7/15/10
၄၀ ကျော် မှာတမ်း(အောင်မျိုးမင်း)
ဘဝဆိုတာ
၎ဝ က စသတဲ့
ခဏခဏ ကြားဘူးခဲ့ပါရဲ့။
ဘဝစလောက်
အချိန်ရောက်မှ
ကိုယ့်ကိုကိုယ်ပြန်တွေး
အတိတ်ကိုငေးရင်း
ဘာလုပ်ခဲ့သလဲ ပြန်မေးဖြစ်တော့တယ်။
စွဲလမ်းခဲ့တဲ့
အဓိပ္ပာယ်ရှိတဲ့ရေတခွက်သီချင်း
ခဏခဏငြီးရင်း
ကိုယ်ပေးခဲ့တဲ့ရေတခွက်
လိုနေသူဆီလား ပိုနေသူဆီလား
ဝေဝါးမကွဲပြား ဒွိဟပွားခဲ့၊
ဘယ်သူတွေအတွက်
ဘာလုပ်ခဲ့သလဲမေးခွန်း
ဦးနှောက်တံခါးကို တွန်းဝင်လာခဲ့၊
လူသားတွေအတွက်
ငါ့အတွက်
ငါ့တိုင်းပြည်အတွက်
မိသားစုအတွက်
ငြိမ်းချမ်းရေးအတွက်
အချစ်ရေးအတွက်
အတွက် အတွက်တွေ အတွက်
အိပ်မက်တွေမက်ခဲ့
ပင့်သက်ရှိုက်ခဲ့
မျှော်လင့်ခြင်းပုလင်းတလုံး
စိတ်ကူးထဲမျှောခဲ့တာလဲ
အကြိမ်ကြိမ်ပါဘဲ။
ကိုယ့်ကိုကိုယ်မညှာတမ်း
ပြန်စမ်းစစ်ရမယ်ဆိုရင်
မာနနွယ်တွေနဲ့ ရစ်နှောင်တွယ်ခဲ့
သံယောဇဉ်တွေနဲ့ အကြိမ်ကြိမ်ကွေကင်းခဲ့
နှလုံးသားမှာလဲ အရှုံးများအပြည့်နဲ့
ခိုင်မာခဲ့တဲ့ပန်းတိုင်ဟာလဲ
ခပ်နဲ့နဲ့ ယိုင်လဲခဲ့
၎ဝ နဲ့ဘဝစမဲ့လူသား
ခြေလှမ်းတွေမခိုင်လှသေးပါလား။
ဘဝအမောတွေပွေ့ထား
မျှော်လင့်ချက်ဆေးဝါးကိုမှီဝဲလို့
အများအတွက် ဘာဆက်လုပ်မလဲ
မေးခွန်းတွေကျန်ရစ်စဲ
နောက်ဘယ်နှစ်နှစ် ဆက်လျှောက်ရအုန်းမှာလဲ။
ကိုအောင်မျိုးမင်း (faceebook) မှ....
မှက်ချက်။ ဟုတ်တော့လည်းဟုတ်သားပဲ။
စောက်သုံးမကျတဲ့ဗမာတွေကွာ...
ငါ...-ိုးမသားတွေ စောက်ခွက်က ငတ်နေတုန်းကတမျိုး၊ ဒုက္ခရောက်တော့တမျိုး၊ ထမင်းဝတော့တမျိုး၊ -ီးလိုပဲ။
Subscribe to:
Posts (Atom)