ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

6/8/10

ကမ္ဘာကြီးတောင်ဒီလိုဖြစ်နေတာပဲ

တနေ့ သူငယ်ချင်းအိမ်ကိုသွားလည်ရင်းနဲ့ သူ့ဦးလေးနဲ့တွေ့တယ်။ သူ့ဦးလေးက Perth မှာ PhD ရပြီး Consulatant လုပ်နေတဲ့ စိတ်ပညာရှင်တစ်ယောက်ပါ။ သူနဲ့တွေ့တုံး ကိုယ်သိချင်တာကိုမေးဖြစ်ပါတယ်။

"ကျနော့်မှာ မကောင်းမြင်တက်တဲ့စိတ် (Negative Sense) များနေတယ်...အဲဒါ ဘာဖြစ်လို့လဲ..ဆရာ" လို့မေးမိတယ်။

သူက ကျနော့်ကို တစ်လုံးတည်အဖြေပေးပါတယ်။

"ကမ္ဘာကြီးတောင်ဒီလိုဖြစ်နေတာပဲ" ဆိုတဲ့အဖြေပါ။ သူ့အဖြေကို ကျနော်ပြန်စဉ်းစားကြည့်ပါတယ်။ ဒီလိုမျိုးပါ။ သဘောတူတဲ့သူ ရှိရင်လည်းရှိမှာပါ။ လက်မခံတဲ့သူလည်းရှိနိုင်ပါတယ်။

အရင်ဦးဆုံး တခြားကမ္ဘာကလူတွေနဲ့ပက်သက်ပြီးမပြောခင် ကျနော်တို့ပတ်ဝန်းကျင်နဲ့ပက်သက်ပြီး အရင်ပြောချင်ပါတယ်။ မြန်မာပတ်ဝန်းကျင်ပေါ့။ မြန်မာလူမျိုးတွေရဲ့ ယဉ်းကျေးမှုထဲမှာ ချီးမွမ်းတာနည်းပြီး၊ ကဲ့ရဲ့ တာများပါတယ်။ သူများကောင်းစားရင် မနာလိုတဲ့လူ များတယ်လို့လည်းပြောနိုင်ပါတယ်။ သတင်းတွေထက်စာရင်၊ အတင်းတွေကပိုများတယ်။ ဥပမာ.. သူများမကောင်းကြောင်းသတင်းတွေပေါ့။

မီဒီယာတွေကိုကြည့်မလား။ သတင်းတော်တော်များများက ချို့ ယွင်းပျက်စီးနေတဲ့သတင်းတွေကို ဦးစားပေးဖော်ပြကြတာများတယ်။ ပြည်တွင်းက မြန်မာ့အလင်းသတင်စာကိုပဲကြည့်ကြည့်၊ ဂျာနယ်တွေကိုပဲကြည့်ကြည့် Negative Sense ကိုဦးစားပေးတာပဲများတယ်။ ကောင်းတာကိုဖော်ပြတာဆိုလို့ စစ်အစိုးရကောင်းကြောင်းပဲ ရေးတယ်။ ပြည်ပ မီဒီယာကိုလည်းကြည့်။ ထိုနည်းလည်းကောင်းပဲ။ စစ်အစိုးရရဲ့ မှားယွင်းစွာအုပ်ချုပ်၊ ဗိုလ်ကျနေတာကိုပဲ ဦးစားပေးဖော်ပြတယ်။ ဒါ့ကြောင့် ကျနော်တို့လည်း ဒီပတ်ဝန်းကျင်မှာကြီးပြင်းလာတဲ့လူဆိုတော့ Negative Sense များတာဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

မြန်မာပြည်လိုပဲ ကမ္ဘာပေါ်က မီဒီယာတွေလည်း ပျက်စီးမှားယွင်းနေတဲ့ သတင်းအချက်အလက်တွေကို နေ့စဉ် ကျနော်တို့ ဦးစားပေးကြားနေရတယ်။  ကမ္ဘာပေါ်မှာ BBC CNN စတဲ့ သတင်းဌာနပေါင်း၊ ရာနဲ့ချီရှိပါတယ်။ ဒီသတင်းဌာနတွေကလည်း မကောင်းမြင်တဲ့စိတ်ပေါ်အခြေခံပြီး သတင်းလိုက်ရတာဆိုတော့ သတင်းဖတ်သူတွေ၊ နားထောင်သူတွေအားလုံးလည်း အလိုအလျှောက်မကောင်းမြင်တဲ့စိတ်များကြီးစိုးသွားလေသလားပေါ့။ စိတ်ပညာရှင်ဆရာကြီး ဖြေသလို ကမ္ဘာကြီးတောင်ဒီလိုဖြစ်နေတာပဲ...ဆိုတော့ ကျနော်မြင်တာမမှားဘူးလို့ပဲ ကောက်ချက်ချမိတယ်။

View My Stats