ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

5/21/11

လာဘ်စားမှုအများဆုံးကျောင်း

စိတ်တောင် မကောင်းဘူး။ ကျနော်နေခဲ့တဲ့ကျောင်းက လာဘ်စားမှုအများဆုံးကျောင်းထဲမှာ ထိပ်ဆုံးကဖြစ်နေပါတယ်။


--------------------------------------------------


ရန်ကုန် (မဇ္ဈိမ) ။ ။ ကျောင်းသားမိဘထံမှ အများဆုံး လာဘ်ယူသော ကျောင်း ၁၉ ကျောင်း အမည်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။

လာဘ်စားမှုအများဆုံးကျောင်း ၁၉ ကျောင်း အမည်များ
အ.ထ.က (၂) မင်္ဂလာဒုံ အ.ထ.က (၁) ဒဂုံ
အ.ထ.က (၅) ဗိုလ်တထောင်
အ.ထ.က (၄) ဗိုလ်တထောင်
အ.ထ.က (၂)ကမာရွတ်
အ.ထ.က (၂)လသာ
အ.ထ.က (၂)ဗဟန်း
အ.ထ.က (၂)စမ်းချောင်း
အ.ထ.က (၂)ရန်ကင်း
အ.ထ.က (၂)လမ်းမတော်
အ.ထ.က (၄)အလုံ
အ.ထ.က (၂)အင်းစိန်
အ.ထ.က (၄)တာမွေ
အ.ထ.က (၅)ကမာရွတ်
အ.လ.က (၁)ပန်းပဲတန်း
အ.မ.က (၂)ကမာရွတ်
အ.မ.က (၂)ဗဟန်း
အ.မ.က (၃)ဗဟန်း
ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (T.T.C)
လာဘ်စားမှုအများဆုံးကျောင်း ၁၉ ကျောင်းထဲတွင် တကျောင်းအပါအဝင်ဖြစ်သည့် အ.ထ.က (၁) ဒဂုံ









၎င်းကျောင်းများထဲမှ အထက်တန်းကျောင်းများမှာ မင်္ဂလာဒုံ (၂)၊ ဒဂုံ (၁)၊ ဗိုလ်တထောင် (၄၊ ၅)၊ ကမာရွတ် (၂)၊ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (T.T.C) ၊ လသာ (၂)၊ ဗဟန်း (၂)၊ စမ်းချောင်း (၂)၊ ရန်ကင်း (၂)၊ လမ်းမတော် (၂)၊ အလုံ (၄)၊ အင်းစိန် (၂)၊ တာမွေ (၄) နှင့် ကမာရွတ် (၅)၊ အလယ်တန်းကျောင်းမှာ ပန်းပဲတန်း (၁)၊ အခြေခံပညာ မူလတန်းကျောင်းများမှာ ကမာရွတ် (၂) နှင့် ဗဟန်း (၂၊ ၃) တို့ ဖြစ်သည်။

ဌာန ၆ ခုကိုင် ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဉာဏ်ထွန်းဦးနှင့် ရန်ကုန်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက
ပြည်လမ်းမပေါ်ရှိ တိုင်းဒေသကြီး လွှတ်တော်ရုံး၌ အင်္ဂါညနေတွင် ပြည်တွင်း မီဒီယာများနှင့် ဒုတိယအပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သမ္မ္မတ ဦးသိန်းစိန်က သန့်ရှင်းကောင်းမွန်သော အစိုးရဖြစ်ရေးအတွက် လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှု ပပျောက်ရန် ဆောင်ရွက်မည်ဟု ပြောဆိုခဲ့ပြီးနောက် ပညာရေးကဏ္ဍ၌ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရတရပ်အနေဖြင့် ပထမဆုံး တရားဝင် ထုတ်ဖော်ပြောဆိုမှု ဖြစ်သည်။

အဆိုပါ ၁၉ ကျောင်းအပေါ် မည်ကဲ့သို့ အရေးယူထားသည်နှင့် အရေးယူမည်ကို ပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော် ယခု စာသင်နှစ်အတွက် ကျောင်းအပ်ခနှင့် အထွေထွေကြေးများကို အများသိစေရန် တရားဝင် ထုတ်ပြန်ထားမည်ဖြစ်ကာ၊ သတ်မှတ်ကြေးထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ရန် ကျောင်းများ၌ ဖုန်းနံပါတ်နှင့် ဖက်စ်နံပါတ်များ ထားရှိမည်ဟု ဆိုသည်။

တိုင်ကြားရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ အခိုင်အမာ လိုအပ်ကြောင်း ရန်ကုန်အစိုးရ တာဝန်ရှိသူများက
ဖြည့်စွက်ပြောဆိုခဲ့သည်။

အတိုက်အခံမရှိတဲ့ လွှတ်တော်

အတိုက်အခံမရှိတဲ့ လွှတ်တော်တဲ့။

အတော်ကြောင်တဲ့ လွှတ်တော်ပါလား။ တခါလောက် လွှတ်တော်ထဲမှာ ဘယ်လို လွှတ်ကြလဲဆိုတာကို ကျနော်လေ့လာချင်တယ်။

မေးခွန်းတွေကိုတော့ လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လပ် မေးလို့ရပါတယ်လို့တော့ ပေါ တာပဲ။ ဘယ်လိုမေးခွန်းတွေလဲတော့ မသိဘူး။ ထမင်းစားပြီးပီလားဟင် ဆိုတဲ့ မေးခွန်းလား။ နေကောင်းလားခင်ဗျ...ဆိုတဲ့မေးခွန်းလား။

တော်တော်ကြောင်လိုက်တဲ့ လွှတ်တော်။

အစိုးရသက်တမ်း သုံးလ လောက်ရှိတဲ့အချိန်မှာ နိုင်ငံတော်သမ္မတကြီး  ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာက ပိုလို့တောင် ရယ်စရာကောင်း။ ဘာဘဲဖြစ်ဖြစ် သေဒဏ်ကျခံသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကတော့ ကုသိုလ်ရနိုင်ပါတယ်။

အတိုက်အခံ မရှိတဲ့လွှတ်တော်ဟာ အာဏာရှင်လွှတ်တော်နဲ့ ဘာများကွာလို့လဲ။ ကိုယ်လုပ်ချင်တာလုပ်လို့ ရနေတာကိုများ လွှတ်တော်လို့ခေါ်အုံးမလား။

ကျနော်က လွှတ်တော်နဲ့ ဦးသိန်းစိန်အစိုးရကို ဘယ်လိုမြင်လဲဆိုတော့ ငါလိုးမသားများ လူကြီးတွေအသက်ကြီးပြီး အချိန်မစီးတဲ့ လူတစ်စုလို့မြင်တယ်။

View My Stats