ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

12/12/08

ကရင်လူငယ်လေးတစ်ဦးရဲ့တီထွင်မှု

သူ့ရဲ့တီထွင်မှုကို ဂုဏ်ယူစွာနဲ့ ကျောင်းကထုတ်တဲ့ Newsletter မှာ ဖော်ပြပုံ
ကျနော့်သူ့အိမ်ကိုသွားပြီး ဓာတ်ပုံရိုက်ခွင့်တောင်းတော့အခုလို တွေ့ခဲ့ရတယ်
သူ့အိမ်မှာ အခုလိုအမှတ်တရ သိမ်းထားတယ်။

ဒီလူငယ်လေးဟာ အသက် ၁၇-နှစ်ပါ။ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ အုန်းဖန်ဒုက္ခသည် စခန်းမှာကြီးပြင်းလာပြီး သြစတျေးလျနိုင်ငံ Perth မြို့ကို ၂၀၀၆-ခုနှစ်ထဲမှာ အခြေချနေထိုင်ခဲ့တာပါ။ မြန်မာလိုသိပ်မတက်ပါဘူး။ သူ့မိသားစုကတော့ KNU မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေပါ။ သူက Perth ကိုစရောက်တော့ ၁၁-တန်းကနေ ကျောင်းတက်ပါတယ်။ အခုတော့ ၁၂-တန်းပြီးသွားလို့ Mechanic သင်တန်း ကိုတက်ဖို့စောင့်နေသူပါ။ ၁၂-တန်းတက်ရင်းနဲ့ ကျောင်းက တချို့သင်တန်းအချိန်တွေမှာ အခုလို စက်ဘီးအသစ်အစမ်း ကိုတင်ထွင်ခဲ့တာပါ။ ကျောင်းမှာရှိတဲ့ တခြားနိုင်ငံသားတွေထဲမှာတော့ သူ့ရဲ့တီထွင်မှုကို သဘောကျလို့ သူတက်တဲ့ကျောင်းက ဂုဏ်ယူစွာနဲ့ တခမ်းတနား သတင်းစဉ်ထဲမှာ သူ့ကိုဖော်ပြပေးပါတယ်။ ကျနော်တို့မြန်မာပြည်က လူငယ်တွေဟာ ဘယ်အခြေအနေရောက်ရောက် မညံ့ဘူးဆိုတာကိုပြလိုက်တာပါပဲ။ အခုဆိုရင် သူဟာ Perth မြို့မှာ စက်ဘီးအသစ်အစမ်းကို စတင်တီထွင်ခဲ့တဲ့ မြန်မာနိုင်ငံက ကရင်လူငယ်လေးအဖြစ် ထင်ရှားနေပါပြီ။
ငါတို့ ဘယ်တော့မှ မညံ့ဘူး.....

View My Stats