ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

3/25/09

ဆရာကြီး Toမောင်ညို နှင့် ဆရာကြီး ယောဟန်အောင် ၂၀၁၀-ထိုးပွဲ

ဟိုလိုလို..ဒီလိုလို..မလုပ်ပါနဲ့....။

ကျနော်တို့အနေဖြင့် နအဖ စစ်အစိုးရနဲ့နှစ်ကိုယ့်တစ်စိတ်လုပ်ပြီး ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းရေးဘက်တွင်ပါဝင်မလား (သို့တည်းမဟုတ်) NLD နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုဘက်မှ တစိတ်တစ်ဝမ်းတည်းနေပြီး ၁၉၉၀-ပြည့်ရွေးကောက်ပွဲရလာဒ်ကို ခုခံကာကွယ်မလားဆိုတာရွေးချယ်ရပါလိမ့်မည်။ ယင်းကသာ ရပ်တည်ချက်ပြဿနာဖြစ်သည်။ ယင်းရပ်တည်ချက်ရှိမှသာ ၂၀၁၀ ကိုရင်ဆိုင် ဖြတ်သန်းနိုင်ပါလိမ့်မည်။ အခုတော့ (ကိုအောင်သူငြိမ်းက) ၁၉၉၀-ရွေးကောက်ပွဲရလာဒ်ကို ခံစစ်သေလို့မြင်နေသည်။ ၂၀၁၀-ရွေးကောက်ပွဲ ၀င်ပါလားလို့လည်း မတိုက်တွန်းရဲဘူး။ အားလုံးစုဆုံနိုင်မဲ့ ဗဟိုချက်မကလည်းပျောက်နေသည်။ ၂၀၁၀-ရွေးကောက်ပွဲကိုလည်းပြေလည်ရေးလမ်းကြောင်းအဖြစ် မမြင်မိသေးပါဟုဆိုတော့ တော်တော်ခက်နေပြီ။ မိုးမှောင်ကျပြီး ထွက်လမ်းဘယ်မမြင်ဆိုသလိုဖြစ်နေပြီ။ ဘာဘဲဖြစ်ဖြစ် ၂၀၁၀-ကိုဖြတ်သန်းနိုင်ဖို့ အော်တားနေးတစ် အခြားတဘက်ကနေရှာကြည့်ပါအုံး။

မှတ်ချက်။ ။ တူမောင်ညို သည် လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အထွေထွေးအတွင်းရေးမှုးဖြစ်သည်။ ကိုအောင်သူငြိမ်းသည်လည်း ထိုပါတီ၏ ဒု-ဥက္ကဌ အဖြစ်လည်းကောင်း၊ ABSDF ၏ အထွေထွေအတွင်းရေးမှုး အဖြစ်လည်းကောင်း တာဝန်ယူဘူးခဲ့သူဖြစ်သည်

View My Stats