၂၀၀၇-ခုနှစ် ဘုန်းကြီးတွေလမ်းပေါ်ထွက်ပြီး မိုးရွာထဲမှာလမ်းလျှောက်ပြီး ဒို့အရေး..ဒို့အရေး အာ တဲ့အချိန်မှာ မိုင်းမှာရောက်နေတယ်။ လူတွေနဲ့ဝေးတဲ့နေရာ။ ဗမာ အငွေ့အသက်ဆိုလို့ အင်တာနက်ပဲရှိတယ်။ ဆက်တလိုက်အင်တာနက်။ လုံးဝ မိုက်တယ်...အင်တာနက်က။ Tough Book တခုတောင် ဒေါ်လာ ငါးထောင်တန်တယ်။
ဒီအချိန်မှာ ဒေါက်တာလွဏ်းဆွေကိုတွေ့လိုက်တယ်။
သူ့ကိုဆက်ပြီးလေ့လာတယ်။ သူက ဘယ်သူလဲ။
သူ့ကို ဘာ့ကြောင့် လေ့လာလဲဆိုတော့ သူရဲ့ ဘလော့ဂ်က လုံးဝအထာကြတယ်။ သတင်းစုံတယ်။ အတင်းစုံတယ်။ ဗျင်းတာ ဆုံတယ်။ အချင်းချင်းလည်းဗျင်းတယ်။ ဒါကို သဘောကြလို့ နေ့တိုင်းဖတ်မိတယ်။ ဒါနဲ့ သူ့ကို လူခြင်းမတွေ့ပေမဲ့ အတော်ခင်တယ်။ လေးစားမိတယ်။ နေ့တိုင်းနီးပါး NGO က ငွေမရ၊ ၀ါသနာနဲ့ တိုင်းပြည်အတွက် တစ်တပ်တအားကူညီပေးတယ်။
ဒါ့ကြောင့်လည်းပဲ သူ့ကိုဆိုရင် ရန်သူက တီးတော့မယ်။ ၀ိုင်းပြီးကာကွယ်ကြပါ။ ကိုယ့်အချင်းချင်းလည်း ဗျင်းလိမ့်မယ်။ စာနဲ့မဟုတ်။ လက်နဲ့။
ဆရာဆွေ လို့ ကျနော်နာမည်ပေးတယ်။ အသက်လေးဆယ်အရွယ် လူကြီးဖြစ်နေပြီ။ မျှားနတ်မောင်နဲ့ ကျနော်ရင်းနှီးခဲ့တယ်။ ဟိုး...တုန်းက။ သူက တာဝန်ခံအယ်ဒီတာ။
အခုသူက Information Broker သတင်းပွဲစား။ သတင်းတွေကို ဟိုချိတ်၊ ဒီချိတ်နဲ့ တင်ဆက်သူ။ စာရေးသူ။ စာရေးဆရာ။ သူတော်လို့ သူဆရာဝန်ဖြစ်တယ်။ သူတော်လို့ သူ့ ဘလော့ဂ်နာမည်ကြီးတယ်။ သူ အာတာကောင်းလို့ လေလှိုင်းမှာ ပွားလို့ရတယ်။ တော်တော် တော်ပါပေတယ်။
ဒေါက်တာစင်သီယာမောင် ယေက်ျားနဲ့ Perth မှာတွေ့တယ်။ ဆရာဆွေအခြေအနေ ဘယ်လိုလဲလို့မေးမိတယ်။
"အခန်းထဲက မထွက်ဘူး။ လူတွေနဲ့မဆက်ဆံဘူးတဲ့"
ဝိုင်းပြီး အားပေးကြပါအုံး။
ဒီမိုကရေစီခေတ်မှာ ဟိုဖက်ဒီဖက် အမြင်နှစ်ခုကို ဆက်လက်တင်ပြနိုင်ပါစေ။
ကျေးဇူးပါ
ဆရာဆွေ။