ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

8/12/09

ဂျာကာတာညီလာခံ

ဂျာကာတာပွဲမှာ ပါတီဥက္ကဌကြီး တက်မယ်။ ပြင်ပမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ NCGUB ကလုပ်တာလို့ပြော တယ်။ လုပ်စားပွဲလို့လည်းလူပြောများတယ်။ Plan တွေရေးပြီး အလုပ်မရှိအလုပ်ရှာတယ်လို့လည်းပြောတယ်။

ဒီလောက်နာမည်ဆိုးနေတာကို ဥက္ကဌက အားပေးသလိုဖြစ်မနေဘူးလား။ ခရီးကလည်းဝေးလွန်းတော့ လေယျာဉ်နဲ့သွားပြီးဟော်တယ်မှာဝီစကီချရမှာ။ အရင်တုန်းကလို လမ်းလျှောက်ပြီးလာဖို့ဆိုရင် ဘယ်သူ့ကို လွှတ်မလဲမသိဘူး။

ကဲ..ဒီတော့ဗျာ..မလုပ်သင့်တာကိုလုပ်တယ်လို့မြင်တယ်။ ကုန်ကျမဲ့စရိတ်တွေကို KNU နဲ့ ABSDF ကိုပေးလိုက်ရင် လက်နက်ကောင်းကောင်းတွေအများကြီးရအုံးမယ်။ အခုတော့ သဲထဲရေသွန်သလိုဖြစ်ပြီ။ ပွားမယ်..ပြီးရင်...ထုတ်ပြန်ကျေငြာချက်ထုတ်မယ်။ ဒါနဲ့ပဲ ရပ်သွားအုံးမယ်။

အစိုးရတခုဆိုတာ အစိုးရနဲ့တူတဲ့တန်တဲ့အလုပ်ကိုမလုပ်နိုင်ဘူးဆိုရင် ဘာလုပ်သင့်လဲဆိုတာကိုစဉ်းစား သင့်တယ်။ ၉၀-ရွေးကောက်ပွဲ ဆိုတဲ့ ရလဒ်ဟာ အားအားယားယားအလကားပေးထားတာမဟုတ်တာတော့ သိရမယ်။

ကျနော့်ကိုအခုလာပြီး..ငါတို့အဝေးရောက်အစိုးရကို ထောက်ခံပါလားလို့မေးရင်...ကျနော့်အဖြေက -ီးတောင် မထောက်ခံဘူး။ ဘာဖြစ်လို့လဲဆိုတော့....စောက်သုံးကျတဲ့အစိုးရမှမဟုတ်တာလို့ပြောမယ်။ အစိုးရအဖွဲ့ ၀န်ကြီးတွေ အပြင်ထွက်ပြီး အလုပ်လုပ်တဲ့အခါကိုတွေ့ချင်တယ်။ အဲဒိကျတော့မှ သန့်ရှင်းရေးအလုပ်တာင် ရမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်သာကိုဘယ်လိုဆေးရမလဲဆိုတာတောင် မသိလို့။ ၀န်ကြီးဆိုတဲ့နာမည်၊ လစာတွေဟာ အရမ်းကိုခုံမင်စရာကောင်းနေတော့ သူတို့ခင်ဗျာ..ဘယ်သူဘာပြောပြော စောက်ဂရုမစိုက်ဘူးဆိုတာမျိုးဖြစ်နေပြီ..။ ဒီလိုလူတွေကိုအားပေးတဲ့ အဖွဲ့တွေ၊ လူတစ်ဦးချင်းတွေမှာ တာဝန်ရှိနေပြီဆိုတာပြောပါရစေ။

View My Stats