ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/2/10

တော်လှန်ရေးပါလီမန်ကိစ္စ

NCUB/NCGUB ၏ အတွင်းရေးဖိုင်တခု
ခင်ဗျားရေးတဲ့စာကိုတွေ့လို့ ပြန်ရေးတာပါ။ မရေးရင်လည်း မပြည့်စုံလို့ပါ။ အားလုံးသိအောင် ဒီစာကိုရေးတာပါ။ လ၀တော့ မထားချင်ဘူး။

ကိုအောင်မိုးဇော်မေးလည်း မဖြေဘူး။ သူတို့ မဟာဗျူဟာတောင် မပြောတဲ့ကိစ္စပဲ။ အခုတော်လှန်ရေးပါလီမန်ကိစ္စဆိုရင် ပိုဆိုးပေါ့။

NCUB ကို အဆိုးမြင်နေတာမဟုတ်ဘူးဗျ..။ အရမ်းချစ်စရာကောင်းတဲ့ NCUB တခုပါ။ ဒါပေမယ့် လက်ရှိအတွင်းရေးမှုးဖြစ်တဲ့ ဦးမောင်မောင်၊ ဦးမြင့်သိဏ်းက ကောင်းတဲ့လူတွေမဟုတ်ဘူးဆိုတာ တော်လှန်ရေးထဲမှာပါတဲ့လူတိုင်းကိုမေးကြည့်ပါ။ ဒါက လက်ရှိတာဝန်ယူနေတဲ့ လူတွေရဲ့ အပိုင်း။

တောလှန်ရေးပါလီမန်ကိစ္စကိုပြောပြမယ်။ ခင်ဗျားပြောသလို တပ်ပေါင်းစုအဖွဲ့တွေအပြောင်းအလဲတစ်စုံတရာရှိတာတော့ကောင်းပါတယ်။ မကောင်းဘူးလို့ပြောနေတာမဟုတ်ဘူး။ သို့သော် သူ့အတိုင်းအတာတော့ရှိတယ်။ အချိန်ရှိတယ်။ အခုဟာက ပြည်တွင်းမှာ ဦးဝင်တင်တို့လုပ်မဲ့ကိစ္စကို ကန့်လန့်လုပ်နေသလိုဖြစ်နေလို့ ပြောနေတာပါ။ ဖြစ်နိုင်ရင် ဒီကိစ္စပြီးမှ လုပ်လို့မရဘူးလား။ အခုလ ၄-၅ ရက်နေ့ကြမှ လုပ်တာက တခုခုတော့ တခုခုပဲ။

နောက်တခု ငွေကိစ္စ၊ တော်လှန်ရေးပါလီမန်ဖြစ်ရင် နိုင်ငံသုံးနိုင်ငံက ငွေရမယ်လို့ကြားတယ်။ အတိအကျတော့ မသိဘူး။ ဦးမောင်မောင်နဲ့ ကိုအောင်မိုးဇော်ပဲသိမယ်။ ဒါက တခု။

ဘာ့ကြောင့် NCUB and NCGUB ဟာ ရွေးကောက်ပွဲကိစ္စကို ဦးစားမပေးပဲ တော်လှန်ရေးပါလီမန်မှ ပါလီမန်ဖြစ်နေတာလဲ။ ၂၀၀၈-ဖွဲ့စည်းပုံက တော်လှန်ရေးပါလီမန်ထက်အရေးကြီးလား။ အစိုးရတိုးချဲ့ ဖွဲပြီးတယ်ပဲထားပါစို့...ဘယ်လောက်ထိ လုပ်နိုင်မှာလဲ။ ဘာလုပ်ဖို့ဖွဲ့တာလဲ။ ဘယ်သူ့ကို ကိုယ်စားပြုမှာလဲ။ အဲဒိအထဲမှာ အင်အားစုတိုင်းပါဝင်နိုင်မလား။ ဥပမာ ခင်ဗျားတို့လို ရခိုင်အဖွဲ့တွေကော၊ SYCB တို့လို ကျောင်းသားအဖွဲ့တွေကော၊ ၈၈-မျိုးဆက်ပြည်ပကော စသဖြင့်စသဖြင့်။ ပါနိုင်လား။ သိရသလောက်တော့ အဖွဲ့အစည်းက ခေါင်းဆောင်တွေပဲ ငြိပြီးလုပ် ပြီးရင် ရာထူးယူ၊ ပရိုပိုဆယ်တင် ၀ါး၊ ဒါနဲ့ပဲ အဆုံးသတ်တာများလို့ပါ။

အားလုံးသတိထားကြဖို့ ကျနော့်အမြင်ကို တင်ပြနေခြင်းသာဖြစ်ပါတယ်။ တိုးချဲ့ မကလို့ ကြားဖြတ်ပဲဖွဲ့ဖွဲ့ ကျနော်အတွက်တပြားမှ မရဘူး။ လူလေးစားအားထားရတဲ့ တော်လှန်ရေးတပ်ပေါင်းစုအစိုးရဖြစ်ရင် သိပ်ကောင်းပေါ့။ အခုဟာက လုပ်စားဖို့ဆိုတဲ့စကားလုံးက ကျနော့်ခေါင်းထဲမှာ စွဲနေပြီ။ ဒါကို ဘယ်သူရှင်းပေးမလဲ၊ ရှင်းပေးနိုင်ရင် ယုံမယ်ဗျာ။

ဆန်ဖရန်စစ္စကိုမှ ၂၀၁၀-ရွေးကောက်ပွဲအားဆန့်ကျင်ဆန္ဒပြ

အောက်တိုဘာလ (၃၁) ရက်နေ့ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ်္စကိုမြို့ တွင် ၂၀၁၀-ရွေးကောက်ပွဲအားဆန္ဒပြနေကြပုံဖြစ်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ရဲဘော် ကျော်နိုင်လည်း ဆန္ဒပြပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည် 

နအဖ၏ လက်တန်တခုကို မိမိရရ ရိုက်ချိုးပစ်လိုက်ခြင်း

ယခုမြင်ရတဲ့ ဘုရားသုံးဆူက အတုဖြစ်တယ်လို့သိရတယ်။ ဒါက မြန်မာပိုင်နက်ထဲမှာပါ။
ဘုရားသုံးဆူအစစ်က ယခုမြင်ရတဲ့ အင်းရဲ့ အောက်မှာဖြစ်ပါတယ်။ ဒီအင်းကို ထိုင်းက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ထားပုံရပါတယ်။ မြန်မာပိုင်နက်က ဒီနေရာထိရှိတယ်လို့ ပါးစပ်ရာဇ၀င်အရသိရတယ်။ ဒါ့ကြောင့် ဒီနေရာလေးမှာ မွန်နဲ့ကရင်တွေအများစု နေထိုင်ကြတာပါ။ ထိုင်းနိုင်ငံပိုင်ဖြစ်ပေမဲ့ ထိုင်းလူမျိုးက ဒီမြို့ လေးမှာလက်ချိုးရေလို့ရပါတယ်။ မြို့ လေးရဲ့ နာမည်က စံခလပူရီဖြစ်ပါတယ်။ ပြည်တွင်းစစ်ကာလမှာ ကျနော်တို့ တိုင်းပြည်ရဲ့ နယ်မြေအစိတ်အပိုင်းတချို့ ယခုလိုဆုံးရှုံးရတာမြင်ရတော့ ရင်ကျိုးမရဖြစ်မိပါတယ်

နအဖမှာ လက်တန်တွေအများကြီးရှိတယ်။ အဲဒီအများကြီးထဲက အရေးကြီးတဲ့ မည်သည့်လက်တန်ကို ရိုက်ချိုးလိုက်သလဲဆိုရင် အမေရိကန် ပြည်ထောင်စုမှာနေထိုင်နေကြတဲ့ ၈၈မျိုးဆက်တွေနဲ့ ဒီမိုကရေစီအရေးဆောင်ရွက်နေသူတွေ၏ကြိုးပမ်းမှုကြောင့် အောက်တိုဘာ ၇ ရက်နေ့ က နအဖ၏ “အာရုဏ်ဦးမှာ ဖူးသည့် ကြာ” ၀ါဒဖြန့် ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ထားသော ၀ိုင်းစုခိုင်သိန်း အပါအ၀င် တီးဝိုင်းတဖွဲ့ လုံးကိုနေထိုင်ခွင့် ဗီဇာပြန်ရုပ်သိမ်းလိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်၊

ဒီကိစ္စမျိုးကို တော်တော်များများက နိုင်ငံရေးကိစ္စမဟုတ်ဘူး၊ အသေးအဖွဲကိစ္စ တခုအဖြစ်သာမြင်ကြ
တယ်၊ တကယ်တော့ ဒါဟာ နအဖ အာဏာတည်မြဲရေးအတွက် နည်းလမ်းတွေထဲကတခုပဲ၊ နအဖ ဟာ သူ့ ရဲ့  လက်တန်တွေကို မရှည်ရှည်အောင်ဆန့် ပြီး စည်းရုံးရေးကို နည်းပေါင်းစုံနဲ့ လုပ်လာတာ ယနေ့ ဆိုရင် မြန်မာပြည်သူလူထု၏ဆန္ဒ သဘောထားနှင့်မကိုက်ညီသော ၂၀၀၈ ဖွဲ့ စည်းပုံကို သူရဲ့  ဒေါက်တိုင်များ၏ အားဖြင့်၎င်း၊ စစ်အာဏာကိုသုံး၍၎င်း အတင်းအမ္မအတည်ပြုခဲ့ ပြီး အခုလာမည့်  နိုဝင်ဘာလ ၇ ရက်တွင် ထို ၂၀၀၈ ဖွဲ့ စည်း ပုံကို အခြေခံပြီး ရွေးကောက်ပွဲကိုပြုလုပ်တော့မှာဖြစ်တယ်၊ ၁၉၉၀ ခု ဂျုလိုင်လစာရင်းအရ မြန်မာပြည်မှာလူဦးရေ ၄၁ သန်းကျော်ရှိတုံးက နအဖရဲ့လက်တန်တွေ အများကြီးမရှိသေးဘူး။ ဒါကြောင့် သူထင်တိုင်းလုပ်လို့ မရသေးဘူး၊ အခုသူထင်တဲ့ အတိုင်းလုပ်လို့ ရ တဲ့အခြေအနေတွေရောက်လာတော့မှ ၂၀၀၈ ဖွဲ့ စည်းပုံတို့ရွေးကောက်ပွဲတို့ လုပ်လာတာပဲဖြစ်တယ်။

သူထင်တိုင်းလုပ်လို့ ရတဲ့ အခြေအနေရောက်အောင် နည်းနည်းခြင်း သွတ်သွင်းလာတာဘဲ၊ ကျနော် တို့ ပေါ့ ပေါ့ လေးလို့ တွေးခဲ့ တဲ့ ကိစ္စတွေတော်တော်များများကို သူတရစ်ခြင်း ရစ်လာတယ်ဆိုတာ ကျနော်တို့ အားလုံးသဘောပေါက်သင့် တယ်၊ ကျနော်သိတဲ့ ဗဟုသုတအရပြောရရင် ကျနော်တို့ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရောက်တဲ့ အခါ ထိုင်းအစိုးရရဲ့  ကိုလိုန်ီနယ်ချဲ့ လက်သစ်စနစ် က ဒီလို..... မြန်မာနိုင်ငံ အစိုးရတွေမလုပ်နိုင်တဲ့ နယ်စပ်ဒေသတွေကို လမ်းဖောက်တယ်၊ လျှပ်စစ်မီးသွယ်တယ်၊ တယ်လီဖုန်းလိုင်းတွေတပ်ပေးတယ် ပြီးတော့ မွန်လူမျိုးတွေ၊ မြန်မာလူမျိုးတွေရှိတဲ့  မြန်မာပိုင်နယ် မြေမှာ နယ်မြေမှတ်ပုံတင်ကဒ်တွေထုတ်ပေးပြီးနေထိုင်ခွင့် ပေးထားတယ်။ အနှစ်၂၀ လောက်ကြာတဲ့  အခါ အဲဒီမှာနေတဲ့ မြန်မာပြည်သားတွေက ထိုင်းနိုင်ငံသား လက်မှတ်တွေနဲ့ ဖြစ်ကုန်ပြီ ၊ အဲဒီလူတွေ နေတဲ့နေရာ မြန်မာပိုင်မြေတွေလည်း ထိုင်းမြေပုံထဲရောက်သွားပြီ၊ အဲဒါကြောင့် မြန်မာအစိုးရအဆက်ဆက်မှာ နယ်စပ်နယ်နမိတ်ရေးဆွဲတဲ့ ကိစ္စဘယ်တော့မှမပြီးတော့တာပဲ၊ လက်ရှိတရုပ်အစိုးရ၏ မြန်မာပြည်ကို သူတို့ ရဲ့  ပြည်နယ်တခုအဖြစ်ထားချင်လို့ နအဖနဲ့ ဆက်ဆံကျင့် သုံးနေတာလည်း ဒီစနစ်ပဲ ၊ထိုင်းနိုင်ငံရဲ့ ကိုလိုနီနယ်ချဲ့ လက်သစ်ဝါဒနဲ့  မြန်မာစစ်အာဏာရူး အစိုးရများ အဆက်ဆက်မှာ တလွဲ ဆံပင်ကောင်းမှုတွေကြောင့် အဲဒီနယ်နမိတ် ပြသနာမပြီးတာပဲ။

ဒီနေ့ ဒီအချိန်မှာ နအဖကလည်း ကိုလိုနီနယ်ချဲ့ လက်သစ်ဝါဒ အတိုင်း ကိုယ့် နိုင်ငံသားတွေကို ပြန်ကျင့်သုံးနေတာ ကြံ့ ဖွံ့ အဖွဲ့ ဆို အခြေအနေတခုမှာနအဖကို တောင့်ခံပေးထားတဲ့ အင်အားတွေ ဖြစ်လာနေတာ အခုပိုသိလာတော့တယ်၊ ကြံ့ ဖွံ့ အင်အားဟာ နအဖ၏ အဓိကအင်အားအဖြစ် အနှစ် ၂၀ အတွင်းမှာ ၂၄ သန်းကျော်ထိရောက်ရှိသွားခြင်းကသက်သေပြနေတယ်၊

ဆိုလိုတာက နအဖက နည်းအမျိုးမျိုးနဲ့  ကြံ့ ဖွံ့ အဖွဲ့ လိုမျိုး စီးပွားရေးသမားတွေကို သူ့ အင်အားအဖြစ်
အခွင့် အရေးပေးပြီးသိမ်းသွင်းထားတယ်၊ စစ်တပ်ကိုလည်း အကျိုးတူပူးပေါင်းသော စစ်အာဏာရှင် အုပ်စု၏လက်ဝေခံတပ်အဖြစ်ဖန်တီးထားတယ်၊ အဲဒါတွေတင်မကသေးဘူး စာရေးဆရာတို့ ၊ ရုပ်ရှင်သရုပ်ဆောင်တို့ ၊ အဆိုတော်တို့ ကိုလည်း မသိမသာအခွင့်အရေးပေး၊ ပိတ်ပင်ခြိမ်းခြောက်ပြီး သူ့  အတွက်ဝါဒဖြန့် လုပ်ရပ်တွေလုပ်ခိုင်းခဲ့ တယ်၊ ခရစ်ယာန်ဘာသာရေးခေါင်း Andrew Mya Han တို့  ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒေါက်တာ ဦးရေ၀တ (အင်္ဂလန်) တို့ ဆို ခင်ညွန့် လက်ထက်မှာ KNU နဲ့  မြန်မာတော်လှန်ရေးအင်အားစုတွေကြား နအဖကိုယ်စားလှယ်အဖြစ်လာသွားကြတာပဲ၊ ဒါတွေပြောရင် အများကြီးပါ ဆိုလိုချင်တာက အာဏာရှင်ကိုဆန့် ကျင်တဲ့ အင်အားစုတွေက ကိုယ့် စည်းကို လုံအောင် ထိမ်းတတ်ဖို့ လိုအပ်တယ်၊ ကိုယ့်စည်းထဲကိုရန်သူ နအဖရဲ့ ဒေါက်တိုင်တွေကို မည်သည့် အကြောင်း ပြချက်နဲ့ ဖြစ်ဖြစ်အ၀င်မခံဖို့ အထူးသတိထားနိုင်ဖို့ လိုပါတယ်၊

ကျနော်တို့ မှာ မိတ်ဆွေဘက်ကလား ရန်သူဘက်ကလားဆိုတာလောက်တော့ ခွဲခြားဆုံးဖြတ်နိုင်တဲ့  ဆင်ခြင်တုံတရားရှိသင့်ပါတယ်၊ ဒီနေရာမှာ သိထားဖို့ လိုတာက အနုပညာရှင်တွေအနေနဲ့ လည်း ပြည်သူနဲ့ တသားတည်းပဲဖြစ်သင့်တယ်၊ သူတို့ လည်းပြည်သူတွေပါပဲ၊ မိမိတို့ အခွင့်အရေးအတွက်ပဲ လုပ်နေကြရင် ပြည်သူနဲ့ တသားတည်းမဖြစ်ပဲ စစ်အုပ်စု၏ အသုံးချခံ အနုပညာရှင်တွေသာဖြစ်သွား ပါလိမ့် မယ် ။

နအဖ၏ လက်တန်တွေကို ကျနော်တို့ အားလုံး သေသေချာချာ မတားဆီးနိုင်ခဲ့တဲ့အတွက် အဲဒီလက် တန်တွေ၏ထိုးနှက်မှုကို ဒီမိုကရေစီရေးကြိုးပမ်းနေသူများအားလုံးခံနေရပြီ ၊ နအဖက ၂၀၀၈ အခြေခံ ဥပဒေမျိုးကို လက်ဦးမှုရယူထားပြီး အာဏာရှင်စနစ်ကို ၁၉၉၀ ခုနှစ်က လူထုထောက်ခံမှုအားနဲ့ ၊ နိုင်ငံ တကာအသိအမှတ်ပြုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် လိုခေါင်းဆောင်မျိုးနဲ့ ဆန့် ကျင်တော်လှန် ခွင့်ရတာမျိုး နောက်တခါပြန်ရဖို့ မလွယ်တော့ဘူး၊ ရခဲ့တဲ့အခွင့်အရေးကို ကျနော်တို့ အားလုံးပိုင်ပိုင် နိုင်နိုင်အသုံးမချနိုင်ခဲ့တဲ့ အတွက် ရလာဒ်ကတော့ စစ်တပ်ကထာဝရ အုပ်ချုပ်ခွင့် ရှိတဲ့စစ်အာဏာရှင် စနစ်ကို အမိမြန်မာပြည်ကြီး ရက်ပိုင်းအတွင်း အသွတ်သွင်းခံရတော့မှာပဲဖြစ်တယ်။ ကျနော်တို့ လည်း အဲဒီအခြေအနေတွေကို အစကပြန်ပြီး ပြင်ဆင်ဖို့ ၊ ပိုပြီးခက်ခဲတဲ့ တော်လှန်မှုတရပ်ဆင်နွှဲရပါအုံးမယ်၊ သမိုင်းကပေးတဲ့ သင်ခန်းစာယူဖို့ ကောင်းပါတယ်၊ နောင်တလည်းရကြဖို့ ကောင်းပါတယ်၊ ကျနော်အပါအ၀င် ကျနော်တို့  အားလုံးအတ္တကြီးခဲ့ကြတယ်လို့ ဆိုချင်ပါတယ်၊ ကျနော်တို့ ရဲ့ အတ္တတွေကိုတတ်နိုင်သလောက်လျှော့ ချပြီး တိုင်းပြည်အတွက်ပေးဆပ်နိုင်ကြဖို့ ပိုပြီးကြိုးစားသင့်ပါတယ်၊

အခု နအဖ လက်တန်တခုဖြစ်တဲ့  “အာရုဏ်ဦးမှာ ဖူးသည့် ကြာ” ရုပ်ရှင်ကားကို ရွေးကောက်ပွဲမတိုင်မီ အချိန်ကိုက် ပြည်သူကိုဝါဒဖြန့် စည်းရုံးဖို့ ရိုက်ပြီးပြတယ်၊ ပြည်တွင်းမှ ပြည်သူတွေအတွက်တော့ ၈၈ မျိုးဆက်နဲ့ နောက်ပိုင်းမျိုးဆက်တွေကို တတ်နိုင်သလောက်အဆက်ဖြတ်ထားပြီးပြီ မျိုးဆက်အသစ် တွေကို ဒီလိုရုပ်ရှင်ကားမျိုးနဲ့ စည်းရုံးရင်လုံလောက်တယ်လို့ နအဖ ထင်ရင်လဲထင်မှာပေါ့ ၊ အဲဒီထင်လုံးနဲ့ ပဲ ပြည်ပမှာလည်းသူ့ ကိုမျက်နှာလို မျက်နှာရ လုပ်ချင်သူတွေရဲ့ အားနဲ့ နိုင်ငံတကာ ဒီမိုကရေစီရေးလုပ်နေသူတွေကြား ပဠိပက္ခ ဖြစ်အောင်ဖန်တီးဖို့ အတွက် ၀ိုင်းစုခိုင်သိန်းတို့ အဖွဲ့ ကို အမေရိကန် ပြည်ထောင်စုသို့ ၎င်း၊ ခန့် စည်သူတို့ ကို သြစတြေးလျသို့ လာခိုင်းပြီး ထိုးခွဲဖို့ ကြိုးစားတော့တာပဲ၊

ဒါပေမဲ့ နအဖ မသိတဲ့ အချက်က ၈၈ မျိုးဆက်နဲ့ မြန်မာ့ ဒီမိုကရေစီအရေးဆောင်ရွက်နေသူတွေက
လိုချင်တာက စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ပဲ၊ စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကိုတော့ လက်မခံနိုင်ဘူး
ဆိုတာ နအဖဒေါက်တိုင်တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းပါတဲ့ တီးဝိုင်းတခုလုံးကို ဗီဇာရုပ်သိမ်းပြီး မြန်မာပြည် ပြန်မောင်းထုတ်လိုက်ခြင်းကသက်သေပြလိုက်တာပဲ၊ ခန့် စည်သူလည်း သြစတြေးလျှကိုလာရင် ၈၈ မျိုးဆက်တွေကလည်း သဘောထားထုတ်ပြန်ထားပြီးပြီ၊ ဒါကြောင့် သူရင်ဆိုင်ရမဲ့ အခြေအနေတွေကို တွက်ဆထားပုံရတယ်၊ ဒါကြောင့် သူလုံးဝမလာတော့တာပဲ။ တနည်းပြောရရင် နအဖ၏ ကိုယ်လိုနီနယ်ချဲ့ လက်သစ်စနစ် မအောင်မမြင်ဖြစ်သွားတာပေါ့။

နောက်ဆုံးအနေဖြင့် နိုင်ငံအသီးသီးမှာရောက်ရှိနေကြသော ဒီမိုကရေစီအင်အားစုများကို တိုက်တွန်းလိုပါတယ်၊ ကျနော်တို့ သည်
ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် မဟုတ်၊ တိုင်းပြည်မျက်နှာတခုကိုယ်ပဲကြည့် ၍ ၊ မြန်မာတပြည်လုံး စစ်ကျွန်ဘ၀မှလွတ်မြောက်စေချင်လျှင်တော့ 

စစ်အာဏာရှင်၏ သားသမီးများ၊ ဆွေမျိုးများ၊ ၎င်းတို့ ၏ဒေါက်တိုင်များကို မိမိတို့ ရောက်ရှိနေသော နိုင်ငံများတွင်လာရောက် ပညာသင်ကြားနေခြင်း၊ စီးပွားရေးလုပ်ကိုင်နေခြင်း ၊ နေထိုင်ခြင်းများကို
ပြတ်ပြတ်သားသား ဖယ်ရှားပစ်ကြဖို့ တိုက်တွန်းလိုပါတယ်၊

အားလုံးကိုလေးစားစွာဖြင့်

စိုးလွင်
ဆစ်ဒနီမြို့ 
နိုဝင်ဘာလ ၁ ရက်၊ ၂၀၁၀
Email: soelwinsydney2010@gmail.com

View My Stats