ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/19/10

ပြည်ပမှာ ကြားဖြတ်အစိုးရဖွဲ့တော့မည်

NCGUB နဲ့ NCUB တို့ပေါင်းပြီးတိုးချဲ့ အစိုးရဖွဲ့ဖို့လုပ်နေတယ်။ KNU NMSP KNPP အပါအ၀င်တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကိုလည်းညှိနေတယ်။ MPU လည်းပါတယ်။ တိုင်းရင်းသားတွေဘက်က တော်လှန်ရေးပါလီမန်ကိစ္စတော့ သဘောတူတယ်။ အစိုးရ၀န်ကြီးတွေကို ဘယ်သူဖြစ်မလဲဆိုတာကိုတော့ မပြောသေးဘူး။

ဒီနေရာမှာပြောချင်တယ်။ ပြည်တွင်းက ကြားဖြတ်အစိုးရဖွဲ့တာကိုလုံးဝထောက်ခံမယ်။ ပြည်ပက အစိုးရဖွဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀-လောက်ကတည်းက အလုပ်ဖြစ်တာမဟုတ်ဘူး။ ဦးမောင်မောင်နဲ့ဒေါက်တာစိန်းဝင်းတို့ပေါင်းပြီးစားဖို့ ဖွဲ့တာလို့ ယူဆတယ်။ ၀န်ကြီးပဲ တချိန်လုံးလုပ်ချင်ရင်တော့ ဇာတ်ပွဲတခုထောင်ကြပေါ့။ ဒါကိုလုံးဝ မထောက်ခံဘူး။ ပြည်တွင်းက ကြားဖြတ်အစိုးရဖွဲ့တာကိုပဲ ပြည်ပက လူတွေထောက်ခံပေးကြပါ။ အစိုးရတစ်ရပ်ဖွဲ့တယ်ဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ဖွဲ့ရတယ်။

ခင်ဗျားတို့ အခုဖွဲ့မယ့်ကြားဖြတ်အစိုးရကို မဲ့ဆောက်က အလုပ်သမားတွေ ထောက်ခံလားလို့ မေးကြည့်ပါအုံး။

အဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်စုက လုပ်ချင်တိုင်းလုပ်တဲ့အစိုးရတစ်ရပ်ဆိုတာ အလကားပဲ။

NCUB ရဲ့ မဟာဗျူဟာဆိုတာ ဒါလား။

ပြည်တွင်းကဖွဲ့မဲ့ ကြားဖြတ်အစိုးရကို ကိုးလို့ကန့်လန့်မလုပ်ကြပါနဲ့..။

View My Stats