
ဒီနေ့ဗျာ.. ပျင်းပျင်းရှိတာနဲ့ youtube မှာ သီးလေးသီး ဟာသတွေကြည့်ချင်လို့ ဖွင့်မိတယ်။ သီးလေးသီးကြည့်ရင် ရီရတော့ အပျင်းပြေတယ်။ ရိုးရိုးရီရတာ မဟုတ်ဘူး။ စပါယ်ရှယ်ကို ရီရတော့ တအားရီပြစ်တယ်။ တခမ်းပြီး တခမ်း ကြည့်တယ်။ နောက်တခုပေါ်လာတာက DVB က မသီတာ တင်ဆက်တဲ့ ဟာကိုတွေ့တော့ ပိုပြီးရီရတယ်။ အိုက်တင်ကလည်းပိုလွန်းအားကြီးတယ်။ ရုပ်ကလည်းဆိုး သေးတယ်။ ဒီဗွီဘီမှာ လူမရှိတော့ဘူးလားမသိဘူး။ ကျနော်အဲဒါကိုကြည့်ပြီး နောက်ဒီဗွီဘီကြည့်ဖို့ တော်တော် ၀န်လေးတယ်။ သြော်...ဒုက္ခ...လူလဲစမ်းပါဗျာ..ကြည့်ရတာ မျက်စိနောက်တယ်။