး။

ဒါဆိုရင် မင်းက ဘယ်သူကိုကိုယုံမလဲ။ အဖြေကတော့ ဘယ်သူ့ကိုမှ မယုံဘူး။

လွတ်လပ်ပွင့်လင်းတဲ့ ပတ်ဝန်းကျင်မဖြစ်သ၍ ဘယ်သူကိုမှ ယုံဖို့မဖြစ်နိုင်ဘူး။ ၈၈-မျိုးဆက်တော့ နည်းနည်းယုံတယ်။ သို့သော် သူတို့ကို လွတ်လွတ်လပ်လပ်လုပ်ခွင့်မပေးတော့ သူတို့အရည်အချင်းလည်း ပြလို့မရဘူး။

သိတဲ့အတိုင်း စစ်အစိုးရက သူအာဏာကို ရအောင်ယူမှာပဲ။ သူ့ကိုဆိုရင် ပိုလို့တောင်မယုံရဲဘူး။

ဒီမှာအဓိကပြောချင်တာက NLD ကိုအာဏာရအောင် မဲပေးဖို့ရည်ရွယ်ချက် လုံးဝ ကျနော့်မှာမရှိတော့ဘူး။ ရှင်းရှင်းပြောရင် အစိုးတရပ်ဖြစ်နိုင်တဲ့အရည်အချင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာမရှိဘူး။

တခုပဲရှိတယ်။ နိုင်အောင်တိုက်။ နိုင်အောင်တိုက်နိုင်တဲ့တနေ လုံးဝ အသိအမှတ်ပြုမယ်။ ထိုင်ရှိခိုးအုံးမယ်။

မြန်မာ့ယဉ်ကျေးမှု

ကျနော်တို့မြို့ က လူတွေအကြောင်းပါ။ နေ့တဓူဝ တွေ့ရမြင်ရ၊ ကြားရ။ ဒီအကြောင်းလေးကိုရေးချင်လို့ပါ။ ကာယကံရှင်တွေရဲ့ နာမည် အတိအကျ ကိုတော့ဒီနေရာမှာ မဖော်ပြနိုင်တာကိုခွင့်လွှတ်ပါ။ ၾသစေတ်းလ် နိုင်ငံမှာ ရှိတဲ့ မြန်မာလူမှုအဖွဲ့အစည်းအကြောင်းဆိုရင်ပိုမှန်လိမ့်မယ်ထင်တယ်။

View My Stats