ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

5/30/09

ပြည်ထောင်စုမြန်မာနိုင်ငံကြားဖြတ်အစိုးရ

မကြာခင် ကာလမှာ နောက်ဆုံးပိတ် အထွေထွေသပိတ်ကြီးဖြင် စစ်အစိုးရအား ဖြိုချလိမ့်မည်။ ယင်းသပိတ်သည် ၈၈-ကာလနှင့်စက်တင်ဘာအရေးတော်ပုံထက်အစွမ်းကြီးသော အောင်မြင်သော သပိတ်ဖြစ်ပြီး စစ်အာဏာရှင် စနစ်အားပြည်သူမှ နောက်ဆုံးတွေ့မြင်လိုက်သည်နေ့ဖြစ်ပေမည်။ ထိုအချိန်တွင် နိုင်ငံရေးကြွေးကြော်သံအဖြစ် အောက်ပါနှစ်ခုအား ပြည်သူမှ တောင်းဆိုရမည်။

၁) နအဖ အလိုမရှိ

၂) ကြားဖြတ်အစိုးရအမြန်ဖွဲ့စည်းရေး

ကြားဖြတ်အစိုးရအား ယခုပါ အဖွဲ့အစည်း၊ လူပုဂ္ဂုလ်များနှင့် ဖွဲ့စည်းစေပြီး တိုင်းပြည်အားဦးဆောင်စေရမည်။ ကြားဖြတ်အစိုးရအဖွဲ့ဝင်များမှာ-

၁) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တဖွဲ့လျှင်ကိုယ်စားလှယ် နှစ်ဦး။ ဥပမာ-ကေအန်ယူမှ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှုး။ အက်စ်အက်စ်အေမှ နှစ်ဦး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ယင်း ကြားဖ်ြအစိုးရတွင်ပါဝင်ရမည်။

၂) တိုင်းရင်းသားနိုင်ငံရေးပါတီများမှ တပါတီလျှင်ကိုယ်စားလှယ်နှစ်ဦး။

၃) အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်နှစ်ဦး။ ဥပမာ-ဒေါ်စုနှင့် အဘဦးဝင်းတင်။

၎) ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုယ်စားလှယ်နှစ်ဦး။ ကိုမင်းကိုနိုင်နှင့်ကိုကိုကြီး။

၅) မြန်မာ့တပ်မတော်မှကြားဖြတ်အစိုးရအားအားပေးထောက်ခံသော အရာရှိကြီးနှစ်ဦး။

၆) NUGUB မှ နှစ်ဦး

၇) NCUB မှ နှစ်ဦး

၈) FDB မှ နှစ်ဦး

၉) ၈၈ မျိုးဆက်ပြည်ပတွေဖြစ်တဲ့ ကိုမိုးသီးဇွန်နှင့်ကျောင်းသားများမှ နှစ်ဦး။

၁၀) ဗမာပြည်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်နှစ်ဦး

၁၁) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ နှစ်ဦး


ထိုသို့ဖြင့် ကြားဖြတ်အစိုးရအားဖွဲ့စည်းစေပြီး ၁-နှစ်အတွင်း အထွေအထွေရွေးကောက်ပွဲကျင်းပစေရမည်။ အပစ်ရပ်စေရမည်။ လွတ်ငြိမ်းချမ်သာခွင့်ကြေငြာစေရမည်။ အပြစ်ကျူးလွန်သည့်ဗိုလ်ချုပ်များအား တရား ဥပဒေ အရ ရင်ဆိုင်စေရမည်။

ယခုကြားဖြတ်အစိုးရဖွဲ့စည်းအားရေးအား ယခုမှစ၍နိုင်ငံရေးအင်အားစုများမှ စတင် ဖွဲ့စည်းပြီး၊ လူထုအုံကြွမှု ပေါ်ပေါက်လာချိန်တွင် ပြည်သူလူထုအား ကြေငြာရမည်။

ယခုကဲ့သို့အကောင်အထည်ဖော်လျှင်မြန်မာ့အနာဂတ်လှပစေလိမ့်မည်။

View My Stats