ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

12/24/09

ခရစ်မက်သီချင်း

ခရစ်မတ်။ ကိုယ်နဲ့ဘာမှမဆိုင်ပါဘူး။ ခရာစ်ယန်ဘာသာဝင်တွေအတွက်ပဲဆိုပီး ခပ်ကင်းကင်းနေခဲ့တာ။ ဒါပေမဲ့ သူများပျော်တော့လည်း ကိုယ်လည်းလိုက်ပျော်ပေါ့ဗျာ...။ ဒါလည်း အုပ်ပျော်တမျိုးပဲ။

ဒီအချိန်ဆိုရင် သူများတိုင်းပြည်တွေမှာ နှင်းတွေဖွေးဖွေးလှုပ်နေလောက်ပီ။ မြန်မာပြည်မှာအေးနေလောက်ပီ။ ဒါပေမဲ့ သြစတျေးလျနိုင်ငံ မှာတော့တမျိုးပါ။

စောက်ရမ်းပူတယ်။ အပူချိန် ၃၅ အနည်းဆုံး။ အပြင်တောင်မထွက်ရဲဘူး။ ထွက်တာနဲ့ အမဲသားနေလှန်းသလိုပဲ။ လေကလည်း စောက်ရမ်းတိုက်။ ယခုနှစ်ရာသီဥတုက အရင်နှစ်တွေနဲ့လုံးဝမတူဘူး။ ပူလိုက်အေးလိုက်နဲ့။ အရင်းရှင်တွေကြောင့်(သို့) ချမ်းသာတဲ့နိုင်ငံတွေကြောင့် ဒီလိုဖြစ်လာတာကို လူသားတွေအားလုံးခံစားနေရတယ်။ ချမ်းသာတော့ လူတစ်စုပဲ။ ဒါ မတရားဘူး။

အခုလို ခရစ်မက်ပြီးရင် ၂၀၁၀-ကူးတော့မယ်။ ၂၀၁၀-မှာ ဘာတွေအပြောင်းအလဲရှိဦးမလဲမသိဘူး။ ၂၀၁၀-မကူးခင် ခရစ်မက်ညလေးမှာ ချီးကျတဲ့ သူငယ်ချင်းတစုနဲ့ ဒီလိုမျိုးသီချင်းတွေတောင် ဆိုလိုက်ချင်သေးတယ်။

" ကြည်ကြည်လင်လင်... ချမ်းအေးလှတဲ့၊ ည..ဒီအချိန်ခါ..ကိုယ်တော်ရှင်ဟာ မီးပုံဘေးမှာ ကွေးနေတာ...ချစ်ဆွေရယ် စန္ဒယားကို တီပါတယ်...."

ဒါပေမဲ့ ဒီလိုဆိုဖို့အခွင့်အရေးကျနော့်မှာမရှိတော့ပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ ချမ်းအေးလှတဲ့ ည..တွေအစား...ပူလောင်နေတဲ့ ညတွေကို ခရစ်မက်ကာလမှာ တွေ့နေရပြီလေ...။

သဘာဝပတ်ဝန်းကျင်ကိုချစ်ပါ။ ကမ္ဘာမြေကြီးကို ကာကွယ်ပါ။ ကွန်ဒုံသုံးပါ။

ဘာမှမဆိုင်ဘူးနော်...ဟဲ..ဟဲ..။

ဒေါ်စုမှာ အရည်အချင်းရှိလား

အကျဉ်းကျခံနေတဲ့ လူထုခေါင်းဆောင်တွေ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်း ရှိပါ့မလားဆိုတဲ့ မေးခွန်းကို မေးကြည့်ချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျနော့်မျက်စိရှေ့ မှာ လူထုခေါင်းဆောင်တွေ ပြည်သူကို စားဝတ်နေရေးပြေလည်အောင်၊ တိုင်းပြည်ကြီးပွားတိုးတက်အောင် ဘယ်သူမှလက်တွေ့ အကောင် အထည်မဖော်နိုင်သေးလို့ပါ။

စစ်ဗိုလ်ချုပ်တစုကတော့လက်တွေ့ တိုင်းပြည်ကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့အရည်အချင်းကို သူတို့ပြပီးပြီ။ နိုင်ငံရေးသမားတွေရဲ့ အရည်အချင်းကို ကျနော်တို့လက်တွေ့မမြင်ရသေးဘူး။ ဒီအထဲမှာ နာမည်ကြီးနေတဲ့ ဒေါ်စု၊ ကိုမင်းကိုနိုင် စတဲ့ လူတွေနဲ့ ပက်သက်ပြီး ဒီလိုတွေးမိတယ်။

ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်သက်တမ်းက ၁၀-နှစ်ကျော်ပါတယ်။ သူမအသက်လည်း ၆၀ နားကပ်နေပါပြီ…။ တပ်ထဲမှာလို ၆၀ ကျော်ရင် ပင်စင်ပေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ဒေါ်စုလည်းမကြာခင် ပင်စင်သွားခါနီးပြီ။ အကျယ်ချုပ်ခံနေရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေတယ်။ ဒါ့ကြောင့် ဒေါ်စုအာဏာရရင်တောင် တိုင်းပြည်ကို အုပ်ချုပ်နိုင်ပါ့မလားဆိုတဲ့မေးခွန်းမေးမိပါတယ်။ တခြားနိုင်ငံက ၊ နိုင်ငံရေးသမားတွေဟာ အကျယ်ချုပ်နဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။ တချို့  တော့ရှိမှာပေါ့လေ။

ကိုမင်းကိုနိုင် နဲ့ အခြားကျောင်းသားခေါင်းဆောင်တွေ

သူတို့လည်းဒေါ်စုထက်အခြေအနေဆိုးတယ်။ ပညာက ရန်ကုန်တက္ကသိုလ်ကပေးတဲ့ ပညာတပိုင်းတစပဲရှိတယ်။ ထောင်ထဲမှာနှစ်ပေါင်းနှစ်ဆယ်နီးပါး အကျဉ်းကျခံနေရတယ်။ ထောင်ထဲက ပညာပဲရှိနိုင်တယ်။ အတွေ့အကြုံ လည်းမရှိ။ ပြည်ပအတွေ့အကြုံ။ တိုင်းပြည်အုပ်ချုပ်နိုင်တဲ့အရည်အချင်းရှိပါ့မလား။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင် ရာအရည်အသွေးတွေကော ပြည့်မှီရဲ့ လား။ ဆိုလိုတာက စိတ်ရောဂါလိုဟာမျိုးတွေပါ။

ဒါဆိုရင် ဘယ်လိုလူမျိုးတွေ တိုင်းပြည်တိုးတက်အောင်၊ အရည်အချင်းရှိရှိ လုပ်နိုင်ပါသလဲ တွေးကြည့်ရအောင်ပါ။

ပြည်ပနေတဲ့ လူတွေလား။

ပြည်တွင်းကလား။

စစ်တပ်ကလား။

တချို့ ခေါင်းဆောင်တွေက တော်လှန်ရေးကိုဦးဆောင်တက်တယ်။ နိုင်ငံရေးလုပ်တက်တယ်။ ဆိုလိုတာက တိုက်တက်တယ်။

တိုင်းပြည်တည်ဆောက်တဲ့အခါမှာ သူတို့မလုပ်တက်ဘူး။

တချို့ တွေက နှစ်မျိုးစလုံးမှာအရည်အချင်းပြည့်တယ်။

ဒါပေမဲ့ယနေ့ခေတ် မြန်မာ့နိုင်ငံရေးသမားတွေ လက်တွေ့တိုင်းပြည်မှာ သူတို့လက်ထဲအာဏာရရင်တောင် တိုင်းပြည်နဲ့ပြည်သူကို တိုးတက်ကြီးပွားအောင်လုပ်ပေးနိုင်ပါ့မလား။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးသမားတွေ အာဏာမရတာ နှစ်ပေါင်း ၅၀ နီးပါရှိပြီဆိုတော့ လက်တွေ့အတွေ့အကြုံနဲ့ အရည်အချင်း မရှိကြတော့ပါဘူး။

အဓိကပြသနာက ပြည်သူကို စားဝတ်နေရေး ကိစ္စတွေ ပူပန်စရာမရှိအောင် လုပ်ပေးနိုင်တဲ့အရည်အချင်း၊ တကယ်လုပ်ပေးတက်တဲ့အရည်အချင်း၊ ဒါတွေကို ယနေ့ခေတ်နိုင်ငံရေးသမားတွေ အာဏာရရင်တောင် လုပ်နိုင်စွမ်းရှိပါ့မလား။


တွေးကြည့်တာပါ။ ကျနော့် ယုံကြည်ချက်ကတော့ ကျနော်တို့ဘ၀တွေကိုဘယ်သူကိုမှ ယုံပြီး ပုံမအပ်သင့် ကြောင်းပါ။ အားလုံးကို သံသယနဲ့စောင့်ကြည့်တာပဲကောင်းပါတယ်။

View My Stats